Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 22, 2014

ဇနီးဖြစ်သူမှ အရက်ဖိုး မပေးသဖြင့် လူသတ်မှုဖြစ်

ပဲခူးမြို့၊ အင်းတကော်နယ်မြေ ရဲစခန်း အပိုင်တွင်(၂၁.၁၀.၂၀၁၄)နေ့ ည(၈း၀၀ အချိန်ခန့်က လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သာယာကုန်း ကျေးရွာအုပ်စု ပျဉ်းကတိုးကုန်း ကျေးရွာနေ စန်းဝင်းအောင်(၃၀)နှစ်သည် အတူနေဇနီးဖြစ်သူ မတင်မာခိုင်(၂၈)နှစ်ထံမှ အရက်သောက်ရန် ငွေတောင်းရာ မတင်မာခိုင်မှ မပေး၍ တစ်ယောက်တစ်ခွန်း စကားများကြပြီး စန်းဝင်းအောင်မှ အရှည်(၆)လက်မရှိ အ၀တ်ညှပ်သည့် ကတ်ကြေးဖြင့် ထိုးလိုက်ရာ မတင်မာခိုင်တွင် ၀ဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံ ယူလျှက်ရှိရာ (၂၂.၁၀.၂၀၁၄)နေ့ နေ့လည်(၁၁း၀၀)အချိန်တွင် မတင်မာခိုင်သည် ပဲခူးဆေးရုံတွင် ရရှိထားသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရာ အင်းတကော်နယ်မြေ ရဲစခန်းမှ (ပ)၁၉၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂သို့ပြောင်းလဲ၍ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

အင်းတကော်နယ်မြေ ရဲစခန်းအပိုင်တွင် ယခုနှစ်ပိုင်းအတွင်း လင်မယားချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှု(၃)ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကိုသန့် စင်
BY THIT HTOO LWIN

No comments:

Post a Comment