Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

Learning English - Comma ကို ထိရောက်စွာ အသုံးပြုရန်အတွက် အကောင်းဆုံး အကြံပြုချက် (၄)ချက် (Top Four Guidelines for Using Commas Effectively)


“In Praise of the Humble Comma” ဆိုတဲ့ တိုင်း(မ) မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ ဆောင်းပါးရှင် Pico Iyer က ကော်မာ (,)ကို “ကျွန်ုပ်တို့ကို အရှိန်လျော့ခိုင်းနေသော လင်းနေတဲ့ အ၀ါရောင်မီး”နဲ့ နှိုင်းယှဉ်ထားပါတယ်။ ဒါပေမဲ့ ဒီမီးကို ဘယ်အခါမှာ လင်းစေပြီး၊ ဘယ်အခါမှာ ၀ါကျကို အနှောက်အယှက်မရှိ ဆက်လက်ရေးသွားရင် ကောင်းမှာပါလဲ?။ ဒီဆောင်းပါးမှာတော့ ကော်မာကို ထိရောက်စွာ အသုံးပြုစေနိုင်မဲ့ အကြံပြုချက်(၄)ချက်ကို ဆွေးနွေးမှာပါ။ ဒါပေမဲ့ ဒီအချက်တွေဟာ အကြံပြုချက်တွေပဲ ဖြစ်တယ်ဆိုတာကိုတော့ စိတ်ထဲမှာ မှတ်ထားပါ။ ကော်မာ (သို့) တခြားပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတ(punctuation mark)ကို အသုံးပြုရန်အတွက် ချိုးဖောက်လို့မရတဲ့ စည်းမျဉ်းဆိုတာ မရှိပါ။

၁. ကော်မာကို ဆက်သွယ်ပုဒ် (coordinator)ရဲ့ အရှေ့မှာ အသုံးပြုပါ။(Use a Comma Before a Coordinator)
ကော်မာကို Main Clause (အဓိက၀ါကျကဏ္ဍ) ၂-ခုကို ဆက်ပေးတဲ့ coordinator (and, but, yet, or nor, for, so) ရဲ့ ရှေ့မှာ သုံးပါ။

“The optimist thinks that this is the best of all possible worlds, and the pessimist knows it.” (Robert Oppenheimer)
(အကောင်းမြင်ဝါဒီက ဒါဟာဖြစ်နိုင်တဲ့ ကမ္ဘာအားလုံးထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ထင်ပြီး အဆိုးမြင်ဝါဒီကလည်း ဒီအတိုင်းပဲ သိထားပါတယ်။))

“You may be disappointed if you fail, but you are doomed if you don’t try.” (Beverly sills)
(သင့်အနေနဲ့ ရှုံးနိမ့်ရင် စိတ်ပျက်ရမှာဖြစ်ပေမဲ့ မကြိုးစားကြည့်ဘူးဆိုရင်တော့ ပျက်စီးကိန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။)

ဒါပေမဲ့လည်း စကားလုံး (word) နှစ်လုံး သို့မဟုတ် စကားစု (phrase) နှစ်ခုကို ဆက်ပေးသော ဆက်သွယ်ပုဒ် ရှေ့တွင် ကော်မာ မထည့်ရပါ။

Jack and Diane sang and danced all night. (Jack နှင့် Diane တို့သည် တစ်ညလုံး သီချင်းဆိုပြီး ကနေကြသည်။)

၂. တစ်ခုပြီးတစ်ခု ဆက်တိုက်ရေးထားသော အချက် (items)များကို ခွဲခြားရန် ကော်မာကို အသုံးပြုပါ။ (Use a Comma to Separate Items in a Series)
သုံးခု (သို့) သုံးခုထက်ပိုသော စကားလုံး (words) သို့မဟုတ် စကားစု (phrase) သို့မဟုတ် ၀ါကျကဏ္ဍ (clause)များကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရေးထားသောအခါ ၄င်းတို့ကြားတွင် ကော်မာကို ထည့်ပါ။

You get injected, inspected, detected, infected, neglected, and selected. (Arlo Guthrie)
(သင်သည် ထည့်သွင်းခြင်း၊ စစ်ဆေးခြင်း၊ အာရုံစိုက်ခြင်း၊ ရောဂါကူးစက်ခြင်း၊ လစ်လျူရှုခြင်းနှင့် ရွေးချယ်ခြင်းတို့ကို ခံခဲ့ရတယ်။)

“It is by the goodness of God that in our country we have three unspeakably precious things:
freedom of speech, freedom of conscience, and the prudence never to practice either of them.” (Mark Twain)
(ကျွန်တော်တို့ တိုင်းပြည်မှာ ဘုရားသခင်ရဲ့ ကောင်းမှုကြောင့် ပြောမပြနိုင်လောက်အောင် တန်ဖိုးရှိတဲ့အရာ သုံးခုရှိပါတယ်။ လွတ်လပ်စွာ ပြောဆိုခြင်း၊ မိမိမှန်တယ်လို့ထင်တာကို လွတ်လပ်စွာ
လုပ်နိုင်ခြင်းနှင့် ၄င်းတို့ (၂)ခုအနက် ဘယ်တစ်ခုကိုမှ ဘယ်သောအခါမျှ မကျင့်သုံးတဲ့ အမြော်အမြင်ရှိခြင်းတို့ပဲဖြစ်တယ်။)

မှတ်ချက် - ဥပမာ (၂)ခုစလုံးတွင် ကော်မာသည် coordinator ၏ နောက်မှာ မဟုတ်ဘဲ ရှေ့၌ရှိသည်ကို သတိပြုပါ။

၃. နိဒါန်းပျိုးတဲ့ စကားစုနောက်မှာ ကော်မာကို သုံးပါ။ (Use a Comma After an Introductory Word Group)
ဝါကျတစ်ခု၏ ကတ္တား (subject)ရဲ့ အရှေ့မှလာသော စကားစု (phrase) သို့မဟုတ် ၀ါကျကဏ္ဍ (clause) နောက်တွင် ကော်မာကို ထည့်ပါ။

“When you get to the end of your rope, tie a knot and hang on.” (Franklin Roosevelt)
(သင့်ရဲ့ ကြိုးအဆုံးကို ရောက်တဲ့အခါမှာ အထုံးချည်ပြီးတော့ မြဲမြဲကိုင်ထားပါ။)

“If at first you don’t succeed, failure may be your style.” (Quentin Crisp)
(ပထမမှာ သင် မအောင်မြင်ဘူးဆိုရင် ရှုံးနိမ့်ခြင်းဟာ သင့်ရဲ့ ဟန်ဖြစ်ကောင်းဖြစ်နိုင်တယ်။)

ဒါပေမဲ့လည်း စာဖတ်သူတွေကို ရှုပ်ထွေးစေနိုင်တဲ့ အန္တရာယ်မရှိဘူးဆိုရင်တော့ တိုတောင်းတဲ့ နိဒါန်းစကားစုရဲ့ နောက်က ကော်မာကို ဖြုတ်ပစ်လို့ရပါတယ်။

“At first I though the challenge was staying awake, so I guzzled venti cappuccinos and 20-ounce Mountain Dews.” (ပထမမှာတော့ စိန်ခေါ်မှုဟာ မအိပ်ဘဲ နေခြင်းလို့ ထင်တဲ့အတွက် Venti cappuccinos နဲ့ Mountan Dew (၂၀) အောင်စကို အများကြီးနဲ့ မြန်မြန်သောက်လိုက်တယ်။)

၎. အနှောက်အယှက် (inlerruptions)များကို ထင်ရှားစေရန် ကော်မာတစ်စုံကို သုံးပါ။ (Use a pair of commas to set off interruptions)
ဝါကျတစ်ခုကို ကြားဝင်ဖြတ်သော စကားလုံးများ (သို့) စကားစုများ (သို့) ၀ါကျကဏ္ဍများကို ထင်ရှားစေရန်အတွက် ရှေ့နောက် ကော်မာတစ်စုံကို ထည့်သုံးပါ။

“Words are, of course, the most powerful drug used by mankind”(Rudyard Kipling)
(စကားလုံးတွေဟာ တကယ်အားဖြင့်တော့ လူသားတွေသုံးစွဲတဲ့ စွမ်းအင်အရှိဆုံးသော ဆေးဝါးပဲဖြစ်တယ်။)

ဒါပေမဲ့ ၀ါကျရဲ့ ပင်ကိုယ်အဓိပ္ပါယ်ကို တိုက်ရှိုက်အကျိုးသက်ရောက်စေတဲ့ စကားလုံးတွေကို ထင်ရှားစေရန် ကော်မာ မလိုပါ။

“Your manuscript is both good and original. But the part that is good is not original, and the part that is original is not good:” (Samuel Johnson)
(မင်းရဲ့စာမူက ကောင်းပြီး တမူဆန်းသစ်တယ်။ ဒါပေမဲ့ ကောင်းတဲ့အပိုင်းက ဆန်းသစ်ခြင်း မရှိဘူး။ တမူဆန်းသစ်တဲ့ အပိုင်းကျတော့လည်း မကောင်းဘူး။)

About.com မှ Richard Nordquist ၏ Top Four Guidelines for Using Commas Effectively အား ရည်ညွန်းကိုးကားသည်။

No comments:

Post a Comment