Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 25, 2012

သေနတ်ပစ် အားကစားနည်းနဲ့ အေးမြတ်သူ

23 April 2013  |

အခု တစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်း ၃၃ နည်းထဲက သေနတ်ပစ် အားကစားနည်းကို သရုပ်ဆောင် အေးမြတ်သူနဲ့ အတူ မြောက်ဒဂုံမြို့ နယ် သေနတ်ပစ် အဖွဲ့ချုပ်မှာ စီစဉ် ရိုက်ကူး ဖြစ်ခဲ့ပါတယ်။ အေးမြတ်သူက "ဆီးဂိမ်းဆိုတာ တကယ့် အထင် ကရပါပဲ။ ကြီးကျယ် ခမ်းနားတဲ့ ပွဲပါ။ ၂ဝ၁၃ မှာ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာ ဂုဏ်ယူပါတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီးလာမယ့် နိုင်ငံခြားသား ဧည့်သည် တွေကလည်း အများကြီးပဲ။ အကုန်လုံးက မြန်မာနိုင်ငံကို လေ့လာ ရေးအတွက်ရော၊ စီးပွားရေးအတွက်ရော နိုင်ငံတွေ အကုန်လုံးက စူးစမ်းနေကြတယ်။ မြန်မာနိုင်ငံ အတွက် ၂ဝ၁၃ ဆီးဂိမ်းကြောင့် Travelling ကနေ ဝင်ငွေတွေ အများကြီး တိုးနိုင်မယ်။ ကိုယ့်နိုင်ငံကို စိတ်ဝင်စားတဲ့ လူတွေ အများကြီး လာကြမယ် ဆိုတော့ အဘက်ဘက်က ကောင်းတဲ့ လက္ခဏာ တွေပါပဲ"လို့ပြော ပါတယ်။

မိန်းကလေး ဖြစ်ပေမယ့် သိပ်နွဲ့နွဲ့ လျလျ မနေတတ်တဲ့အတွက် ငယ်စဉ် ကတည်းက ခပ်ကြမ်းကြမ်း အားကစားနည်းတွေကို ကစားခဲ့တဲ့ အေးမြတ်သူ က "ငယ်ငယ်တုန်းက ၇ တန်း၊ ၈ တန်းလောက်က ဘော်လီဘော တအား သဘောကျတယ်။ ကျောင်းမှာ ကစားဖူးတယ်။ ကစားရင်းနဲ့ အခန့်မသင့်တော့ လက်မှာ အကြောထုံးသွားတယ်။ နောက်ပိုင်းတော့ သိပ်မကစားဖြစ်တော့ဘူး။ အခုရိုက်တဲ့ သေနတ်ပစ် အားကစားနည်းကိုလည်း သဘောကျတယ်။ မိန်းမဖြစ်ပေမယ့် နွဲ့နွဲ့လျလျ သိပ်မနေတတ်တော့၊ ခပ်မာမာ ခပ်ကြမ်းကြမ်းတွေ သဘောကျတာများတော့ သေနတ်ပစ် အားကစားနည်းကို သဘောကျတယ်"လို့ ပြောပြခဲ့ ပါတယ်။

ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ ဆုတွေအများကြီး ရစေချင်တဲ့ အေးမြတ်သူက "အခါအခွင့်ကြုံမယ်ဆိုရင် ဆီးဂိမ်းပြိုင်ပွဲက နေပြည်တော်မှာပဲဖြစ်စေ၊ ရန်ကုန်မှာ ဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ အားပေးချင်ပါတယ်။ ကိုယ့်မြန်မာ နိုင်ငံသားတွေ မြန်မာ့မြေမှာ နိုင်တာတွေပဲ မြင်ချင်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာ နိုင်ရတဲ့ အနိုင်က ကိုယ်ချစ်တဲ့ ပရိသတ် တွေအများကြီး၊ ကိုယ့်ကို အားပေးတဲ့ မိသားစုတွေ တစ်စုတစ်ဝေးတည်းရှိတဲ့ မြန်မာနိုင်ငံ ဆိုတော့ ကိုယ်က တစ်ပန်းပိုသာပါတယ်။ ဆုတွေ အများကြီးရအောင် ကြိုးစားစေချင် ပါတယ်။ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တာ အားကစားသမား တွေပါပဲ။ ၂ဝ၁၃ ဆီးဂိမ်းမှာ အားကစားသမားတွေက မြန်မာနိုင်ငံရဲ့ဂုဏ်ကို အများကြီး မြှင့် တင်နိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ပြောပါတယ်။

မြန်မာ အနုပညာရှင်တွေက နေရာတကာအဖော်အချွတ်ပြ သပြီး ဆွဲဆောင်တယ် ဆိုသူများရှင့်။
နေရာတကာ မဟုတ်ပဲ သူပွဲနဲ့ သူအလိုက်အထိုက်ဝတ်တာပါ။
ဒါကလဲဝိုင်းစုတစ်ယောက်တည်းတင်မဟုတ်ပါဘူး။
အနုပညာရှင်တိုင်း လိုလို ပါပဲ ဒီအလုပ်လုပ်နေတော့ သူနေရာနှင့်
သူ လိုက်ဖက်အောင်ဝတ်စားကြတာပါ.
မင်းသမီးဆိုလဲ ဇာတ်ကောင် အလိုက်ဝတ် ရတယ်။
Show.တွေဆိုရင် လဲ ပွဲပေါ် မူတည်ပြီးဝတ်ဆင်ရတာပါ အတိုအပြတ်ဝတ်တာနဲတော့ အနု ပညာ ကိုမတိုက်ခိုက်ကြပါနဲ့ လို့  ၀ိုင်းစုကဒါအနု ပညာ အလုပ်လုပ်နေတဲ့ အနုပညာရှင်မလို့ ဒီအလုပ်ကို တန်ဖိုးထား လို့  ဒီစကားပြောတာလို့  လဲ ထင် လို့ ရပါတယ် အားလုံးလဲ ကိုယ် လုပ်နေ တဲ့အလုပ်ကိုယ်တော့ ချစ်ကြတာပဲ မြတ်နိုးကြတာပဲ တန်ဖိုး ထားကြတာပဲလေ ဟုတ်ဘူးလား??

ကစ်လက်ခံထားတဲ့ မေတ္တာတရား ဆိုတာက

အခုအချိန်မှာ ကစ်လက်ခံထားတဲ့ မေတ္တာတရား ဆိုတာက မေတ္တာတရားက အေး မြမယ်လို့ ထင်တယ်။
မေတ္တာထား တာက ကောင်းပါတယ်။
အချစ်ကျ တော့ အတ္တတွေ ပါမယ်လို့ ကစ်ထင် တယ်။ မေတ္တာကျတော့ ဘာမှ လည်း ရယူလိုမှုမရှိဘူး။
ဘာမျှော် လင့်ချက်မှ မရှိဘူး။
လူတိုင်းကို မေတ္တာထားတာ အေးချမ်းမယ်ထင် ပါတယ်။ သမီးရည်းစား အချစ်မှာလည်း ချစ်တာထက် မေတ္တာထားတာ အေးချမ်းမယ်လို့ ကစ်ထင် တယ်။
ကစ်က အချစ်ကံကောင်း တဲ့သူလားဆိုတော့ ကစ်က အချစ် ကံမကောင်းဘူးလို့ ထင်တာပဲ။
ကံ ကောင်းတဲ့ အထဲမှာ မပါဘူး။