Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 30, 2014

ခေတ်သစ် Smart နာရီများ




ကျွန်တော်တို့ လက်ထဲကို Smart Phone တွေရောက်ရှိလာတာနဲ့အတူ အချိန်ကို လွယ်လင့်တကူ ကြည့်ရှူနိုင်တာကြောင့် ကျွန်တော်တို့ လက်ပတ်နာရီ အသုံးပြုမှု နည်းလာပါပြီ။ တကယ်ပဲ လက်ပတ်နာရီဝတ်တဲ့ အလေ့အကျင့်တစ်ခု က ပျောက်ကွယ်တော့ မှာလား ဆိုတာ စဉ်းစား စရာပါ။ နာရီဝတ်ဆင် ယဉ်ကျေးမှု အလေ့အထ ကတော့ ပျောက်ကွယ်သွားဖို့ လမ်းမမြင်သေး ပါဘူး။ နည်းပညာ တိုးတက်မှု ရေစီးကျောင်းကိုလည်း လိုက်မယ်။ လက်မှာ နာရီပတ်တဲ့ စတိုင်ကိုလဲ မပျောက်ချင်သူများအတွက် စမတ်နာရီဆိုတာ ဖြစ်ပေါ်လာပါတယ်။

Smart Phone တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Smart Watch တွေဟာ ထွက်ပေါ်နေပါပြီ။ သာမန်လက်ပတ်နာရီတစ်လုံးထက် Smart Watch တွေမှာ ဘာတွေ ထူးခြားမှူတွေ ပါဝင်လာမလဲဆိုရင် Smart Phone အတိုင်း နာရီမျက်နှာပြင်ကို ထိတွေ့မှူပြုလုပ်လို့ရပါမယ်။ ဒီဇိုင်းပိုင်းအနေနဲ့ ယခင်နာရီ ပုံစံတွေအတိုင်း ဒိုင်ခွက် နာရီဖြစ်အောင် ဖန်တီးမှုက ခေတ်စားလာ ပါတယ်။ စမတ်နာရီဆိုရင် အားလုံးထင်ထားကြသလို ဒီဂျစ်တယ် အကွက်တွေ နဲ့ ပြတာမျိုးတွေတင် မဟုတ်တော့ ပါဘူး။ ဒါ့အပြင် ဖုန်းလာတဲ့အခါ ဖုန်းကို သွားကိုင်နေစရာမလိုပဲ နာရီကနေ ဖုန်းပြောဆိုလို့ရမယ်။ စာတိုလည်းပို့လို့ရပါ မယ်။ အင်တာနက်အသုံးပြုနိုင် မယ်။ မြေပုံအသုံးပြုနိုင် မယ်။ ရေစိုခံနိုင်ပါတယ်။ Smart Phone တစ်လုံးလို OS ပါဝင်မယ်။ Processor ပါဝင်ပါမယ်။ Battery life time အနေနဲ့ stand by ဆိုရင် အမျိုးအစားအလိုက် ၂ရက်ကနေ ၃ရက်အထိ အသုံးပြုနိုင်ပါမယ်။ ဈေးနှူန်းအနေနဲ့တော့ ၂သိန်းနီးပါးဝန်းကျင်ရှိပါတယ်။ Smart Watch တွေကို Samsung, LG, Motorola, Apple, Blackberry တို့လို့ Company ကြီးတွေက ထုတ်လုပ်နေပါပြီ။

မြန်မာပြည်မှာ ဆိုရင် Samsung ရဲ့ Galaxy Gear နဲ့ Tizen OS သုံး နာရီများက ပထမဦးဆုံး ရောက်ရှိတဲ့ စမတ်နာရီများ ဖြစ်ပါတယ်။ ဈေးနှန်ုးအားဖြင့် ကတော့ ၃ သိန်းကျပ် ဝန်းကျင်လောက်အထိ ပေါက်ဈေး ရှီတာ ရှိသလို၊ ဈေးသက်သာမယ့် စမတ်နာရီများလည်း ထွက်ရှိ အုံးမှာပါ။ မကြာခင် မြန်မာနိုင်ငံကိုလည်း အခြားသော နာမည်ကြီး အမှတ်တံဆိပ်များမှ စမတ်နာရီများလည်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

စာမူရှင် - မိုးလုံးပြည့်လျှံ

No comments:

Post a Comment