တစ္ဘူးမွ ျမန္မာက်ပ္ေငြ (၃၀၀)၊ (၄၀၀) ပဲေပးၿပီး ဝယ္ေသာက္ရတဲ႔ ေရသန္႕ဘူးေတြကို ေရျပန္ျဖည္႔ၿပီး ေသာက္ေရဘူးတစ္ဘူးအျဖစ္ ျပန္သံုးဖူးပါသလား။
သံုးဖူးရင္ေတာ႔ ဒီေဆာင္းပါးက ခင္ဗ်ားအတြက္ ရည္ညႊန္းပါတယ္။ ဆက္ဖတ္ၾကည္႔သင္႔ပါတယ္။
ကြ်န္ေတာ္တို႔ေတြ မသိလိုက္မသိဖာသာပဲ ေရသန္႕ဘူးအလြတ္ေတြထဲမွာ ေရျပန္ထည္႔ၿပီး ေရဘူးအျဖစ္ ျပန္အသံုးျပဳမိတတ္ၾကပါတယ္။ ဒါဟာ လုပ္သင္႔တဲ႔ လုပ္ရပ္တစ္ခု ျဖစ္ပါသလား။
ဘာေၾကာင္႔လဲ
ခင္ဗ်ားကေကာ ထင္မယ္။ ဒီလိုမ်ိဳး recycle ျပန္လုပ္ျခင္းျဖင္႔ (တစ္ခါသံုးပလတ္စတစ္ဘူးအျဖစ္မသံုးဘဲ ေရဘူးအျဖစ္ ျပန္သံုးျခင္းျဖင္႔) သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေနတာပါလို႔။
ေနာက္ၿပီး ေရဘူးထဲကို ေရထည္႔ၿပီး ေသာက္ရံုေလးပဲ။ ဘာအႏၱရာယ္ျဖစ္စရာရွိလဲလို႔။ တခ်ိဳ႕အိမ္ေတြမွာဆို ေရသန္႕ဘူးေဟာင္း၊ ေဖ်ာ္ရည္ဘူးေဟာင္းေတြကိုပဲ ေရျပန္္ထည္႔ၿပီး ေရခဲေရဘူးအျဖစ္ အသံုးခ်တတ္ၾက ပါေသးတယ္။
တကယ္တမ္းက်ေတာ႔ ပလတ္စတစ္ေရဘူးေတြက ခင္ဗ်ားရဲ႕ခႏၶာကိုယ္ကို အႏၱရာယ္ပဲျဖစ္ေစႏိုင္တယ္လို႔ ကြ်မ္းက်င္သူေတြက ဆိုပါတယ္။ ဘာေၾကာင္႔မ်ားပါလဲ။
အေၾကာင္းရင္းကေတာ႔ Biphenol A (BPA လို႔ လူသိမ်ား) ဆိုတဲ႔ ဓာတုပစၥည္းတစ္မ်ိဳးေၾကာင္႔ပါပဲ။ အဲဲဒီ BPA ကို ပလတ္စတစ္ပစၥည္းေတြထုတ္လုပ္ရာမွာ အသံုးျပဳပါတယ္။
အႏၱရာယ္ျဖစ္ေစႏိုင္တဲ႔ ဒီဓာတုပစၥည္းဟာ ေရထဲကို စိမ္႔ဝင္ႏိုင္ၿပီး ေရဘူးႏႈတ္ခမ္းအဝမွာ ဘက္တီးရီးယားပိုးမႊားေတြကို ခိုေအာင္းေနေစႏိုင္ပါတယ္။ ေနာက္ၿပီး အဲဒီကရတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကလည္း ေတာ္ေတာ္ဆိုးပါတယ္။
ဘာေတြျဖစ္ႏိုင္သလဲ
“ပလတ္စတစ္ဘူးေတြထဲမွာေတြ႕ရတဲ႔ တခ်ိဳ႕ဓာတုပစၥည္းေတြဟာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ကို အက်ိဳးသက္ေရာက္မႈေတြရွိႏိုင္ပါတယ္” လို႔ Dr. Marilyn Glenville က Good Housekeeping ဝက္ဘ္ဆိုဒ္ကို ေျပာၾကားပါတယ္။ “သူတို႔က မမ်ိဳးဥေၾကြျခင္းကို အေႏွာင္႔အယွက္ ေပးႏိုင္ၿပီး ရင္သားကင္ဆာလုိမ်ိဳး ေဟာ္မုန္းနဲ႔ဆိုင္တဲ႔ျပႆနာေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။
သိပၸံပညာကလည္း ဒီအခ်က္ကိုသက္ေသျပထားပါတယ္။ Tredmill Reviews ကျပဳလုပ္တဲ႔ ေလ႔လာမႈတစ္ခုမွာ သုေတသီေတြက အားကစားသမားေတြအသံုးျပဳတဲ႔ ေရသန္႕ဘူးေတြကို တစ္ပတ္ၾကာစစ္ေဆးခဲ႔ၿပီး ပ်မ္းမွ်အားျဖင္႔ စတုရန္း (၁) စင္တီမီတာ အရြယ္အစားရွိတဲ႔ေနရာတိုင္းမွာ ဘက္တီးရီးယားေပါင္း (၉၀၀၀၀၀) ေလာက္ မွီတင္းေနထိုင္ေနတာကို ေတြ႕ရွိခဲ႔ရပါတယ္။
ဒါဟာ ခင္ဗ်ားအေနနဲ႔ အဏုၾကည္႔မွန္ေျပာင္းေအာက္မွွာ ျမင္လိုတဲ႔အရာမဟုတ္ပါဘူး။ သိထားရမွာတစ္ခုက အဲဒီဘက္တီးရီးယား ပမာဏဟာ အိမ္သာကမုတ္ခံုတစ္ခုေပၚမွာရွိေနတဲ႔ ဘက္တီးရီးယားပမာဏထက္ ပိုမ်ားပါတယ္။ ပိုဆိုးတာတစ္ခုက အဲဒီပိုးမႊား ေတြထဲက (၆၀) ရာခိုင္ႏႈန္းေလာက္က လူကိုဖ်ားနာေစပါတယ္။
ဘယ္လိုေရွာင္ရွားမလဲ
ဒီလိုျဖစ္ရပ္ေတြကေန ေရွာင္ရွားၿပီး အႏၱရာယ္ကင္းစြာနဲ႔ ေရဓာတ္ျဖည္႔တင္းႏိုင္ဖို႔ကေတာ႔ ဉာဏ္ေကာင္းတဲ႔သူေတြဟာ တစ္ခါသံုးေရဘူးေတြကို ျပန္လည္အသံုးျပဳျခင္းကို ေရွာင္ၾကဥ္ၾကပါတယ္။ အဲဒီအစား ေသာက္ၿပီးတာနဲ႔ တစ္ခါတည္းအမႈိက္ပံုးထဲ လႊင္႔ပစ္လိုက္္တာအေကာင္းဆံုးပါပဲ။ ဒါမွမဟုတ္ ပိုေကာင္းတာတစ္ခုက BPA ပါဝင္မႈမရွိတဲ႔ ပလတ္စတစ္ေရဘူးကို ဝယ္သံုးတာပဲျဖစ္ျဖစ္၊ ဖန္နဲ႔လုပ္ထားတဲ႔ (သို႕) စတီးလ္နဲ႔လုပ္ထားတဲ႔ေရဘူးကို ဝယ္သံုးတာပဲျဖစ္ျဖစ္ လုပ္သင္႔ပါတယ္။ ဒီလိုလုပ္ျခင္းက ခင္ဗ်ားရဲ႕က်န္းမာေရးကိုပဲ ေစာင္႔ေရွာက္ရာမေရာက္ပါဘူး။ ပတ္ဝန္းက်င္ကိုလည္း ေစာင္႔ေရွာက္ရာေရာက္ပါတယ္။
Source: Reader’s Digest
Duwun
#Unicode Version#
တစ်ဘူးမှ မြန်မာကျပ်ငွေ (၃၀၀)၊ (၄၀၀) ပဲပေးပြီး ဝယ်သောက်ရတဲ့ ရေသန့်ဘူးတွေကို ရေပြန်ဖြည့်ပြီး သောက်ရေဘူးတစ်ဘူးအဖြစ် ပြန်သုံးဖူးပါသလား။
သုံးဖူးရင်တော့ ဒီဆောင်းပါးက ခင်ဗျားအတွက် ရည်ညွှန်းပါတယ်။ ဆက်ဖတ်ကြည့်သင့်ပါတယ်။
ကျွန်တော်တို့တွေ မသိလိုက်မသိဖာသာပဲ ရေသန့်ဘူးအလွတ်တွေထဲမှာ ရေပြန်ထည့်ပြီး ရေဘူးအဖြစ် ပြန်အသုံးပြုမိတတ်ကြပါတယ်။ ဒါဟာ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါသလား။
ဘာကြောင့်လဲ
ခင်ဗျားကကော ထင်မယ်။ ဒီလိုမျိုး recycle ပြန်လုပ်ခြင်းဖြင့် (တစ်ခါသုံးပလတ်စတစ်ဘူးအဖြစ်မသုံးဘဲ ရေဘူးအဖြစ် ပြန်သုံးခြင်းဖြင့်) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေတာပါလို့။
နောက်ပြီး ရေဘူးထဲကို ရေထည့်ပြီး သောက်ရုံလေးပဲ။ ဘာအန္တရာယ်ဖြစ်စရာရှိလဲလို့။ တချို့အိမ်တွေမှာဆို ရေသန့်ဘူးဟောင်း၊ ဖျော်ရည်ဘူးဟောင်းတွေကိုပဲ ရေပြန်ထည့်ပြီး ရေခဲရေဘူးအဖြစ် အသုံးချတတ်ကြ ပါသေးတယ်။
တကယ်တမ်းကျတော့ ပလတ်စတစ်ရေဘူးတွေက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ပဲဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဘာကြောင့်များပါလဲ။
အကြောင်းရင်းကတော့ Biphenol A (BPA လို့ လူသိများ) ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကြောင့်ပါပဲ။ အဲဒီ BPA ကို ပလတ်စတစ်ပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။
အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒီဓာတုပစ္စည်းဟာ ရေထဲကို စိမ့်ဝင်နိုင်ပြီး ရေဘူးနှုတ်ခမ်းအဝမှာ ဘက်တီးရီးယားပိုးမွှားတွေကို ခိုအောင်းနေစေနိုင်ပါတယ်။ နောက်ပြီး အဲဒီကရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်း တော်တော်ဆိုးပါတယ်။
ဘာတွေဖြစ်နိုင်သလဲ
“ပလတ်စတစ်ဘူးတွေထဲမှာတွေ့ရတဲ့ တချို့ဓာတုပစ္စည်းတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်” လို့ Dr. Marilyn Glenville က Good Housekeeping ဝက်ဘ်ဆိုဒ်ကို ပြောကြားပါတယ်။ “သူတို့က မမျိုးဥကြွေခြင်းကို အနှောင့်အယှက် ပေးနိုင်ပြီး ရင်သားကင်ဆာလိုမျိုး ဟော်မုန်းနဲ့ဆိုင်တဲ့ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
သိပ္ပံပညာကလည်း ဒီအချက်ကိုသက်သေပြထားပါတယ်။ Tredmill Reviews ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ သုတေသီတွေက အားကစားသမားတွေအသုံးပြုတဲ့ ရေသန့်ဘူးတွေကို တစ်ပတ်ကြာစစ်ဆေးခဲ့ပြီး ပျမ်းမျှအားဖြင့် စတုရန်း (၁) စင်တီမီတာ အရွယ်အစားရှိတဲ့နေရာတိုင်းမှာ ဘက်တီးရီးယားပေါင်း (၉၀၀၀၀၀) လောက် မှီတင်းနေထိုင်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါဟာ ခင်ဗျားအနေနဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာ မြင်လိုတဲ့အရာမဟုတ်ပါဘူး။ သိထားရမှာတစ်ခုက အဲဒီဘက်တီးရီးယား ပမာဏဟာ အိမ်သာကမုတ်ခုံတစ်ခုပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားပမာဏထက် ပိုများပါတယ်။ ပိုဆိုးတာတစ်ခုက အဲဒီပိုးမွှား တွေထဲက (၆၀) ရာခိုင်နှုန်းလောက်က လူကိုဖျားနာစေပါတယ်။
ဘယ်လိုရှောင်ရှားမလဲ
ဒီလိုဖြစ်ရပ်တွေကနေ ရှောင်ရှားပြီး အန္တရာယ်ကင်းစွာနဲ့ ရေဓာတ်ဖြည့်တင်းနိုင်ဖို့ကတော့ ဉာဏ်ကောင်းတဲ့သူတွေဟာ တစ်ခါသုံးရေဘူးတွေကို ပြန်လည်အသုံးပြုခြင်းကို ရှောင်ကြဉ်ကြပါတယ်။ အဲဒီအစား သောက်ပြီးတာနဲ့ တစ်ခါတည်းအမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။ ဒါမှမဟုတ် ပိုကောင်းတာတစ်ခုက BPA ပါဝင်မှုမရှိတဲ့ ပလတ်စတစ်ရေဘူးကို ဝယ်သုံးတာပဲဖြစ်ဖြစ်၊ ဖန်နဲ့လုပ်ထားတဲ့ (သို့) စတီးလ်နဲ့လုပ်ထားတဲ့ရေဘူးကို ဝယ်သုံးတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းက ခင်ဗျားရဲ့ကျန်းမာရေးကိုပဲ စောင့်ရှောက်ရာမရောက်ပါဘူး။ ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်ပါတယ်။
Source: Reader’s Digest
Duwun
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, August 17, 2018
တစ္ခါသံုးေရသန္႔ဘူးေတြကို ေရထည္႔ၿပီး ျပန္သံုးမယ္ဆိုရင္ ဒီစာကို ေက်ာ္သြားဖို႕ မစဥ္းစားနဲ.ဗ်ာ
တစ္ခါသံုးေရသန္႔ဘူးေတြကို ေရထည္႔ၿပီး ျပန္သံုးမယ္ဆိုရင္ ဒီစာကို ေက်ာ္သြားဖို႕ မစဥ္းစားနဲ.ဗ်ာ
Reviewed by MP4 YoU
on
August 17, 2018
Rating: 5
Reviewed by MP4 YoU
on
August 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment