Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 16, 2018

ဆရာမႏွင့္ ေက်ာင္းသား၊ေက်ာင္းသူ ရွစ္ဦးအပါအဝင္ ၁၃ဦး မိုးႀကိဳးပစ္ခံရေသာ္လည္း အသက္ေဘးမွ လြတ္ေျမာက္


တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္ တီတြတ္ျပင္ အထက္တန္းေက်ာင္း(ခြဲ) ရွိ ေက်ာင္းသား၊ ေက်ာင္းသူရွစ္ဦးႏွင့္ မူလတန္းျပ

ဆရာမတစ္ဦးအပါအဝင္ ၁၃ ဦး မိုးႀကိဳးပစ္ခံခဲ့ရေသာ္လည္း အသက္ေဘးမွ လြတ္ေျမာက္ခဲ့ေၾကာင္း တနသၤာရီတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေအာက္တိုဘာ ၁၅ ရက္ ညေန သုံးနာရီခန္႔တြင္ ႐ုတ္တရက္ မိုး႐ြာသြန္းၿပီး မိုးႀကိဳးပစ္ျခင္းေၾကာင့္ ယင္းေက်ာင္းမွ ဆ႒မတန္းေက်ာင္းသူ ေလးဦး၊ တတိယတန္းေက်ာင္းသူ သုံးဦး၊ ပထမတန္းေက်ာင္းသားတစ္ဦးႏွင့္ မူလတန္းျပဆရာမတစ္ဦး မိုးႀကိဳးပစ္ခံရျခင္းျဖစ္ေၾကာင္း အဆိုပါ တာဝန္ရွိသူက ဆိုသည္။

ယင္းေက်ာင္းသားမ်ားမွာ ႏွစ္ဝက္စာေမးပြဲ ျမန္မာစာေျဖဆိုအၿပီး ေနာက္ရက္တြင္ ေျဖဆိုမည့္ အဂၤလိပ္စာဘာသာအတြက္ ေက်ာင္းေဆာင္အတြင္း စာက်က္ေနစဥ္ မိုးႀကိဳးပစ္ခံရျခင္းျဖစ္ေၾကာင္း သရက္ေခ်ာင္းၿမိဳ႕နယ္ပညာေရးမႉးက ေျပာသည္။

“စာက်က္ေနတဲ့ေက်ာင္းသားက စုစုေပါင္းဆယ့္ငါးေယာက္ေလာက္ရွိတယ္။ အဲဒီအထဲကမွ ဒီကေလး ၈ ေယာက္နဲ႔ ဆရာမကို စက္ကြင္းမိသလိုျဖစ္သြားတာေပါ့” ဟု ၎က ဆိုသည္။

မိုးႀကိဳးပစ္ခံရသည့္ ဆရာမႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို သရက္ေခ်ာင္းၿမိဳ႕နယ္ေဆး႐ုံသို႔ ခ်က္ခ်င္းတင္ပို႔ေပးထားၿပီး စိုးရိမ္စရာမရွိေၾကာင္း သရက္ေခ်ာင္းၿမိဳ႕နယ္ ပညာေရးမႉးက ေျပာသည္။

စာေမးပြဲကိုလည္း ေဆး႐ုံ၌ပင္ ဆက္လက္ေျဖဆိုရန္ ၿမိဳ႕နယ္ပညာေရးမႉးမွတစ္ဆင့္ မိုးႀကိဳးပစ္ခံရသည့္ေက်ာင္း၏ ေက်ာင္းအုပ္ဆရာမႀကီးကို ၫႊန္ၾကားထားေၾကာင္း တိုင္းပညာေရးမႉး႐ုံးမွ တာဝန္ရွိသူက ေျပာသည္။ ယင္းေက်ာင္းသူ၊ ေက်ာင္းသားရွစ္ဦးႏွင့္ ဆရာမအျပင္ ယင္းေက်ာင္းအနီးအနားတြင္ ေနထိုင္သည့္ အမ်ိဳးသမီးေလးဦးႏွင့္ အမ်ိဳးသားတစ္ဦးမွာလည္း မိုးႀကိဳးပစ္ခံခဲ့ရသူမ်ားထဲတြင္ ပါဝင္ေၾကာင္း သရက္ေခ်ာင္းၿမိဳ႕နယ္ ပညာေရးမႉးက ေျပာသည္။

မိုးႀကိဳးပစ္ခံရသူအားလုံးသည္ အသက္အႏၲရာယ္မစိုးရိမ္ရဘဲ ထိခိုက္ဒဏ္ရာအနည္းငယ္စီသာ ရရွိၾကေၾကာင္း ၿမိဳ႕နယ္ပညာေရးမႉးက ေျပာသည္။

ရာသီဥတု အကူးအေျပာင္းကာလတြင္ လွ်ပ္စစ္မိုးတိမ္ေတာင္မ်ား ႐ုတ္တရက္ျဖစ္ေပၚလာၿပီး မိုးႀကိဳးပစ္ျခင္း၊ ႐ုတ္တရက္ေလျပင္းတိုက္ခတ္ျခင္းမ်ား ျဖစ္ပြားေလ့ရွိေၾကာင္း တနသၤာရီတိုင္းေဒသႀကီး မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန တိုင္းဦးစီးမႉး ဦးဟန္ဝင္းေအာင္က ေျပာသည္။

“မိုးႀကိဳးလိုမ်ိဳး သဘာဝေဘးေတြနဲ႔ပတ္သက္ၿပီး ေက်ာင္းေတြမွာ ဆရာ၊ ဆရာမေတြကိုေရာ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြကိုေရာ အသိပညာမ်ားမ်ားေပးဖို႔လိုအပ္တယ္” ဟု ၎က ဆိုသည္။

တနသၤာရီတိုင္းေဒသႀကီးအတြင္း ၿပီးခဲ့သည့္ စက္တင္ဘာ ၂၂ ရက္က မိုးႀကိဳးပစ္ခံရျခင္းေၾကာင့္ ေလးဦးေသဆုံးကာ တစ္ဦးဒဏ္ရာရရွိခဲ့သည္။

 The Myanmar Times Daily Newspaper – Myanmar Version

#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တီတွတ်ပြင် အထက်တန်းကျောင်း(ခွဲ) ရှိ ကျောင်းသား၊ ကျောင်းသူရှစ်ဦးနှင့် မူလတန်းပြ

ဆရာမတစ်ဦးအပါအဝင် ၁၃ ဦး မိုးကြိုးပစ်ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၅ ရက် ညနေ သုံးနာရီခန့်တွင် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် ယင်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသူ လေးဦး၊ တတိယတန်းကျောင်းသူ သုံးဦး၊ ပထမတန်းကျောင်းသားတစ်ဦးနှင့် မူလတန်းပြဆရာမတစ်ဦး မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယင်းကျောင်းသားများမှာ နှစ်ဝက်စာမေးပွဲ မြန်မာစာဖြေဆိုအပြီး နောက်ရက်တွင် ဖြေဆိုမည့် အင်္ဂလိပ်စာဘာသာအတွက် ကျောင်းဆောင်အတွင်း စာကျက်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပညာရေးမှူးက ပြောသည်။

“စာကျက်နေတဲ့ကျောင်းသားက စုစုပေါင်းဆယ့်ငါးယောက်လောက်ရှိတယ်။ အဲဒီအထဲကမှ ဒီကလေး ၈ ယောက်နဲ့ ဆရာမကို စက်ကွင်းမိသလိုဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

မိုးကြိုးပစ်ခံရသည့် ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို သရက်ချောင်းမြို့နယ်ဆေးရုံသို့ ချက်ချင်းတင်ပို့ပေးထားပြီး စိုးရိမ်စရာမရှိကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။

စာမေးပွဲကိုလည်း ဆေးရုံ၌ပင် ဆက်လက်ဖြေဆိုရန် မြို့နယ်ပညာရေးမှူးမှတစ်ဆင့် မိုးကြိုးပစ်ခံရသည့်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးကို ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ ယင်းကျောင်းသူ၊ ကျောင်းသားရှစ်ဦးနှင့် ဆရာမအပြင် ယင်းကျောင်းအနီးအနားတွင် နေထိုင်သည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးမှာလည်း မိုးကြိုးပစ်ခံခဲ့ရသူများထဲတွင် ပါဝင်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။

မိုးကြိုးပစ်ခံရသူအားလုံးသည် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်စီသာ ရရှိကြကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။

ရာသီဥတု အကူးအပြောင်းကာလတွင် လျှပ်စစ်မိုးတိမ်တောင်များ ရုတ်တရက်ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်ခြင်း၊ ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။

“မိုးကြိုးလိုမျိုး သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသူ၊ ကျောင်းသားတွေကိုရော အသိပညာများများပေးဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
 The Myanmar Times Daily Newspaper – Myanmar Version

No comments:

Post a Comment