Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 25, 2014

နာမည်ကြီးသူဌေးများ အခွန်ထမ်းအများဆုံးစာရင်းတွင် ပါဝင်လာဟု တာဝန်ရှိသူပြော


Byပြည်သိမ်း

မြန်မာနိုင်ငံ၏ နာမည်ကြီးသူဌေးကြီးများသည် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်တွင်နိုင်ငံတော်သို့ အခွန်အများဆုံးထမ်းဆောင်သည့်စာရင်း၌ ပါဝင်လာကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်ကပြောကြားသည်။

‘‘မီဒီယာတွေကထောက်ပြကြတော့ သူတို့လည်းမဆောင်ဘဲ မနေရဲကြဘူး’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

စက်တင်ဘာ လဆန်းတွင် ထုတ်ပြန်မည့် မြန်မာနိုင်ငံ၏အခွန် အများဆုံးထမ်းဆောင်သည့်ကုမ္ပ ဏီတစ်ထောင် စာရင်း၌ ယခင် နှစ်က မြန်မာနိုင်ငံမှ နာမည်ကြီး သူဌေးကြီးများ၏ ကုမ္ပဏီအချို့ သာပါခဲ့သော်လည်း ယခုနှစ်တွင် အားလုံးနီးပါး ပါဝင်လာကြောင်း ၎င်းကပြောကြားသည်။

 မြန်မာနိုင်ငံ၏   အခွန် ကောက်ခံရရှိမှုသည် ယခုဘဏ္ဍာ နှစ်တွင် ကျပ်ဘီလီယံလေးထောင်ကျော်ရရှိမည်ဟု ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 မြန်မာနိုင်ငံတွင် ၀င်ငွေခွန်၊  ကုန်သွယ် လုပ်ငန်းခွန်၊ အောင်ဘာလေထီခွန်၊ တံဆိပ် ခေါင်းခွန် စသည်ဖြင့် လေးမျိုး ကောက်ခံပြီး ယခု ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ကျပ်ငွေဘီလီယံ ၁,၈၀၀ ကျော်ကောက်ခံရရှိထား ကြောင်း ဦးမင်းထွဋ်ကပြောကြား သည်။

 လက်ရှိ မြန်မာနိုင်ငံတွင်  ဘက်ဂျက်လိုငွေပြနေပြီး ယင်းကို ဖြည့်တင်းရန်နိုင်ငံတော်မှ အခြေ ခံအခွန်များကို ကျယ်ကျယ်ပြန့် ပြန့် ကောက်ခံရန် ကြိုးစားနေ ကြောင်း ဘဏ္ဍာအခွန်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင် သိမ်းကပြောကြားသည်။

 မြန်မာနိုင်ငံတွင် အခွန် ကောက်ခံရရှိမှုသည် အာဆီယံ ဒေသအတွင်း၌ အနည်းဆုံးဖြစ် နေပြီး ဂျီဒီပီ (ပြည်တွင်းအသား တင်ထုတ်လုပ်မှုတန်ဖိုး)၏ ၄ ဒသ မ ၁ ရာခိုင်နှုန်းသာရှိကြောင်းအမေရိကန်နိုင်ငံ စီအိုင်အေ (ဗဟို ထောက်လှမ်းရေးအဖွဲ့)မှ ထုတ် ပြန်သောသတင်းများတွင်ဖော်ပြ ထားသည်။

လက်ရှိ မြန်မာနိုင်ငံအစိုးရ သည် အခွန်ကောက်ခံမှုကို နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၏အကူ အညီဖြင့်အခွန်တိုးမြှင့်ရရှိရန်ကြိုး စားနေသည်။

ထို့အပြင် အခွန်ပေးဆောင်မှုများတွင် ၀န်ထမ်းများနှင့် ပူးပေါင်းပြီး လာဘ်ပေးလာဘ်ယူမှုများမဖြစ်စေရန် စိစဉ်နေကြောင်းဦးမင်းထွဋ်က ဆိုသည်။

7Day Daily

No comments:

Post a Comment