အထူးသတိပေးချက်……
ယခု ဟောကိန်းတွေက ကြောက်အောင် ခြောက်ခြင်း မဟုတ်ပါ……ဖြစ်လာနိုင်တာများကို ကြိုတင် သတိပေးခြင်းဖြစ်ပါတယ်…..အသက်ကို ဥာဏ် စောင့်ပါတယ်…..
မိမိတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကိုသတိတရားလက်ကိုင် ထားပြီး ဥာဏ်အမြော်အမြင်နဲ့စောင့်ရှောက် နိုင်ပါစေခင်ဗျာ…..
unicode
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ရေး မြို့တို့အတွက် 23.6.2019 နေ့ ညနေတွင် ကြိုပြခဲ့တဲ့ နမိတ်
အထူးသတိပေးချက်……
မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ရေး မြို့ တို့ရဲ့ အနောက်ဖက် ကောင်းကင်ပြင်မှာ ယနေ့(23.6.2019)ရက်နေ့ ည ၇ နာရီ ၁၀ မိနစ် နဲ့ ည ၇ နာရီ ၂၅ မိနစ်တို့မှာ ဖော်ပြပါ ပုံများအတိုင်းအနီရောင် ကောင်းကင်ပြင်ကြီး အဖြစ်မြင်တွေ့ခဲ့ရကြောင်း ဓာတ်ပုံမှတ်တမ်းများအရ သိရှိရပါတယ်…..
အခုလိုမျိုး အနီရောင် ကောင်းကင်ပြင်ကြီး အဖြစ်မြင်တွေ့ရခြင်းနဲ့ ပတ်သက်ပြီး အချက် ၄ ချက် ဖြစ်နိုင်ပါတယ်….
နံပါတ် ၁ အချက်က……ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ပေါ်တာ…..
နံပါတ် ၂ အချက်……ရုတ်တရက် လေဗွေမုန်တိုင်းတွေဖြစ်ပေါ်တာ….
နံပါတ် ၃ အချက်…..တိုင်းပြည်မှာ အဓိကရုန်းတွေဖြစ်ပြီး သွေးထွက်သံယိုဖြစ်တာ…..
နံပါတ် ၄ အချက်……မြန်မာပြည်တွင်း သို့မဟုတ်မြန်မာပြည်ရဲ့ အနောက်အရပ်မှာ စစ်ပွဲကြီးတွေ ဖြစ်ပွားတာ……
နိမိတ်အရ နံပါတ် ၁ ခန့်မှန်းချက်ဖြစ်တဲ့ ပင်လယ်ထဲမှာ ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်နိုင်တဲ့အတွက် ယနေ့ည အခု ပို့စ်တင်သည့်အချိန်မှစ၍ နောက် ၇ ရက်အတွင်း ….
မော်လမြိုင်မြို့နဲ့ ရေးမြို့အကြားဒေသမှာ နေထိုင်ကြသည့် ပြည်သူများအနေဖြင့်သတိဝိရိယထားပြီး စောင့်ကြည့်နေထိုင်ကြဖို့လေးစားစွာဖြင့် ကြိုတင်သတိပေးအပ်ပါတယ်…..
နိမိတ်ပေါ်သည့် ဒေသတစ်ခွင်လုံးသည် ပင်လယ်ပြင်ဖြစ်သည့်အတွက် ဆူနာမီ ကဲ့သို့သော ရုတ်တရက်ဒီရေမြင့်တက်မှုတွေ ဖြစ်နိုင်တဲ့အတွက် ပင်လယ်ကမ်းစပ်တွင်နေထိုင်ကြသည့်ပြည်သူများအနေနဲ့ အထူးသတိဝိရိယနဲ့ နေထိုင်ကြဖို့ အကြံပြုလိုပါတယ်……
နိမိတ်အရ နံပါတ် ၂ ခန့်မှန်းချက်ဖြစ်တဲ့ ရုတ်တရက် လေဗွေမုန်တိုင်း လေဆင်နှာမောင်းကဲ့သို့သောလေပြင်းများ တိုက်ခတ်နိုင်တဲ့အတွက်ပင်လယ် ကမ်းရိုးတန်းဒေသနေပြည်သူများ ရေကြောင်း သွားလာမှု အထူးသတိရှိကြဖို့ အကြံပြုလိုပါတယ်…..
နံပါတ် ၃ ခန့်မှန်းချက်နဲ့ နံပါတ် ၄ ခန့်မှန်းချက်တို့ကတော့ ကျတော်တို့ ပြည်သူအားလုံး သက်ဆိုင်တဲ့အတွက် ဒီ ၇ ရက်အတွင်း သတိထားပြီး နေထိုင်သွားလာကြဖို့ လေးစားစွာဖြင့် သတိပေးအပ်ပါတယ်….
ယခု ဟောကိန်းတွေက ကြောက်အောင် ခြောက်ခြင်း မဟုတ်ပါ……ဖြစ်လာနိုင်တာများကို ကြိုတင် သတိပေးခြင်းဖြစ်ပါတယ်…..အသက်ကို ဉာဏ် စောင့်ပါတယ်…..
မိမိတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကိုသတိတရားလက်ကိုင် ထားပြီး ဉာဏ်အမြော်အမြင်နဲ့စောင့်ရှောက် နိုင်ပါစေခင်ဗျာ…..
ဇွဲကပင်မြေမှဆရာလှိုင် / Tin Maung Hlaing(23.6.2019)တနင်္ဂနွေနေ့ ည ၈ နာရီ ၄၈ မိနစ်
အထူးသတိထားဖို့လိုတဲ့အတွက်ကျေးဇူးပြုပြီး share ပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်….။ Credit to ဆရာလှိုင်AlinnMyay(အလင်းမြေ)
No comments:
Post a Comment