Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 12, 2013

Learning English - ရယ်မောပျော်ရွှင်အင်္ဂလိပ်စာသင်

Having asked the manager for a day's leave to attend his sister's wedding, an employer was asked to wait outside the door. The manager then called him in and said, "You're a liar, I've just phoned your sister and she told me she's married already."
"Well, sir, you're an even bigger liar,"
the employer replied, "because I don't even have a sister."
နှမ မင်္ဂလာပွဲသို့ တက်ရောက်ရန်အတွက် မန်နေဂျာထံတွင် ခွင့်တစ်ရက်တောင်းခံသော အလုပ်သ မားတစ်ယောက်အား အခန်းပြင်တွင်စောင့်နေရန် ပြောသည်။ ထို့နောက် မန်နေဂျာက သူ့အားဝင်ခိုင်းပြီး
“မင်းက လူလိမ်ပဲ။ ငါ ခုပဲ မင်းနှမဆီ ဖုန်းဆက်ပြီးပြီ၊ သူက အိမ်ထောင်ရှိပြီးသားတဲ့”
ထိုအခါ အလုပ်သမားက ပြန်ပြောသည်မှာ
“ဟုတ်ကဲ့ ဆရာကမှ ပိုပြီး လူလိမ်ပါ။ ကျွန်တော့်မှာ နှမတောင် မရှိဘူးခင်ဗျ”

A motorist drove through a red light. A policeman stopped him and asked. "Didn't you see the red light?"
"Yes, I did," replied the driver.
"The why didn't you stop?"
"Because I didn't see you."
ကားဒရိုင်ဘာတစ်ယောက်သည် မီးနီကို ဖြတ်မောင်းသည်။ ရဲသားတစ်ယောက်က သူ့အားတားပြီး မေးသည်။
“မင်း မီးနီကို မမြင်ဘူးလား”
“မြင်ပါတယ်ဆရာ”
ဒရိုင်ဘာက ဖြေသည်။
“ဒါဖြင့် ဘာဖြစ်လို့ မရပ်သလဲ”
“ဆရာ့ကို မမြင်လို့ပါ ဆရာ”

A domestic science teacher placed little pieces of meat on spoons and gave them to each of the pupils.
"Now, boys and girls, the game we're going to play today is to guess the name of the animal from which this meat came," the teacher said, "I'll give you a clue-it's a name that Mummy sometimes calls Daddy when he gets home from the office."
There was a long pause. Finally a youngster in the back exclaimed, "Don't eat it!"
အိမ်တွင်းမှု သိပ္ပံဆရာမသည် အသားတုံးလေးများကို ဇွန်းပေါ်တင်၍ ကျောင်းသားများအား တစ်တုံးစီပေး သည်။
“သားတို့ သမီးတို့ ဒီနေ့ ဆရာမတို့ ကစားမယ့် ကစားနည်းက ဒီအသားရတဲ့တိရစ္ဆာန်ရဲ့အမည်ကို ခန့်မှန်းဖို့ပဲ။ ဆရာမ တင်းတို့ကို သဲလွန်စပေးမယ်။ အဲဒီအနာမည်က မင်းတို့အဖေ ရုံးက အိမ်ပြန်လာတဲ့အခါ မင်းတို့အမေက တစ်ခါတစ်ခါ သူ့ကိုခေါ်လိုက်တဲ့နာမည်ပဲ”
အတန်းထဲမှာ အကြာကြီးတိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် နောက်တန်းက ချာတိတ်တစ် ယောက်က ပြောလိုက်သည်မှာ
“အဲဒီ အသားကို မစားပါနဲ့”

Instructing his solicitor, a man stated, "When I'm dead you must divide my 17 sheep between my three sons. My eldest son is to have half of the sheep, my second son gets one-third, and my youngest son gets one-ninth."
"How on earth will I manage this?" the solicitor said to his clerk after the man left.
"If I bring my sheep." the clerk answered, "we'll have 18. Half of 18 is nine, a third of 18 is six, and a ninth part of 18 is two. Nine plus six plus two is 17, and I'll still be able to take my sheep home again."
လူတစ်ယောက်က သူ့ရှေ့နေအား ညွှန်ကြားသည်။
“ကျုပ်သေတဲ့အခါ ခင်ဗျားက ကျုပ်ရဲ့ သိုး ၁၇ ကောင်ကို ကျုပ်သား ၃ ယောက်ကို ခွဲပေးပါ။ အကြီး ဆုံးသားက သိုးတစ်ဝက်ကိုရရမယ်။ အလတ်ကောင်က သုံးပုံ ၁ ပုံ၊ အငယ်ဆုံးကောင်က ၉ ပုံ ၁ ပုံ ရရမယ်”
ထိုသူ ထွက်သွားသောအခါ ရှေ့နေက သူ့စာရေးအား
“ငါ ဒါကို ဘယ်လိုလုပ်ရမှာတုန်း”
ထိုအခါ စာရေးက ပြန်ဖြေသည်မှာ
“ကျွန်တော့်သိုးကို ယူလာခဲ့ရင် ၁၈ ကောင်ဖြစ်သွားမယ်။ ၁၈ ရဲ့တစ်ဝက်က ၉၊ ၁၈ ရဲ့ သုံးပုံ ၁ ပုံက ၆၊ ၁၈ ရဲ့ ၉ ပုံ ၁ ပုံက ၂။ ၉+ ၆+ ၂ က ၁၇။ ကျွန်တော့်သိုးကို အိမ်ပြန်ယူသွားလို့ ရသေးတယ်ဆရာ”

Edith and Norman were arguing over his inability to earn a better living. She told him he wasn't forceful enough in asking the boss for a pay-rise.
"Tell him," she yelled, "that you have seven children. You also have a sick mother and you have to clean the house because you can't afford a cleaner."
Several days later, Norman came home from work, stood before his wife and calmly announced that his boss had fired him. "Why?" asked Edith.
"He says I have too many outside activities."
အီးဒစ်နှင့် နော်မန်တို့သည် ပိုက်ဆံပိုရအောင် မရှာနိုင်ခြင်းနှင့် ပတ်သက်၍ စကားများ ငြင်းခုံကြ သည်။ သူမက သူ့အား အလုပ်ရှင်ထံတွင် လခတိုးပေးဖို့ အတင်းအကြပ် တောင်းဆိုခြင်းမပြုဟု ပြောသည်။
“သူ့ကို သွားပြောချေ။ ရှင့်မှာ ကလေးက ခုနစ်ယောက်ရှိပါတယ်လို့။ ဖျားနေတဲ့ မအေကြီးတစ် ယောက်လည်းရှိတယ်။ အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ လူငှားခမတတ်နိုင်လို့ ကိုယ့်ဘာသာသန့်ရှင်းရေးလုပ်ရ တယ်လို့ပြော။”
သူမက ပြောသည်။
ရက်အတန်ကြာသောအခါ နော်မန်သည် အလုပ်မှ အိမ်သို့ ပြန်လာသည်။ မိန်းမရှေ့မှာရပ်၍ အလုပ်ရှင်က သူ့အား အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း တည်တည်ငြိမ်ငြိမ်ပြောသည်။
“ဘာဖြစ်လို့တဲ့လဲ”
မိန်းမက မေးသည်။
“ငါ့မှာ ပြင်ပအလုပ်တွေ များလွန်းလို့တဲ့ကွာ”

No comments:

Post a Comment