Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ကခ်င္ႏွင့္ရွမ္းမွလြဲ၍ တႏိုင္ငံလံုး မိုးရြာႏိုင္ေျကာင္း သတင္းထုတ္ျပန္


ကပၸလီပင္လယ္ျပင္မွာ ျဖစ္ေနတဲ့ ဆိုင္ကလုန္းမုန္တိုင္းရဲ႕ အရွိန္ေၾကာင့္ ကခ်င္နဲ႔ ရွမ္းကလြဲၿပီး တႏိုင္ငံလံုးမွာ မိုးရြာႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီေန႔ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဆိုင္ကလုန္းမုန္တိုင္း ပါဘက္ ဟာ ျမန္မာႏိုင္ငံ၊ ေကာ့ေသာင္းၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ မိုင္ ၇၀ ေလာက္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါတယ္။

မုန္တိုင္းရဲ႕ လက္ရွိအေျခအေနဟာ ျမန္မာႏိုင္ငံဘက္ကို ဦးတည္ေရြ႕လ်ားမွာ မဟုတ္လို႔ အဝါေရာင္အဆင့္လို႔ သတ္မွတ္ထားေပမယ့္ တနသၤာရီတိုင္းဟာ ဆိုင္ကလုန္းမုန္တိုင္းရဲ႕ အဝန္းအဝိုင္းထဲကို က်ေရာက္ေနတာေၾကာင္း မုန္တိုင္းရဲ႕ သက္ေရာက္မႈအႏၲရာယ္ကို ခံစားရႏိုင္တယ္လို႔ ဆိုပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ဒီေန႔ ေန႔လယ္ကေန ေနာက္ ၇၂ နာရီ (၃ ရက္) အတြင္း ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္တို႔က လြဲၿပီး တႏိုင္ငံလံုးမွာ ေနရာက်ဲက်ဲကေန ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္းရြာႏိုင္သလို တခ်ိဳ႕ေနရာေတြမွာ ေနရာကြက္ မိုးႀကီးႏိုင္တယ္လို႔ သတိေပးႏႈိးေဆာ္ ထားပါတယ္။
ၿပီးေတာ့ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႔၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတေလၽွာက္နဲ႔ ကမ္းလြန္ ပင္လယ္ျပင္တို႔မွာ တခါတရံ မိုးသက္ေလျပင္းေတြ က်ေရာက္ၿပီး လိႈင္းႀကီးႏိုင္တယ္လို႔လည္း ဆိုပါတယ္။

မိုးသက္ေလျပင္းက်တုန္းမွာ ေရျပင္/ေျမျပင္ေလဟာ တနာရီကို မိုင္ ၄၀ အထိတိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္ကေတာ့ ၈ ေပကေန ၁၀ ေပေလာက္ ရွိႏိုင္ပါတယ္။

ဆိုင္ကလုန္းမုန္တိုင္း ပါဘက္ရဲ႕ အရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္တာ၊ အခ်ိန္အခါမဟုတ္ မိုးရြာတာေတြ ျဖစ္ႏိုင္လို႔ ျပည္တြင္း ေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔က ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္ေတြ၊ သေဘၤာေတြအေနနဲ႔ ႀကိဳတင္သတိျပဳ ေရွာင္ရွားၾကဖို႔လည္း အႀကံျပဳထားပါတယ္။

ေနာက္ ၄၈ နာရီအတြင္းမွာေတာ့ မုန္တိုင္းဟာ အေနာက္ေျမာက္ဘက္ကို ဆက္လက္ေရြ႕လ်ားၿပီး ကပၸလီကၽြန္းစုကို ျဖတ္ေက်ာ္ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

မုန္တိုင္း ပါဘက္ဟာ ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီခြဲအခ်ိန္မွာ ဗဟိုခ်က္ေလဖိအား ၉၉၈ ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံး ေလတိုက္ႏႈန္းကေတာ့ တနာရီကို မိုင္ ၅၀ ႏႈန္း ရွိေနပါတယ္။
DVB

Unicode

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ကချင်နဲ့ ရှမ်းကလွဲပြီး တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်း ပါဘက် ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ရ၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်လို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားပေမယ့် တနင်္သာရီတိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို ကျရောက်နေတာကြောင်း မုန်တိုင်းရဲ့ သက်ရောက်မှုအန္တရာယ်ကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ရ၂ နာရီ (၃ ရက်) အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လွဲပြီး တနိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သလို တချို့နေရာတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးနှိုးဆော် ထားပါတယ်။

ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေ ဖြစ်နိုင်လို့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားကြဖို့လည်း အကြံပြုထားပါတယ်။

နောက် ၄၈ နာရီအတွင်းမှာတော့ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်း ပါဘက်ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၅၀ နှုန်း ရှိနေပါတယ်။
DVB