CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, May 22, 2019
နေ့အပူချိန်များ နောက်(၃)ရက်အထိ ပုံမှန်ထက်ပိုပြီး ဆက်မြင့်တက်မည်
နေ့အပူချိန်များ နောက်(၃)ရက်အထိ ပုံမှန်ထက်ပိုပြီး ဆက်မြင့်တက်မည်
မိုးလေ၀သ.ဇလဗေဒ
နေ့အပူချိန်များ မြင့်တက်နေသည့် အခြေအနေသတင်း
(၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့ ထုတ်ပြန်ချက် )
(က) ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှစ၍ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ့အပူချိန်များသည် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီ စင်တီဂရိတ်အထိ လည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ၏ ပုံမှန် အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၇)ဒီဂရီစင်တီဂရိတ် အထိလည်းကောင်း၊ မြင့်တက်လျက်ရှိရာ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်(၃)ရက်အထိ နေ့အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
(ခ) သို့ပါ၍ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ပြည်သူများအနေဖြင့် နေ့အပူချိန်များ သိသာစွာ မြင့်တက်နေမှုကို သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
နေ့အပူချိန်များ နောက်(၃)ရက်အထိ ပုံမှန်ထက်ပိုပြီး ဆက်မြင့်တက်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 22, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment