Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

လာမည့္ (၇၂)နာရီအတြင္း အပူပိုင္းမုန္တိုင္း PABUK ျဖတ္ေက်ာ္ဝင္ေရာက္လာႏိုင္မည့္ အေျခအေန

PABUK(36W)

ေတာင္တရုတ္ပင္လယ္၊ ဗီယက္နန္ကမ္းလြန္ပင္လယ္ျပင္၌ ျဖစ္ေပၚလွ်က္ရွိေသာ အပူပိုင္းမုန္တိုင္း PABUK(36W)သည္ အေနာက္၊ အေနာက္ေျမာက္ဘက္သို႕ ဆက္လက္ေရြ႕လ်ားႏိုင္ေၾကာင္း ကြန္ပ်ဴတာေမာ္ဒယ္မ်ား၏ ႀကိဳတင္ခန္႕မွန္းခ်က္မ်ားတြင္ ေတြ႕ရပါသည္။

အေနာက္ေျမာက္ဘက္သို႕ ဆက္လက္ေရြ႕လ်ားစဥ္ ျမန္မာႏိုင္ငံ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းႏွင့္ ၿမိတ္ၿမိဳ႕မ်ားအနီးမွ ျဖတ္ေက်ာ္ကာ ကပၸလီပင္လယ္အတြင္းသို႕ ဇန္နဝါရီလ(၅)ရက္ေန႕နံနက္ပိုင္းတြင္ေရာက္ရွိမည္ျဖစ္ေၾကာင္း၊

အေနာက္ေျမာက္ဘက္သို႕ ဆက္လက္ေရြ႕လ်ားၿပီး ကိုကိုးကၽြန္းအနီးမွ ဇန္နဝါရီလ(၇)ရက္ေန႕နံနက္ပိုင္း၌ ျဖတ္ေက်ာ္ကာ ဘဂၤလားပင္လယ္ေအာ္သို႕ ဆက္လက္ ဝင္ေရာက္ႏိုင္ေၾကာင္း ႀကိဳတင္ခန္႕မွန္းခ်က္မ်ားတြင္ ေတြ႕ရွိရပါသည္။
မုန္တိုင္း PABUK ျဖတ္ေက်ာ္စဥ္ ဇန္နဝါရီလ(၅)ေန႕၌ ေကာ့ေသာင္းၿမိဳ႕ႏွင့္ ၿမိတ္ၿမိဳ႕တို႕တြင္ ျဖစ္ေပၚႏိုင္မည့္ ေလတိုက္ႏွဳန္း အေျခအေနကိုလည္း ပံုမ်ားပူးတြဲတင္ျပထားပါသည္။

ျမစ္ဝကၽြန္းေပၚ ကမ္းနီးေရလုပ္ငန္း လုပ္ကြက္ 15-96 အတြက္ ဇန္နဝါရီလ(၆)ရက္ နံနက္ပိုင္းမွ စတင္၍ ျဖစ္ေပၚႏိုင္မည့္ အေျခအေနကိုလည္း တင္ျပေပးထားပါသည္။

ထို႕ေၾကာင့္ လာမည့္ (၇၂)နာရီအတြင္း မုန္တိုင္းျဖတ္ေက်ာ္ဝင္ေရာက္လာႏိုင္မည့္ အေျခအေနအား သိရွိႏိုင္ပါရန္ႏွင့္ လိုအပ္ေသာ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္ရြက္ႏိုင္ၾကပါရန္ အသိေပးတင္ျပအပ္ပါသည္။
MMweather Page

Unicode

တောင်တရုတ်ပင်လယ်၊ ဗီယက်နန်ကမ်းလွန်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျှက်ရှိသော အပူပိုင်းမုန်တိုင်း PABUK(36W)သည် အနောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ကွန်ပျူတာမော်ဒယ်များ၏ ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။
အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားစဉ် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနှင့် မြိတ်မြို့များအနီးမှ ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်အတွင်းသို့ ဇန်နဝါရီလ(၅)ရက်နေ့နံနက်ပိုင်းတွင်ရောက်ရှိမည်ဖြစ်ကြောင်း၊



အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကိုကိုးကျွန်းအနီးမှ ဇန်နဝါရီလ(၇)ရက်နေ့နံနက်ပိုင်း၌ ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်သို့ ဆက်လက် ဝင်ရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရှိရပါသည်။

မုန်တိုင်း PABUK ဖြတ်ကျော်စဉ် ဇန်နဝါရီလ(၅)နေ့၌ ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် ဖြစ်ပေါ်နိုင်မည့် လေတိုက်နှုန်း အခြေအနေကိုလည်း ပုံများပူးတွဲတင်ပြထားပါသည်။



မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက် 15-96 အတွက် ဇန်နဝါရီလ(၆)ရက် နံနက်ပိုင်းမှ စတင်၍ ဖြစ်ပေါ်နိုင်မည့် အခြေအနေကိုလည်း တင်ပြပေးထားပါသည်။



ထို့ကြောင့် လာမည့် (၇၂)နာရီအတွင်း မုန်တိုင်းဖြတ်ကျော်ဝင်ရောက်လာနိုင်မည့် အခြေအနေအား သိရှိနိုင်ပါရန်နှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြပါရန် အသိပေးတင်ပြအပ်ပါသည်။MMweather Page

No comments:

Post a Comment