Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 21, 2018

စင်္ကာပူရဲ


စင်္ကာပူရဲ တွေက လူကောင်သိပ်မထွားဘူးဗျ။ ဒါပေမယ့် ယူနီဖောင်းတောက်တောက်ပြောင်ပြောင် ၊ ခါးမှာသေနတ် ၊ ကျည်အိတ် နဲ့ နံပတ်တုတ် ၊ ရင်ဘတ်မှာ ဝါကီတော်ကီ ၊ ရဲကား (၁) စီး (၂) ယောက်စီးပြီး ကင်းလှည့်တာဆိုတော့ သန့်သန့်ပြန့်ပြန့်တော့ရှိတယ်။

ယူနီဖောင်းဝတ်ပြီး စားသောက်ဆိုင်၊ ကော်ဖီဆိုင် မှာ ထိုင်စားခွင့်မရှိသလို ၊ ရဲကားကို တနေရာရာမှာ ရပ်တန့်ပြီး နှပ်နေလို့မရပါဘူး၊ ကွန်ထရိုးစင်တာက GPS နဲ့ မျက်လုံးဒေါက်ထောက်ကြည့်ပြီး ကွပ်ကဲနေကြတာပါ။

ရဲနဲ့ ပြဿနာတက်လို့ လက်သီးယှဉ်ထိုးပြီးဖမ်းရတဲ့အခါ အနားမှာရှိတဲ့ လူတွေက တရားခံကို ဝိုင်းဖမ်းပေးကြတယ်။

လက်နက် နဲ့ ခုခံဖို့တော့ စိတ်ကူးတောင်မယဉ်ပါနဲ့...

ကြက်သွန်လှီးတဲ့ ဓားတောင်မဟုတ်တဲ့ ခဲတံချွန်တဲ့ ဓား နဲ့ ရွယ်ရင်တောင် ခါးက သေနတ်ထုတ်ပြီး တခါတည်းပစ်တော့တာဘဲ။ သေတာများတယ်။

ရဲစခန်းဝင်တိုက်ဖို့နေနေသာသာ ၊ ငှက်ကြီးတောင်ဓား နဲ့ လမ်းပေါ်တက်ဖို့နေနေသာသာ ၊ ခဲတံချွန်တဲ့ ဓားနဲ့ ဖြဲရင်တောင် သေနတ်နဲ့ အပစ်ခံရတယ်။

စင်္ကာပူ မှာ ညနက်သန်းခေါင် မိန်းခလေး တစ်ယောက်တည်း လုံလုံခြုံခြုံ လမ်းလျှောက်သွားလို့ရတယ်ဆိုတာ ဘုရားပေးတဲ့ဆု မဟုတ်ပါဘူး။ စင်္ကာပူရဲတွေရဲ့ တာဝန်ကျေပွန်မှုကြောင့်ပါ။
Crd... MelvinMoe