Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ယီမင် နိုင်ငံမှ ၁၂ နှစ် အရွယ် သတို့သမီးလေး သွေးထွက်လွန် သေဆုံး

ယီမင် နိုင်ငံမှ ၁၂ အရွယ် သတို့ သမီး လေးဟာ သူမထက် အသက် သုံးဆ ကြီးသူနှင့် လက်ထပ်ပြီး သုံးရက် အကြာ အတူအိပ် လိင် ဆက်ဆံ ပြီးနောက်၊ အတွင်းပိုင်း သွေးထွက်လွန် သေဆုံး သွားခဲ့ တယ်လို့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ ( the United Nations Children’s Funds) က ဆိုပါတယ်။
သွေးထွက်လွန် သေဆုံးသွားသော သတို့သမီးငယ်လေး Elham
UNICEF အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဆိုင်ရာ ဒါရိုက်တာ က “ကလေးမက သူ့ထက် အသက် သုံးဆမက ကြီးသူကို လက်ထပ်ခဲ့ ရတာ၊ သူ့မ သေဆုံးမှုက ယီမင်နိုင်ငံမှာ အရွယ် မတိုင်မီ မိန်းကလေး ငယ်တွေကို အတင်း အိမ်ထောင် ပြုခိုင်းနေတဲ့ သဘာဝ လွန်ကဲမှု တွေကို တကမ္ဘာလုံး သိအောင် တပ်လှန့် လိုက်သလို ဖြစ်သွားတယ်” လို့ ကြာသာပတေး နေ့က ပြောပါတယ်။
ယီမင် နိုင်ငံ Hajjah ပြည်နယ်မှာ နေထိုင်သူ၊ အသက် ၁၂ တောင် မပြည့်တတ်သေးတဲ့ `Elham´ ဟာ မတ်လ ၂၉ ရက်နေ့က လက်ထပ်ခဲ့ပြီး၊ နောက် သုံးရက် အကြာမှာ ကွယ်လွန် သွားခဲ့ပါတယ်။ ယခု အသက် မပြည့်ခင် အိမ်ထောင် ချထားမှုတွေ အဆုံးသတ်ဖို့  ယီမင် အစိုးရက စတင် လုပ်ဆောင်နေပြီး၊ ပါလီမာန်မှာလည်း အသက် ဘယ်လောက်မှာ မိန်းကလေးငယ်တွေ စတင် လက်ထပ်သင့်တယ် ဆိုတာကို ဝေခွဲမရသေးဘဲ အကြိတ်အနယ် ဆွေးနွေး နေကြတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာလည်း `အသက် ၁၂ အရွယ် ယီမင် မိန်းကလေး Fawziya Ammodi ဟာ ကလေးမွေးရင်း သွေးထွက်လွန်ပြီး၊ မိခင်ရော ကလေးပါ အသက် ဆုံးပါးခဲ့တယ်´လို့ ကလေးများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ Seyaj Organization က ပြောပါတယ်။ သူမ သေဆုံးမှု ကလည်း ဆေးဝါး ကုသမှု မပြည့်စုံမှု၊ ကျန်းမာရေး အသိပညာ ညံ့ဖျင်းမှု တို့ကြောင့်လို့ ယီမင် မှာ စတင် လုပ်ကိုင်နေတဲ့ NGO တဖွဲ့က ဆိုပါတယ်။
ကုလသမဂ္ဂ ရဲ့ ခန့်မှန်းချက် အရ ယီမင် နိုင်ငံမှာ အသက် ၁၈နှစ် မတိုင်မီ အိမ်ထောင်ပြုတဲ့ မိန်းကလေး အရေအတွက်ဟာ သုံးပုံ နှစ်ပုံကျော် ရှိနေပြီး၊ အမျိုးသား များဟာလည်း မိန်းမ သုံးယောက်ထက် အထက် ယူကြတယ်လို့ သိရပါတယ်။
မောက္ခ (နိုင်ငံတကာသတင်း) CNN

No comments:

Post a Comment