Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 27, 2014

၁၃ နှစ်အတွင်း မြန်မာနိုင်ငံမှ သစ်တင်ပို့မှု အစိုးရထုတ်ပြန်ချက်နှင့် ဗြိတိန်အခြေစိုက်အဖွဲ့ ထုတ်ပြန်ချက် တန်ချိန်ပေါင်း ကိုးသန်းခန့် ကွာနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ သစ်လုံးများအား သယ်ဆောင်ရန် ယာဉ်ပေါ်သို့တင်နေသည်ကို မတ်လ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
မြန်မာနိုင်ငံမှ ၁၃ နှစ်အ တွင်း တရားမဝင် သစ်လုံးတင်ပို့ မှုသည် အမေရိကန်ဒေါ်လာ သန်း ခြောက်ထောင်နီးပါး ရှိသည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ် ဆေးရေးအဖွဲ့(EIA)က ထုတ် ပြန်လိုက်သည်။
ကမ္ဘာ့နိုင်ငံများသို့ အမှန်တကယ် သစ်တင်ပို့မှုစာရင်းသည် မြန်မာအစိုးရ ထုတ်ပြန် သည့် သစ်တင်ပို့မှုစာရင်းထက် တန်ချိန် ကိုးသန်းခန့် (ကုဗမီတာ ၁၆ သန်း ကျော်) ကွာဟနေသောကြောင့် အစိုးရက ထိုပမာဏကို ဖုံးကွယ် ထားကြောင်း EIA က ပြောဆို လိုက်သည်။
နိုင်ငံတကာကုန်သွယ်မှုပမာဏများအရ မြန်မာနိုင်ငံမှ သစ်လုံးတင်ပို့မှု ပမာဏသည် ၁၃ နှစ်အတွင်း တန်ချိန် ၁၂ သန်း ကျော် (ကုဗမီတာ ၂၂ သန်း) ကျော်ရှိပြီး တရားဝင်မဟုတ်သော သစ်လုံးတင်ပို့မှုမှာ တန်ချိန် ကိုးသန်းကျော်( ကုဗမီတာ ၁၆ သန်း) ကျော်ရှိသည်။ မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် မှတ်တမ်းတင်ထား သော သစ်လုံးတင်ပို့မှုပမာဏမှာ ၁၃ နှစ်အတွင်း သုံးသန်းကျော်သာ ရှိနေသည်။
အစိုးရမှ တရားဝင် ထုတ်ပြန်သည့် ပမာဏမှာ မြန်မာနိုင်ငံ သစ်လုံးထုတ်လုပ်မှုအား မှတ် တမ်းတင်ထားသော နိုင်ငံတကာ ကုန်သွယ်မှုအားလုံး၏ ၂၈ ရာခိုင် နှုန်းသာရှိပြီး ကျန်ရှိသော ၇၂ ရာခိုင်နှုန်းမှာ တရားမဝင်သစ်တင် ပို့မှုများဖြစ်သည်ဟု အဆိုပါအဖွဲ့ ၏ မြန်မာနိုင်ငံအတွင်း သစ်ထုတ် လုပ်မှု အစစ်အမှန်ပမာဏအား ဖော်ထုတ်ခြင်းဟု အမည်ပေးထား သော သုတေသနပြုချက်တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် သစ်တင်ပို့မှုများ လျှော့ချခဲ့ပြီး ယခုအခါမြန်မာနိုင်ငံ အစိုးရက သစ်တင်ပို့မှုကို ယခင်နှစ်များထက် ထက်ဝက်ကျော် လျှော့ချခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကပြောသည်။
‘‘သူတို့ထုတ်ထားတဲ့ အစီရင်ခံစာက ဘယ်လိုအခြေခံပြီး တွက်ထားတာလဲ။ သစ်ထုတ်လုပ်မှု အစစ်အမှန်ပမာဏ ဖော်ထုတ်ခြင်းဆိုတော့ အခု ကျွန်တော်တို့ ထုတ်လုပ်နေတဲ့ ပမာဏကို မစစ်မှန်ဘူးဆိုချင်တာလား၊ တရားမဝင်ဘူးလို့ ဆိုချင်တာလား။ တရားဝင်ပို့ထားတဲ့ သစ်တင်ပို့မှုစာရင်းတွေ ကျွန်တော့်မှာ ဆယ်စုနှစ်နဲ့ချီပြီး ရှိတယ်။ တိုက်ဆိုင်စစ်ဆေးလို့ရ တယ်’’ ဟု ဦးဇော်မင်းက ထပ်မံ ပြောသည်။
ဧပြီ ၁ ရက်မှစ၍ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းမည်ဟုဆို သော်လည်း မြန်မာနိုင်ငံတွင် တရားမဝင်သစ်ခိုးထုတ်မှု မြင့်မား နေသောကြောင့် ယင်းကဲ့သို့ ရပ် ဆိုင်းလိုက်ခြင်းသည် အတားအ ဆီးတစ်ခုသာဖြစ်ပြီး ပြုန်းတီးမှုကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံ၏ တရားမဝင် သစ်ခိုးထုတ်မှုသည် တိုင်းရင်းသားလူမျိုးများ ထိန်းချုပ်ထားသော တရုတ် ယူနန်နယ်စပ်တစ်လျှောက်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေပြီး မြန်မာ့သစ်လုပ်ငန်း စီမံကိန်း (MTE)၏ သစ်ခုတ်ခြင်းနှင့် တင်ပို့ခြင်းခွင့်ပြုချက်စနစ်ဖြင့်  အလုပ်လုပ်နေသော အစိုးရထိန်းချုပ်နယ်မြေများ၌လည်း အချက်အလက် ကွာဟမှုများရှိသည်ဟု EIA ၏ သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။
‘‘အခု ဧပြီ ၁ ရက်ကစပြီး သစ်အလုံးလိုက်မပို့ရတော့ဘူးဆို ပြီး ဥပဒေက ပြဋ္ဌာန်းထားတယ်။ တကယ်တမ်းတော့ ဥပဒေတွေက လက်တွေ့ထိရောက်နိုင်ပါ့မ လား။ သစ်ထုတ်တယ်ဆိုတဲ့ အ ပိုင်းမှာ ပိုင်ရာဆိုင်ရာ အဖွဲ့အ စည်းတွေက အရမ်းများတယ်။ တိုင်းရင်းသားနယ်မြေတွေမှာက လည်း ပုံစံတစ်မျိုးပေါ့။ ဥပဒေ တွေရှိတယ်ဆိုပေမယ့် ထိန်းထိန်း သိမ်းသိမ်းဖြစ်ဖို့ ခက်တော့ခက်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကော် မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး ကပြောသည်။
နယ်စပ်ဖြတ်ကျော် တရားမ ဝင် သစ်တင်ပို့မှုများ ထိန်းချုပ်ရေး တွင် တရားဥပဒေစိုးမိုးမှု၊ အဂတိ လိုက်စားမှုများ ပပျောက်ရေးနှင့် တစ်ဖက်နိုင်ငံ၏ တရားရေးဆိုင် ရာ တာဝန်ယူမှုတို့ လိုအပ်နေ ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် သစ် အလုံးလိုက်တင်ပို့မှုကို တားဆီး ခြင်းဖြင့် တရားမဝင် သစ်ထုတ် လုပ်မှုများ ပပျောက်သွားမည်မ ဟုတ်ဘဲ အမြစ်တွယ်နေသော ခြစားမှုများနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းများက လျော့ပါးလာသော သစ်တောများကို ခြိမ်းခြောက် လျက်ရှိသည်ဟု သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (EIA)က သတိပေးထားသည်။
7 Days News

No comments:

Post a Comment