Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 7, 2019

ကချင်ပြည်နယ်နေ့ အခမ်းအနား မုခ်ဦးနှင့်ဆိုင်းဘုတ်အား စကားလုံး တစ်ခုကြောင့် ပြန်လည် ပြင်ဆင်ခဲ့


မြစ်ကြီးနားမြို့ ၊ သီတာရပ်ကွက်နှင့်စီတာပူရပ်ကွက်ကြားရှိ အင်ဂျန်းခတံတားအနီးမှ ကချင်ပြည်နယ်နေ့ အခမ်းအနား မုခ်ဦးနှင့် မနောကွင်းအတွင်းမှ စတိတ်စင်ဆိုင်းဘုတ်တွင် စကားလုံး တစ်ခုကြောင့် ဇန်နဝါရီလ ၇ရက်နေ့ ညပိုင်းက ပြန်လည် ပြင်ဆင်လိုက်ကြောင်းသိရသည်။

အဆိုပါ မုခ်ဦးနှင့်ဆိုင်းဘုတ်များတွင် ကချင်ဘာသာဖြင့် ရေးသားထားသည့် '' (71) Lang Na Kachin Mungdaw Nhtoi''ဆိုသည့် စာသားမှ Kachin ဆိုသည့် စကားလုံးအစား Jinghpaw အဖြစ် ပြောင်းလဲ ပြင်ဆင်လိုက်သည်။

Kachin ဆိုသည့်အသုံးအနှုန်းနှင့်ပတ်သက်ပြီး ကချင်လူထုအချို့ မှ ၀န်ကြီးချုပ်ထံသွားရောက်တွေ့ဆုံကာ ကန့်ကွက်မှုများကြောင့် ယခုကဲ့သို့ ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ၇၁နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်မြောက်ရေးကော်မတီ ၊ သတင်းနှင့်မှတ်တမ်း ဥက္ကဌ ဆရာနော်ခုန့်ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ရက်နေ့ညကလည်း အဆိုပါ မုခ်ဦး အောက်ခြေရှိ ဗီနိုင်းများအား အမည်မသိသူများက မီးရှို့ဖျက်စီးခဲ့သည်။

Kachin Time

No comments:

Post a Comment