Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

အလုပ်ရှင်ကို ဓားပြတိုက် သတ်ဖြတ်ခဲ့သည့် မြန်မာအလုပ်သမား ၂ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ တာခ်ျခရိုင်မှာ အလုပ်ရှင်ကို ဓားပြတိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာ အလုပ်သမား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီး ထားပါတယ်။

အသက် ၂၀ အရွယ် အားစိုနဲ့ သူ့ရဲ့မိန်းကလေး မိတ်ဆွေ ဘို တို့ ၂ ယောက်ကို မနက် ၅ နာရီအချိန်က မူဝမ်နယ်မြေမှာ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ ၂ ဦးဟာ အသက် ၅၀ အရွယ် အမ်ဖန် ဆယ်ကွေ့ ကို သတ်ဖြတ်ပြီး ငွေသား ဘတ် ၆ သောင်းနဲ့ ရွှေထည်ပစ္စည်းတချို့ကို ယူဆောင်ထွက်ပြေးခဲ့တယ် လို့လည်း ဆိုပါတယ်။

သူတို့တွေဟာ အရင်ရက်ပိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာ အမျိုးသမီး တယောက်နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဒီလူသတ်မှုကို အလုပ်ရှင်ရဲ့ဆိုင်က လုံခြုံရေး ကင်မရာကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71266

No comments:

Post a Comment