Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

သြစတြေးလျ ကာတင်တက္ကသိုလ်ရဲ့ ဒီဂရီတန်းပညာသင်ဆု ၅၀ ရာခိုင်နှုန်း လျှောက်နိုင်ပြီ

သြစတြေးလျနိုင်ငံ အရှေ့တောင်အာရှကျောင်းခွဲ မလေးရှားကာတင်တက္ကသိုလ်မှာ လာမယ့်ပညာ သင်နှစ်အတွက် တက္ကသိုလ်ဖောင်ဒေးရှင်းပရိုဂရမ်မှာ ထူးချွန်ကျောင်းသားတွေကို ဒီဂရီတန်းရဲ့ ကျောင်းလခ ၅၀ ရာခိုင်နှုန်းခံစားခွင့်ရရှိနိုင်တဲ့ Pro-Vice Chancellor Scholarship လျှောက်ထားနိုင် ကြောင်း Myanmar Search International ကသိရပါတယ်။
ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွေအနေနဲ့ GCE O Level သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တစ်ဘာသာကို အနည်းဆုံးရမှတ် ၆၀ နဲ့အထက်၊ IELTS 5.0 ရရှိထားတဲ့ ကျောင်းသားတွေ တက်ရောက်ခွင့် ရရှိမှာပါ။ ဖောင်ဒေးရှင်းတန်းအတွက် နှစ်စဉ်ကျောင်းဖွင့်ချိန်က မတ်လ၊ ဇူလိုင်လဖြစ် ပြီး ကျောင်းပိတ်ချိန်အပါအဝင် တစ်နှစ်တက်ရမှာ ဖြစ်တယ်။ ကျောင်းလခက ဒေါ်လာ ၅၇၆၇ ပါ။
ကာတင်တက္ကသိုလ်ရဲ့ ဖောင်ဒေးရှင်းအောင်မြင်ပြီး ဘွဲ့ကြိုတန်းကျောင်းသားတွေအတွက် ပညာ သင်ဆု ၅၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါတယ်။ ဖောင်ဒေးရှင်းကျောင်းသားအားလုံးထဲက နှစ် ယောက်ရွေးပြီးပေးတာကြောင့်ရဖို့ခက်ခဲတယ်လို့ MSI နိုင်ငံတကာပညာရေးဝန်ဆောင်မှုက တာဝန်ရှိ သူတစ်ဦးက ဆိုတယ်။
၂၀၁၀ ခုနှစ် အင်ဂျင်နီယာနဲ့ သိပ္ပံဘာသာရပ်ဖောင်ဒေးရှင်းတန်းကို အောင်မြင်ပြီး ၂၀၁၂ ခုနှစ် ဒီဂရီ တန်းကို တက်ရောက်နေတဲ့ မြန်မာကျောင်းသား Adrian စိုးမြင့်နဲ့ ၂၀၁၂ ဖောင်ဒေးရှင်းတန်းကို အောင်မြင်ပြီး ၂၀၁၃ ခုနှစ်မှာ ဒီဂရီတန်းတက်နေတဲ့ မောင်စည်သူပိုင်တို့နှစ်ဦး အဲသည်ပညာသင်ဆုကို ရကြတယ်လို့ MSI ကသိရပါတယ်။ အဲသည် ပညာသင်ဆုကို မလေးရှားနိုင်ငံ၊ ဆာရာဝပ်က ကာတင် တက္ကသိုလ်ရဲ့ ဖောင်ဒေးရှင်းတန်းကို တက်ရောက်ပြီးတဲ့သူတွေသာ လျှောက်ထားခွင့်ရှိတယ်လို့ သိရပါ တယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ် ၃၇၄၊ စက်တင်ဘာ ၁၃၊ ၂၀၁၃

No comments:

Post a Comment