Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

ဗြိတိန်၂ဦး အသတ်ခံရမှု သံသယရှိသူ မြန်မာလုပ်သားတွေလို့ ထိုင်းရဲ သတင်းထုတ်ပြန်

 ထိုင်းနိုင်ငံ Koh Tao လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး ကို သတ်ဖြတ်သူလို့ သံသယ ရှိတွေဟာ မြန်မာ အလုပ်သမားတွေဖြစ်တယ်လို့  ထိုင်းရဲက သတင်းထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမာေးတွဘက်က ကူညီဆောင်ရွက်နေတဲ့ ဥပဒေအကြံပေး ဦးမျိုးသန့်က တော့ အခုလို ပြောပါတယ်။
“ဒီကလေးတွေထဲက ၂ ယောက်က အရင်တုန်းကတည်းက ခေါ်စစ်ပြီးပါပြီ။ ခေါ်စစ်ပြီးတော့ အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုအချိန် ၁၇ ရက်လောက်ရှိပြီးမှ ဒီကလေး ၂ ယောက် ပါတယ်ဆိုပြီး ပြန်ဖမ်းတဲ့ သဘောပါ။ အဲဒီတုန်းကလည်း ဒီအန်အေ တွေဘာတွေ ယူတယ်လို့ သိရတယ်။ ဒါပေမယ့် အဲဒီတုန်းက ဘာမှမပြောပဲ ပြန်လွှတ်လိုက်ပြီးတော့ အခုမှ ပါတယ်ဆိုတာမျိုးဖြစ်တာပါ။ အခုအချိန်မှာ အရေးတကြီးအနေနဲ့ ကျနော်တို့က သံရုံးရဲ့ အမိန့်ကို နာခံပြီး ဒီကလေးတွေ ရှိတဲ့နေရာကို သွားတွေ့ပြီးတော့ အဖြစ်မှန်ကို အရင်ဆုံး မေးမြန်းဖို့ လိုပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ရဲစခန်းထဲမှာ အဖမ်းခံရတဲ့ ကလေးရဲ့ ၀န်ခံချက်အရ အခုလို အဖမ်းခံရတာဖြစ်ပြီးတော့ ဒီလို ၃ ယောက်ချင်း အတူတူမှာကို ကျန်တဲ့ ၂ ယောက် ဒီကိစ္စနဲ့ ပတ်သက်လို့ မသိဘူးလို့ ပြောထားတာရှိပါတယ်။ အဲဒီအဖမ်းခံရတဲ့ ကလေးကလည်း လိပ်ကျွန်းမှာ အဖမ်းခံရတာမဟုတ်ပဲ စူရတ်ဌာနီမှာ အဖမ်းခံရတာပါ။ အဲဒီတော့ ရဲစခန်းထဲမှာ ပေးတဲ့ ဖြောင့်ချက်က ကျနော်တို့ကတော့ သက်သေခံ မဟုတ်ဘူးလို့ပဲ သတ်မှတ်ပါတယ်။”
မြန်မာသံရုံးကလည်း ဒီကိစ္စကို ထိုင်းရှေ့နေတွေနဲ့တူ ဖမ်းဆီးခံရသူတွေကို သွားရောက် တွေ့ဆုံနိုင်ဖို့ လုပ်ဆောင်နေတယ်တယ်လို့လည်း ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကို ကြိုစားသွားမယ်လို့လည်း ဦးမျိုးသန့်က ပြောပါတယ်။
“ကျနော်တို့ ဒါကို အစွမ်းကုန် ဆောင်ရွက်ပေးဖို့ အစီအစဉ်လုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ဖြစ်ခဲ့တဲ့ ချင်းမိုင်မှာ ထိုင်းကျောင်းသူလေး မုဒိမ်းကျင့်ခံရတဲ့ကိစ္စမှာ နောက်ဆုံး မြန်မာတွေကိုပဲ မုဒိမ်းကျင့်ပါတယ်ဆိုပြီးတော့ အရိုက်ခံရတယ်၊ အိမ်တွေ အဖျက်ခံ ရတယ် ဖြစ်ပြီးတော့ နောက်ဆုံးမှာ လာအိုလူမျိုး ၂ ယောက်ဆိုပြီး သာဓက တခု ရှိခဲ့ပါတယ်။ အဲဒီလို အဖြစ်မခံချင်လို့ အမှန်ဆိုရင်တော့ သူ့ပြစ်မှု သူခံရမှာဖြစ်ပြီး အမှန်မဟုတ်ပဲ ထိုးကျွေးခံရမှာစိုးလို့ လိုက်ပါဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။”
ဦးကိုမောင် သတင်းပေးပို့ ထားပါတယ်။ 
DVB TV

No comments:

Post a Comment