Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

ဥပဒေကို ကျူးလွန်ခြင်း မရှိပါပဲ အဓမ္မလူဝတ်လဲ ထောင်ချခံရသော ဆရာတော် ပြန်လည်လွတ်မြောက်

တောင်ကြီး၊ ၆-၁-၂၀၁၄ ။

တောင်ကြီးမြို့  ၊သစ်တောဂိတ်အထွက်ရှိ ၊ထင်ရူးမြိုင်ကျောင်း ဆရာတော် ဦးကဝိစာရအား ဥပဒေ ကျူးလွန်ခြင်းမရှိပါပဲ အလှူခံသည်ဟူသော ပြစ်ချက်ဖြင့် (ပုဒ်မ-၂၉၅-သာသနာညှိုးနွမ်းမှု)ဖြင့် အတင်းအဓမ္မ လူဝတ်လဲပြီး၊ထောင်ဒဏ် ၁-နှစ်နှင့်၆ လ အမိန့်ကို (၂၁-၅-၂၀၁၃ )တွင်ချမှတ်ခဲ့ ပြီး၊ ၂-၁-၂၀၁၄ တွင် (၁/၂၀၁၄ )လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့ ပါသည်။

``ဆရာတော်၏ သိက္ခာထပ်နှင့် ဝိဇာတ မင်္ဂလာပွဲ ကို တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် ၊လောကမာန်အောင် ကျောင်းတိုက်တွင်၊ (၈-၁-၂၀၁၄ )ရက်နေ့ မနက်၈း၀၀ နာရီမှ ၊၁၂း၀၀ နာရီ တွင် ပြု လုပ်မည်ဖြစ်ပြီး၊ သတင်းစာရှင်းလင်းပွဲပါ လုပ်ဆောင်သွားမယ်`` ဟု လောကမာရ်အောင် ကျောင်းတိုက်ဆရာတော် ဦးခေမာ နန္ဒ ကမိန့်ကြားသည်။

ဆရာတော်မှ `` ပုဒ်မ-၂၉၅ (သာသနာတော်ညှိုးနွမ်းမှု) ပုဒ်မ အားယနေ့သံဃာတော် များကြားထဲတွင်
လုံးဝလက်မခံနိုင်သောပုဒ်မ ဖြစ်ကြောင်း၊ပုဒ်မ ၁၈ ကဲ့သို့  သက်သက်မဲ့ ကန့်သန့်ထားသောပုဒ်မ ဖြစ်ကြောင်း `` မိန့်ကြားသည်။

ထင်းရူးမြိုင်ကျောင်းကို ပြည်နယ်အစိုးရမှ ဆေးတက္ကသိုလ်ပြုလုပ်ရန် အဓမ္မ သိမ်းဆည်းခဲ့ ပြီး၊ ကျောင်းထိုင် ဆရာတော်အားလည်းအလှူခံသည်ဟု ကြောင်းပြပြိး ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် ၁-နှစ် နှင့်၆ လ ချမှတ်ခဲ့ ခြင်းဖြစ်သည်။

လေးကြီး(ရှမ်းပြည်)

by Thit Htoo Lwin


No comments:

Post a Comment