Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 30, 2018
Google Translate ကို ယုံစားမိတဲ့အမှား
Google Translate ကို ယုံစားမိတဲ့အမှား။ ..........
ချင်းမိုင်သွားတဲ့လမ်းခုလပ်မှာရှိတဲ့ ထိုင်းဆိုင်က မြန်မာလိုပါရေးထားတဲ့ menu။
တရွက်ခြင်းဖတ်ကြည့်။ကိုယ်တွေတော့ အိပ်ရေးမဝလို့ ခေါင်းမူးနေတဲ့ကြားက ရယ်လိုက်ရတာဆိုတာ။ 😄😄😄 Aye Min Tun
ရှေ့လကုန်ရင်ပြောင်းလဲမှာသေချာတယ်
ရှေ့လကုန်ရင်ပြောင်းလဲမှာသေချာတယ်
MRTV 4 နဲ့ ဂျူးမြတ်ချယ် တို့ ဖြစ်စဉ် အကြောင်းစုံ"
မဘသ ကိုယ်တော်တစ်ပါးဖြစ်တဲ့ ဗုဒ္ဓဂုဏ်ရည် ဆရာတော်က ဂျူးမြတ်ချယ်ကို ယနေ့ မှော်ဘီက သူ့ကျောင်းမှာခေါ်ယူတွေ့ဆုံပြီး မေးမြန်းထားတဲ့ "MRTV 4 နဲ့ ဂျူးမြတ်ချယ် တို့ ဖြစ်စဉ် အကြောင်းစုံ"
မဘသ ကိုယ်တော်တစ်ပါးဖြစ်တဲ့ ဗုဒ္ဓဂုဏ်ရည် ဆရာတော်က ဂျူးမြတ်ချယ်ကို ယနေ့ မှော်ဘီက သူ့ကျောင်းမှာ ခေါ်ယူတွေ့ဆုံပြီး မေးမြန်းထားပါတယ် အားလုံးသိချင်နေတဲ့ ပဟေဏ္ဍိတွေကို စုံစုံစေ့စေ့ နှိုက်ချွတ်ပြီး မေးမြန်းထားတဲ့ မေးခွန်းတွေ ဖြစ်ပါတယ် အရှင်ဝေပုလ္လနဲ့ ပက်သက်နေတဲ့ကိစ္စ.. လိုင်းပေါ်မှာ Video call Chat ထားတဲ့ Screen shot ပုံများကိစ္စ...
ဦးကဉ္ဖနောဘာသကို ဖျက်စီးခိုင်းတဲ့ မက်ဆင်ဂျာမှ ပြောစကားများ ကိစ္စ...ကိုယ့်ယောင်္ကျား ရဟန်းလူထွက်ရဲ့ မကောင်းကြောင်းတွေကို ဘာကြောင့် လိုင်းပေါ် ယခုလို တင်ရတာလဲ...
Video: ဗုဒ္ဓဂုဏ်ရည်ဆရာတော် Ashin Aggha Dhamma
ဆရာလင်းသိုက်ညွှန့်ရှင့်..
ဆရာလင်းသိုက်ညွှန့်ရှင့်..
ဆရာ့ရဲ့ ဝက်ဘ်ဆိုက်အရဆို Doctor of Business Administration (Candidate) လို့ မရသေးတဲ့ ပါရဂူဘွဲ့ကို ကြိုရေးထားတာလည်း တွေ့ပါတယ်.. နိုင်ငံတကာမှာလည်း Thesis တင်ထားဆဲအနေမှာ PhD Candidate လို့ သုံးနှုန်းတာတွေ ရှိတော့ ဒါကို ကြွားလှချည်ရဲ့လို့ မတွေးမိအောင် နေလို့ရပေမယ့် မရသေးတဲ့ဘွဲ့ကိုတောင် ထည့်ရေးရဲသေးတာမှာ အဲ့ဒီမရသေးတဲ့ဘွဲ့ကို ပေးတဲ့ တက္ကသိုလ်နာမည်ကျ ဘာလို့မပါတာပါလဲ ဆရာကြီးလင်းသိုက်ညွှန့်ရှင့်.. လူတွေ လိုက်တက်မှာစိုးလို့များ ဆရာကြီးအနေနဲ့ ပညာလျှိုထားတာပါလားရှင်.. 🤔🤔
နောက်ပြီး Master of Political Management ကို ဖိလစ်ပိုင် Aldersgate University ကနေ ရခဲ့တယ်လို့ ရေးထားတော့ internet website တွေရဲ့ ဖော်ပြချက်အရဆို အဲ့ကျောင်းက ဖိလစ်ပိုင်မှာ တက္ကသိုလ်'၂၆၆ ကျောင်းရှိတာ အဆင့် ၂၅၈ ချိတ်တဲ့ကျောင်းပါ.. အောက်ဆုံးကရေရင် အဆင့်ကိုးပါ.. ဆရာလသညလို အင်မတန်ထူးချွန်ထက်မြက် ဟောပြောပွဲတွေ လုပ်နေသူအနေနဲ့ ဒီထက် Ranking ပိုကောင်းတဲ့ကျောင်းတွေ မရွေးဘဲ ဖိလစ်ပိုင်မှာတောင် အောက်ခြေနားကပ်တယ်လို့ ဖော်ပြခံရတဲ့ ကျောင်းကို ဘာလို့ ရွေးပါသလဲရှင့်.. 🙄🙄
ကျောင်းလခက တစ်နှစ် ဒေါ်လာတစ်ထောင်လောက်ပဲ ပေးရတဲ့ကျောင်းမို့ ရွေးရတာပါလားရှင့်.. ပြီးတော့ဇင်ဘာဘွေလို အာဖရိကနိုင်ငံမှာလည်း ဒီကျောင်းက ဘွဲ့အတုတွေ ပေးလွန်းလို့ သူတို့အစိုးရပိုင်းက ဒီကျောင်းအကြောင်း တပ်လှန့်ထားတာမျိုးတွေကို ဆရာမကြားမိလို့လားရှင့်.. ထပ်ပြောရရင် Aldersgate တက္ကသိုလ် ဝက်ဘ်ဆိုက်မှာ ဘွဲ့ရသူတွေကို စစ်ကြည့်လို့ရတာမှာ Lynn လို့ ရိုက်တဲ့အခါ တခြားမြန်မာကျောင်းသားတွေနာမည်ပဲ ပေါ်ပြီး ဆရာ့နာမည်ကတော့ Lynn ရော Thaikရော Nyunt ရော ရိုက်တာတောင် ပေါ်မလာတာ ဘာလို့လို့ ထင်ပါသလဲရှင့်.. ကျောင်းလခပေးရတာနည်းရင်တောင်၊ Ranking မကောင်းလှတဲ့ ကျောင်းဖြစ်တာတောင်ဆိုတောင် ဆရာ့နာမည်လေးတော့ ပေါ်လာသင့်တယ် မဟုတ်လားရှင့်., နာမည်စာလုံးပေါင်း မှားလို့လား/ ဆရာ့မှာ တခြားနာမည် ရှိသေးလို့ပဲ မပေါ်ရတာလားဆိုတာလေးပါ အလင်းပြပါဦး ဆရာလသညရှင့်..🤭🤭
(http://www.aldersgate.edu.ph/student-degree-verification-to…)
B.Sc (Hons) ဘွဲ့ကိုကျ London Metropolitan University ကနေ ယူလာတာကရော ဘာလို့များ အဲ့ကျောင်းကို ရွေးခဲ့ရတယ်ဆိုတာလေးရော သိရမလားရှင့်.. ဘာလို့လဲဆို အဲ့ဒီကျောင်းက Entry Standard, Graduate Prospects, Academic Services Spend, Good Honours, Research Intensity, Student-Staff Ratio, Degree Completion ဆိုတာတွေမှာ အမြဲလို အောက်ဆုံးနားကပ် 1star လောက်ပဲ ရတဲ့အခြေအနေနဲ့ ကျောင်းကို ဘာလို့ ရွေးရပါသလဲရှင့်.. အထူးသဖြင့် တက္ကသိုလ် ၁၃၁ ခုမှာ အဆင့် ၁၃၁ ရောက်နေတဲ့ ယူကေက ဘိတ်ချေးတန်းတက္ကသိုလ်မှာမှ ဘာလို့ ဘွဲ့ယူခဲ့တာပါလဲရှင့်..😢😢(https://www.thecompleteuniversityguide.co.uk/london-metrop…/)
ဆရာ့ website အရဆို ရန်ကုန်တက္ကသိုလ်မှ LL.B ဘွဲ့လို့ ရေးထားပေမယ့် ဖတ်ဖူးတဲ့ဂျာနယ်တချို့မှာကျ ဆရာက DSA တဝက်တပျက် တက်ရာကနေ ထွက်ပြီး အဝေးသင်နဲ့ ကျောင်းပြီးထားတာလို့ သိရတာမို့ ဒီဘွဲ့ကရော အဝေးသင်/ စာပေးစာယူဘွဲ့ ဟုတ်/မဟုတ်လေးလည်း အတည်ပြုပေးစေလိုပါတယ်ရှင့်.. ဟုတ်ခဲ့ရင်လည်း ဆရာ့Website မှာ academic background လေးကို သေချာ update ဖြစ်စေချင်ပါတယ်.. 🧐🧐
နောက်ပြီး NCC (UK) မှ IDEC, IADCS ဆိုတာကို ဆရာ ဘာ့အတွက် အဲ့ဒီပလိုမှာတွေ ယူတယ်မသိပေမယ့် လက်ရှိယူကေမှာတော့ အဲ့ဒါက ဆယ်ယောက်မေးလို့ ကိုးယောက်သိနိုင်ခဲတဲ့ ဒီပလိုမာတွေပါ ဆရာ.. အဲ့လိုမသိကြရတာကလည်း ဒီဒီပလိုမာကြီးက သိပ်ခက်/ သိပ်တော်မှရကြလို့ မဟုတ်ဘဲ နာမည်ကို မကြီး လူကြိုက်ကို မများလှတာပါဆရာ.. ပိုက်ဆံရှိရင်တော့ ရှိသမျှ ဒီပလိုမာအကုန်တက်လည်း ဘာမှတော့ မဖြစ်ပါဘူးဆရာ.. အခုလို ပရိုဖိုင်မှာ အရှည်ကြီးထည့်လို့ရတာလည်း တင့်တယ်တာပဲ မဟုတ်လား ဆရာ..🤔
ဆရာလင်းသိုက်ညွှန့်ရဲ့ Diploma တွေအကြောင်းဆက်ရရင် " Association of Business Executives (UK) မှ၊ Advanced Diploma in Business Management တို့ကိုရရှိခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လတွင် Association of Business Executives (UK) ၏ Advanced Diploma in Business Management စာမေးပွဲ SHRM ဘာသာရပ်၌ ကမ္ဘာ့အမှတ်အများဆုံး (World First) ရရှိခဲ့သည်။" လို့ ရေးထားပါတယ်..
တကယ်ဆို Association of Business Executives (UK) မှ၊ Advanced Diploma in Business Management ရပြီး ထိုစာမေးပွဲတွင် SHRM ဘာသာရပ်၌ ကမ္ဘာ့အမှတ်အများဆုံး (World First) ရရှိခဲ့သည်။ လို့ ရေးရင်ရော မလုံလောက်နိုင်ဘူးလားရှင့်.. အခုက မသိရင် Advanced Diploma နှစ်ခု နှစ်ခါရသယောင်ကြီး ဖြစ်နေပါတယ်ရှင့်.. အကယ်၍ ပိုရှည်ရှည်ရေးချင်ရင်တော့ SHRM ကိုပါ Strategic Human Resource Management လို့ ရေးလို့ရပါတယ်လို့ ထွန်ကျူးပါရစေဆရာ.. 😄😄
ခုက SHRM ကလည်း ရုတ်တရတ်ဖတ်ရင် နာမည်ကြီး Society of Human Resources Management (SHRM certified) လိုပါ ဖြစ်နေတော့ အားရစရာကြီးပေါ့ဆရာ.. ABE နဲ့ SHRM ဘယ်နှစ်ဆလောက် ဘယ်လိုကွာပြီး ဘယ်ဟာက ဘယ်လိုပိုခက်တယ်ဆိုတာတော့ HR လောကထဲက လူတွေ အသိဆုံးနေမှာပါ ဆရာ.. ယူကေမှာတော့ ABE ဒီပလိုမာက အသိအမှတ်အပြုမခံရဘူးလားဆို အသိအမှတ်တော့ ပြုပါတယ်ဆရာ.. ဒါပေမယ့် အဲ့ဒီပလိုမာကြီး ကိုင်ပြီး မာစတာပြေးတက်ခွင့်ပေးတဲ့တက္ကသိုလ်ကတော့ အင်မတန်မှကို လက်ချိုးရေလို့ ရပါတယ်ဆရာ.. ABE မှာ တဘာသာတည်းမကလို့ ဘာသာစုံ world First ရလည်း ရိုးရိုးဘွဲ့ရသူနဲ့ ယှဉ်ရင် ရိုးရိုးဘွဲ့ရသူကမှ မာစတာတန်းတက်ခွင့်ရကြောင်း ပိုများနိုင်ကြောင်းလေးတော့ ကြုံတဲ့အခါ ထည့်ပြောပေါ့ ဆရာ.. မကြုံလည်း ရှိပါစေ ဆရာ.. ပိုးရဲ့ ABE Advanced Diploma လက်မှတ်ကတော့ ဖုန်တောင် တက်နေပေမယ့် ABE Dip လေးတစ်ခုရတာ မဟာအရှည်ကြီး ရေးလို့ရကြောင်း အခုလို သင်ယူလေ့လာခွင့်ရတာလည်း အင်မတန် ဝမ်းသာမိပါတယ်ဆရာ..😁😁
လျှာရှည်လက်စနဲ့ ဆက်လျှာရှည်ရရင် ဆရာ့ရဲ့ www.lynnthaiknyunt.com က ဆရာ့ရဲ့ ကိုယ်ရေးအကျဉ်းမှာလေ တက္ကသိုလ်ကို Univeristy လို့ ရေးထားပြီး စာလုံးပေါင်းကြီး မှားနေတယ်ရှင့်.. အားတဲ့အခါကျ ပြင်ပါဦးဆြာ.. 😁😁😂
(ဒါက အားလို့ရေးတဲ့စာ.. ခဏနေ ပြန်ဖျက်မှာနော်.. ) 😝
အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းပါ အချက်ကို ကန့်ကွက်နေကြ
အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်နိုင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်နေကြ
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အချက်မှာတော့ လက်ထပ်ဖို့ ပဋိဉာဉ် ပြုနိုင်တဲ့ အသက်အရွယ်က ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ် ဆိုတဲ့ အချက်ကို ဖြုတ်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေအပေါ် ကန့်သတ်ထားချက်၊ ကလေးသူငယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ရရှိစေဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။
ဒီဥပဒေကြမ်း ပုဒ်မ ၂၃ မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်ဟာ သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေမှာ သတ်မှတ်တဲ့အတိုင်း ဖြစ်စေရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိမ်းမြားလက်ထပ်ရာမှာ စာချုပ်ချုပ်ဆို လက်ထပ်မယ်ဆိုရင် ပဋိဉာဉ် ပြုနိုင်တဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်လို့ ပြဌာန်းပါရှိပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ် ဆိုတဲ့အချက်ကိုဖြုတ်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က "ကျွန်မတို့ ရှင်းရှင်းလင်းလင်းသိပြီး ပြောနိုင်တာကတော့ ပုဒ်မ ၂၃ ရဲ့ ဆိုလိုရင်းက လက်ထပ်ထိမ်းမြှားတာဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေအရ ဆောင်ရွက်နိုင်တယ်။ တည်ဆဲဥပဒေအရလည်း ဆောင်ရွက်နိုင်တယ် လို့ ဆိုထားတာပါ၊ ပြောချင်တာက အသက် ၁၈ နှစ်အောက်တွေဟာ လက်ထပ်နိုင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလို့ " လို့ ဆိုပါတယ်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းနိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်ထဲက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ ဓလေ့ရိုးရာထဲမှာ တချို့ ရိုးရာတွေကို ပြင်သင့်တာ ပြင်နေချိန်မှာ အခုလို အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမယ်ဆိုတဲ့ ဟန့်တားချက်ကို ဖြုတ်လိုက်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာတွေကို အားပေးရာ ရောက်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံတကာမှာ ကောက်ခံထားတဲ့ စစ်တမ်းတွေအရ အသက်မပြည့်ပဲ အိမ်ထောင်ပြုသူတွေမှာ အမျိုးသားက နည်းပြီး အမျိုးသမီးက ၉၅ ရာခိုင်နှုန်းအထိရှိနေလို့ အမျိုးသမီးငယ်တွေအပေါ် ပိုထိခိုက်တဲ့အပြင် စာသင်ခန်းပြင်ပ ရောက်နေသူတွေကိုပါ အသက်မပြည့်ဘဲ အိမ်ထောင်ပြုဖို့ အားပေးရာရောက်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မစန္ဒာသန့်က ပြောပါတယ်။
ကန့်ကွက်ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက "ဒီဟာက ၁၈ နှစ်အောက်ကို ဓလေ့ထုံးတမ်းအရ ခွင့်ပြုလိုက်သလို ဖြစ်စေတာမို့ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေတယ်" လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြု ဆွေးနွေးခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ထပ်မံဆွေးနွေးရဦးမှာ ဖြစ်ပြီး အဲ့ဒီအဆင့်ရောက်ရင် တင်ပြ ကန့်ကွက်မှုတွေ ဆက်လုပ်သွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ အရပ်ဘက် အဖွဲ့တချို့က ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဈေးရုံမှာ နို့လှန်တိုက်တာ တားခံရတဲ့ ကိစ္စ အုတ်အော်သောင်းတင်း ဖြစ်
အိန္ဒိယနိုင်ငံမှာ ကလေးမိခင်တွေ လူမြင်ကွင်းမှာ နို့တိုက်တာ အဆန်းတော့ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားမြို့က ဈေးရုံကြီးတခုမှာ ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးခွင့် တားမြစ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ရေးသားခဲ့ရာကနေ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။
အဘီလာရှာ အာရပ် ဒက်စ်အာဒီကာရီ ဆိုတဲ့ အမျိုးသမီးက ဈေးရုံကြီးထဲမှာ သူ့ကလေးကို နို့လှန်တိုက်ဖို့ လုပ်နေတာကို ဈေးရုံ အာဏာပိုင်တွေက လာတားမြစ်ခဲ့ပြီး အိမ်သာထဲမှာ နို့သွားတိုက်လို့ လာပြောခဲ့တယ် ဆိုတဲ့အကြောင်း ဈေးရုံရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရင် ရေးခဲ့တာပါ။
အဲဒီဈေးရုံမှာ ကလေးနို့တိုက်ဖို့ နေရာ ရယ်လို့ သတ်သတ်မှတ်မှတ် ထားထားတာမျိုး မရှိဘူးလို့ သူက မကျေမနပ် ပြောထားပါတယ်။
ဒါကို ဈေးရုံ မန်နေဂျာက ကလေးနို့တိုက်တဲ့ အလုပ်ဟာ ကိုယ့်အိမ်မှာ ကိုယ်အပြီး လုပ်ရမယ့် ကိစ္စမျိုး ဖြစ်တယ်။ အစီအစဉ် ချပြီး ကလေးကို အိမ်မှာသာ နို့ကြိုတိုက်ခဲ့ရင် အပြင်မှာ ရုတ်တရက် နို့လှန်တိုက်စရာ လိုမှာ မဟုတ်ဘူးလို့ တုံ့ပြန် ရေးခဲ့ရာကနေ ဝေဖန်သံတွေ ဆူဆူညံညံ ပေါ်ထွက်လာခဲ့တာပါ။
အဲဒီနောက်မှာတော့ အဲဒီ တုံ့ပြန် ရေးသားချက်တွေကို ပြန်ဖျက်လိုက်တာ တွေ့ရပါတယ်။
ဒါပေမယ့် လူတွေက ဓာတ်ပုံရိုက်ပြီး အချင်းချင်း ပြန်ဖြန့်ခဲ့ကြတာမို့ လူတွေအကြား ဒီအကြောင်း ပျံ့နှံ့သွားခဲ့ပြီး ဖြစ်ပါတယ်။
ဂရီဟာလက်ရှ်မီး မဂ္ဂဇင်းပါ မျက်နှာဖုံးပုံကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သံတွေ ဆူဆူညံညံ ပေါ်ထွက်ခဲ့
ဈေးရုံ အာဏာပိုင်တွေက ဒီကိစ္စအတွက် ပြန်တောင်းပန်ခဲ့ပြီး ဖေ့စ်ဘုတ်ပေါ်က တုံ့ပြန် ရေးသားချက်ဟာ သူတို့ရဲ့ ခွင့်ပြုချက် မပါဘဲ ရေးခဲ့တာလို့ ပြန်ဖြေရှင်းခဲ့ပါတယ်။
သူတို့ ဈေးရုံက အထပ်တိုင်းမှာ ကလေးနို့တိုက် အနှီးလဲဖို့ အခန်း ထားထားပေးပါတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း ကလေးမိခင် အတော်များများကတော့ ဈေးရုံတွေမှာ သူတို့ကလေးတွေကို နို့တိုက်ဖို့ နေရာ အခက်အခဲ ရှိပုံတွေကို တုံ့ပြန် ရေးခဲ့ကြပါတယ်။
မိခင် တဦးက ဆိုရင် ကလေး ကိစ္စဟာ အိမ်မှာပဲ လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။ ကလေး အသက်ရှင်အောင် လိုတဲ့အချိန် နို့ချို တိုက်ကျွေးရမှာပဲလို့ ဒေါသတကြီး တုံ့ပြန် ရေးထားပါတယ်။
နောက်တယောက်ကလည်း ကိုယ့်ကလေးကို အိမ်မှာ နို့တိုက်ပြီးမှ ကလေးအမေတွေကို ဈေးရုံမှာ ဈေးဝယ်ခွင့် ပြုမှာလားလို့ မေးခွန်းထုတ်ထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆာရီဝတ် အမျိုးသမီးအတော်များများဟာ လူမြင်ကွင်းမှာ နို့တိုက်တဲ့အခါသူတို့ရဲ့ ဆာရီကို အကာအကွယ် ယူပြီး နို့တိုက်လေ့ ရှိပါတယ်။
လူဦးရေ တဘီလျံခွဲ နီးပါး ရှိတဲ့ အိန္ဒိယ နိုင်ငံမှာ အများသွားလာတဲ့ နေရာတွေ၊ ဆောက်လုပ်ရေး နေရာတွေ၊ လမ်းဘေးတွေမှာ မိခင်တွေ နို့တိုက်တဲ့ မြင်ကွင်းဟာ အဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့် လူမြင်ကွင်းမှာ မိခင် နို့တိုက်တဲ့ ကိစ္စကတော့ ကမ္ဘာတဝန်းမှာ အငြင်းပွားစရာ ကိစ္စတရပ် အဖြစ် ရှိနေဆဲပါ။
အခုနှစ် အစောပိုင်းတုန်းက မော်ဒယ် အမျိုးသမီး တဦး ကလေးနို့တိုက်နေတဲ့ ပုံကို အိန္ဒိယ မဂ္ဂဇင်း တခုရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ရာမှာ မတူကွဲပြားတဲ့ တုံ့ပြန် ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com/burmese
မြန်မာပြည်မှာ ပြင်မရတဲ့ အရာနှစ်မျိုးပဲရှိတယ်
မြန်မာပြည်မှာ ပြင်မရတဲ့ အရာနှစ်မျိုးပဲရှိတယ်
`မသိသူ​ကျော်​သွားသိသူ​ဖော်​စား´
ဟိုးတစ်​​လောကမန္တ​လေးကမိတ်​​ဆွေတစ်​​ယောက်​က​ပြောပါတယ်​။မြန်​မာပြည်​မှာ​ကျောက်​ကပ်​ပျက်​စီးကြတဲ့သူ​တွေတစ်​​နေ့ထက်​တစ်​​နေ့ပိုပိုများလာပါတယ်​တဲ့။
မန္တ​လေးတစ်​မြို့ထဲမှာတင်​​ကျောက်​ကပ်​ပျက်​စီးသူ​တွေအများကြီးပါပဲတဲ့။တစ်​ချို့ဆိုရင်​​ကျောက်​ကပ်​က၁၀%​လောက်​ပဲအလုပ်​လုပ်​​တော့တဲ့အတွက်​မကြာခဏ​ကျောက်​ကပ်​​ဆေး​နေရလို့ပိုက်​ဆံအရမ်းကုန်​ပါတယ်​တဲ့။ဒါ​ကြောင့်​သဘာဝနည်းနဲ့​ကျောက်​ကပ်​ပြန်​လည်​​ကောင်းမွန်​လာ​စေနိုင်​တဲ့နည်းလမ်းကိုအများပြည်​သူအကျိုးအတွက်​ရှာကြံပြီး​ဝေမျှ​ပေးပါလို့​တောင်းဆိုလာပါတယ်​။
တိုက်​တိုက်​ဆိုင်​ဆိုင်​ပါပဲ၊ကျွန်​​တော့်​အမျိုးသမီးနဲ့ပတ်​သက်​ပြီးတရုတ်​ဆရာဝန်​မကြီးတစ်​​ယောက်​နဲ့အဆက်​အသွယ်​ရခဲ့ပါတယ်​။သူဟာတရုတ်​ပြည်​မှာနာမည်​ကြီးစာရင်းဝင်​ဆရာဝန်​မကြီးတစ်​​ယောက်​ပါ။တရုတ်​ဆရာဝန်​​တွေကအ​နောက်​တိုင်း​ဆေးပညာကိုတရုတ်​ရိုးရာတိုင်းရင်း​ဆေးပညာနဲ့​ပေါင်းစပ်​ပြီးတရုတ်​ဘာသာစကားနဲ့သင်​ကြားခဲ့ရတဲ့အတွက်​ဘက်​စုံနှံ့စပ်​​အောင်​သိကြသူ​တွေဖြစ်​ပါတယ်​။မျက်​နှာကြည့်​လိုက်​ရင်​​သော်​၄င်း၊လက်​​ကောက်​ဝတ်​ကိုစမ်းလိုက်​ရင်​​သော်​၄င်းဘာဖြစ်​​နေတယ်​ဆိုတာကိုဒက်​ကနဲ​ပြောနိုင်​ပါတယ်​။
တရုတ်​ဆရာဝန်​မကြီးကို​ကျောက်​ကပ်​ပျက်​စီးမှုအ
ကြောင်းကို​မေးမြန်းလိုက်​ပါတယ်​။ကျောက်​ကပ်​ပျက်​စီး​နေကြရတာဟာကိုယ်​တွင်းအဆိပ်​​တွေမျိုးစုံ​ကြောင့်​ဖြစ်​ရတာဖြစ်​​ကြောင်း၊ဓာတု​ဗေဒ​ဆေး​တွေကို​ရေရှည်​​သုံးစွဲသူ​တွေ​ကျောက်​ကပ်​ပျက်​စီး​ကြောင်း၊သဘာဝမဟုတ်​တဲ့​ဆေး​တွေကိုသတိထားဖို့လို​ကြောင်း၊အဆိုးဆုံးက​တော့Capsule​တွေကိုပလပ်​စတစ်​ဖြင့်​ပြုလုပ်​ထားရင်​အရမ်းကိုဥပဒ်​ဖြစ်​တတ်​​ကြောင်း၊ဖြည့်​စွက်​​ဆေး​တွေကိုလည်းသဘာဝမဟုတ်​ရင်​မသုံးသင့်​​ကြောင်း၊ဖြည့်​စွက်​​ဆေးဆိုတိုင်းလည်းမိမိရဲ့ဇီဝကမ္မဖြစ်​စဉ်​နဲ့သဟဇတဖြစ်​ချင်​မှဖြစ်​တတ်​​ကြောင်း၊လူတိုင်းနဲ့တည့်​မှာမဟုတ်​​ကြောင်းစသည်ဖြင့်အများကြီး​​ပြောသွားပါတယ်
ဒီ​တော့​ကျောက်​ကပ်​ပျက်​စီးတဲ့သူ​တွေသဘာဝအတိုင်းပြန်​​ကောင်းရ​အောင်​ဘယ်​လိုလုပ်​ရမလဲဆရာမကြီးလို့​မေးလိုက်​ပါတယ်​။ကျောက်​ကပ်​ပြန်​​ကောင်းဖို့အတွက်​တရုတ်​​တွေအားထားဆုံးက​တော့Chinese Yam ပြဲဖစ်​ပါတယ်​တဲ့။Chinese Yamမှာပါတဲ့အင်​ဇိုင်း​တွေက​ကျောက်​ကပ်​ကိုပြန်​လည်​တည်​​ဆောက်​​ပေးနိုင်​​ကြောင်း​များများစားစရာမလိုဘဲတစ်​​နေ့ကို၁လက်​မ​လောက်​စား​ပေးတာနဲ့​ကျောက်​ကပ်​ကတဖြည်းဖြည်းပြန်​​ကောင်း​လာနိုင်​​ကြောင်း၊​ကျောက်​ကပ်​ပျက်​စီး​နေသူ​တွေ​ရော​ကျောက်​ကပ်​ကိုကာကွယ်​ထားလိုသူ​တွေ​ရောစားသင့်​​ကြောင်းဆရာမကြီးက​ပြောပြပါတယ်​။ကျွန်​​တော်​တို့မြန်​မာပြည်​မှာမရှိဘူးဆရာမကြီးလို့ဆို​တော့တစ်​ကမ္ဘာလုံးမှာရှိပါတယ်​တဲ့။ကျောက်​ကပ်​ပျက်​စီး​နေသူ​တွေဟာ​ရှောင့်​သင့်​တာ​တွေကို​ရှောင်​ပြီးchinese yam ကိုပုံမှန်​စားသွား​စေချင်​ပါတယ်​တဲ့။
အဲဒီလိုဆို​တော့Chinese Yam ဆိုတာဘာလဲဆိုတာကိုလိုက်​ရှာရ​တော့တာ​ပေါ့ဗျာ။Google​တွေUtube​တွေမှာအသည်းအသန်​လိုက်​ရှာရပါ​တော့တယ်​။တွေ့ပါပြီ၊​တွေ့ဖူး​နေတယ်​၊အ​တော်​ကိုရင်းနှီး​နေသလိုပဲ။Memoryပြန်​​ခေါ်ပြီးစဉ်းစားခန်းဝင်​လိုက်​​တော့ငယ်​ငယ်​ကကျိုက်​ထီးရိုးတက်​တုန်းကမြင်​ဖူးခဲ့တာကိုအမှတ်​ရတယ်​။အခု​နောက်​ပိုင်းမှာ​ခေတ်​စားတဲ့အကင်​ဆိုင်​​တွေမှာ​ရောင်းတာကိုသတိထားမိတယ်​။တရုတ်​​ဟော့​ပေါ့ဆိုင်​​တွေမှာလည်း​တွေ့မိတယ်​၊market place,city mart​တွေမှာလည်း​ရောင်းတာကိုမျက်​လုံးထြဲမင်​လာတယ်​။ဒါ​ကြောင့်​အနီးဆုံးcity mart ကို​ပြေးပြီးသွားရှာ​တော့​တွေ့ပြီးဝယ်​လာပါတယ်​။
Chinese Yam ကို​တွေ့ရခဲ့ပြီ။အလွန်​​ကောင်းတယ်​ဆိုတာကိုလည်းတရုတ်​ဆရာဝန်​မကြီး​ကျေးဇူး​ကြောင့်​သိခဲ့ရပါပြီ။သို့​သော်​မြန်​မာပြည်​သူလူထုသိဖို့အတွက်​ကမြန်​မာအမည်​ဖြစ်​မှရမှာ​လေ။ဒါ​ကြောင့်​နည်း​မျိုးစုံနဲ့လိုက်​စုံစမ်းရ​တော့တာ​ပေါ့။မြန်​မာအမည်​က​တော့ကဒက်​ဥပါတဲ့။ရခိုင်​​တွေက​တော့သင်း​ဖောဥလို့​ခေါ်ကြပါတယ်​၊သင်းဒက်​ဥလို့လည်း​ခေါ်တယ်​လို့သိရပါတယ်​။အချို့​ဒေသ​တွေမှာ​တော့​တော​မျောက်​ဥလို့လည်း​ခေါ်ပါတယ်​တဲ့။တောကမိတ်​​ဆွေ​တွေကို​မေးကြည့်​​တော့တို့​တောမှာ​ပေါလွန်းလို့ကွာတဲ့။ပိန်းဥ​လိုပဲဟင်းချိုလုပ်​​သောက်​ကြတယ်​၊အာလူးလိုလည်း​ကြော်​စားကြတယ်​။တရုတ်​လူမျိုး​တွေက​တော့ဝက်​နံရိုးနဲ့စွပ်​ပြုတ်​လုပ်​​သောက်​ကြ​ကြောင်းသိရပါတယ်​။နဲနဲပြုတ်​လိုက်​တာနဲ့စားလို့ရပါပြီ။
အဲ့​လောက်​နဲ့ကျွန်​​တော်​ကမ​ကျေနပ်​​သေးဘူးဗျ။အင်​တာနက်​က​နေအ​သေးစိပ်​ထပ်​​လေ့လာပါတယ်​။အဲဒီမှာဘာသွား​တွေ့Chinese Yam ဟာ​ကျောက်​ကပ်​တစ်​ခုတည်းသာမကအဆုတ်​၊အစာအိမ်​၊သရက်​ရွက်​တို့ကိုလည်းပြန်​​ကောင်း​စေနိုင်​​ကြောင်းခန်းခန်းနားနား​ဖော်​ပြထားပါတယ်​။အဲဒီကလီစာ၎ခုအပြင်​အခြား​သောကလီစာ​တွေကိုလည်းသူ့မှာပါတဲ့အင်​ဇိုင်း​တွေဟိုမုန်း​တွေနဲ့ပံ့ပိုးသမှုပြု​ပေးပါ​သေးတယ်​။chinese Yam(ကဒက်​ဥ)ကတစ်​ပင်​လုံးတန်​ဖိုးရှိတာဖြစ်​ပြီး​အောက်​ပါအကျိုး​ကျေးဇူးများကိုရရှိမှာဖြစ်​​ကြောင်း​သေ​သေချာချာ​ပြောထားပါတယ်​။
၁)Energy ကိုမြှင့်​တင်​​ပေးခြင်း
၂)ပင်​ပန်းနွမ်းနယ်​မှုကို​ပျောက်​​စေခြင်း
၃)ရင်​ကျပ်​ပန်းနာကိုသက်​သာ​စေခြင်း
၎)​ချောင်း​ခြောက်​ဆိုးခြင်းကို​ပျောက်​​စေခြင်း
၅)သံ​ကောင်​တုတ်​​ကောင်​များကိုဖယ်​ရှား​ပေးခြင်း
၆)ကိုယ်​အ​လေးချိန်​​လျှော့ချ​ပေးခြင်း
၇)ဝမ်းတွင်းအပူအပုပ်​များကိုဖယ်​ရှား​ပေးခြင်း
၈)ဆီး​ကောင်း​စေခြင်း
၉)အရိုးပွမှုကိုကာကွယ်​ခြင်း
၁၀)သိုင်းရွိုက်​ဟိုမုန်း​ရေချိန်​ညှိ​ပေးခြင်း
၁၁)​သွေးတွင်းသကြားဓာတ်​ကိုညှိ​ပေးခြင်း
၁၂)သည်း​ခြေ​ရောင်​ရမ်းမှုမဖြစ်​​အောင်​ကာကွယ်​ခြင်း
၁၃)အူကျန်းမာ​ရေးကို​စောင့်​​ရှောက်​ခြင်း
၁၄)အတွင်း​ကြေမှုများကိုပြန်​​ကောင်း​စေခြင်း
၁၅)ကင်​ဆာဆဲလ်​များကိုသတ်​​ပေးခြင်း
၁၆)စိတ်​ခံစားမှု၊မငြိမ်​သက်​မှုများကို​ကောင်း​စေခြင်း
၁၇)အစာ​ကြေ​စေခြင်း
၁၈)နာတာရှည်​ဝမ်း​လျောမှုကို​ပျောက်​​စေခြင်း
၁၉)​သွေးဆုံးကိုင်​ခြင်းကိုသက်​သာ​စေခြင်း
၂၀)အသရိုက်​တစ်​ကိုသက်​သာ​စေခြင်း
၂၁)ဇီဝကမ္မဖြစ်​စဉ်​ကိုထိန်း​ပေးခြင်း
၂၂)ဗိုက်​ကြွက်​သားလိပ်​တက်​ခြင်းကိုကာကွယ်​ခြင်း
၂၃)တစ်​သျူးအသစ်​များ​မွေး​ပေးခြင်း
၂၄)အဆစ်​အမျက်​နာကျင်​ကိုက်​ခဲမှုကိုသက်​သာ​စေခြင်း
၂၅)​ကော်​လက်​စ​တြော​ရေချိန်​ကိုညှိ​ပေးခြင်း
၂၆)အင်​တီ​အောက်​ဆိဒင့်​ကြွယ်​ဝခြင်း
၂၇)အရွက်​ရည်​က​မြွေကင်းအဆိပ်​ကိုပင်​​ဖြေ​ပေးနိုင်​ခြင်းစသည်​ဖြင့်​​ကောင်းကျိုးများစွာရရှိနိုင်​​ကြောင်း​ဖော်​ပြထားတာကို​တွေ့ရပါတယ်​။
တရုတ်​လူမျိုး​တွေကမ​ကောင်းရင်​ဘယ်​​တော့မှမသုံးဘူး။ကောင်းလွန်းလို့သာတန်​ဖိုးထားတာဖြစ်​တယ်​။သူတို့ဘာ​ကြောင့်​အသက်​တအားရှည်​ကြရတာလည်းဆိုတဲ့​မေးခွန်း​ရဲ့အ​ဖြေဟာ​ရှေး​ရှေးကတည်းကသူတို့ရဲ့ရိုးရာနည်းလမ်း​တွေကိုတန်​ဖိုးထားပြီးဆက်​လက်​ကျင့်​သုံး​နေကြလို့ပြဲဖစ်​ပါတယ်​။ကျွန်​​တော်​တို့မြန်​မာ့​မြေ​အောက်​မှာလည်းကဒက်​ဥ​တွေအများကြီးရှိ​နေ​ပေမဲ့မသိသူ​ကျော်​သွားသိသူ​ဖော်​စားအဆင့်​မှာပဲရှိ​နေပါတယ်​။မြန်​မာ​တွေ​လည်း​ဒါကိုအတုယူသင့်​ပါတယ်​မြန်​မာ​တွေ​ဖော်​စားကြဖို့တစ်​​ယောက်​နဲ့တစ်​​ယောက်​လက်​တို့​ပေးကြဖို့​ကောင်းပါတယ်​။Sharingလုပ်​​ပေးခြင်းဖြင့်​ကုသိုလ်​ယူကြပါ။ကျွန်​​တော့ကိုအလင်းပြ​ပေးတဲ့တရုတ်​ဆရာဝန်​မကြီးကို
လည်းအထူးပဲ​ကျေးဇူးတင်​ပါတယ်​။မြန်​မာပြည်​သူများကျန်းမာသုခနဲ့ပြည့်​စုံကြပါ​စေ။
Crd ကိုမင်း​ကျော်​ဝင်း(Min Kyaw Win)
ချစ်​ခင်​​လေးစားလျှက်​............
ဆရာဝန်​များအတ္တဆန်​ခဲ့တာ​ကြောင့်​ ကျောင်းသားတစ်ဦး အသက်​ပေးလိုက်​ရ
 Thutasone
#Unicode Version#
ယခုလိုဆရာဝန်မျိုးတွေနဲ့ မိဘပြည်သူများ နောက်နောင်မတွေ့ပါရစေနဲ့ လူစ်တ်မရှိတဲ့ဆရာဝန်များ မိသားစုများအပါဝင် သူတို့ပါဝဋ်လည်နိုင်ပါစေ ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးအစိုရ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန များအနေဖြင့် ယခုလိုဆရာဝန်များကို ထိရောက်စွာ အရေးယူဖို့လိုမည်။
အထက်အကြောင်းရာပါကိစ္စနှင့်ပတ်သက်၍ပဲခူးတိုင်းဒေသကြီးမိုးညိုမြို့နယ် ၊ကျောက်ဝအုပ်စု သိမ်ကုန်းကျေးရွာနေ (အဘ) ဦးသန်းဌေး၏သားဖြစ်သူ မောင်စိန်ဝင်း (ခ)မောင်စွမ်းထက်အောင်သည် နဝင်မတန်းအရွယ်ဖြင့် ပညာသင်ယူနေစဉ်….
(16-11-2018)ကျေးရွာနေအိမ်၌ အူအတက်ပေါက်၍(17)ရက်နေထိ(2)ရက်ကြာခဲကြောင်းသိရသည်။ (18)ရက်နေ့တွင်ပတ္တော်အုပ်စု တိုက်နယ် ပြည်သူဆေးရုံတွင်ဆေးကုသမူခံယူ ရာတွင်ဆေးရုံမှဆရာဝန်နှင့် လက်ထောက်ဆရာဝန်များတို့သည် ပြုစုစောင့်ရှောက်မူလိုအပ်မူကြောင့်
လူနာစောင့် ဖခင်ဖြစ်သူနှင့် မိခင်တို့မှ သားဖြစ်သူ၏ဝေဒနာကိုမခံစားနိုင်၍ မကြာခဏ ဆရာဝန်များကိုသွားပြောရာတွင် ခဏခဏလာပြောရမလားဆိုရာ ဆရာဝန်များက စိတ်တိုလာ၍ ကျွန်မတို့ကုတာမကြိုက်ရင် ကြိုက်တဲ့ဆေးရုံကို ပြောင်းတက် ဘယ်တော့မှ ဆေးရုံကိုလာနဲ့ဟု ဆရာဝန်များက မောင်းထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။
မောင်းထုတ်ခံလိုက်ရသော  မောင်စိန်ဝင်း (ခ)မောင်စွမ်းထက်အောင် မိခင် ဖခင်တို့မှာ ငွေကြေးမတတ်နိုင်တဲ့မိသားစုတစ်ခုဖြစ်ပါတယ် ဆရာဝန်များဆဲဆိုမောင်းထုတ်ခဲ့ပြီးနောက်….
3ရက်မြောက်နေ့တွင် ၎င်းဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်မက သူမ၏မြို့ကိုပြန်သွားခဲ့ပြီး ကျန် 4ရက်တို့မှာ ယခုလူနာကိုဖုန်းဖြင့် ညွန်ကြားကာဆေးကုသမူပေးခဲ့ကြောင်းသိရှိရသည်။
သို့သော်လည်း လူနာအခြေနေမှာ ပို၍ဆိုးလာသဖြင့် လွဲစာကိုဖုန်းဖြင့်တောင်းကာ 23 ရက်နေ့တွင် သိမ်ကုန်းကျေးရွာမှ ဆရာတော်ဦးဆောင်၍ ပြည်မြို့ပြည်သူ့ဆေးရုံသို့ အခမဲ့ပို့ဆောင်ခဲ့ကြပြီး 26ရက်နေ့တွင် ၎င်းလူနာကိုခွဲစိတ်ကုသ၍27ရက်နေ့ ညနေ 3နာရီအချိန်ခန့်တွင် ကွယ်လွန်သွားခဲ့ပါသည်။
သို့ဖြစ်ပါ၍ မိခင်စိတ် လူသားကိုချစ်မြတ်နိုးတဲ့စိတ်မရှိသည် ဆရာဝန်တို့အား အရေးယူတောင်ရွက်ပေးနိုင်စေရန် တင်ပြအပ်ပါသည်။်ပြည်သူဆေးရုံသို့ဆေးကုသမုခံယူရာတွင်ဆရာဝန်နှင့်လက်ထောက်များလို့ သတင်းတွေ့ရှိပါသည်။
Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း…
အသုံးဝင်ပုံ…
-ဆီးချိုရောဂါသည်၊
-အသက်ကြီးရင့်သူ၊
-ဘီတာမင်ဘီ ချို့တဲ့သူ၊
-နာတာရှည် ရောဂါသည်၊
ဆေးညွှန်း…..
ဘေးထွက်ဆိုးကျိုး…..
-ချွေးထွက်များတာ
-နှလုံးခုန်မြန်တာ
-ရင်တုန်တာ
-အရေပြားယားယံတာ
-အင်ပြင်ထွက်တာ
MMLive
#Unicode Version#
Betex(Vitamin B1,B6,B12) အာရုံကြောအားဆေး
ဆရာ Betexဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား
ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား….
ဆရာဝန်နဲ့သွားပြတော့ ဒီဆေးကို ဆွဲသောက်ရမယ်ပြောပါတယ်။ကျနော်အသက်၃၅နှစ်၊အိမ်ထောင်မရှိပါ။အကြောင်းပြန်ပေးစေလိုပါတယ်။
Betexဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။ အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။
နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။
neurobion အပြာကဒ်၊neurorubin,neurovitဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။ ကွာခြားတာက ဈေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။
မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။
Betex က neurobionထက် သုံးဆမက ဈေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။
Betexထဲမှာ ပါဝင်တာတွေက-
Vitamin B1(thiamine mononitrate) 100mg
Vitamin B6(pyridoxine) 200mg
Vitamin B12(cyanocobalamine) 200mcg စတာတွေ ဖြစ်ပါတယ်။ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။
သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။
စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။
မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။
အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။
နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။ ပြုပြင်ပေးတယ်။
အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။
အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။
ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။
အသုံးဝင်ပုံ…
-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊
-ပူစပ်ပူလောင် ဖြစ်ခြင်း၊
-အာရုံကြောရောင်ရမ်းခြင်း၊
-အာရုံကြောအားနည်းခြင်း၊
ဗီတာမင်ဘီ လိုအပ်သူများ…
-အရက်အလွန်အကျွံသောက်သုံးသူ၊
-ဆီးချိုရောဂါသည်၊
-အသက်ကြီးရင့်သူ၊
-ဘီတာမင်ဘီ ချို့တဲ့သူ၊
-နာတာရှည် ရောဂါသည်၊
ဆေးညွှန်း…..
တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။
ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။
ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။
ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။
အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။
ဘေးထွက်ဆိုးကျိုး…..
-ချွေးထွက်များတာ
-နှလုံးခုန်မြန်တာ
-ရင်တုန်တာ
-အရေပြားယားယံတာ
-အင်ပြင်ထွက်တာ
Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။
ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။
မေးသူအတွက် ဖြေကြားချက်……
-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။
-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။
-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။
-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။
-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။
-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။
-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။
-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်
ရေကူးကန်ထဲက မထက်(K PoP)
 ရေကူးကန်ထဲက မထက်(K PoP)
လူခန္ဓာကိုယ်​စွမ်းအင်အတွက်​စားပါ ​ရှောင်​ပါ
လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့
လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့လျော့နည်းသွားပြီး ဦးနှောက် အလုပ် လုပ်ပုံကိုပါ ထိခိုက် လာစေသလို ​မောဟိုက်​လွယ်​ခြင်း ၊ ရင်​တုန်​ခြင်း ကိုယ်​လက်​မအိမသာဖြစ်​ပြီး စိတ်​မကြည်​ခြင်းပါ ဖြစ်​​ပေါ်လာနိုင်​သည့်​အတွက်​ မနက်​စာမစားမိခြင်းဖြစ်​ရပ်​ကို​ရှောင်​ခါ စားသုံးရပါမည်​ ။
ဆီများများအသုံးပြု့ခါ ချက်​ပြုတ်​ခြင်း၊ကြော်​​လှော်​မုန့်သ​ရေစာ​များ​ကြောင့်​ မိမိခန္ဓာကိုယ်​အ​လေးချိန်​ဝိတ်​​တက်​လာနိုင်​ပြီး စိတ်​ဖိအားကိုပါဖြစ်​​​ပေါ်နိုင်​သည်​ ။ ဒါ​ကြောင့် ​​ဆီ​ကြော်​အစားအစာများ ဆီပါဝင်​နှုန်းများ
သောအစားအစာများကို​လျှော့ခါ စားသုံးသင့်​ပါသည်​ ။
ရေနှင့်​​ဖျော်​စပ်​ထား​သော အချိုရည်​များ ၊ ​သစ်သီးများကို​ရေဖြင့်​စိမ်​ထား​သော​ရေများကို များများ​သောက်​ပြီး ​ရေသီးသန့်​ ​ရေသန့်​​ရေ​သောက်​သုံးခြင်းနည်းပါက ဦး​နောက်​အတွင်​လိုအပ်​​သော ​အောက်​စီဂျင်​နည်းပါးသဖြင့်
ဦး​နောက်​ကြည်​လင်​လန်းဆန်းမှု့ နည်းခြင်း ၊ ကိုယ်​အပူချိန်​ညီမျှ​ထိန်းသိမ်းစွမ်းအင်​နည်းပါးခြင်း နှင့်​အတူ အသားအ​ရေစို​ပြေမှု့အတွက်​ပါ ​လျှော့နည်းကျဆင်းပြီး ​ခြောက်​​စေပါသည်​ ။ ​ရေသီးသန့်​ကို များများ​သောက်​သုံးခြင်းသည့်​လည်း စိတ်​ကြည်​လန်းဆန်း​စေမှု့ဖြစ်​​ပေါ​စေပါသည်​ ။
ဟင်းချိုမုန့်​ ၊ သကြားနှင့်​ ဆားပါဝင်​များ​သော အစားအစာများ ၊ ဟင်းလျာများ စားသုံးတက်​ခြင်း အ​လေ့အထကို ​ရှောင်​ရှားစား​သောက်​သင့်​ပါသည်​ ။ အစားများခြင်းက သွေးဖိအားကို တိုးစေပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကတစ်ဆင့် မိမိ၏ စိတ်ညစ်ညူးမှု ဖြစ်လာ​စေသလို ကိုယ်​စိတ်​မအီမသာဖြစ်​ခြင်း ၊ နှလုံး​ခုန်​မမှန်​ခြင်း ၊ ​ခေါင့်းမကြည်​ခြင်းဖြစ်​​ပေါ်​စေပါသည် ။ ​မိမိကျန်းမာ​ရေး​ရေရှည်​အတွက်ပါ ​ဆိုးကျိုးများစွာသာ ဖြစ်​​ပေါ​စေ​သော​ကြောင့်​ သတိချပ်​ခါ ​ရှောင်​ရှားစားသုံးသင့်​ပါ​တော့သည်​ ။
Mg Mandalay
https://www.facebook.com/mg.mandalay
စံ - ဇာဏီဘို ၂၇-၁၁- ၂၀၁၈ မှ ၃- ၁၂- ၂၀၁၈
အင်္ဂါနေ့   မွေးသူများ
သောကြာနေ့     မွေးသူများ
စနေနေ့    မွေးသူများ
စာရေးသူ : စံဇာဏီဘို    (ဖုန်း-၆၄၁၆၃၉)
Kumudra
#Unicode Version#
တနင်္ဂနွေနေ့   မွေးသူများ
ပေါ်ပေါက်လာသောစိတ်ကူးတို့ကို  လက်တွေ့  ဆောင် ရွက်ပါ။   ဆုံးဖြတ် ချက်များ  မှန်ကန်မည်။  ရှေ့တိုးဆောင်ရွက်ပါ။   ပြဿနာများ    ဖြေရှင်း၍    အ ဆင်ပြေမည်။  ပစ္စည်းလှောင်ရန်  မသင့်။  မြုပ်နေသော    ငွေများ   ပြန်ဖော်ရန်   အခါကောင်း   ကျရောက်သည်။  မှတ်ပုံတင်၊   နိုင်ငံကူးလက် မှတ်    အစရှိသော    အရေးကြီးသည့်  စာရွက်စာတမ်းများ   စနစ်တကျ  သိမ်းဆည်းပါ။   ပျောက် တတ်သည်။   စာရွက်စာတမ်း   ဖျောက်ဖျက်ကာ   ပြဿနာဖြစ်အောင်   ဆောင် ရွက်သူများနှင့်  ကြုံမည်။
ယတြာ  ။      ။   တနင်္ဂနွေနေ့တွင်    ဘုန်းကြီးကျောင်းသို့   ခြေသုတ်ခုံလှူပါ။
တနင်္လာနေ့   မွေးသူများ
ရည်ရွယ်ချက်   အောင်မြင်မည်။     အခက်အခဲများ ကျော်လွှားနိုင်မည်။   ကုန်အကျခံပြီး    ကြိုးစားထားသည်များမှ  အဆင့်မြင့်တက်လမ်း   ပေါ်ထွန်း ထွန်းမည်။   မေတ္တာရေးကံကောင်းမည်။  အတတ်ပညာနှင့်  ဘဝတိုးတက်မှု များ    ဖြစ်ထွန်းမည်။  ယှဉ်ပြိုင်မှုများ   အောင်မြင်မည်။    လူမျိုးကွဲ   အမျိုးသမီး  တစ်ဦးနှင့်  ပူးပေါင်း၍  ဆောင်ရွက်သောကိစ္စမှ   အဆင့်မြင့်တိုးတက်မှုများ   ရရှိမည်။    ကူညီသူမိတ်ဆွေပေါမည်။   စန်းပွင့်မည်။   ပတ်ဝန်းကျင်တွင်   ထင်  ရှားမည်။   အရွယ်နှင့်မမျှ   တိုးတက်မှုများ     ရရှိမည်။
ယတြာ   ။       ။  တနင်္လာနေ့တွင်       ကော်ခွက်ဟောင်းများ      စွန့်ပစ်ပါ။
အင်္ဂ  ါနေ့   မွေးသူများ
စီစဉ်ထားသည်နှင့်   လက်တွေ့ကွာဟမည်။   ပေါ်ပေါက်လာသောအခြေ  အနေတို့ကို   အသုံးချ၍    လမ်းသစ်ထွင်ကာ   ဆောင်ရွက်ခြင်းဖြင့်    လိုရာ ဆောင်ရွက်နိုင်မည်။   ပြည်ပခရီးရှိမည်။   ပညာသင်တန်းနှင့်ပတ်သက်သော  ရည်ရွယ်ချက်များ    လက်တွေ့အကောင်အထည်ဖော်   အောင်မြင်မည်။   အ   ပြောင်းအလဲနှင့်   တက်လမ်းရှိမည်။   ပြည်ပမှ   အတတ်ပညာများ   သင်ကြား   တတ်မြောက်မည်။   ငွေမချေးရ။   သူများပြဿနာ  ကိုယ့်ပြဿနာဖြစ်တတ် သည်။    အကြီးအကဲအမျိုးသမီး    ကျန်းမာရေးအညံ့ရှိမည်။
ယတြာ  ။      ။  အင်္ဂ  ါနေ့တွင်   လီလီပန်း   ဘုရားကပ်လှူပါ။
ဗုဒ္ဓဟူးနေ့    မွေးသူများ
သူတစ်ပါးအပေါ်   မှီခိုအားထား၍    မရ။  ယုံကြည်လွှဲအပ်၍လုပ်လေ    ပြဿနာများလေ   ဖြစ်မည်။   ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်အား   ကိုယ်တိုင်  ဖြေရှင်းပါ။     လုပ်လက်စလုပ်ငန်းတို့တွင်   ဖြစ်ပေါ်နေသော   ပြဿ  နာများကို    ဖြေရှင်းပါ။   လုပ်ငန်းသစ်များ၊   ငွေကြေးမြှုပ်နှံမှုသစ်များ   စတင် ရန်  မသင့်။   အလုပ်တိုးတက်လင့်ကစား    တာဝန်ပိုများ   ကိုင်တွယ်ရမည်။    အ တတ်ပညာကို   အခြေတည်၍  ဘဝတိုးတက်မည်။  မိတ်ဆွေဟောင်းများနှင့်  ပြန်လည်တွေ့မည်။
ယတြာ  ။       ။  ဗုဒ္ဓဟူးနေ့တွင်   ဖျာအဟောင်းများ    စွန့်ပစ်ပါ။
ရာဟု  (ဗုဒ္ဓဟူးမွန်းလွဲ)   မွေးသူများ
အောင်မြင်သောကာလဖြစ်သည်။   လုပ်ကိုင်သမျှ    အဆင်ပြေမည်။     အ ခက်အခဲများ   ပြေလည်အောင်    ဆောင်ရွက်နိုင်မည်။   ယှဉ်ပြိုင်ပြီး    ဆောင် ရွက်သောကိစ္စမှန်သမျှ   အဆင်ပြေမည်။   အတတ်ပညာနှင့်  ဘဝတိုးတက် မည်။   အလုပ်အဆင့်  တိုးတက်မည်။   ရန်မနာလိုသူများအပေါ်   ရင်ဆိုင် အနိုင်ယူနိုင်မည်။    ပြည်ပခရီးကိစ္စ   ဆောင်ရွက်အဆင်ပြေမည်။   အလောတ ကြီး     ယာဉ်ကားမောင်နှင်ခြင်းမပြုရ။   မိဘအကြီးအကဲကျန်းမာရေးအညံ့ ရှိမည်။   ပြဿနာများကို       ထိပ်တိုက်ရင်ဆိုင်ပါ။
ယတြာ  ။      ။ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင်   လက်ဖက်ရည်ဒါနပြုပါ။
ကြာသပတေးနေ့     မွေးသူများ
ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် ဖြေရှင်းနိုင်မည်။   မနာလိုမုန်းထားရှိနေ  သူများထံမှ   အကူအညီရအောင်   ဆောင်ရွက်နိုင်မည်။   ပေါ်ပေါက်လာသော   အပြောင်းအလဲကိစ္စများ   ဆောင်ရွက်နိုင်မည်။   မိတ်ကောင်း   ဆွေကောင်း   အထောက်အကူရမည်။   လုပ်ရိုးလုပ်စဉ်မှ   ခွဲထွက်၍   ပုံစံသစ်နှင့်  ဆောင်ရွက်  ရာမှ  ထင်ရှားသော     အောင်မြင်မှုများ   ရရှိမည်။   အသစ်ပြောင်းလဲလာသော  သူနှင့်   ပူးတွဲအဆင်ပြေမည်။   ဝမ်းဗိုက်နှင့်ပတ်သက်သောပြဿနာများ    ဖြစ်မည်။
ယတြာ  ။        ။  ကြာသပတေးနေ့တွင်   ဖန်ကွဲ၊  မှန်ကွဲများ   ရှာဖွေစွန့်ပစ်ပါ။
သောကြာနေ့     မွေးသူများ
ပြဿနာဟောင်းများ    ပြန်လည်ဖြေရှင်းရမည်။   အေးချမ်းစွာ   နေထိုင်  သည့်    အနေအထားအပေါ်    အနှောင့်အယှက်များ  ကြုံမည်။   သူတစ်ပါး ကြောင့်ဖြစ်သော    ပြဿနာများ    ဖြေရှင်းနိုင်မည်။   အတွေးအခေါ်သစ်ကို   အ သုံးချ၍    အောင်မြင်မှုများ   ဖန်တီးနိုင်မည်။    အခွင့်အရေးနှစ်မျိုး  တစ်ပြိုင်နက်  တည်း    ပေါ်မည်။   ပေါ်ပေါက်လာသောအခွင့်အရေးတိုင်းသည်    ကိုယ့်အတွက်   လက်တွေ့အကျိုးရှိမည်  မဟုတ်၊  ချက်ချင်းဆုံးဖြတ်၍    အမှားအယွင်း  များ   ကြုံမည်။
ယတြာ  ။        ။  သောကြာနေ့တွင်   သီဟိုဠ်ညွန့်     ဘုရားကပ်လှူပါ။
စနေနေ့    မွေးသူများ
ယှဉ်ပြိုင်မှုများ    အောင်မြင်မည်။   အလေးအနက်ထား၍     ကြိုးစား ဆောင်ရွက်ခြင်းတို့၏   ကောင်းသောအကျိုးဆက်ကို   ရရှိမည်။   စုပေါင်းလုပ်  ငန်း   အကျိုးပေးမည်။   မိတ်ဆွေအကြီးအကဲများထံမှ  အထောက်အကူ ကောင်း   ရမည်။   ဖြစ်လိုသောအလိုဆန္ဒနှင့်  ရည်ရွယ်ချက်များကို    လက်တွေ့   အကောင်အထည်ဖော်နိုင်မည်။   ခရီးကိစ္စ၊   အပြောင်းအလဲကိစ္စများ   ဆောင် ရွက်    အဆင်ပြေမည်။     လှုပ်ရှားသွားလာပြီး   ရှေ့တိုးလုပ်ဆောင်ခြင်းများမှ    အဆင့်မြင့်တက်လမ်း   ရရှိမည်။
ယတြာ   ။    ။   စနေနေ့တွင်    အုန်းပန်းပွင့်    ဘုရားကပ်လှူပါ။             
  စံ-   ဇာဏီဘို    (ဖုန်း-၆၄၁၆၃၉)
လက်ဖဝါးမှာ ‘M’ အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်တယ်
Thadinyatkwat
#Unicode Version#
လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။
မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။
နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။
လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။
လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။
လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမိုအားကောင်းနေပါသေးတယ်။
ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။
ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။
ရှေးရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ပရောဖက်အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီး
သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်။
တကယ်တော့ ယောက်ကျားတွေ KTV၊ မာဆတ်သွားတယ်ဆိုတာ . . .
အဲ့ဒီက ၀န်ထမ်းမလေးတွေဖြစ်တဲ့ သံစဉ်၊ မြတ်နိုး၊ ကြယ်စင်၊ ဂျုလိုင်၊ စနိုး၊ လေပြေ တို့ရဲ့ နောက်ကွယ်က သူတို့ကို မှီခိုနေကြတဲ့ လေဖြတ်လို့ ဆေးကုနေရတဲ့ အသက် ၆၀ ကျော် အဖေကြီး၊ အိမ်တကာလှည့် အ၀တ်လျော်နေရတဲ့ ကျန်းမာရေးမကောင်းတဲ့ အမေ၊ ၃ တန်းတက်နေတဲ့ မောင်လေး၊ ဆယ်တန်းကျုရှင်မနေနိုင်တဲ့ ညီမလေး၊ အိမ်ငှားစာချုပ်ကပြည့်တော့မှာမို့ စပေါ်တင်ဖို့ငွေလိုနေသူတွေ စတဲ့ မပြည့်စုံ ဒုက္ခရောက်နေတဲ့ မိသားစုအများကြီးကို တဖက်တလမ်းကနေ သွားရောက် ကူညီထောက်ပံ့ ပရဟိတလုပ်နေတယ်ဆိုတာ မိန်းမတွေ နားမလည်ဘူးဗျ
ကဲ ယောက်ကျားတွေသာမသွားကြရင် နောက်ကွယ်က မိသားစုတွေ ဘယ်သူထောက်ပံ့ကူညီမလဲ . . . ပြောလေ ဟုတ်တယ်မလား
မိန်းမချင်းကိုယ်ချင်းစာကြမှပေါ့ . . .
သူတို့တွေ ဒုက္ခရောက်ရင် အစိုးရလည်း ခေါင်းကိုက်မှာပဲလေ
အိမ်လခမပေးနိုင်ရင် ကျုးတွေဖြစ်မယ် ကျုးကျော်ပြဿနာတက်မယ်၊ ကလေးတွေ ကျောင်းဆက်မထားနိုင်ရင် တိုင်းပြည်ပညာရေးထိခိုက်မယ် နောက် ကျန်းမာရေး၊ အလုပ်လက်မဲ့တွေဖြစ် အများကြီးပဲ ထိခိုက်မယ်
လူမှုဘ၀တွေ ကစင့်ကလျားဖြစ် အကုန်ဒုက္ခရောက်ကုန်မယ် စဉ်းစားကြည့် တကယ်ကြောက်စရာ
အဲ့တော့ ခုလိုသွားကြတာဟာ အစိုးရကိုလည်း ကူညီရာမရောက်ဘူးလား
အစိုးရကနားလည်ရင် ပြည်သူ့ဂုဏ်ရည်ဆုတွေ ဘာတွေပေးအုံးမယ်
တနည်းအားဖြင့် ဒါ လည်း နိုင်ငံရေးလုပ်နေတာဗျ . . .
ဒါကို နားလည်ကြပါ သာဓု ခေါ်လိုက်ကြစမ်းပါ . . .
ရှေးစကားပုံရှိတယ်မလား မလှူတက်ရင်ဈေးရောင်းတဲ့
ခု ပြောင်းသွားပီ မလှူတက်ရင် KTV ၊ မာဆက်သွားတဲ့
KTV ၊ မာဆတ်သွားပြီး ပရဟိတလုပ်နေတဲ့ ယောက်ကျားတွေ သေရင် နတ်ပြည်ရောက် နတ်သမီးငါးရာနဲ့ စံစားရမှာဗျ . ..
ပိတ်ပင်တဲ့ မိန်းမတွေကတော့ ပြိတ္တာ ဖြစ်မှာပဲ 😂
နောက်ဆိုရင် KTV မာဆတ်သွားမယ်လို့ မပြောနဲ့ ရိုင်းတယ်
ပရဟိတသွားလုပ်ကြမယ်လို့ပြော 🎼🎤
 ကျော်ကြီး(MDY)