Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 12, 2018

ဟွာဝေးအရာရှိကို အာမခံဖြင့် ကနေဒါ ပြန်လွှတ်၊ ထရမ့်က ကြားဝင်ဖြန်ဖြေပေးမယ်လို့ ဆို

ဟွာဝေးအရာရှိကို အာမခံဖြင့် ကနေဒါ ပြန်လွှတ်၊ ထရမ့်က ကြားဝင်ဖြန်ဖြေပေးမယ်လို့ ဆို
တရုတ်နိုင်ငံက အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးရဲ့ အရာရှိချုပ်ကို ကနေဒါက ဖမ်းဆီးထားရာကနေ အင်္ဂါနေ့မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ကနေဒါဟာ ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မန်ဝန်ကျို့ကို ဗန်ကူးဗားမြို့မှာ ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး ဒီအရေးကြောင့် သံတမန်အငြင်းပွားမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မှာ၊ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုကို တွန်းအားပေးတာတွေ ဖြစ်စေနိုင်မယ်ဆိုရင်မန်ဝန်ကျို့ကို အမေရိကန်တရားရေးဌာနက စွဲဆိုထားတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ကြားဝင်ဖြန်ဖြေပေးမှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို အင်္ဂါနေ့မှာ ပြောထားပါတယ်။

ဟွာဝေးတည်ထောင်သူရဲ့ သမီးလည်း ဖြစ်တဲ့ မန်ဝန်ကျို့ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး အတုအယောင်လုပ် လိမ်လည်ကာ အီရန်နဲ့ စီးပွားရေးတွဲလုပ်နေတယ် စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဗန်ကူးဗားမြို့က တရားရုံးကြားနာမှုမှာ မန်ဝန်ကျို့ကို အာမခံ ကနေဒါဒေါ်လာ ဆယ်သန်း(အမေရိကန်ဒေါ်လာ ၇ ဒဿမ ၅ သန်း)နဲ့ အာမခံပေး လွှတ်ကြောင်းစီရင်ချက် ချလိုက်တာဖြစ်ပါတယ်။ ဒီစီရင်ချက်ကို တရားရုံးမှာ ဖတ်ကြားကြေညာလိုက်ချိန်မှာ လက်ခုပ်သြဘာတီးသံတွေ ထွက်ပေါ်လာပြီး မန်ဝန်ကျို့မှာလည်း ငိုကြွေးလို့ သူ့ရှေ့နေတွေကို ပွေ့ဖက်ခဲ့ပါတယ်။

သူ့ရဲ့ အာမခံအရ အသက် ၄၆ နှစ်ရှိ မန်ဝန်ကျို့ဟာ ခြေကျင်းဝတ်မှာ စောင့်ကြည့်ရေးကိရိယာ ၀တ်ဆင်ရမှာဖြစ်ပြီး ည ၁၁ ကနေ မနက် ခြောက်နာရီကြား အိမ်မှာပဲ နေရမှာ ဖြစ်ပါတယ်။

မန်ဝန်ကျို့ကို စွပ်စွဲထားတဲ့ အမှုဟာ ခိုင်မာတယ်လို ကနေဒါ တရားရုံးက ဆုံးဖြတ်ရင် နောက်ပိုင်းကြားနာမှုတွေမှာ သူ့ကို အမေရိကန်ဆီ လက်လွှဲပေးအပ်မအပ်ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် မန်ဝန်ကျို့အနေနဲ့ အမေရိကန်က စွဲဆိုထားတဲ့ ဆန်ရှင်ချိုးဖောက်ပြီး လိမ်လည်ကာ အီရန်နဲ့ စီးပွားဖက်လုပ်တယ် စွပ်စွဲချက်နဲ့ ရင်ဆိုင်မှာ ဖြစ်ပြီး အပြစ်ထင်ရှားရင် ထောင်ဒဏ် အများဆုံး နှစ် ၃၀ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

Rf; BBC
Daily Hot News

No comments:

Post a Comment