၂၅-၄-၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန်တွင် တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနေ ဦးစိုးဝင်း နေအိမ်မှ ၄င်းနှင့်အတူ ဦးလှရှိန်၊ ဦးထွန်းတင်၊ ဦးအေးငယ်၊ ဦးစန်းမြင့်တို့(၅)ဦးသည် တောင်ယာ ခုတ်ရန် ဒေသအခေါ်(ရေခန်းချောင်းတောင်)သို့ ထွက်ခွာလာခဲ့ရာ ၁၄၀၀ အချိန်ခန့်တွင် တောင် ယာသို့ရောက်ရှိပြီး
လိုက်လံကြည့်ရှုစဉ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်လာသ ဖြင့် ၄င်းတို့(၅)ဦး နားခိုနေသည့်အနီးရှိ ကံ့ကော်ပင်မှာအရင်းတွင်ဆွေးမြေ့နေပြီး အခေါင်းပေါက်ရှိ သဖြင့် လဲကျနိုင်ကြောင်း ဦးလှရှိန်မှပြောရာ ဦးစန်းမြင့်မှ အပင်အနီးသို့သွားရောက်ကြည့်ရှုရာ
Tanintharyi Police
#Unicode Version#
၂၅-၄-၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန်တွင် တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနေ ဦးစိုးဝင်း နေအိမ်မှ ၎င်းနှင့်အတူ ဦးလှရှိန်၊ ဦးထွန်းတင်၊ ဦးအေးငယ်၊ ဦးစန်းမြင့်တို့(၅)ဦးသည် တောင်ယာ ခုတ်ရန် ဒေသအခေါ်(ရေခန်းချောင်းတောင်)သို့ ထွက်ခွာလာခဲ့ရာ ၁၄၀၀ အချိန်ခန့်တွင် တောင် ယာသို့ရောက်ရှိပြီး
လိုက်လံကြည့်ရှုစဉ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်လာသ ဖြင့် ၎င်းတို့(၅)ဦး နားခိုနေသည့်အနီးရှိ ကံ့ကော်ပင်မှာအရင်းတွင်ဆွေးမြေ့နေပြီး အခေါင်းပေါက်ရှိ သဖြင့် လဲကျနိုင်ကြောင်း ဦးလှရှိန်မှပြောရာ ဦးစန်းမြင့်မှ အပင်အနီးသို့သွားရောက်ကြည့်ရှုရာ
ကံ့ကော်ပင်မှာ လဲကျလာသဖြင့် ဘေးတစ်ဖက်သို့ရှောင်တိမ်းစဉ် တစ်ဖက်တောင်စောင်းရှိ ပင်စည် လုံးပတ်(၁၀)ပေ၊ အမြင့်ပေ(၁၃၀)ခန့် ကတွတ်ပင်ကြီးမှာ ထပ်မံလဲကျလာခဲ့ရာ ဦးစန်းမြင့်ပေါ် သို့လဲကျသွားခဲ့ပြီး ဦးစန်းမြင့်တွင် လည်ပင်းရိုးကျိုး၊ ဝဲလက်မောင်းအဆစ်ပြုတ်၊ ဝဲဘက်နံရိုးကျိုး၊ ခါးရိုးကျိုး၊ ယာဘက်ခြေသလုံးရိုး၊ ယာဘက်ခြေဖမိုးကျိုးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစန်းမြင့်သေဆုံးမှုအား တနင်္သာရီမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ် စဉ် (၁၉/၂၀၁၉)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
Tanintharyi Police
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment