Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 11, 2012

ပျောက်ဆုံးနေတဲ့ မြို့တော်

by Deric TG on Monday, 10 September 2012 at 10:28 ·

စိတ်ဝင်စားမိတဲ့အကြောင်းအရာထဲကတစ်ခုမို့ လက်လှမ်းမီသလောက်
အကြောင်းအရာတွေ စုစည်းပြီး ရေးလိုက်ပါတယ်။
------------------------------------------------------------------



The Atlanta ဆိုတဲ့ရှေးမြို့ဟောင်းအကြောင်း ကြားဖူးပါတယ်..။
ဒီမြို့တော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ကျော် (BC ၉၆၀၀) ခန့်တုန်းက Pillars of Hercules
 

(ယခုခေတ် ဂျီဘရော်တာ ရေလက်ကြားဖြစ်ပေါ်စေသောကုန်းမြေမြင့်ထိပ်) ရဲ့အနောက်ဖက် ယွန်းယွန်းမှာ ရှိခဲ့တယ်လို့ ယူဆကြတဲ့ ရှေးခေတ်ရဲ့ အသိဥာဏ်ပိုင်းနဲ့နက်နဲမှုတို့နဲ့အတူပျောက် ဆုံးနေတဲ့မြို့တော်ဖြစ် တယ်။



တည်နေရာမှန်းဆချက်ဂြိုလ်တုဓါတ်ပုံ

ဒီသမိုင်းကြောင်းကိုပြောတဲ့အခါ ချန်လှပ်ထားလို့မရတဲ့လူနှစ်ယာက် ရှိနေပါတယ်။ပထမ
တယောက်ကတော့ဂရိကဗျာစာဆိုဟိုးမား (Homer) ဖြစ်ပါတယ်။ဟိုးမားကိုဘီစီ ၈ ရာစုနှစ်

Thursday, September 6, 2012

ခေတ်မှီလာ တဲ့ ဖက်ရှင် ပွဲ များ

by FNG on July 11, 2012

527145_10150861607198226_1579419385_nနေမျိုးဦး ၊            ၊ရန်ကုန် မြို့  ၏ ဆူးလေဘုရား လမ်း ရှိ ထရိတ်ဒါး ဟိုတယ်  ၏ ခန်းမ တစ်ခု ထဲ
မီးရောင် စုံများဖြင့် အမေရိကန် နိုင်ငံ နယူးယောက် မြို့  မှ VIP  ညကလပ် တစ်ခု အလား ထင်မှတ်မှား ရသည်။  အနောက် တိုင်း ယဉ် ကျေးမှု နှင့် အတော် ပင် ကျင့် သား ရ နေ ပြီ ဖြစ်သည့် ပျိုပျို
အိုအို  အမျိုး သမီး ကြီးငယ် များ က ဂျိမ်း(စ)ဘွန်း ရုပ်ရှင် ကားများ ထဲ က ၀ိုင် ၊ ရှန်ပိန် ၊ ဘီယာ ၊
အရက် လိုသလောက်ရ နိုင်သည်။
လင်း သွား လိုက် ၊ မှိန် သွား လိုက် မှီး ရောင် အောက် တွင် ရင် သား အလှ ၊ ကျောပြင် အလှ ၊ ပေါင်တံ အလှ ၊ တင် အလှ စသည် တို့  အသေးစိတ် ဦးစား ပေး ၀တ်ဆင် ထား သည် ရွှေပွဲ လာ တို့  ကအလှ ပြ မော်ဒယ် (လ) များ ဖြင့် ပင် ပို ပြီး စွဲ ဆောင် မှု ရှိ နေသေး သည်။
(သတင်း ဆောင်းပါး အကြောင်း အရာ နှင့် ကျန်ရှိနေသည့် ဓာတ်ပုံ များ  ကို မကြာခင် ဖော်ပြ ပါမည်)
ထရိတ်ဒါး ဟိုတယ် တွင် ကျင်းပသည့် အဆင့် မြင့် ဖက်ရှင်ရှိုး တစ်ခု

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစား အင်္ကျီ တံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ် အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။

ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီ လက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။
မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ကိုချစ်တဲ့အခါ ကိုယ့်အတွက် ရည်စူးပြီး ဝယ်လာတဲ့ တစ်စုံတစ်ခုကို အလွန် တန်ဖိုးထားတယ်။ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီပေမယ့် သူများကို မပေးရက်ဘဲ ဗီရိုထဲမှာ သိမ်းထားတော့တယ်။ သူက မေးရင်တော့ ပေး လိုက်ပြီပေါ့လို့ ပြောလေ့ရှိတယ်။

နန္ဒာလှိုင်




အေးမြတ်သူ







Image Source Page: http://www.mmbeershop.net/2011/07/blog-post_3237.html


Image Source Page: http://www.mmbeershop.net/2012/01/blog-post_20.html

image source page: http://mandalaygazette.com/2501/entertainment

Image Source Page:http://myanmarcelebritystyle.blogspot.com/2011/01/blog-post_9542.html