အုတ်ကျော်ဟိန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ (ဗဟို) မှ ချမှတ်ထားသော မူဝါဒများကို အောက်ခြေမြို့နယ်ရှိ ပါတီ အလုပ်အမှုဆောင် ကော်မတီများမှ ကျင့်သုံးခြင်း မရှိသည့် အတွက် ပါတီအတွင်းမှ တရားဝင် နုတ်ထွက်ကြောင်း သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နုတ်ထွက်သည့် ပါတီဝင်များထံက သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီတွင်း သဘောထား ကွဲလွဲမှုများ ရှိနေပြီး တချို့သော ပါတီဝင်များမှာ ပါတီမှ နုတ်ထွက်သည် အထိ ဖြစ်လာခဲ့သည်။
''ကျွန်တော်တို့ သန်လျင်မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတာ (၁၄) ယောက် ရှိတယ်။ အဲဒီထဲမှာ တချို့သော ပုဂ္ဂိုလ်တွေက ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကို အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ တင်ပြတဲ့အခါ မဲခွဲ ဆုံးဖြတ်တယ်။
မဲခွဲ ဆုံးဖြတ်တော့လည်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် အတိုင်း မဆုံးဖြတ်ဘဲ သူတို့ဘာသာ လက်သိပ်ထိုးပြီး ရွေးလိုက်တာတွေ ရှိနေတယ်'' ဟု သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင် ၁၉၈၈ ခုနှစ်ကတည်းက အလုပ် အမှုဆောင် တာဝန် ထမ်းဆောင်ခဲ့သော ဦးကျော်အေးက ပြောသည်။
သန်လျင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နုတ်ထွက်မည့် အလုပ် အမှုဆောင် ကော်မတီဝင် သုံးဦးမှာ ဦးကျော်အေး၊ ဦးလှအောင်နှင့် ဦးသန်းဇော်တို့ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့တွင် မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ နုတ်ထွက်စာ တင်သွားမည် ဖြစ်ကြောင်း သိရသည်။
''ပါတီတွင်းမှာ ဘယ်ကိစ္စကိုပဲ ဆွေးနွေးမှုလုပ်လုပ်၊ အားလုံး ပွင့်လင်း မြင်သာစွာနဲ့ ဆွေးနွေးတယ်။ မူဝါဒပိုင်းဆိုင်ရာ ကျင့်သုံးခြင်း ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမပြောလိုဘူး'' ဟု သန်လျင် မြို့နယ် NLD ပါတီမှနေ၍ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့်လည်း ပါတီအတွင်း ကိုယ်စားလှယ် လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းတူပါက ပါတီတာဝန် ကြာရှည် ထမ်းဆောင် သူများကိုသာ အလေးပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထု တွေ့ဆုံပွဲများတွင် တရားဝင် ပြောကြားထားသည်။
http://www.messengernewsjournal.com/news/Local/detail.php?id=43156
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 21, 2015
NLD ဗဟိုမူဝါဒများကို မြို့နယ်မှ ကျင့်သုံးမှုမရှိ၍ ပါတီဝင်များ နုတ်ထွက်
NLD ဗဟိုမူဝါဒများကို မြို့နယ်မှ ကျင့်သုံးမှုမရှိ၍ ပါတီဝင်များ နုတ်ထွက်
Reviewed by VC
on
August 21, 2015
Rating: 5
Reviewed by VC
on
August 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment