Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 10, 2013

၂၀၁၄ မော်ဒယ် Porshce Panamera 4S ထွက်ရှိ


Saturday, August 10, 2013

ဂျာမနီ Porsche မှ ထုတ်လုပ်လိုက်တဲ့ ဇိမ်ခံဆလွန်းကားသန့်ဖြစ်ပြီး Porshce Panamera 4S လို့ အမည် ရပါတယ်။

အင်ဂျင်အရွယ် ၃ လီတာ ရှိပြီး တာဘို နှစ်လုံးပူး ကို အသုံးပြုထားပါတယ်။ V ပစ်စတစ် ၆လုံးအပ် အင်ဂျင်ပါ။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၄၂၀ ရှိတဲ့ အတွက် မြန်နှုန်းမြင့် ဆလွန်းကား တစ်စီး ဖြစ်မယ်ဆိုတာ ခန့်မှန်း ကြည့်နိုင် ပါတယ်။

Top Speed တစ်နာရီ ၁၇၅ မိုင်မောင်းနှင်နိုင်မယ့် Porshce Panamera 4S က ဂီယာ ၇ ချက်ထိုး ကား ဖြစ်ပါတယ်။ တံခါးလေးပေါက် ဆလွန်းကား သန့် ဖြစ်ပြီး အတွင်းခန်း အပြင်အဆင် သားနားပါတယ်။ ဈေးလည်း နည်းတဲ့ ကားတော့ မဟုတ်ပါဘူး။

ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်းဝန်းကျင်နဲ့ ကမ္ဘာအနှံ့ဖြန့်ချိမယ့်ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

http://www.colay.com.mm/automobile/news/detail/784

 

ColayAutomobile

No comments:

Post a Comment