Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 11, 2019

မိုးဇလက ညွှန်ချုပ်ဆရာကြီးရော မြန်မာနိုင်ငံမြေငလျှင်အသင်းက ဆရာမကြီးကရော ပြောပြတဲ့ သတိပေးစကား


'ဒီနေ့ မိုးဇလက ညွှန်ချုပ်ဆရာကြီးကရော မြန်မာနိုင်ငံမြေငလျှင်အသင်းကဆရာမကြီးကရောပြောတယ်။ တောင်တွေရဲ့မြေသားတွေမှာ ရေဝထားတဲ့အတွက် ထပ်မိုးများရင် ပြိုကျနိုင်တဲ့အန္တရာယ်ရှိတယ်တဲ့။ အထူးသဖြင့် တောင်ဖြိုပြီးလမ်းဖောက်ထားတဲ့ မြေနံရံတွေမှာပြိုနိုင်တယ်။နောက် တစ်ခါပြိုဖူးပြီးသားနေရာတွေ မှာ ထပ်ပြိုလာနိုင်တယ်တဲ့။ မိုးကလည်းထပ်ထပ်များအုန်းမှာဆိုတော့ သတိရှိကြပါလို့။

သစ်ပင်လဲသံတွေနားစွင့်နေပါတဲ့။ မြေငလျှင်က ဆရာမကြီးကပြောတယ် မြေပြိုတဲ့အထဲ ပါသွားရင် ခန္ဓာကိုယ်ကို ဘောလုံးလို လုပ်ပြီးလိုက်သွားရင်လွတ်တတ်တယ်တဲ့။ မျက်နှာကို သဲတွေရွှံ့တွေမဖုံးတဲ့အတွက် အသက်ရှူပေါက်လည်းမပိတ်ဘူးတဲ့။

နှစ်ယောက်စလုံးပြောတာတော့ မြေပြိုတဲ့နေရာတွေမှာ နောက်နှစ်တွေမပြိုအောင်သစ်ပင်စိုက်ကြဖို့ မြေဖြိုထားတဲ့နေရာတွေမှာ မြေထိမ်းနံရံတွေ ထူကြဖို့ ဆိုတာပါပဲ။

အခြားသိထားတာက ပိတ်နေကျ အိမ်တံခါးတွေ ပိတ်လို့မရတော့တာတွေ မြေပုံစံအရင်နဲ့မတူတာတွေ သစ်ပင်တွေ စောင်းတဲ့အရိပ်အရောင်ပြတာတွေ ပါတ်ဝန်းကျင်မှာ တွေ့လာရရင် အဲဒီနေရာက ခွာနေလိုက်တာအကောင်းဆုံးပါတဲ့။




No comments:

Post a Comment