CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, May 15, 2019
ျမန္မာႏိုင္ငံအတြင္း… ငလ်င္ဒဏ္….ခံရႏိုင္ဖြယ္ရွိ
အမ်ားျပည္သူမ်ားသိေစဖို႔ငလ်င္ဒဏ္
သတင္းကိုမွ်ေ၀လိုက္ပါတယ္။
ပထမဦးစြာအေနနဲ႕ျမန္မာႏိုင္ငံအတြင္းမွာဘာေၾကာင့္ငလ်င္လႈပ္ရလဲဆိုတာမွာအေၾကာင္းၾကီးႏွစ္ခ်က္ရွိေနပါတယ္။
(၁) အိႏၵိယႏိုင္ငံမွျမန္မာႏိုင္ငံအတြင္းေရြ႕လ်ားလာတဲ့အိႏၵိယျပတ္ေရြ႕ေျမထု။
(၂) စစ္ကိုင္းျပတ္ေရြ႕ေၾကာျဖစ္တဲ့ျမန္မာႏိုင္ငံအတြင္းမွအေနာက္ဘက္ကိုဦးတည္ေရြ႕လ်ားေနတဲ့ျပတ္ေရြ႕ေျမထု။
စတဲ့အေၾကာင္းၾကီးႏွစ္ခ်က္ေၾကာင့္ျမန္မာႏိုင္ငံအတြင္းမွာငလ်င္မ်ားလႈပ္ေနရျခင္းျဖစ္ပါတယ္ဆိုတာကိုVOA သတင္းဌာနမွေဒၚခင္မ်ိဳးသက္မွေမးျမန္းအင္တာဗ်ဴးထားျပီးျမန္မာႏိုင္ငံ
ငလ်င္ေကာ္မတီနာယကေဒါက္တာ
ဦးသိန္းေျဖၾကားထားပါတယ္။
ငလ်င္ဒဏ္အမ်ားဆံုးခံရဖြယ္ႏွင့္အျပင္းထံဆံုးခံရဖြယ္ဧရိယာမ်ားအေနျဖင့္ေျပာၾကားသြားရာမွာ–
(၁) မႏၱေလးးတိုင္းအေရွဘက္ျခမ္း
(၂) ပဲခူးတိုင္းအေရွ႕ဘက္ျခမ္း
(၃) ခ်င္းေတာင္တန္းေျမာက္ဘက္ျခမ္း/ စစ္ကိုင္းတိုင္းေျမာက္ဘက္ျခမ္း
စသည့္ဧရိယာမ်ားျဖစ္ၾကျပီးအႏၱရာယ္မ်ားႏွင့္လည္းၾကံဳရဖြယ္ရွိပါေၾကာင္းေျပာၾကားသြားပါတယ္။
တိုင္းအလိုက္ခြဲျခားျပီးေျပာၾကားရာမွာေတာ့.-
(၁) ရန္ကုန္တိုင္းအတြင္းမွာဆိုရင္ျဖင့္ရန္ကုန္ျမိဳ႕ဧရိယာ၏အေရွဘက္အျခမ္းရွိစစ္ကိုင္းျပတ္ေရြ႕ေၾကာျဖင့္၁၅–၂၀မိုင္နီးစပ္လွ်က္ရွိေနေသာဒဂံုေတာင္/ေျမာက္၊အေရွ႕ဒဂံု၊ဒဂံုဆိပ္ကမ္းျမိဳ႕နယ္မ်ားျဖစ္ၾကပါတယ္။ေျမေပ်ာ့ဧရိယာမ်ားျဖစ္ၾကသည့္အတြက္လည္းအျခားေနရာမ်ားႏွင့္ႏႈိင္းလွ်င္ပိုမိုခံရဖြယ္ရွိပါေၾကာင္းေျပာၾကားသြားပါတယ္။
(၂) မႏၱေလးတိုင္းအတြင္းမွာဆိုရင္ျဖင့္တစ္ႏိုင္ငံလံုးအတိုင္းအတာအေနျဖင့္အမ်ားဆံုးခံရဖြယ္ရွိပါတယ္။ရစ္ခ်က္တာစေကး၉– ၁၀အထိေအာင္လႈပ္ႏိုင္ဖြယ္ရွိပါတယ္။စစ္ကိုင္းျပတ္ေရြ႕ေၾကာျဖင့္၆–၇မိုင္ေလာက္ကပ္လွ်က္ရွိေနေသာမႏၱေလးအေနာက္ဘက္ျခမ္းပိုင္းမွာေတာ့ေျမေပ်ာ့မ်ားျဖစ္သည့္အေလ်ာက္အပ်က္အစီးပို၍မ်ားပါမယ္။ခန္႕မွန္းေျခအားျဖင့္၈၅–၈၆လမ္း၏အေရွ႕ဘက္ေတြကပို၍အပ်က္အစီးမ်ားႏိုင္ပါတယ္။
(၃) ေနျပည္ေတာ္အေနျဖင့္ေတာ့ပ်ဥ္းမနားထက္စာလွ်င္ပို၍ခံရဖြယ္ရွိပါတယ္။ပ်ဥ္းမနားကစစ္ကိုင္းျပတ္ေရြ႕ေၾကာႏွင့္၁၀ မိုင္ေလာက္နီးကပ္ေပမယ့္ေနျပည္ေတာ္၏တစ္ခ်ိဳ႕ေနရာေတြက၁–၂မိုင္ေလာက္အထိကပ္ေနတဲ့ေနရာေတြရွိေနပါတယ္။ငလ်င္အႏၱရယ္ၾကီးမားစြာခံရႏိုင္ဖြယ္မွာရွေနေပမယ့္အထပ္ျမင့္အေဆာက္အဦးမ်ားရွိမေနျခင္းေၾကာင့္ေဘးက်ေရာက္မႈေတာ့နည္းပါလိမ့္မယ္။
ျမန္မာႏိုင္ငံအတြင္းမွာရွိေနတဲ့ျမိဳ႕ၾကီးမ်ားအေနျဖင့္ငလ်င္ဒဏ္ခံရဖြယ္ျမိဳ႕ၾကီးမ်ားကိုျမန္မာျပည္ေတာင္ဘက္ဖ်ားမွစတင္ကာေျပာျပရရင္ျဖင့္–
(၁) ပဲခူး
(၂) ျဖဴး
(၃) ေတာင္ငူ
(၄) ေနျပည္ေတာ္/ ပ်ဥ္းမနား
(၅) သာစည္
(၆) သဲေတာ္
(၇) ၀မ္းတြင္း
(၈) မႏၱေလး
(၉) စစ္ကိုင္း
(၁၀) တေကာင္း
(၁၁) သပိတ္က်ဥ္း
(၁၂) ပူတာအို
(၁၃) ဟုမၼလင္း
(၁၄) ကေလး၀
(၁၅) ေရႊဘို
(၁၆) မံုရြာ
(၁၇) ေက်ာက္ဆည္
(၁၈) မိတၳီလာ
စတဲ့ျမိဳ႕ၾကီးေတြဟာငလ်င္ဒဏ္ခံရဖြယ္
ရွိပါေၾကာင္းျမန္မာႏိုင္ငံငလ်င္ေကာ္မတီနာယကဦးသိန္းေျပာၾကားသြားခ်က္ကို
ေစတနာေရွ႕ထားေမတၱာထားကာ
သတၱ၀ါအမ်ားေဘးအႏၱရယ္မွၾကိဳတင္
ကာကြယ္ေရွာင္ရွားလြတ္ေျမာက္
နိိုင္ပါေစေၾကာင္းကရုဏာထားကာ
ေရးသားအသိေပးလိုက္ရပါတယ္ခင္ဗ်ာ။
Unicode Version
xအများပြည်သူများသိစေဖို့ငလျင်ဒဏ်
သတင်းကိုမျှဝေလိုက်ပါတယ်။
ပထမဦးစွာအနေနဲ့မြန်မာနိုင်ငံအတွင်းမှာဘာကြောင့်ငလျင်လှုပ်ရလဲဆိုတာမှာအကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။
(၁) အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံအတွင်းရွေ့လျားလာတဲ့အိန္ဒိယပြတ်ရွေ့မြေထု။
(၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့မြန်မာနိုင်ငံအတွင်းမှအနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ပြတ်ရွေ့မြေထု။
စတဲ့အကြောင်းကြီးနှစ်ချက်ကြောင့်မြန်မာနိုင်ငံအတွင်းမှာငလျင်များလှုပ်နေရခြင်းဖြစ်ပါတယ်ဆိုတာကိုVOA သတင်းဌာနမှဒေါ်ခင်မျိုးသက်မှမေးမြန်းအင်တာဗျူးထားပြီးမြန်မာနိုင်ငံ
ငလျင်ကော်မတီနာယကဒေါက်တာ
ဦးသိန်းဖြေကြားထားပါတယ်။
ငလျင်ဒဏ်အများဆုံးခံရဖွယ်နှင့်အပြင်းထံဆုံးခံရဖွယ်ဧရိယာများအနေဖြင့်ပြောကြားသွားရာမှာ–
(၁) မန္တလေးးတိုင်းအရှေဘက်ခြမ်း
(၂) ပဲခူးတိုင်းအရှေ့ဘက်ခြမ်း
(၃) ချင်းတောင်တန်းမြောက်ဘက်ခြမ်း/ စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း
စသည့်ဧရိယာများဖြစ်ကြပြီးအန္တရာယ်များနှင့်လည်းကြုံရဖွယ်ရှိပါကြောင်းပြောကြားသွားပါတယ်။
တိုင်းအလိုက်ခွဲခြားပြီးပြောကြားရာမှာတော့.-
(၁) ရန်ကုန်တိုင်းအတွင်းမှာဆိုရင်ဖြင့်ရန်ကုန်မြို့ဧရိယာ၏အရှေဘက်အခြမ်းရှိစစ်ကိုင်းပြတ်ရွေ့ကြောဖြင့်၁၅–၂၀မိုင်နီးစပ်လျှက်ရှိနေသောဒဂုံတောင်/မြောက်၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်းမြို့နယ်များဖြစ်ကြပါတယ်။မြေပျော့ဧရိယာများဖြစ်ကြသည့်အတွက်လည်းအခြားနေရာများနှင့်နှိုင်းလျှင်ပိုမိုခံရဖွယ်ရှိပါကြောင်းပြောကြားသွားပါတယ်။
(၂) မန္တလေးတိုင်းအတွင်းမှာဆိုရင်ဖြင့်တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်အများဆုံးခံရဖွယ်ရှိပါတယ်။ရစ်ချက်တာစကေး၉– ၁၀အထိအောင်လှုပ်နိုင်ဖွယ်ရှိပါတယ်။စစ်ကိုင်းပြတ်ရွေ့ကြောဖြင့်၆–၇မိုင်လောက်ကပ်လျှက်ရှိနေသောမန္တလေးအနောက်ဘက်ခြမ်းပိုင်းမှာတော့မြေပျော့များဖြစ်သည့်အလျောက်အပျက်အစီးပို၍များပါမယ်။ခန့်မှန်းခြေအားဖြင့်၈၅–၈၆လမ်း၏အရှေ့ဘက်တွေကပို၍အပျက်အစီးများနိုင်ပါတယ်။
(၃) နေပြည်တော်အနေဖြင့်တော့ပျဉ်းမနားထက်စာလျှင်ပို၍ခံရဖွယ်ရှိပါတယ်။ပျဉ်းမနားကစစ်ကိုင်းပြတ်ရွေ့ကြောနှင့်၁၀ မိုင်လောက်နီးကပ်ပေမယ့်နေပြည်တော်၏တစ်ချို့နေရာတွေက၁–၂မိုင်လောက်အထိကပ်နေတဲ့နေရာတွေရှိနေပါတယ်။ငလျင်အန္တရယ်ကြီးမားစွာခံရနိုင်ဖွယ်မှာရှနေပေမယ့်အထပ်မြင့်အဆောက်အဦးများရှိမနေခြင်းကြောင့်ဘေးကျရောက်မှုတော့နည်းပါလိမ့်မယ်။
မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့မြို့ကြီးများအနေဖြင့်ငလျင်ဒဏ်ခံရဖွယ်မြို့ကြီးများကိုမြန်မာပြည်တောင်ဘက်ဖျားမှစတင်ကာပြောပြရရင်ဖြင့်–
(၁) ပဲခူး
(၂) ဖြူး
(၃) တောင်ငူ
(၄) နေပြည်တော်/ ပျဉ်းမနား
(၅) သာစည်
(၆) သဲတော်
(၇) ဝမ်းတွင်း
(၈) မန္တလေး
(၉) စစ်ကိုင်း
(၁၀) တကောင်း
(၁၁) သပိတ်ကျဉ်း
(၁၂) ပူတာအို
(၁၃) ဟုမ္မလင်း
(၁၄) ကလေးဝ
(၁၅) ရွှေဘို
(၁၆) မုံရွာ
(၁၇) ကျောက်ဆည်
(၁၈) မိတ္ထီလာ
စတဲ့မြို့ကြီးတွေဟာငလျင်ဒဏ်ခံရဖွယ်
ရှိပါကြောင်းမြန်မာနိုင်ငံငလျင်ကော်မတီနာယကဦးသိန်းပြောကြားသွားချက်ကို
စေတနာရှေ့ထားမေတ္တာထားကာ
သတ္တဝါအများဘေးအန္တရယ်မှကြိုတင်
ကာကွယ်ရှောင်ရှားလွတ်မြောက်
နိုင်ပါစေကြောင်းကရုဏာထားကာ
ရေးသားအသိပေးလိုက်ရပါတယ်ခင်ဗျာ။
ျမန္မာႏိုင္ငံအတြင္း… ငလ်င္ဒဏ္….ခံရႏိုင္ဖြယ္ရွိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 15, 2019
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment