Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 19, 2018

ပခုကၠဴၿမိဳ႕နယ္ရွိ ေက်းရြာမ်ားတြင္ ကေလးခိုးမႈေတြ ျဖစ္ပြားေန


ပခုကၠဴၿမိဳ႕နယ္အတြင္းရွိ ေက်းရြာႏွစ္ရြာမွာ ကေလးခိုးမႈ(၂)မႈျဖစ္ ပြားခဲ့တယ္လို႔ ကမၼနယ္ ေျမရဲစခန္းကသိရပါတယ္။

ၾသဂုတ္(၁၆)ရက္ ည(၈)နာရီခဲြ အခ်ိန္က က်တ္ထိုးေက်းရြာ အုပ္စု၊ အေနာက္ေတာ ေက်းရြာ အေနာက္ဘက္က ေတာတဲတိုက္မွာ အသက္တစ္ႏွစ္ခြဲ ေက်ာ္အရြယ္ကေလးငယ္တစ္ဦးကို ေနအိမ္အိပ္ရာထဲကေန အမ်ိဳးသား တစ္ဦးကခိုးယူထြက္ေျပးခဲ့ပါတယ္။အဲဒီလိုခိုးယူထြက္ေျပး စဥ္မွာ ေက်းရြာျပည္သူေတြေအာ္ဟစ္ ၿပီးလိုက္လာခဲ့တာေၾကာင့္ ကေလးကိုထားၿပီး ထြက္ေျပးသြားခဲ့တယ္လို႔သိရပါတယ္။

ျပီးခဲ့တဲ့ ၾသဂုတ္(၄)ရက္ ညေနပုိင္းကလည္း ပခုကၠဴၿမိဳ႕နယ္၊ ကမၼၿမိဳ႕၊ အမွတ္(၈) ရပ္ကြက္မွာ အသက္(၄)လအရြယ္ ကေလးငယ္တစ္ဦးကို အမ်ိဳးသမီးတစ္ဦးက ခိုးယူ ထြက္ေျပးမႈျဖစ္ပြားခဲ့ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ေနအိမ္တစ္ခုအတြင္း ၀င္ေရာက္ကာေရေသာက္ ခ်င္ေၾကာင္းေျပာၿပီး အိမ္ရွင္ျဖစ္သူ ေရခပ္အသြားမွာ ပုခက္အတြင္း အိပ္ေနတဲ့ ကေလးငယ္ကို ခိုးယူထြက္ေျပးခဲ့ပါတယ္။

မိခင္ျဖစ္သူရဲ႕တိုင္ၾကားခ်က္အရ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ အဖြဲ႔က ရွာေဖြမႈေတြျပဳလုပ္ခဲ့ရာမွာ အဲဒီရပ္ကြက္အေနာက္ေတာင္ဘက္ ရွိ ယာခင္းေတာင္ဘက္႐ိုးအတြင္းကေန ကေလးငယ္ကိုျပန္လည္ ေတြ႔ရွိခဲ့ပါတယ္။ ဆက္လက္ၿပီး ကေလးခုိုးသြားသူကို ရွာေဖြခဲ့ရာမွာ ထန္း(၇)ပင္တဲတိုက္မွာဖမ္းဆီးရမိခဲ့ ၿပီး ကမၼနယ္ေျမရဲစခန္းက စစ္ေဆးေဆာင္ရြက္ေနတယ္လို႔သိရပါတယ္။
သတင္း/ဓာတ္ပံု – ေအာင္ေက်ာ္သူ

#Unicode Version#
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာ ကလေးခိုးမှု(၂)မှုဖြစ် ပွားခဲ့တယ်လို့ ကမ္မနယ် မြေရဲစခန်းကသိရပါတယ်။

သြဂုတ်(၁၆)ရက် ည(၈)နာရီခွဲ အချိန်က ကျတ်ထိုးကျေးရွာ အုပ်စု၊ အနောက်တော ကျေးရွာ အနောက်ဘက်က တောတဲတိုက်မှာ အသက်တစ်နှစ်ခွဲ ကျော်အရွယ်ကလေးငယ်တစ်ဦးကို နေအိမ်အိပ်ရာထဲကနေ အမျိုးသား တစ်ဦးကခိုးယူထွက်ပြေးခဲ့ပါတယ်။အဲဒီလိုခိုးယူထွက်ပြေး စဉ်မှာ ကျေးရွာပြည်သူတွေအော်ဟစ် ပြီးလိုက်လာခဲ့တာကြောင့် ကလေးကိုထားပြီး ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၄)ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၈) ရပ်ကွက်မှာ အသက်(၄)လအရွယ် ကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက ခိုးယူ ထွက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ နေအိမ်တစ်ခုအတွင်း ဝင်ရောက်ကာရေသောက် ချင်ကြောင်းပြောပြီး အိမ်ရှင်ဖြစ်သူ ရေခပ်အသွားမှာ ပုခက်အတွင်း အိပ်နေတဲ့ ကလေးငယ်ကို ခိုးယူထွက်ပြေးခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့တိုင်ကြားချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ရှာဖွေမှုတွေပြုလုပ်ခဲ့ရာမှာ အဲဒီရပ်ကွက်အနောက်တောင်ဘက် ရှိ ယာခင်းတောင်ဘက်ရိုးအတွင်းကနေ ကလေးငယ်ကိုပြန်လည် တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ကလေးခိုးသွားသူကို ရှာဖွေခဲ့ရာမှာ ထန်း(၇)ပင်တဲတိုက်မှာဖမ်းဆီးရမိခဲ့ ပြီး ကမ္မနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း/ဓာတ်ပုံ – အောင်ကျော်သူ

No comments:

Post a Comment