Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 21, 2013

ကမ္ဘာပေါ်တွင် တင်အကြီးဆုံးအမျိုးသမီး




အမေရိကန်ပြည်ထောင်စု Los Angeles တွင် နေထိုင်သော Mikel Ruffinelli ဟု အမည်ရှိသူ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့တင်အကြီးဆုံး အမျိုးသမီးဖြစ်နေကြောင်း သိရသည်။

သူမ၏ ကိုယ်အလေးချိန်သည် ပေါင် (၄၂၀)ရှိပြီး သူ၏တင်ပါးပတ်လည်ဟာ (၈)ပေရှိနေကြောင်း သိရသည်။ သူမ၏ခါးဟာ လက်မ(၄၀)ရှိကြောင်းလည်း သိရသည်။

သူမဟာ ကလေးလေးယောက် အမေဖြစ်ပြီး သူမ၏တင်ပါးဟာ ကလေးမွေးပြီးကတည်းက စတင်ကြီးထွားလာခဲ့တာဖြစ်ကြောင်း သိရသည်။

သူမက ပြောရာတွင် သူမဘယ်လောက်စားစား သူမ၏တင်သာ ပိုမိုကြီးလာတာဖြစ်ကြောင်း ပြောပြခဲ့သည်။

သူမကို သဘောအကျဆုံးကတော့ သူမနှင့် (၁၀)နှစ်တာ ကာလကြာအောင် လက်ထပ် ပေါင်းသင်းခဲ့သော အသက်(၄၀)နှစ်အရွယ် ခင်ပွန်းဖြစ်သူ Reggie Brooks ဖြစ်ပြီး သူက နေ့စဉ် သူမကိုယ်လုံးဘယ်လောက်လှကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

Mikel Ruffinelli ဆယ်ကျော်သက်အရွယ်က ကိုယ်အလေးချိန် ပေါင်(၁၄၀)သာရှိပြီး တင်ကြီးကြီးတွေတော့ ရှိနေခဲ့တာပါ။ သူမ အသက်(၂၂)နှစ်အရွယ်မှာ အရင်အိမ်ထောင်နဲ့ Andrew လို့ခေါ်တဲ့ သားတစ်ယောက် မွေးဖွားခဲ့ပြီးနောက် ဝိတ်ပိုတက်လာခဲ့တာဖြစ်သည်။

သူမ ကိုယ်အလေးချိန် ၁၈၂ပေါင်တုန်းက တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၄)ရှိခဲ့ပြီး သူမ ကိုယ်အလေးချိန် ၂၃၈ပေါင်မှာ တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၈) ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က Mikel Ruffinelli ရဲ့ လက်ရှိအမျိုးသားဖြစ်သူ Reggie Brooks နဲ့ ဖူးစာဆုံခဲ့ပြီး အသက်(၁၃)နှစ်အရွယ် Destynee ၊ အသက်(၉)နှစ်အရွယ် Autumn နဲ့ အသက်(၇)နှစ်အရွယ် Justyce တို့သုံးယောက်ကို မွေးဖွားပြီးခဲ့ချိန်မှာတော့ သူမ၏ ကိုယ်အလေးချိန်ဟာ ပေါင်(၄၂၀) ရှိနေခဲ့ပြီး တင်ပါးအရွယ်အစားကတော့ နံပါတ်(၃၀) ဖြစ်လာခဲ့တာဖြစ်ကြောင်း သိရသည်။

သူမရဲ့ ခန္ဓာကိုယ်အလှအပေါ် ထားရှိသော သူမ၏ ယုံကြည်ချက်ကြောင့် လွန်ခဲ့တဲ့ ကျော်ခန့်ကတည်းက Big Beautiful Women website တွင် သူမဟာ မော်ဒယ်တစ်ဦးအဖြစ် ဓါတ်ပုံအရိုက်ခံခဲ့ပြီး သူမအား ဓါတ်ပုံတစ်ကြိမ်ရိုက်တိုင်း ဒေါ်လာတစ်ထောင်အထိ ဈေးရရှိခဲ့ကြောင်း သိရသည်။

Source : Daily Mail

BurmeseHearts

No comments:

Post a Comment