Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 5, 2019

ေလျပင္းႏွင့္ မိုးႀကိဳးအႏၲရာယ္ရွိေၾကာင္း ေဒါက္တာထြန္းလြင္ႏွင့္ မိုးဇလသတိေပး


တိုင္းႏွင့္ျပည္နယ္သံုးခု တြင္ ေဖေဖာ္ဝါရီေႏွာင္းပိုင္းက ႀကံဳေတြ႕ခဲ့ေသာ ေလထုမၿငိမ္သက္မႈျဖစ္စဥ္မ်ိဳး ေနာက္တစ္ႀကိမ္ထပ္မံျဖစ္ေပၚလာႏိုင္၍ ေလျပင္းႏွင့္ မိုးႀကိဳးအႏၲရာယ္သတိျပဳေနထုိင္ရန္ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္ႏွင့္ မိုးဇလကသတိေပးထားသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္း တိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး တိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ ေနျပည္ေတာ္၊ မေကြးတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းၿပီး၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ အမ်ားအားျဖင့္ သာယာမည္။

အိႏၵိယႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ထိစပ္ေနေသာ ကုန္းတြင္း ပိုင္းမွ ဝင္ေရာက္လာသည့္ ေလ ဖိအားနည္းခ်ိဳင့္ဝွမ္းတစ္ခုသည္ ျမန္မာႏိုင္ငံဘက္သို႔ မတ္လ ၅ ရက္မွစတင္ ဝင္ေရာက္လာႏိုင္၍ ကခ်င္၊ စစ္ကိုင္းႏွင့္ ခ်င္းျပည္နယ္ တို႔တြင္ ေလျပင္းႏွင့္ မိုးႀကိဳး အႏၲရာယ္ရွိေနေၾကာင္း ေဒါက္ တာထြန္းလြင္က ေျပာသည္။
အေနာက္ဘက္မွ ေရြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ ယေန႔ (မတ္လ ၅ ရက္) မွ ၈ ရက္အတြင္း စစ္ကိုင္း၊မႏၲေလး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္၊ ရွမ္း၊ ခ်င္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ အခ်ိန္အခါမဟုတ္ မိုးႏွင့္ေလျပင္း တိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား သတိျပဳေနထုိင္ရန္ မိုးဇလက သတိေပးထားသည္။

ျမန္မာ့ပင္လယ္ျပင္။ လႈိင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၃)ေပမွ (၅)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္း မည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ အမ်ားအားျဖင့္ သာယာမည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

Source – MOI Webportal Myanmar, U Tun Lwin

Unicode
တိုင်းနှင့်ပြည်နယ်သုံးခု တွင် ဖေဖော်ဝါရီနှောင်းပိုင်းက ကြုံတွေ့ခဲ့သော လေထုမငြိမ်သက်မှုဖြစ်စဉ်မျိုး နောက်တစ်ကြိမ်ထပ်မံဖြစ်ပေါ်လာနိုင်၍ လေပြင်းနှင့် မိုးကြိုးအန္တရာယ်သတိပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးဇလကသတိပေးထားသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထိစပ်နေသော ကုန်းတွင်း ပိုင်းမှ ဝင်ရောက်လာသည့် လေ ဖိအားနည်းချိုင့်ဝှမ်းတစ်ခုသည် မြန်မာနိုင်ငံဘက်သို့ မတ်လ ၅ ရက်မှစတင် ဝင်ရောက်လာနိုင်၍ ကချင်၊ စစ်ကိုင်းနှင့် ချင်းပြည်နယ် တို့တွင် လေပြင်းနှင့် မိုးကြိုး အန္တရာယ်ရှိနေကြောင်း ဒေါက် တာထွန်းလွင်က ပြောသည်။



အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ (မတ်လ ၅ ရက်) မှ ၈ ရက်အတွင်း စစ်ကိုင်း၊မန္တလေး၊ မကွေးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အချိန်အခါမဟုတ် မိုးနှင့်လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ သတိပြုနေထိုင်ရန် မိုးဇလက သတိပေးထားသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်း မည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

Source – MOI Webportal Myanmar, U Tun Lwin

No comments:

Post a Comment