မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ရေး မြို့ တို့ရဲ့ အနောက်ဖက် ကောင်းကင်ပြင်မှာ
ယနေ့(23.6.2019)ရက်နေ့ည ၇ နာရီ ၁၀ မိနစ် နဲ့ည ၇ နာရီ ၂၅ မိနစ်တို့မှာဖော်ပြပါ ပုံများအတိုင်း
အနီရောင် ကောင်းကင်ပြင်ကြီး အဖြစ်မြင်တွေ့ခဲ့ရကြောင်း
ဓာတ်ပုံမှတ်တမ်းများအရ သိရှိရပါတယ်
အခုလိုမျိုး အနီရောင် ကောင်းကင်ပြင်ကြီး အဖြစ်
မြင်တွေ့ရခြင်းနဲ့ ပတ်သက်ပြီးအချက် ၄ ချက် ဖြစ်နိုင်ပါတယ်
နံပါတ် ၁ အချက်ကငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ပေါ်တာ
နံပါတ် ၂ အချက်ရုတ်တရက် လေဗွေမုန်တိုင်းတွေဖြစ်ပေါ်တာ
နံပါတ် ၃ အချက်တိုင်းပြည်မှာ အဓိကရုန်းတွေဖြစ်ပြီး သွေးထွက်သံယိုဖြစ်တာ
နံပါတ် ၄ အချက်မြန်မာပြည်တွင်း သို့မဟုတ်
မြန်မာပြည်ရဲ့ အနောက်အရပ်မှာစစ်ပွဲကြီးတွေ ဖြစ်ပွားတာ
နိမိတ်အရ နံပါတ် ၁ ခန့်မှန်းချက်ဖြစ်တဲ့
ပင်လယ်ထဲမှာငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်နိုင်တဲ့အတွက်
ယနေ့ည အခု ပို့စ်တင်သည့်အချိန်မှ စ၍
နောက် ၇ ရက်အတွင်း မော်လမြိုင်မြို့နဲ့ ရေးမြို့အကြား
ဒေသမှာ နေထိုင်ကြသည့် ပြည်သူများအနေဖြင့်
သတိဝိရိယထားပြီး စောင့်ကြည့်နေထိုင်ကြဖို့
လေးစားစွာဖြင့် ကြိုတင်သတိပေးအပ်ပါတယ်
နိမိတ်ပေါ်သည့် ဒေသတစ်ခွင်လုံးသည်
ပင်လယ်ပြင်ဖြစ်သည့်အတွက်
ဆူနာမီ ကဲ့သို့သော ရုတ်တရက်ဒီရေမြင့်တက်မှုတွေ
ဖြစ်နိုင်တဲ့အတွက် ပင်လယ်ကမ်းစပ်တွင်နေထိုင်ကြသည့်
ပြည်သူများအနေနဲ့ အထူးသတိဝိရိယနဲ့ နေထိုင်ကြဖို့
အကြံပြုလိုပါတယ်
နိမိတ်အရ နံပါတ် ၂ ခန့်မှန်းချက်ဖြစ်တဲ့
ရုတ်တရက် လေဗွေမုန်တိုင်း
လေဆင်နှာမောင်းကဲ့သို့သော
လေပြင်းများ တိုက်ခတ်နိုင်တဲ့အတွက်
ပင်လယ် ကမ်းရိုးတန်းဒေသနေပြည်သူများ
ရေကြောင်း သွားလာမှု အထူးသတိရှိကြဖို့
အကြံပြုလိုပါတယ်
နံပါတ် ၃ ခန့်မှန်းချက်နဲ့
နံပါတ် ၄ ခန့်မှန်းချက်တို့ကတော့
ကျတော်တို့ ပြည်သူအားလုံး သက်ဆိုင်တဲ့အတွက်
ဒီ ၇ ရက်အတွင်း သတိထားပြီး
နေထိုင်သွားလာကြဖို့ လေးစားစွာဖြင့်
သတိပေးအပ်ပါတယ်
ယခု ဟောကိန်းတွေက
ကြောက်အောင် ခြောက်ခြင်း မဟုတ်ပါ
ဖြစ်လာနိုင်တာများကို ကြိုတင် သတိပေးခြင်းဖြစ်ပါတယ်
အသက်ကို ဥာဏ် စောင့်ပါတယ်
မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို
သတိတရားလက်ကိုင်ထားပြီး ဥာဏ်အမြော်အမြင်နဲ့
စောင့်ရှောက်နိုင်ပါစေခင်ဗျာ
ဇွဲကပင်မြေမှ
ဆရာလှိုင်
Tin Maung Hlaing
(23.6.2019)
တနင်္ဂနွေနေ့
ည ၈ နာရီ ၄၈ မိနစ်
..........
>>>ကောင်းကင်ကြီး ဘာ့ကြောင့်နီသလဲ<<<
ယခုရက်ပိုင်း နေဝင်ချိန်မှာ ကောင်းကင်ကြီး သိသိသာသာ နီနေတဲ့အတွက် အန္တရာယ်ရှိနိုင်လားလို့ လာမေးကြတဲ့ စာဖတ်ပရိတ်သတ်များအတွက် ပြန်ဖြေပေးလိုက်ပါတယ်။
လက်ရှိအချိန်ဟာ ဥတ္တရယဉ်စွန်းချိန်ကို ရောက်ရှိနေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံတည်ရှိနေတဲ့ ကမ္ဘာ့မြောက်ခြမ်း (အီကွေတာမြောက်ဘက်) မှာ နေရောင်ခြည်ပိုရပြီး နေ့တာရှည်လျက်ရှိပါတယ်။ နေ့တာရှည်တဲ့အတွက် နေဝင်ချိန်ဟာ ခါတိုင်းထက်ပိုမိုနောက်ကျပြီး နေဝင်ချိန်မှာတော့ အလင်းရောင်ဟာ ကမ္ဘာ့လေထုကို အောက်မှပင့်ထိုးသလိုဖြစ်ကာ မိုးကောင်းကင်မှာ နေရဲ့အရောင်လာရောက်ထင်ဟပ်နေခြင်းဖြစ်ပါတယ်။ (ကိုယ်ပိုင်အလင်းရောင်မရှိတဲ့ ကျနော်တို့ ဂြိုဟ်ကမ္ဘာတွေဟာ နေမှလာသော အလင်းရောင်ကျရောက်မှ မြင်နိုင်ရတာဖြစ်ပါတယ်။)
နေရောင်ခြည်အပါအဝင် အာကာသအတွင်းမှာ ဖြတ်သန်းသွားလာလို့ရတဲ့ လှိုင်းတွေကို
လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic waves) တွေလို့ခေါ်ပါတယ်။
အလင်းဟာလည်း EM wave တစ်မျိုးပါပဲ။ သာမန်လူတွေဟာ လှိုင်းအလျားမတူညီတဲ့
ရောင်စဉ် (၇) မျိုးကိုသာ မြင်တွေ့ရပါတယ်။ သက်တံရောင်စဉ်တွေဖြစ်ပါတယ်။
ဒီအကြောင်းကို သတ္တမတန်း သိပ္ပံဘာသာရပ်မှာ ကျနော်တို့
သင်ကြားခဲ့ကြပြီးဖြစ်ပါတယ်။
ဒီရောင်စဉ် (၇) မျိုးမှာ ခရမ်းရောင်ဟာ လှိုင်းအလျား အတိုဆုံးဖြစ်ပြီး လိမ္မော်ရောင် နဲ့ အနီရောင်ဟာ လှိုင်းအလျှား အရှည်ဆုံးဖြစ်ပါတယ်။ နေဝင်ချိန်မှာ နေရောက်ရှိနေတဲ့နေရာမှ ကမ္ဘာ့လေထုကို ဖြတ်သန်းလာတဲ့ လမ်းကြောင်းဟာ မွန်းတည့်ချိန်မှာ လာရသော လမ်းကြောင်းထက် ပိုရှည်ပါတယ်။ နောက်ပြီး သိပ်သည်းဆပိုများတဲ့ လေထုကို ဖြတ်သန်းလာရပါတယ်။ အဲ့ဒါကြောင့် လှိုင်းအလျားရှည်တဲ့ အနီ နဲ့ လိမ္မော်ရောင်တို့သာ ဒီလမ်းကြောင်းကို မှီအောင်လာလို့ရပါတယ်။ အဲ့ဒါကြောင့် နေဝင်ချိန်မှာ ကောင်းကင်နီနေရခြင်းဖြစ်ပါတယ်။ (ပုံကိုနားလည်အောင်ကြည့်ပါ။)
ခြုံပြီးပြောရလျှင်တော့ နေဝင်ချိန်ကောင်းကင်နီတာဟာ သဘာဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပြီး နေရောင်ခြည်နဲ့ ကမ္ဘာ့လေထုတို့ကြောင့်သာ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အခြား မည်သည့်အကြောင်းအရာနှင့်မှ ဆက်စပ်ခြင်း အလျင်းမရှိပါ။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

No comments:
Post a Comment