Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 18, 2013

အိုင်စီတီလုပ်ငန်းဖြင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာသော သူဌေးနှစ်ဦး (၂၀၁၃)

Carlos Slim Helu

ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁ အဆင့်မှာ ရှိပါတယ်။ América Móvil ကုမ္ပဏီကို ထူထောင်ထားပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။ သူပိုင်ဆိုင်တဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို ဆက်သွယ်ရေး လုပ်ငန်းတွေ ကနေ အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံသားဖြစ်ပြီး၊ မက္ကဆီကို နိုင်ငံ Nacional Auto-noma de Mexico တက္ကသိုလ်ကနေ ဘွဲ့ ရရှိခဲ့တယ်။ ဇနီး ဆုံးသွားပြီး သားသမီး ၆ ယောက်နဲ့ အတူ နေထိုင်ပါတယ်။ သူ့ အသက် ၇၃ နှစ်ရှိပြီး၊ ချမ်းသာ ကြွယ်ဝမှု ဒေါ်လာ ၇၃ ဘီလီယံ ဖြစ်ပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁ အဆင့်မှာ ရပ်တည်နိုင်ခဲ့တာ ခုဆိုရင် လေးနှစ်လောက် ရှိသွားပြီ။ သူထူထောင်ထားတဲ့ အခြား လုပ်ငန်းတွေဖြစ်တဲ့ Grupo Financiero Inbursa နဲ့ Grupo Carso လုပ်ငန်းတွေကနေ မနှစ်က ဒေါ်လာ ၄ ဘီလီယံလောက် ထပ်ဖြည့်ပြီး ဝင်ငွေ တိုးပေးလိုက်လို့ နံပါတ် ၁ နေရာမှာပဲ ဆက်လက် မြဲနေခဲ့တယ်။ Pan-Latin American မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းနဲ့ America Movil လုပ်ငန်းတွေမှာလည်း ဒေါ်လာ ၃၆ ဒသမ ၃ ဘီလီယံလောက် ရင်းနှီး မြှုပ်နှံထားတဲ့ အတွက် အဲဒီကရတဲ့ ဝင်ငွေတွေလည်း အများကြီး ရှိပါတယ်။

မနှစ်ကတည်းက ဥရောပကိုလည်း သူ့ခြေလှမ်းတွေ ပြင်နေပါတယ်။ ဒတ်ခ်ျ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ KPN နဲ့ သြစတီးယားက Telekom Austria တို့ကိုလည်း သူဝယ်ထား ပြီးပါပြီ။ အခြား သတ္တု တူးဖော်ရေး လုပ်ငန်းနဲ့ မြို့ပြ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေပါတယ်။

စလင်းမ်ဟာ သူပိုင်ဆိုင်တဲ့ ကုမ္ပဏီတိုင်းမှာ စီမံ အုပ်ချုပ်ရတဲ့ ရာထူးကြီးတွေကို ယူထားလေ့ မရှိဘူး။ ဒါပေမဲ့ အကြံပေးတာတွေ၊ ဗျူဟာ ချမှတ်တာတွေတော့ ဝင်လုပ်ပေးလေ့ ရှိတယ်။ လုပ်ငန်းကြီးတွေ ကို သားများ ဖြစ်တဲ့ မာကို အန်တိုနီယိုနဲ့ ပက်ထရစ်တို့ကို ကြီးကြပ် အုပ်ချုပ်ဖို့ လွှဲထားတယ်။ သူတို့ကပဲ ဆက်သွယ်ရေးလုပ်ငန်း အားလုံးရဲ့ ဘဏ္ဍာရေး ကိစ္စတွေကိုလည်း စီမံ ခန့်ခွဲရတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ America Movil အနေနဲ့ မက္ကဆီကို ကြေးစား ဘောလုံး အသင်း နှစ်သင်းကို ထူထောင်ခဲ့တယ်။ နိုဝင်ဘာလမှာ အများက ကန့်ကွက်နေတဲ့ကြားက စပိန်ဘောလုံး အသင်း တစ်သင်းဖြစ် တဲ့ Real Oviedo ကို ဝယ်လိုက်တယ်။

၂၀၁၃ ခုနှစ် အစောပိုင်းမှာ ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်စားလာပြီး အလှူအတန်းတွေ လျှောက်လုပ် တယ်။ Carlos Slim Foundation ကို ထူထောင်ပြီး Khan Academy Web-site က ထုတ်လွှင့်နေတဲ့ ပညာရေးဆိုင်ရာ ဗီဒီယို သင်ကြားပို့ချမှုပေါင်း ၁၀၀၀ ကို စပိန်ဘာသာ ပြန်ဆိုရာမှာ ငွေကြေး အကူအညီ ပေးခဲ့တယ်။ Khan Academy ကလည်း အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်း တစ်ခု ဖြစ်တာကြောင့် သူက ထောက်ပံ့ ကူညီခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလမှာ စလင်းမ်ဟာ ဘီလ်ဂိတ်စ်နဲ့ တွေ့ဆုံပြီး တောင်သူ လယ်သမားတွေအတွက် သီးနှံ အထွက်တိုးဖို့ သုတေသန လုပ်ငန်းတွေ လုပ်ပေးပြီး၊ ဆင်းရဲ ငတ်မွတ်မှုတွေ လျော့ပါးအောင် လုပ်ကြမယ် လို့ သဘောတူခဲ့ကြတယ်။

--------------------------------------------------------------

Bill Gates

ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၂ အဆင့်မှာ ရှိနေတယ်။ Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့ပေမယ့် ခုတော့ တွဲ ဖက် ဥက္ကဋ္ဌ ရာထူးလောက်ပဲ ယူထားပြီးတော့ Bill & Melinda Gates Foundation ထောင်ပြီး ပရဟိတ လုပ်ငန်းတွေလုပ်ဆောင်နေတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ နေထိုင်တယ်။ ပညာရေးကတော့ ဟားဗတ် တက္ကသိုလ်ကနေ ကျောင်းမပြီးခင် ထွက်ခဲ့တယ်။ မလင်ဒါနဲ့ လက်ထပ်ပြီး သားသမီး သုံးဦး ရှိတယ်။ သူ့အသက် ၅၇ နှစ် ရှိပါပြီ။ ချမ်းသာ ကြွယ်ဝ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၆၇ ဘီလီယံ ဖြစ်ပါတယ်။

သူ့ကို ကမ္ဘာ့ အချမ်းသာဆုံးနဲ့ အရက်ရောဆုံး၊ အလှူဒါန်းဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ကြတယ်။ ကမ္ဘာမှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေထဲမှာ ပါတဲ့ ပိုလီယိုနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်း တွေကို သူ အသက်ထင်ရှားရှိစဉ် သာမက ကွယ်လွန်သွားချိန်အထိ ထောက်ပံ့ ကူညီဖို့ အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ အဲဒီ လုပ်ငန်းတွေအတွက် သူထူထောင် မတည်ထားတဲ့ အလှူငွေတွေက ဒေါ်လာ ၂၈ ဘီလီယံခန့် ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေ ပိုလီယိုနဲ့ ငှက်ဖျားကြောင့် သေပျောက်နှုန်း တွေဟာ သူတို့ လင်မယား ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းကနေ ကူညီ ထောက်ပံ့ခဲ့လို့ အတော်လေး လျော့ပါး သက်သာသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဘီလ်ဂိတ်စ်ဟာ သူကိုယ်တိုင် လှူရုံတင်မက သူ့မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း သူ့လို လိုက်ပြီး လှူနိုင်အောင် စည်းရုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ဝါရင်းဘက်ဖက်လို သူဌေးကြီးတွေကနေ အခြား အမေရိကန် သူဌေး ၁၂ ယောက်လောက်အပြင် ဗြိတိန်က ရစ်ချတ် ဘရန်ဆန်၊ အိန္ဒိယက အဇင်းပရမ်ဂျီးတို့ကိုပါ သူ့လှူဒါန်းမှုထဲကို ပါဝင်နိုင်အောင် သိမ်းသွင်း စည်းရုံးထားနိုင်ခဲ့ပါတယ်။

ကမ္ဘာကျော် သူဌေးကြီး တစ်ဦးဖြစ်တဲ့ ကားလို့စ် စလင်းမ်နဲ့ ပူးပေါင်းပြီးတော့လည်း မက္ကဆီကိုနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး သုတေသန လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဒေါ်လာ ၂၅ သန်းတန် အဆောက်အအုံကြီး တစ်ခုကို ဆောက်လုပ် လှူဒါန်းခဲ့သေးတယ်။

မနှစ်ကအထိ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၆၁ ဘီလီယံလောက်ပဲ ရှိခဲ့ပြီး၊ ဒီနှစ်မှ ဒေါ်လာ ၆ ဘီလီယံ လောက် ထပ်တိုးလို့ ကမ္ဘာ့ နံပါတ် ၂ အဆင့်မှာ မြဲနေခြင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ထူထောင် ထားတဲ့ Microsoft ကုမ္ပဏီကြီးကို လုံးဝ လှည့်မကြည့်တော့ပေမယ့် ကုမ္ပဏီရဲ့ အမြတ်ငွေတွေထဲက ၅ ရာခိုင်နှုန်းလောက်ကို ထိုင်စားပြီး ကမ္ဘာပတ်ကာ အလှူလိုက် လုပ်နေပါတယ်။ ကိုယ်စိုက်ထားတဲ့ အပင်က အသီးကို ထိုင်စားနိုင်တဲ့ အနေအထားကို ရောက်လာရုံတင်မက၊ ကလေးတွေကိုပါ လိုက်ပြီး မျှဝေပေးနိုင်တဲ့အဆင့် ရောက်နေပြီလို့ ပြောနိုင်ပါတယ်။

သူ့ပိုင်ဆိုင်မှုနှင့် ရှယ်ယာတွေဟာ Microsoft တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ Ecolab၊ မက္ကဆီကို ရုပ်သံဌာန (Televisa) နဲ့ လက်တင် အမေရိကတိုက်မှာ အကြီးဆုံး အဖျော်ယမကာ လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ FEMSA ကုမ္ပဏီတွေမှာလည်း အစုရှယ်ယာတွေ အများကြီး ထည့်ဝင်ထားရာက အကျိုးအမြတ်တွေ ရရှိနေပါတယ်။

The Voice

No comments:

Post a Comment