Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

စင်ကာပူတွင် အိမ်အကူလုပ်ပြီးပြန်လာသူထံမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် သိမ်းဆည်းရမိ


ဒိုက်ဦး၊ ဒီဇင်ဘာ ၇

စင်ကာပူတွင် အိမ်အကူလုပ်ပြီးပြန်လာသူ အမျိုးသမီးတစ်ဦးထံမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ယမန်နေ့က သိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ၂နာရီခွဲ အချိန်ခန့်က ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော် ဦးစီးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲ့ထူး (၂၅)နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အဝတ်အစားအိတ်ဖြင့် ထည့်လျက် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅၄ ရွက် ရမိခဲ့ခြုင်းဖြစ်သည်။

နော်သော့သွဲ့ထူုးအား စစ်မေးရာ ၎င်းသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(ရက်မမှတ်မိ)တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်ကာ အိမ်အကူလုပ်ကိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ၎င်း၏ လုပ်အားခများအား အိမ်ရှင်အမျိုးသမီး (စိစစ်ဆဲ)ထံ တွင် တောင်းခံခဲ့ရာ

အိမ်ရှင် အမျိုးသမီးမှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ ငွေလဲလှယ်ဌာနတစ်ခုတွင် စင်္ကာပူ ဒေါ်လာ ၃၁၂၃.၃၉ အား သွားရောက် လဲလှယ်ရာမှ ရရှိသော မြန်မာငွေ ၂,၉၆၀,၀၀၀ ကျပ်အား ၎င်းထံပေးခဲ့ရာမှ ပါလာသော ငွေတုများဖြစ်ကြောင်း သိရှိရသဖြင့်

ထိုနေ့ညနေပိုင်းတွင်ပင် နော်သော့သွဲ့ထူး အား ဒိုက်ဦးမြို့မရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံရှိ ငွေလဲလှယ်ဌာန ၁၈ ခုအားလည်း မြန်မာကျပ်ငွေ အတုများ လက်ဝယ် ရှိ/မရှိ ကို စင်ကာပူရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း စင်ကာပူအခြေစိုက် CNA သတင်းဌာနမှ ယမန်နေ့က ရေးသားသော သတင်းတစ်ပုဒ်ဝယ် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း ရွှေတိဂုံစေတီတော် တောင်ဖက်မုခ်တွင် ၀င်ခွင့်ငွေပေးသည်မှ အစပြု၍ စင်ကာပူနိုင်ငံသား စုံတွဲတစ်တွဲထံမှ ကျပ်တစ်သောင်းတန် အတု ၄၅ရွက်ကို ယင်းတို့ထံမှ သိမ်းဆည်းရမိခဲ့သေးသည်။ ထိုသူနှစ်ဦးကလည်း ငွေစက္ကူအတုများကို စင်ကာပူရှိ ငွေလဲလှယ်ဌာနတစ်ခုထံမှ လဲလှယ်ရရှိခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။.

PN
Source –
၁။ ပြည်ထဲရေးဝန်ကြီးဌာန
၂။ Police looking into moneychangers dealing fake Myanmar currency
၃။ Myanmar seizes fake currency notes at tourist site
PopularNews

No comments:

Post a Comment