Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 11, 2019

ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့သည့် အဓိက အကြောင်းအရင်း


ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့သည့် အဓိက အကြောင်းအရင်း

ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေမစီးတော့၊ ရေတံခွန် ဒုတိယအဆင့်တွင် မြေအောက်ဂလိုင်ပေါက် ဖြစ်ပေါ်လာပြီး ရေလမ်းကြောင်းပြောင်းသွားခြင်းဟုဆို

MID News၊ သြဂုတ်-၁၁ ပြင်ဦးလွင်မြို့နယ် အနီးစခန်းအနီးရှိ ဓါတ်တော်ချိုင့်ရေတံခွန်တွင် ယနေ့(သြဂုတ်၁၁)နေ့လည်ပိုင်းမှ စတင်ကာ ရေစီးကျမူမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ဓါတ်တော်ချိုင့်ရေတံခွန်သည် သုံးဆင့်ရေတံခွန်ဖြစ်ပြီး ရေတံခွန် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် အနည်းငယ် ရေစီးဆင်းမူရှိသော်လည်း ရေတံခွန်တတိယအဆင့်မှာမူ ရေစီးဆင်းမူ လုံးဝမရှိတော့ဟု ပြင်ဦးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။

“အဲဒီဘက်က ထုံးကျောက်တောင်တွေဖြစ်တယ်။ ရေက အောက်ကဂလိုင်တစ်ခုခု၊ တွင်းတစ်ခုခုထဲ ကျွံစီးသွားသလား၊ ဒါမှမဟုတ် အပေါ်က ရေလွှဲသုံးလို့ မစီးတော့တာလား သေချာတော့ မသိရသေးဘူး။ ရေတံခွန် တတိယအဆင့်မှတော့ ရေမစီးတော့ဘူး”ဟု ဦးအောင်မင်းက ပြောသည်။

ဓါတ်တော်ချိုင့်ရေတံခွန်တွင် ယခုကဲ့သို့ ရေစီးဆင်းမူ ရပ်တန့်သွားခြင်းမျိုး ယခင်က မကြုံဖူးဘဲ ရေစီလမ်းကြောင်းအောက်ရှိ မြေသားပြောင်းမူကြောင့် တွင်း သို့မဟုတ် မြေအောက်လှိုင်အတွင်း စီးဝင်သွားခြင်း ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်မြို့တွင် သစ်တောသစ်ပင်ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် စိမ်းလန်းပြင်ဦးလွင်အသင်း ဒုဥက္ကဌ ဦးကိုကြီးက ပြောသည်။



လက်ရှိတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဌာန တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးလျှက်ရှိသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကမူ ဓါတ်တော်ချိုင့်ရေတံခွန် ဒုတိယအဆင့်တွင် မြေအောက်ဂလိုင်ပေါက် ဖြစ်ပေါ်လာရာ ရေလမ်းကြောင်းပြောင်းပြီး ယင်းဂလိုင်ပေါက်မှတဆင့် ရေတံခွန်အောက်ခြေသို့ စီးဆင်းသွားခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရေတံခွန်ပေါ်မှ ရေကျဆင်းမူ မရှိတော့ခြင်းဖြစ်ကြောင်း ၎င်းတွေ့မြင်ရသည့် အခြေအနေကို ပြောကြားသည်။



ယခင် ဓါတ်တော်ချိုင့်ရေတံခွန် အခြေအနေပုံ

လေးစားစွာဖြင့် ခရက်ဒစ်

No comments:

Post a Comment