Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 11, 2014

သဘောတူ စာချုပ် ဖောက်ဖျက်မှုနှင့် ပတ်သက်ပြီး ဂျွန်လွင်နှင့် အလင်းရောင်တို့ နိုင်ငံပိုင် သတင်းစာတွင် အပြန်အလှန်ကြေငြာ


ရန်ကုန်၊ နိုဝင်ဘာ ၉။
 အောင်မြင်သည့် အနုပညာရှင် ဖြစ်ရန် ပူးပေါင်း ဆောင်ရွက်သည့် သဘောတူ စာချုပ် ဖောက်ဖျက် ကျူးလွန်သည်ဟု ဆိုကာ မော်ဒယ် သရုပ်ဆောင် အလင်းရောင်၏ အနုပညာ လုပ်ငန်း လုပ်ကိုင်ခွင့် များကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ စတင်ကာ တားမြစ်လိုက်သည်ဟု Star & Model Agency မှ ဂျွန်လွင်က နိုဝင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ကြေညာ ခဲ့သည်။


ယင်းကိစ္စနှင့် ပတ်သက်ပြီး ဂျွန်လွင်က �အလင်းရောင်ကို အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို အေဂျင်စီနဲ့ စာချုပ်ကိစ္စ စာရင်းရှင်း ပြီးမှသာ ဆက်သွယ် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ ဂီတ အစည်းအရုံး တို့ကို စာတွေ ပို့ထားပါတယ်။ ကျွန်တော် ကတော့ ဆိုးဆိုးရွားရွား မဖြစ်လို ပါဘူး။ ကျွန်တော့် ဘက်က နေပြီး ဘာမှ တောင်းဆိုလိုစိတ် မရှိပါဘူး။ ကောင်းကောင်း မွန်မွန်လေး ပြန်ဖြစ် စေချင်တဲ့ စိတ်နဲ့ပါ� ဟု ဂျွန်လွင်က ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် သရုပ်ဆောင်သစ် အလင်းရောင်နှင့် Star & Model Agency မှ ကိုဂျွန်လွင်၊ ဒေါ်နှင်းနှင်းလွင် တို့သည် အောင်မြင်သော အနုပညာရှင် အဖြစ် ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူ ပဋိဥာဉ် စာချုပ်ကို စာချုပ်သက်တမ်း ၇ နှစ်ဖြင့် ချုပ်ဆို ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ ယင်းစာချုပ်တွင် စာချုပ်သက်တမ်း ၇ နှစ် အတွင်း အေဂျင်စီ၏ ခွင့်ပြုချက် မရဘဲ မည်သည့် အနုပညာ လုပ်ငန်းကိုမျှ အလင်းရောင်သည် လုပ်ကိုင်ခွင့် မရှိဟု ဆိုသည့် စည်းကမ်း သတ်မှတ်ချက်ကို အလင်းရောင် ကိုယ်တိုင်က ကတိပြု ခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် အလင်းရောင်၏ အနုပညာ လုပ်ငန်းများမှ ရရှိသည့် ဝင်ငွေအားလုံးကို အလုပ်အပ်သူထံမှ အေဂျင်စီ ကိုယ်တိုင်သာ လက်ခံရယူ ရမည်ဖြစ်ပြီး အေဂျင်စီက အလင်းရောင်ထံသို့ ငါးဆယ်ရာခိုင်နှုန်း ပေးအပ်ရန် သဘောတူ ခဲ့ကြသည်ဟု ဂျွန်လွင် ကပြောသည်။ လက်ရှိတွင် အလင်းရောင်သည် အေဂျင်စီ၏ စာချုပ် စည်းကမ်း များကို ဖောက်ဖျက်ပြီး အေဂျင်စီကို အသိမပေးဘဲ မိမိ သဘောဖြင့် အနုပညာ အလုပ်များနှင့် ငွေကြေးများကို ကိုယ်တိုင် လက်ခံခြင်း များရှိနေပြီး ယင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းသည် အေဂျင်စီသို့ လုံးဝ ဆက်သွယ် ဆောင်ရွက်မှု မရှိခြင်းဟု ဂျွန်လွင်က ပြောသည်။ ယင်းအပြင် အေဂျင်စီ၏ အဖွဲ့ဝင်များကို ဂုဏ်သိက္ခာ ကျစေရန် ဖေ့စ်ဘုတ် ပေါ် တွင် ရိုင်းပျစွာ ရေးသားခြင်း များကို မော်ဒယ် သရုပ်ဆောင် အလင်းရောင်က ထပ်မံ ကျုးလွန်ခြင်းကြောင့် သတိပေး ကြေညာချက်ကို သတင်းစာ များမှ တစ်ဆင့် ထုတ်ပြန် ကြေညာ ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မော်ဒယ် သရုပ်ဆောင် အလင်းရောင်ကို မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာ ဖုန်းပိတ်ထား ခြင်းကြောင့် ဆက်သွယ် မေးမြန်း၍ မရခဲ့ပေ။

သရုပ်ဆောင် အလင်းရောင်သည် နိုဝင်ဘာ ၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းခြင်း ကြေ ညာချက်ကို ပြန်လည် ကြေညာခဲ့ပြီး ယင်း ကြေညာချက်တွင် ၎င်းသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်ကဂျွန်လွင်( Star & Model Agency )ကိုပေးအပ် ခဲ့သည့် အထွေထွေ ကိုယ်စားလှယ်လွှဲစာနှင့် ပတ်သက်ပြီး၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှ စတင်ကာ ပြန်လည် ရုပ်သိမ်း လိုက်ပြီဟု တရားဝင် ကြေညာ ထားသည်။ ယင်းကိုယ်စားလှယ် လွှဲစာနှင့် ပတ်သက်ပြီး ဂျွန်လွင်(Star & Model Agency)သည် မတော် မတရား ဆောင်ရွက် ထားခြင်း၊ ဆောင်ရွက် သည်ကို အားပေး ကူညီခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက တရား ဥပဒေအရ အရေးယူမှုများ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ကြေညာ ခဲ့သည်။

mizzima

No comments:

Post a Comment