တံတားဖြတ်သန်းခ
သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံမှုကြောင့် စကားများရာကနေ ရန်ကုန်-သန်လျင်
အမှတ်(၁) တံတားပေါ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၂နာရီခန့်က
ကိုယ်ပိုင်ယာဉ်တစ်စီးမှာ လိုက်ပါလာတဲ့ အမျိုးသား လေးဦးကို တံတားကြေး
ကောက်ခံသူတွေအဖွဲ့က အုပ်စုဖွဲ့ ရိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သန်လျင်မြို့မ
ရဲစခန်းဆီကနေ သိရှိရပါတယ်။
သန်လျင်မြို့နယ်မှာ နေထိုင်သူ ဦးကျော်ဝဏ္ဏဟာ
သူရဲ့ မိတ်ဆွေဆုံးဦးနဲ့အတူ ရန်ကုန်ကနေ သန်လျင်သို့ Hilux Ford Ranger
ယာဉ်နဲ့ ပြန်လာစဉ် သန်လျင်တံတားအရောက်မှာ အခုလို ဖြစ်ပွားခဲ့တာလို့
ဦးကျော်ဝဏ္ဏက ပြောပါတယ်။
တံတားကြေး ကောက်ခံသူက သတ်မှတ်နှုန်း ထားထက်
ပိုမိုကောက်ခံသောကြောင့် စကားများရာကနေ အဲဒီ ဂိတ်မှာရှိတဲ့ တံတားကြေး
ကောက်ခံတဲ့သူတွေဘက်က အမျိုးသား ၃၀ ကျော်ဟာ တုတ်၊ ဓားတွေ ကိုင်ဆောင်
ပြီးတော့ သူတို့ လေးဦးနဲ့ မော်တော်ယာဉ်ကို ဝိုင်းရိုက်ခဲ့ကြတာလို့ သူက
ဆက်လက် ရှင်းပြပါတယ်။
“ကျွန်တော့်ကားက ၂တန်အောက်ယာဉ်၊ သတ်မှတ်နှုန်းထားက
ငွေတစ်ရာပဲ ကျတယ်။ ဒါကို နှစ်ရာ တောင်းလို့ စကားများရာက သူတို့အဖွဲ့က
တုတ်ဓား တွေကိုင်ထားတဲ့ လူအုပ်ကြီး ရောက်လာပြီး ကားရော လူရောကို
ဝိုင်းရိုက်တာ။ မခံနိုင်လို့ မောင်းပြေးတော့ ဟိုဘက်တံတားထိပ်က ထပ်ပိတ်ပြီး
ဝိုင်းရိုက်တယ်။ ကံကောင်းလို့ မသေခဲ့တာ” လို့ ဦးကျော်ဝဏ္ဏက ပြောဆိုပါတယ်။
တုတ်၊ ဓားတွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် သန်လျင်တံတားပေါ် ရန်ရှာခဲ့တယ်ဆိုပြီး
အမှုဖွင့်တာ တိုင်ကြားချက်ဟာ တစ်ဖက်သတ် စွပ်စွဲတိုင်ကြားချက် ဖြစ်တယ်လို့
ရန်ကုန်-သန်လျင် အမှတ်(၁) တံတားကြေး ကောက်ခံခွင့် လေလံရရှိထားသူ
ဦးဌေးဝင်းလေးက ပြောပါတယ်။
Hilux Ford Ranger ယာဉ်ကို တံတားကြေး
ကောက်ခံစဉ် ယာဉ်ပေါ်ပါသူတွေဟာ အရက်မူးနေပြီး တံတားကြေး
မပေးနိုင်ဘူးဆိုတဲ့အပြင် ရန်ရှာပြီးတော့ ဂိတ်တာဝန်ခံကို စတင်ထိုးကြိတ်
ခဲ့တဲ့အတွက် မိမိအသက် အန္တရာယ်ကို ကာကွယ်ဖို့ ပြန်လည် ခုခံခဲ့တာလို့
ဦးဌေးဝင်းလေးက ပြောဆိုပါတယ်။
“သူတို့အဖွဲ့က စရန်ရှာခဲ့တာ အထောက်အထား
အခိုင်အလုံ ရှိတယ်။ ရန်ရှာခံရလို့ ဂိတ်က ကောင်လေးတွေက ထွက်ပြေးတော့
သူတို့အဖွဲ့က ဂိတ်တဲက ငွေထည့်ထားတဲ့ ပုံးထဲက ဆယ်သိန်းကျော် နှိုက်ယူပြီး
လမ်းပိတ်ထားတဲ့ ဘယ်ရီဂိတ်တွေ ဝင်တိုက်ပြီး မောင်းပြေးခဲ့တာ” လို့ သူက
ဆက်ပြောပါတယ်။
လူအုပ်စုနဲ့ ဝိုင်းရိုက်နှက်ခဲ့တာကြောင့် ဦးကျော်ဝဏ္ဍရဲ့
မော်တော်ယာဉ် မီးလုံးနဲ့ မှန်တွေ ကွဲပြီး ကားဘော်ဒီမှာ
ပိန်ချိုင့်ခဲ့တယ်လို့ သာကေတမြို့နယ် အမှတ်(၂) နယ်မြေ ရဲစခန်းထံမှ
သိရှိရပါတယ်။
တုတ်နဲ့ အရိုက်ခံရတာကြောင့် သူရဲ့ သူငယ်ချင်းတွေဖြစ်တဲ့
ဦးမြတ်ကိုကိုဝင်း၊ ဦးစည်သူညွန့်ခိုင် တို့ရဲ့ ခန္ဓာကိုယ်အနှံ ညိုမဲစွဲ
ဒဏ်ရာတွေ ရရှိခဲ့ပြီး ဦးခိုင်ဝင်း ဆိုသူမှာတော့ ကျောကုန်းနဲ့ လက်တွေမှာ
ဓားခုတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အဲဒီစခန်းကနေ သိရှိရပါတယ်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 12, 2014
သန်လျင်တံတား ဖြတ်သန်းခကောက်ခံတဲ့ အဖွဲ့ ကိုယ်ပိုင်ယာဉ်ပေါ်က အမျိုးသားလေးဦးကို ဝိုင်းရိုက်
သန်လျင်တံတား ဖြတ်သန်းခကောက်ခံတဲ့ အဖွဲ့ ကိုယ်ပိုင်ယာဉ်ပေါ်က အမျိုးသားလေးဦးကို ဝိုင်းရိုက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 12, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 12, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment