Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 2, 2014

Super moon ဖြစ်စဉ်ဖြစ်ပေါ်မည်


 ယခုလ သြဂုတ်၁၀ရက် နေ့တွင် မြန်မာမိုးကောင်းကင်ပြင်သို့ `လ´ရောက်ရှိပြီး 
Super moon ဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တွင် ဆူနာမီကဲ့သို့သောရေလှိုင်းများကိုဖြစ်စေသည့် အင်အားပြင်းငလျင်များဖြစ်ပေါ်နိုင်ကြောင်း မြန်မာနက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချူပ် ဦးဇေယျာကိုကပြောကြားလိုက်သည်။

သြဂုတ်လ ၁၀ရက် ဝါခေါင်လပြည့်နေ့ မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၅မိနစ်တွင် မြန်မာမိုးကောင်းကင်ပြင်ကို `လ´ရောက်ရှိကာ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်ခန့်သာဖြစ်ပေါ်လေ့ရှိသည့် Super moon ဖြစ်စဉ်နှင့်ကြုံတွေ့ရမည်ဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် လနှင့်ကမ္ဘာသည် မိုင်ပေါင်း ၂၂၁၈၁၄ မိုင်အကွာအဝေးထိနီးကပ်လာမည်ဖြစ်သည်။၎င်းဖြစ်စဉ်ကြောင့် သြဂုတ်လ ၁၀ရက်မှ ၂၅ရက်အတွင်း အရှေ့တောင်အာရှနိုင်ငံတစ်ချို့ တရုတ် အိန္ဒိယ မြန်မာနိုင်ငံတွေမှာ ဆူနာမီဖြစ်စေနိုင်တဲ့ အင်အားပြင်းငလျင်ဖြစ်စဉ် ရုတ်တရက်ပေါ်ပေါက်နိုင်တယ်။Super Moon ကြောင့်ဂျပန်မှာ ၂၀၁၀ တုန်းက ဆူနာမီငလျင်ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။ Super Moon ဟာ မြန်မာပြည်မိုးကောင်းကင်မှာရောက်ရှိနေမှာဖြစ်တဲ့အတွက် မြန်မာပြည်ဟာ ငလျင်သတိပြုရမယ့် ထူးခြားဂြိုလ်ဖြစ်စဉ်တစ်ခုဖြစ်တယ် ဟု ဦးဇေယျာကိုကပြောသည်။
================
နှင်းနုဝေ(ပြည်မြန်မာ)

No comments:

Post a Comment