CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, June 27, 2019
နယုန္လကြယ္ေန႔… ေနၾကတ္မည္
လာ မယ့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၂) ရက္ေန႔မွာေတာ့ ေန နဲ႔ ကမ႓ာအၾကားကို လ ေရာက္ရွိမွာ (တနည္း) လကြယ္ေန႔ျဖစ္မွာျဖစ္ၿပီး ဒီတႀကိမ္မွာေတာ့ လရဲ႕ အရိပ္ဟာ ကမ႓ာေပၚသို႔ တိုက္႐ိုက္က်ေရာက္မည္ျဖစ္ကာ.. ေနအျပည့္ၾကတ္ျခင္း ျဖစ္စဥ္ျဖစ္ေပၚမွာျဖစ္ပါတယ္။ (ျပကၡဒိန္မွ လကြယ္ရက္နဲ႔ တစ္ရက္ ကြာဟပါတယ္။)
လ ဟာ ပတ္လမ္းေၾကာင္းမွာ ၅ ဒီဂရီခန႔္ တိမ္းေစာင္းၿပီး ကမ႓ာကို ၂၇ ရက္လွ်င္တစ္ပတ္ႏႈန္းနဲ႔ လွည့္ပတ္လ်က္ရွိပါတယ္။ ဒါေပမယ့္ စမွတ္တစ္ခုကေန ၂၇ ရက္ျပည့္လို႔ တစ္ပတ္ျပည့္ခဲ့ေပမယ့္.. ေနကိုပတ္ေနတဲ့ ကမ႓ာကလည္း ၂၇ ရက္စာ ေ႐ြ႕လ်ားလို႔သြားပါၿပီ။ အဲ့ဒါေၾကာင့္ လဟာ ေနာက္ထပ္ ၂ ရက္ခြဲေလာက္ ထပ္ေျပးလိုက္ရပါတယ္။ လျပည့္ (သို႔) လကြယ္ အမွတ္တစ္ခုကေန ေနာက္ထပ္ လျပည့္ (သို႔) လကြယ္ေရာက္ဖို႔ ၂၉.၅ ရက္ၾကာပါတယ္။ လတစ္လကို ရက္ (၃၀) နဲ႔တြက္ထားတဲ့ ျမန္မာ့လျပကၡဒိန္မွာ အခုလို လျပည့္၊ လကြယ္ရက္ ကြာျခားမႈ အနည္းငယ္ရွိတတ္ပါတယ္။
ေသ ခ်ာ တာ တစ္ခုကေတာ့.. ေနၾကတ္ျခင္းဟာ လကြယ္ေန႔မွာသာျဖစ္ၿပီး..၊ လၾကတ္ျခင္းကေတာ့ လျပည့္ေန႔မွာသာ ျဖစ္တတ္တာပါ။ ေနာက္ၿပီး.. လရဲ႕ အ႐ြယ္အစားဟာ ကမ႓ာရဲ႕ ၄ ပုံ ၁ ပုံေလာက္သာရွိသမို႔ လရဲ႕အရိပ္ဟာ ကမ႓ာရဲ႕ တစိတ္တေဒသေသာေနရာကိုသာ က်ေရာက္ပါတယ္။ အဲ့ဒီ့က်ေရာက္တဲ့ေနရာမွာသာ ေနၾကတ္ျခင္းကို ျမင္ေတြ႕ရတာျဖစ္ၿပီး က်န္ေဒသမ်ားကေတာ့ ေနၾကတ္ျခင္းကို ျမင္ေတြ႕ရမွာမဟုတ္ပါ။
န ယုန္ လကြယ္ေန႔မွာ ေနၾကတ္ျခင္းကို ျမင္ေတြ႕ရမယ့္ ေဒသေတြကေတာ့..ေတာင္အေမရိကေဒသမ်ားျဖစ္တဲ့ ဘရာဇီးလ္၊ ပါရာေဂြး၊ ဘိုလီဗီးယား၊ ပီ႐ူး၊ အီေကြေဒါ နဲ႔ ကိုလံဘီယာ ႏိုင္ငံတို႔ျဖစ္ၾကပါတယ္။(ေျမပုံ) ေနၾကတ္ျခင္းျဖစ္ေနစဥ္မွာ ျမန္မာႏိုင္ငံက ညဘက္ျဖစ္ေနတဲ့အတြက္ ျမင္ေတြ႕ရမည္ မဟုတ္ပါ။ ေနၾကတ္ျခင္း ျဖစ္ေပၚမယ့္ (ျမန္မာ) အခ်ိန္ကေတာ့ ဇူလိုင္လ (၂ ) ရက္ေန႔ ည ၁၁ နာရီ မွ ဇူလိုင္ (၃) ရက္ေန႔ မနက္ ၅ နာရီအထိျဖစ္ပါတယ္။ ေန နဲ႔ လ တို႔ အတူတကြ တည္ရွိေနမယ့္ ၾကယ္စုကေတာ့ Gemini လို႔ေခၚတဲ့ ေမထုန္ရာသီ ၾကယ္စုပဲ ျဖစ္ပါတယ္။
န ယုန္ လကြယ္ေန႔မွာ ေနၾကတ္ၿပီးလွ်င္ေတာ့.. ဝါဆိုလျပည့္ညမွာ လၾကတ္ဦးမွာပဲ ျဖစ္ပါေတာ့တယ္…။
အ နာ ဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
Unicode Version
နယုန်လကွယ်နေ့… နေကြတ်မည်
လာမယ့် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့မှာတော့ နေ နဲ့ ကမ႓ာအကြားကို လ ရောက်ရှိမှာ (တနည်း) လကွယ်နေ့ဖြစ်မှာဖြစ်ပြီး ဒီတကြိမ်မှာတော့ လရဲ့ အရိပ်ဟာ ကမ႓ာပေါ်သို့ တိုက်ရိုက်ကျရောက်မည်ဖြစ်ကာ.. နေအပြည့်ကြတ်ခြင်း ဖြစ်စဉ်ဖြစ်ပေါ်မှာဖြစ်ပါတယ်။ (ပြက္ခဒိန်မှ လကွယ်ရက်နဲ့ တစ်ရက် ကွာဟပါတယ်။)
လဟာ ပတ်လမ်းကြောင်းမှာ ၅ ဒီဂရီခန့် တိမ်းစောင်းပြီး ကမ႓ာကို ၂၇ ရက်လျှင်တစ်ပတ်နှုန်းနဲ့ လှည့်ပတ်လျက်ရှိပါတယ်။ ဒါပေမယ့် စမှတ်တစ်ခုကနေ ၂၇ ရက်ပြည့်လို့ တစ်ပတ်ပြည့်ခဲ့ပေမယ့်.. နေကိုပတ်နေတဲ့ ကမ႓ာကလည်း ၂၇ ရက်စာ ရွေ့လျားလို့သွားပါပြီ။ အဲ့ဒါကြောင့် လဟာ နောက်ထပ် ၂ ရက်ခွဲလောက် ထပ်ပြေးလိုက်ရပါတယ်။ လပြည့် (သို့) လကွယ် အမှတ်တစ်ခုကနေ နောက်ထပ် လပြည့် (သို့) လကွယ်ရောက်ဖို့ ၂၉.၅ ရက်ကြာပါတယ်။ လတစ်လကို ရက် (၃၀) နဲ့တွက်ထားတဲ့ မြန်မာ့လပြက္ခဒိန်မှာ အခုလို လပြည့်၊ လကွယ်ရက် ကွာခြားမှု အနည်းငယ်ရှိတတ်ပါတယ်။
သေချာတာတစ်ခုကတော့.. နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်ပြီး..၊ လကြတ်ခြင်းကတော့ လပြည့်နေ့မှာသာ ဖြစ်တတ်တာပါ။ နောက်ပြီး.. လရဲ့ အရွယ်အစားဟာ ကမ႓ာရဲ့ ၄ ပုံ ၁ ပုံလောက်သာရှိသမို့ လရဲ့အရိပ်ဟာ ကမ႓ာရဲ့ တစိတ်တဒေသသောနေရာကိုသာ ကျရောက်ပါတယ်။ အဲ့ဒီ့ကျရောက်တဲ့နေရာမှာသာ နေကြတ်ခြင်းကို မြင်တွေ့ရတာဖြစ်ပြီး ကျန်ဒေသများကတော့ နေကြတ်ခြင်းကို မြင်တွေ့ရမှာမဟုတ်ပါ။
နယုန်လကွယ်နေ့မှာ နေကြတ်ခြင်းကို မြင်တွေ့ရမယ့် ဒေသတွေကတော့..တောင်အမေရိကဒေသများဖြစ်တဲ့ ဘရာဇီးလ်၊ ပါရာဂွေး၊ ဘိုလီဗီးယား၊ ပီရူး၊ အီကွေဒေါ နဲ့ ကိုလံဘီယာ နိုင်ငံတို့ဖြစ်ကြပါတယ်။(မြေပုံ) နေကြတ်ခြင်းဖြစ်နေစဉ်မှာ မြန်မာနိုင်ငံက ညဘက်ဖြစ်နေတဲ့အတွက် မြင်တွေ့ရမည် မဟုတ်ပါ။ နေကြတ်ခြင်း ဖြစ်ပေါ်မယ့် (မြန်မာ) အချိန်ကတော့ ဇူလိုင်လ (၂ ) ရက်နေ့ ည ၁၁ နာရီ မှ ဇူလိုင် (၃) ရက်နေ့ မနက် ၅ နာရီအထိဖြစ်ပါတယ်။ နေ နဲ့ လ တို့ အတူတကွ တည်ရှိနေမယ့် ကြယ်စုကတော့ Gemini လို့ခေါ်တဲ့ မေထုန်ရာသီ ကြယ်စုပဲ ဖြစ်ပါတယ်။
နယုန်လကွယ်နေ့မှာ နေကြတ်ပြီးလျှင်တော့.. ဝါဆိုလပြည့်ညမှာ လကြတ်ဦးမှာပဲ ဖြစ်ပါတော့တယ်…။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
နယုန္လကြယ္ေန႔… ေနၾကတ္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 27, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment