Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 31, 2018
သို့ ဝန်ချတောင်းပန်ခြင်း မြန်မာနိုင်ငံသားအားလုံး
သို့
ဝန်ချတောင်းပန်ခြင်း
မြန်မာနိုင်ငံသားအားလုံး
အကြောင်းအရာ ။ ။သုံးခွမြို့အနီးသို့ရောက်ရှိနေသော ကုန်တင်သင်္ဘော ကြီးအားမသိလိုက်သောကိစ္စ
အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ မည်သူကိုမျ
အပြစ်တင်မနေကြရန် မေတ္တာ ရပ်ခံအပ်ပါသည်
တကယ်တန်း တာဝန်အရှိဆုံး ဟာ အကျွန်ပ် ရေငံပိုင်
ဦးရှင်ကြီးသာဖြစ်ပါသည် ။
ကျွန်ပ်လည်း ခုရက်ပိုင်း မန္တလေးတိုင်းဒေသကြီး မတ္တရာနယ် မင်းညီနောင်၏ ဖိတ်ကြားချက်အရ တောင်ပြုံးပွဲ
သို့ရောက်ရှိကာ အထူးထူးသော အရက်များ ကြက်ကျော်
ပုဇွန်ကျော် လက်ပြစ်ကျေးများဖြင့် အပျော်လွန်ကာ
လုံခြုံရေး အရ ငမန်း မိချောင်း ဖျံ တို့အား စဉ်ဆက်
မပြတ်နိုးဆော်ထား သော်လည်း ကျွန်ပ် မရှိခိုက်
ပေါ့ရော့ကြပါသည် ။
၎င်းတို့ပေါ့ရော့ မှု့ကြောင် အင်ဒိုနီးရှားကုန်တင် သင်္ဘော
ကြီးမှာ သုံးခွမြိုအနီး ရေမိုင် ၇မိုင်ထိကျူးးကျော်ဝင်
ရောက်နေခြင်းကို ခံလိုက်ရခြင်းဖြစ်ပါသည် ။
၎င်းကိစ္စသည် ကျွန်ပ်ရေငံပိုင်ံ ဦးရှင်ကြီးသာ တာဝန်
အရှိဆုံးဟု ခံယူချက် မိမိသဘော ဆန္ဒ အလျောက်
ရေငံပိုင်ရာထူးမှ ယနေဘဲနုတ်ထွက်လိုက်ပါပြီ ။
သိုဖြစ်ပါ၍ နောင် အများပြည်သူများအနေဖြင့်
ဦးရှင်ကြီးတင်မြောက် ပသချင်းကိုလည်း မပြုလုပ်
ကြရန်နှင့်
ကျွန်ပ် မောင်ရှင်လည်း ရေငံဝင်ရောက်ရာ ဒေသများ
ကိုစွန့်လွတ်၍ နယ်ပြောင်းအပြစ်ဒဏ် အဖြစ်
ယခုကျိုးဖောက်သွားသော ဆွာတမံ ၌သာ ရာသက်ပန်
ရွေ့ပြောင်းနေထိုင်တောမည် ဖြစ်ကြောင်း အသိပေး
ကြေငြာအပ်ပါသည် ။
မောင်ရှင်
တာဝန်ပျက်ကွက်သူ
ရေငံပိုင်
မိတ္တူ ကို
သိကြာမင်း နတ်ဧရာဇ်
မဏိမေခလာနတ်သမီး
နတ်ဘီလူး တပ်မင်းကြီး
.
ထီးလှိုင် ရှင်
မိန်းကလေးချင်း သတ်တဲ့ လူသတ်မှု ဖြစ်ပွား
သာစည်မြို့အနောက်ဘက်၊မိတ္ထီလာ-တောင်ကြီးလမ်းဘေး၊ရှင်ရဲတစ်ထောင်ဘုရားမုခ်ဦ အနီးတွင်(29.8.2018)-(၇း၃၀)အချိန်ခန့်က သေဆုံးသူမဆုရည်နှင်း-အသက်(၂၅)နှစ်နှင့်တရားခံ မလင်းလင်းအောင်-အသက်(၂၃)နှစ်တို့ဟာတိုယိုတာ(ဗစ်)ကားအမျိုးအစာပေါ်တွင် onlineစုကြေးမဲကိစ္စနှင့်စကားများရန်ဖြစ်ကြရာ မလင်းလင်းအောင်မှ အရှည်(၁)ပေခန့်ရှိ ဓားဖြင့် မဆုရည်နှင်းအား ထိုးရာ လည်ပင်းရှေ့လည်မြို တွင်ထိုးသွင်းဒဏ်ရာနှင့်ရင်ညွန့်အလယ်တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိပြီး သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။
 fbသတင်းမျှသာ
#Unicode Version#
သာစည်မြို့အနောက်ဘက်၊မိတ္ထီလာ-တောင်ကြီးလမ်းဘေး၊ရှင်ရဲတစ်ထောင်ဘုရားမုခ်ဦ အနီးတွင်(29.8.2018)-(ရး၃၀)အချိန်ခန့်က သေဆုံးသူမဆုရည်နှင်း-အသက်(၂၅)နှစ်နှင့်တရားခံ မလင်းလင်းအောင်-အသက်(၂၃)နှစ်တို့ဟာတိုယိုတာ(ဗစ်)ကားအမျိုးအစာပေါ်တွင် onlineစုကြေးမဲကိစ္စနှင့်စကားများရန်ဖြစ်ကြရာ မလင်းလင်းအောင်မှ အရှည်(၁)ပေခန့်ရှိ ဓားဖြင့် မဆုရည်နှင်းအား ထိုးရာ လည်ပင်းရှေ့လည်မြို တွင်ထိုးသွင်းဒဏ်ရာနှင့်ရင်ညွန့်အလယ်တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိပြီး သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။
တရားခံ မလင်းလင်းအောင်မှာ (အဖ)ဦး ဝင်းအောင်၊မကျီးကုန်းရပ်ကွက်၊မိတ္ထီလာမြို့နေသူဟုသိရပြီး သေဆုံးသူ မဆုရည်နှင်းမှာ ရှမ်းတဲလေတပ်အနီး၊ညောင်ကန်ကျေးရွာ၊မိတ္ထီလာမြို့နယ်နေထိုင်သူများဟုလည်းသိရှိရပါတယ်။
onlineသတင်းအရသိရတာတော့ ဗိုလ်ကတော်တွေလို့လည်း ကြားသိရပါတယ်။တရားခံအား ရာဇသတ်ကြီး ပုဒ်မ(၃၀၂)ဖြင့်သာစည်မြို့မရဲစခန်းတွင် သေဆုံးသူ၏ မိခင် ဒေါ်စန်းစန်းမြင့်မှ တရားလိုပြု အမှုဖွင့်အရေးယူထားကြောင်းသိရှိရပါတယ်။
fbသတင်းမျှသာ
" လင်ကောင်မပေါ်ပဲနဲ့ ကိုယ်ဝန်ဖျက်ချထားတာလည်းမဟုတ်ပါဘူး။ ကလေးမမွေးချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ မမွေးတာ....ဘယ်သူ့ရဲ့စီးပွားရေးကိုမှ ဒုတ်နဲ့ထိုးနေတာမဟုတ်ဘူး " ၀င်းမင်းသန်း
" လင်ကောင်မပေါ်ပဲနဲ့ ကိုယ်ဝန်ဖျက်ချထားတာလည်းမဟုတ်ပါဘူး။ ကလေးမမွေးချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ မမွေးတာ....ဘယ်သူ့ရဲ့စီးပွားရေးကိုမှ ဒုတ်နဲ့ထိုးနေတာမဟုတ်ဘူး " ၀င်းမင်းသန်း
သားကြီးက သူ့ညီလေးကို အရမ်းချစ်တယ် ဆိုတဲ့ R ဇာနည်ရဲ့ သားလေးနှစ်ယောက်
သားကြီးက သူ့ညီလေးကို အရမ်းချစ်တယ် ဆိုတဲ့ R ဇာနည်ရဲ့ သားလေးနှစ်ယောက်
မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေကိုပါ အမြစ်ကလှန်စေချင်တဲ့ လင်းဇာနည်ဇော်
မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေကိုပါ အမြစ်ကလှန်စေချင်တဲ့ လင်းဇာနည်ဇော်
သရော်စာအဖြစ်သာ နိုင်ငံရေးမပါ ခံစားကြပါ
အခု မန္တလေးမှာဖြစ်နေတဲ့ ခုတ်ကြထစ်ကြအမှုတွေဟာ လုယက်ရင်းဖြစ်ကြတာမဟုတ်ဘူး။ အကြမ်းဖက်မှုတွေပဲဗျ။ သက်သက်မဲ့ ဘလိုင်းကို လိုက်ခုတ်ကြတာတောင်ရှိတယ်။ ဆိုတော့ လက်နက်ဆောင်ပါတို့၊ ညအပြင်မသွားနဲ့ပေါ့တို့ ဆိုတာတွေကလည်း မှန်ကန်တဲ့ ဖြေရှင်းနည်းတွေမဟုတ်ပါဘူး။ လူထူထူ ညဦးပိုင်းလောက်အခြေနေလေးမှာတင် ခုတ်နေထစ်နေတာပါ။
ကျနော်တို့ မန်းတလေးမယ် အဲ့သလိုဖြစ်လာပြီဆိုရင် ရဲကဘာလုပ်တယ်မှတ်တုန်း လမ်းဆုံလမ်းခွကနေ လက်နက်တွေစစ်တာဗျ။ မိတာပဲ ကျောက်လှည့် ( ဝက်အူလှည့် ) တွေမှမနည်းဘူးရယ်။ ဒီနား ပတ်ကင်းလှည့်နေတုန်း ဟိုနားခုတ်ထစ်သွားတာမျိုးတောင် ရှိတယ်။ ဆိုင်ကယ်အလုခံရတယ်မို့လား၊ လုတဲ့ကောင်ကို နိုင်အောင်ပြန်ရိုက်နိုင်ရင် ပြန်ရမယ်။ မဟုတ်လို့ကတော့ ရဲသွားမတိုင်လေနဲ့ လဘက်ရည်ဖိုးဆုံးရော။ သူတို့က စုဖမ်းတာဗျ၊ အစီး၃၀ပြည့်မှ တခါဖမ်းသလား မသိဘူးရယ်။ ဆိုတော့ လမ်းပေါ်မယ် ခများကိုဓားနဲ့လိုက်ခုတ်ရင် လွတ်အောင်သာပြေးဗျ။ အဲ့ဒီအနီးအနားရဲရှိနေလို့ အားကိုးရှိတယ်ဆို ပေရပ်မနေနဲ့ အဲ့ဒီရဲပါပြေးရမှာ တကယ့်တကယ်ဓားနဲ့လိုက်ရင်လေ။ ပြေးရမှာပေါ့ဗျ လုံခြုံရေးယူထားတဲ့ရဲတဲ့ ဝေါ်ကီတော်ကီနဲ့ ယီးနဲ့လောက်ပါတာရယ်။ လက်လက်ချင်းတောင် ယှဉ်မထိုးရဲတဲ့ အာဂရဲကိုးဗျ။ အဲ့တော့ ရဲအားကိုးလို့မရတော့ ငြိမ်ဝပ်ပိပြားအောင် စစ်တပ်အကူညီယူကြမလား။
သာတောင်ဆိုးသေး။ စစ်ချီတေးမယ်သာ တလက်မမှအကျူးမခံဘာညာ လုပ်နေတာ၊ အပြင်မှာကျ ရေပိုင်နက်ထဲ သင်္ဘောဝင်လာတာတောင် မသိရှာဘူးရယ်။ ဘယ်သိမတုန်းဗျ ကျောက်စိမ်းထွက်တဲ့နေရာလောက် စစ်တိုက်နေတဲ့ ဂျနိုဆိုက်စစ်တပ်ကိုး။ ဒါဆို ဒို့တင်ထားတဲ့ လွှတ်တော်အမတ်တွေရှိနေမှပဲ အရေးကြီးအဆိုတင်ပြီး အရေးဆိုမှနဲ့တူတယ်။ မလုပ်လေနဲ့ဗျို့ ငါးပါးတင်မက သံင်္ဃာစင်ပါ မှောက်လိမ့်ဗျ။ အရပ်ထဲမြောင်းဆယ်ဖို့တောင် ဗဟိုညွှန်ကြားချက်မရှိလို့ဆိုပြီး လဘက်ရည်သောက် စော်က်တင်းထိုင်ပြောပြိးရုံးဆင်းတဲ့ ပါတီကကောင်တွေကိုးဗျ။ မေမေ့မျက်နှာတရွာမှတ်ပြီး ဝင်အရွေးခံခဲ့ကြတဲ့ကောင်တွေကိုး။ ကိုယ့်အရပ်ဒေသက အရေးပေါ်အခြေနေကို အရေးကြီးအဆိုတင်ရတယ်ဆိုတာတောင် မသိရော့လေသလားဆိုတော့ မသိဘူးဗျ။ ခေါင်းပေါင်းစတလူလူနဲ့ အူတူတူကောင်တွေရယ်။ ဒါဖြင့်လည်း ဒို့တင်ထားတဲ့ အစိုးရရှိနေမှ ဟကောင်ရာ တိုက်ရိုက်ပြောကြတာပေါ့ ။ သာဆိုးသေး။ အစိုးရတဲ့ဗျာတို့ရေ စစ်တပ်ဘာလုပ်မလဲ ထိုင်ငေးနေရတာ။ အစိုးရမှတ်လို့မဲပေးလိုက်တာ စစ်အစိုးရအကြံပေးအဖွဲ့ကြီးပဲဗျ။ တပ်မတော်ကြီးကိုမထိနဲ့၊ ခရိုနီတွေကိုမထိနဲ့ ပြည်သူတွေကိုယ့်ကိစ္စကိုယ်ရှင်း ဟမ်းမယ့်လေးလေ့။ လုံခြုံရေးအကြောင်းမပြောနဲ့ ပြည်ထဲရေးကငဒို့လက်အောက်မရှိကစပြီး ကိုယ်စောက်သုံးမကျတာ အရပ်လှည့်အရသာခံနေသေးတာဗျ။
တကယ့် ဆင်ဝှေ့ရန်ရှောင်အစိုးရရယ်။ ပြသနာနဲ့သာထိပ်တိုက်မတိုးတာ ကားကျစီးချင်တယ်ဗျ။ အရင်အစိုးရခိုးတာတွေ ထိုင်ထိုင်ပြောပြီး သူ့ရပိုင်ခွင့်ကျတောင်းတတ်တယ်ရယ်။ လစာဆယ်ချီရနေတဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရမင်းတွေကို နှစ်သိန်းခွဲလောက်ရနေတဲ့ကောင်က ကာကွယ်နေတာလည်း အံ့သြလို့ကိုမဆုံးဘူးရယ်။ ဆိုတော့ ခုဖြစ်နေတာတွေနဲ့ ကြုံလာရင် ဘာလုပ်ရမတုန်း။ ဓားကြီးနဲ့လာတာပဲဗျာ ကိုယ်ကလည်းစူပါမန်းမှမဟုတ်တာ ပြေးပေါ့။ လွတ်အောင်သာပြေး။ ပြေးပြေး ဖောရက်စ်ပြေး။ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်မြင်တာနဲ့ပြေး။ ဓားနဲ့ကောင်မြင်တာနဲ့ပြေး။ ပေတိပေစုတ် သုံးယောက်ပူးစီးလာပြီဆိုပြေး။ ရဲမြင်လည်း ပြေး။ ခေါင်းပေါင်းစမြင်လည်းပြေး။ အပွင့်တွေအခက်တွေနဲ့ အကောင်စိမ်းစိမ်းမြင်ရင် အရှိန်ကိုပိုမြှင့်ပြီးပြေး။ လွတ်အောင်သာပြေးပေတော့။ အေး ကျမကလည်း ပြည်သူတွေကိုချစ်ပါတယ်ဆိုတဲ့ အသံကြားရရင် တနာရီမိုင်တရာနှုန်းနဲ့ လီဗာကုန်နင်းပြီးပြေးပေတော့ဗျိုး ။ အဲ့တော့ ကြာနီကံအသံလေးနဲ့ အချင်းချင်းဗျို့ဟစ်ပြီးပြေးကြဗျ '' သားကြီးရှင်မောဂ္ဂလန်ရေ မင်းတယောက်ထဲသာ လွတ်အောင်ပြေးတော့... ပရိတ်သတ်ကြီး ဘာတဲ့ ''' ။ ။
Sue Yit Nwe (ကိုဆူး) 
CRAZY RICH ASIANS - Official Trailer
CRAZY RICH ASIANS - Official Trailer
Every family has its crazy.
ဝေဒနာတူသူများအတွက် ( ၉ )နှစ်တာကာလခါးနာ ရောဂါခံစားနေရသူ နှင့် ငွေပန်းဥ
ခါးနာ ရောဂါခံစားနေရသူ-ချင်းမနှင့်-ကျွနှ်ပ်၏
အတွေ့အကြုံလွန်ခဲ့တဲ့နှစ် ၂၃ နှစ်လောက်ပေါ့ ကျွန်တော်ကဦးဇင်းဘဝပေါ့ဗျာ…
ဖြစ်စဉ်ကဒီလိုဗျဘုရားရွှေစက်တော်
အ​နောက်ဖက် ဟိုးးးးအနောက်ဖက်ငဖဲမြို့ဆိုတာရှိပါတယ် ။
ငဖဲမြို့ရဲ့မြောက်ဖက်မှာပါရမီတောင်ဆိုတာရှိ
ပါတယ်အဲ့တောင်မှာနေထိုင်ဖို့ငဖဲမဝတကကျွန်
တော်ကိုပင့်တယ်ဗျ…အဲ့ဒါနဲ့ကျွန်တော်လဲ အဲဒီ
တောင်မှာနေဖြစ်သွားပါတယ်။
အဲ့တောင်မှာနေရင်းမကျန်းမာသူတွေ လူနာတွေ
ကို ၅နှစ်တိတိဆေးကုပြီးကယ်ခဲ့ပါတယ်။ဒါနဲ့ပဲဗျာ တနေ့ကျတော့ငဖဲမြို့ရဲ့မြောက်ဖက်မှာပေကုန်းရွာ
ဆိုတာရှိတယ်ဗျ အဲ့ပေကုန်းရွာက ချင်းအမျိုးသမီး
က တနေ့ရောက်လာပါရောဗျာ နွားလှည်းကြီးနဲ့ပေါ့
ဗျာ။ဒါနဲ့ပဲတောင်ပေါ်ကိုရောက်တော့ လူနာကလဲ
များနေတယ် ။
တနေ့ကိုလူပေါင်း၆၀ လောက် အနည်းဆုံးကု​ပေးနေရတယ်ဗျ..သူလဲတုံကင်ယူပြီးစောင့်ပေါ့။
ဟော သူအလှည့်လဲရောက်လာရောလာပါလေ
ရောဗျာ။ ခါးကြီးကကုန်းလို့တောင်ဝှေးကြီးနဲ့ဗျ။
အဲ့တာနဲ့ကဲဒကာမကြီး ဘာဖြစ်တာလဲဆိုတော့
အရှင်ဘုရားတဲ့တပည့်တော်မခါးကနာနေလို့
ကုမလို့ပါဘုရားတဲ့ ။
အော် ဘယ်လောက်ကြာပြီလဲဒကာမကြီးဆိုတော့
၉ နှစ်ရှိပါပြီဘုရားတဲ့။ သူကဘာပြောသေးတယ်
မှတ်လဲ တပည့်တော်မရဲ့ခါးကဘယ်ပျောက်မလဲ
ဘုရားတဲ့ ဘာလို့မပျောက်တာလဲဒကာမကြီးဆို
တော့ တပည့်တော်မကိုလူပြုစားထားတာပါဘုရား
တဲ့...
ဗုဒ္ဓေါဒကာမကြီးကဘယ်လိုသိလဲဆိုတော့
အမလေးဘုရားတဲ့ဘယ်မှာဗေဒင်ပဲတွက်တွက်
အဲတာပဲပေါ်ပါတယ်ဘုရား ။
ဟူးးးးးခက်ရောပေါ့ ဒါနဲ့ပဲကျုပ်ကလဲဘယ်ရမလဲ
ကဲတာဆိုလာခြေဆင်းစမ်းဆိုပြီး ပယောဂစစ်တာ
ပေါ့ဗျာ ပယောဂကတော့မသိဘူး ကျုပ်ကတော့
ဖတ်ဖတ်ကိုမောရော ဘာပယောဂမှမတွေ့ရ
ကဲတာနဲ့ပဲကျုပ်က ဒကာမကြီး ခင်ဗျာမှာဘာကောင်
မှနှောက်ယှက်ထားတာမရှိဘူးဆိုတော့ ဘာပြော
တယ်မှတ်လဲ။ချင်းမကအောင်မလေးအရှင်ဘုရား ကျကာမှပဲ ပြုစားထားတာမရှိဘူးပြောတယ်။
ကြိုက်တဲ့ဆရာကိုမေး ပြုစားတယ်ပဲပြောတယ်
အသလွတ်ကြီးရန်တွေ့ပါရော့လားကျုပ်ကို ။
ဒါနဲ့ပဲ ကျုပ်က ကဲကဲဒကာမကြီးရောဂါသက်သာ
ရင်ပြီး ရောမဟုတ်ဖူးလားဆိုတော့မှ အင်းးးးးတဲ့
ခက်တော့အခက်သားကိုဗျ ဒါနဲ့ပဲကျုပ်ကလဲ မကွေး
ဆေးရုံကလဲပြန်လာပါပြီဘုရား ဆရာတွေလဲစုံနေ
ပါပြီ ဘုရားတဲ့။ ငဖဲမြို့ထဲကဗမာဆရာဦးအောင်ဖေ
နဲ့လဲကုပြီးပြီ နောက်ဆုံးတော့အနှိုပ်သယ်ကိုတည
၅၀၀ ပေးပြီးနှိပ်မှ ညအိပ်နိုင်တယ်ဘုရား။
အဲ့လိုမနှိပ်တဲ့ညကတော့ တပည့်တော်ဟာ ငရဲခံရ
တာထက်ဆိုးပါတယ်ဘုရား ကောင်းအောင်တော့
ကု​ပေးပါတဲ့ ။
ဒါနဲ့ပဲဗျာ ကျုပ်မှာရှိတဲ့ငွေပန်းဥအမုန့်လေး နည်းနည်း ပေးပြီး ကဲဒကာမကြီး ခုညဒီအမှုန့်နဲ့ကြက်သွန်ဖြူလေး
နဲ့ ဟင်းခါးကျိုသောက်ဗျာ။ခုညအနှိပ်လွတ်တယ်။
မလွတ်ဖူး။မနက်ဖြန်အကြောင်းပြန်ဗျာ ဆိုပြီးပြန်ခိုင်း
လိုက်တယ်ဗျာ ။
ဒါနဲ့ပဲဆေးခန်းပိတ်လို့မိုးချုပ်ပြီး အိပ်ယာဝင်တော့
မအိပ်နိုင်ဘူးဗျ ဘာလို့ဆိုသူရောဂါကိုစဉ်းစားနေ
တာဗျ ။ ကျုပ်ကလဲ အဲ့တုန်းကအသက်က ၂၀
ပဲရှိသေးတာဗျ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆရာ
တွေလဲစုံနေပြီမပျောက် စဉ်းစားတာအဖြေက
မထွက် မနက် ၄ နာရီအုန်းမောင်းတီးလောက်မှ
သွားသတိရတယ်ဗျ ။
အော် ငါ့အဘကပြောဘူးတာပဲ တခြားဟုတ်ဖူး
လေမျိုး ၈၀ ထဲက အရိုးနဲ့ခြင်ဆီသွေးကြောကိုသွား
တဲ့လေ အဲ့လေနာမည်က အင်္ဂမင်္ဂလေတဲ့ဗျ။
အဲ့လေကနည်းနေတော့ အရိုးနဲ့ခါးအာရုံကြောတွေ
ကို မရောက်ဖြစ်နေတာ အဲ့တော့ခါးက လေမရဘူး
လေမရတော့ နာပြီပေါ့။
၉ နှစ်ခံစမ်းပဲဗျာ ဆီးစစ်လိုက်တော့လဲ ဆီးက
ဖြူ တယ် အကြိမ်ကနည်းတယ် ဆီးကများတယ်။
အဲ့တော့ရှင်းနေတာပဲဗျာ ဆီးဖြူ တာကသီတ ဆိုတဲ့
အအေးများနေတာဗျ။ဆီးအကြိမ်နည်းတာကနောက်
ကလေအားကမရှိလို့ပဲဆီးတခါသွားရင်များနေတာ
ကအာပေါဓါတ်လွန်လို့ပဲဗျ ။
ကဲစကားကောင်းနေလိုက်တာ ဒါနဲ့ပဲဗျာ
မိုးလင်းတော့ ရောက်လာပါရော။
ကဲဒကာမကြီး ညကအနှိပ်လွတ်လားဗျဆိုတော့
ညကအနှိပ်လွတ်ပါတယ် ဘုရားတဲ့ ။
ဟာကျုပ်ကလဲအပိုင်ဆိုပြီး ကြိမ်းသေပြီကွာ
အင်္ဂမင်္ဂလေအားနည်းနေတာဆိုပြီး ကဲဒကာမကြီး
ခင်ဗျာရောဂါပျောက်ပြီဗျာဆိုတော့ သူကအရှင်ဘုရား
တဲ့ တပည့်တော်မ ပျောက်ရင်ဘာလှူရမလဲ ဘုရားတဲ့ ။
အင်းကျုပ်ကဦးဇင်းဆိုတော့ ဘာလိုမှာလဲဗျာ။
ဒီပါရမီတောင်ကိုဖေါက်ပြီး ဂူတည်ပြီးအထဲမှာ
လျှောင်းတော်မူ ဘုရားတည်ချင်တယ်ဆိုတော့
စိတ်ချဘုရားတဲ့။ဒါနဲ့ပဲဒီငွေပန်းဥဆေးကိုသောက်
လာ တာတပါတ်ပြည့်တော့ ခါးဆန့်သွားပြီဗျာ။
တခါဆက်သောက်တာ ၉ ရက်မြောက်တော့
ယာထဲဆင်းအလုပ်လုပ်နေပြီတဲ့ ဗုဒ္ဓေါကိုယ်တောင်
လန့်သွားတယ်အဲ့တာနဲ့ပဲ အဲ့နားက သရက်ပင်ရွာ
အိုးမြေတွင်းရွာ ချင်းစုရွာ ဒကာမကြီးနဲ့ တောင်ကို ဖေါက်ပြီး လျှောင်တော်မူ ဘုရားတည်ခဲ့ပါတယ် ။
ဒီငွေပန်းဥဟာ အရိုးနဲ့ခြင်ဆီကိုအားဖြစ်စေတယ်။
အကိုက်ကိုပျောက်စေတယ်။ နို့ကိုထွက် စေတယ် ။
သွေးအားကိုဖြစ်စေတယ်။ ခါးဒူး အရွတ်တွေကို
အားဖြစ်စေတယ် ကျီးပေါင်းကိုသက်သာစေတယ် ၊
ငွေပန်းဥကို ကြက်သွန်ဖြူ နဲ့ ဟင်းခါးကျို​သောက်
ငပိရေနဲ့ တို့စား မြုတ်စား အစာလဲကျေပါ့။
အရသာက နည်းနည်းပူ ချို ဆိမ့် ၊နည်းနည်းစပ်
အားလုံးပဲဗဟုသုတရကြပါစေ။ ။
Credit~ သံသရာ ခရီးသွား
ကိုမိုက်တီး အဖမ်းခံရအောင် သတင်းပေးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး" လို့ ငြင်းဆိုလာတဲ့ အဆိုတော် လီလီနိုင်ကျော်
ကိုမိုက်တီး အဖမ်းခံရအောင် သတင်းပေးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး" လို့ ငြင်းဆိုလာတဲ့ အဆိုတော် လီလီနိုင်ကျော်
မိပြန်ပီ.... ဓါးသမား ၉ ဦး
မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း
(31.8.2018)
၁။ ပြည်ကြီးတံခွန်မြို့နယ် စက်မှု နယ်မြေရဲစခန်းမှ (ပ)၄၄၅/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆အမှုမှ တရား(၉)ဦးအား ကျူးလွန်သည့်သက်သေခံပစ္စည်း ဓါးနှင့်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိပြီးကြောင်း မိဘပြည်သူများအား အသိ ပေးတင်ပြအပ်ပါသည်။
၂။ အမှု ဖြစ်စဉ်မှာ (၃၀. ၈ .၂၀၁၈)ရက်နေ့ ည(၂၁၃၀)အ ချိန်တွင် မနှင်းစန္ဒာထွန်းနှင့် ၄င်း၏အကိုဖြစ်သူ မောင် ယဉ်အောင်တို့ ရွာတော်ရပ်ကွက်မှ စက်မှုပန်းခြံလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် VE VE အချိုရည်စက်ရုံရှေ့ တွင် CZI 125 ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်သုံးယောက်တွဲ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်အလယ်ခုံမှ လိုက်ပါလာသူ အမည်မသိ လူငယ်မှဓါးရှည်ဖြင့်လှမ်းခုတ်ခဲ့သဖြင့် ဓါး ခုတ်ခဲ့သည့် အမည်မသိလူငယ်များနှင့်အဖွဲ့အပေါ် အရေးယူ ပေးပါရန်တိုင်တန်းမှုဖြစ်ပါသည်။
Pyi Gyi
Beautybynaychi: My Plastic Surgery Vlog Part-One
Beautybynaychi: My Plastic Surgery Vlog Part-One
Beautybynaychi: 
My Plastic Surgery Vlog Part-One
အားလုံးပဲ မင်္ဂလာပါရှင်။ 
Beautybynaychi Page ကနေ
ပြန်လည်ကြိုဆိုလိုက်ပါတယ်
အားလုံး သိချင်နေကြတဲ့ နေခြည့်ရဲ့ 
Plastic Surgery အကြောင်းလေးကို Part 1 
အနေနဲ့ အရင်ဆုံး ခွဲပြီး 
တင်ပေးလိုက်ပါတယ်။ 
နေခြည့်အနေနဲ့ ပြောပြချင်တာတွေ 
အရမ်းကိုများပါတယ်။
အလွယ်လေး ဘယ်မှာခွဲစိတ်တယ် 
ဘယ်လောက်ကျတယ် 
ဆိုတာလောက် 
basic info လောက်နဲ့ 
နေခြည် မရောင့်ရဲတဲ့အတွက် ၊ 
ပြီးတော့ ဘယ်အချက်တွေနဲ့ 
ကိုရီးယားကိုရွေးခဲ့တယ်၊ 
မခွဲစိတ်ခင် ဘာတွေပြင်ဆင်တယ်၊ 
ခွဲစိတ်ပြီး ဘယ်လို treatments တွေလုပ်တယ် 
စတာတွေ အကုန် အကုန် ပြောပြချင်တဲ့အတွက် 
ဒီVlogလေးကို Part 1 နဲ့ Part 2 ဆိုပြီး
နှစ်ခု ခွဲထားပါတယ်။
Part 1 မှာပဲ 
ဆရာဝန်တွေကိုဘယ်လိုရွေးချယ်ခဲ့တယ်၊
ဘယ်သူ့အဆက်အသွယ်နဲ့ သွားခဲ့တယ် ၊ 
အရင် Filler ထိုးဖူးတဲ့အတွက် 
ဘာတွေကြိုပြင်ဆင်ခဲ့ရတယ်၊
မျက်နှာ အနေအထားနဲ့လိုက်ပြီး 
ကိုယ်လိုချင်တဲ့ နှာခေါင်း shape ကို 
ဘယ်လို decide လုပ်ခဲ့တာ 
ဆိုတာလေးတွေကို သေချာရှင်းပြထားပါတယ်။
ပြီးတော့ ခွဲစိတ်ပြုပြင်ပြီး ခံစားရတဲ့ 
အတွေ့အကြုံတွေ၊ 
ခွဲစိတ်မှုအပိုင်းတွေ၊ 
ဆရာဝန်နဲ့ ဆွေးနွေးခဲ့တဲ့ အပိုင်းတွေကို
လည်း ပြောပြပေးထားပါတယ်။
ခွဲစိတ်နေတုန်းမှာရော၊
ခွဲစိတ်ပြီးတဲ့အခါမှာ သူတို့ပေးလိုက်တဲ့
Treatment & medicine တွေက 
အစ အကုန် ပြောပြပေးထားတာမို့ 
အသုံးဝင်မယ်လို့လည်း နေခြည်ထင်ပါတယ်။
နေခြည်သွားဖို့ လုပ်တဲ့ အဆက်အသွယ်
ကတော့ K ပါ။
https://m.facebook.com/miseoul1/
သူ့ကို viber ကနေလဲအရင်မေးလို့ရပါတယ်။
viber - +61 499 157 606
ဒါကတော့ JW HOSPITAL website ပါ
http://www.jwbeauty.net
နေခြည့် specialist တွေက - 
Eye Specialist- Dr Yeon Jun Kim
Rhinoplasty Surgery- Dr Man Koon Suh
Recommended apartment 
Robin’s House in Gangnam 1st 
https://www.booking.com/…/robin-39-s-house-in-gangnam-1st.h…
ဒါ့ကြောင့် ဒီ Vlog လေးက informative ဖြစ်တယ်ဆိုရင် အားလုံးတွေ့ရအောင် 
like & share လေးလည်း လုပ်ပေးပါဦးနော်။ 
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ။ 
ချစ်တဲ့ 
Your Social Media bff 
နေခြည်
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း…..
၂။ ဘုရားအမည်တော် -အဇိတ
(၂) ဗြဟ္မဒေဝ
၁၃။ အလုပ်အကျွေး – သီဟ
(၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် – (၈၈) တောင်
၂၂။ ကြင်ယာတော် – စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန
tawthu
#Unicode Version#
 ၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ
၂။ ဘုရားအမည်တော် -အဇိတ
၃။ ဘုရားဘွဲ့တော် -မေတ္တေယျ
၄။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော် – ဗြဟ္မဝတီပုဏ္ဏေးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂဝန ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား – ကုဋေတစ်သိန်း
၁၁။ သာဝကအစည်းအဝေး -သုံးကြိမ်
၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက
(၂) ဗြဟ္မဒေဝ
၁၃။ အလုပ်အကျွေး – သီဟ
၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ
(၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် – (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၇) ရက်
၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင်
၂၁။ စံရာပြသာဒ် – သီရိဝဍ္ဎ, ဝဍ္ဎမာန, သိဒ ္ဓတ္ထ, စန္ဒက
၂၂။ ကြင်ယာတော် – စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မဝဍ္ဎန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်
tawthu
လုပ်ရက်လိုက်တာ သမီးလေး ရေ နောင်ဘဝဆက်တိုင်း ဒီလို ဖခင်မျိုး နဲ့ မကြုံပါစေနဲ့
30*8*2018 ရက်နေ့
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မယ်ဇလီပင်ကျေးရွာအုပ်စု
ကျေးရွာ၏တောင်ဘက်တစ်ဝိုင်းတည်း၌ သီးခြားအိမ်ဆောက်လုပ်နေထိုင်သော
ကိုခင်နိုင် (၅၁)နှစ်သည် ၄င်းထံမှ ငွေ ၆၀၀၀ ကျပ်ပျောက်နေသောကြောင့်
သား မောင်နန်းထက်အောင် ( ၈ )နှစ် အစ်မ မနန်းထက်ဝေ
တို့အား ၃ ပင်ပတ်လည် မြေစိုက်နေအိမ် အနောက်ခန်း
တွင် နှစ်ဦးစလုံးအား အရှည် ၃၅ တောင်ခန့်ရှိ နှစ်ပင်လိမ်
ပလပ်စတစ်ကြိုး ဖြင့် လက်နှစ်ဖက် အား တုပ်၍
နေအိမ်၏ ကြွက်လျှောက်ဝါးလုံးတွင်ချည်နှောင်ကာ
ဝါးခြမ်းပြားဖြင့်ရိုက်နက်ခဲ့ကြောင်း နံနက် ၁၁ နာရီ အချိန်ကစ၍ ကြိုးအား ဖြေပေးခြင်းမရှိပဲ
ညနေ၄ နာရီ အထိထားရှိခဲ့ရာ မနန်းထက်ဝေ မှ သေးပေါက်ချင်တယ်ပြောသဖြင့် ကြိုးအားဖြေပေးနေစဉ်
မနန်းထက်ဝေ မှာ ငိုယိုပြီး အကြောတက် သွားရာ
သတိပြန်လည်မလာဘဲ သေဆုံးသွားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
Cd: Kyaw Swar Tint Swe
Thursday, August 30, 2018
အသည်းရောအရှက်ပါခွဲခဲ့တာ၊ကျေနပ်ပါတော့လို့ရွှေထူးကို တောင်းပန်လိုက်တဲ့ ပန်ကိတ်ဒါဒါ
အသည်းရောအရှက်ပါခွဲခဲ့တာ၊ကျေနပ်ပါတော့လို့ရွှေထူးကို တောင်းပန်လိုက်တဲ့
ပန်ကိတ်ဒါဒါ
မမသီချင်းသီဆိုစဉ်မမကြီးတစ်ယောက်ရဲ့ဖက်နမ်းခြင်းခံလိုက်ရတဲ့ Myanmar Idol ဖြိုးမြတ်အောင်
မမသီချင်းသီဆိုစဉ်မမကြီးတစ်ယောက်ရဲ့ဖက်နမ်းခြင်းခံလိုက်ရတဲ့ Myanmar Idol ဖြိုးမြတ်အောင်
ကိုးန၀င်းစေတီတော်ထီးတော်တင်မည့် Myanmar Idol ဖြိုးမြတ်အောင်
ကိုးန၀င်းစေတီတော်ထီးတော်တင်မည့် Myanmar Idol ဖြိုးမြတ်အောင်
သင့်ဘဝမှာ ကူကယ်ရာမဲ့လာတဲ့အချိန် ဒီဂါထာကို သတိတရ နဲ့ ရွတ်ဖတ်ပေးပါ
သင့်ဘဝမှာ ကူကယ်ရာမဲ့လာတဲ့အချိန် ဒီဂါထာကို သတိတရ နဲ့ ရွတ်ဖတ်ပေးပါ
မိတ္တီလာမြို့နယ်နေသူမိန်းခလေးနှစ်ဦးဆုကြေး ကိစ္စရှင်းလင်းရာမှစကားများပြီးဓားနှင့်ထိုးသ ဖြင့်တစ်ဦးသေဆုံး
သြဂုတ်(၃၀)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင်မိတ္တီလာမြို့နယ်နေသူမိန်းခလေးနှစ်ဦးဆု
ကြေးကိစ္စသွားရောက်ရှင်းလင်းရာမှစကားများပြီးဓားထိုးမှုဖြစ်ပွားရာတစ်ဦးသေဆုံးမှုဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာသြဂုတ်(၂၉)ရက်ည(၁၀း၃၀)အချိန်ခန့်ဒေါ်စန်းစန်းမြင့်(၅၂)နှစ်ကျောင်းဆရာမ
(ငြိမ်း)ညောင်ကန်ကျေးရွာမိတ္တီလာမြို့နယ်နေသူမီနေအိမ်တွင်ရှိနေစဉ်သမီးဖြစ်သူမဆုရည်နှင်း
(၂၅)နှစ်(ဘ)ဦးဝင်းမောင်ညောင်ကန်ရွာမိတ္တီလါမြို့နယ်နေသူမှာသာစည်ဆေးရုံတွင်ဒဏ်ရာများ
ဖြင့်ရောက်ရှိနေကြောင်းသတင်းအရသွားရောက်ခဲ့ရာသမီးမဆုရည်နှင်းတွင်လည်မျို ထိုး
သွင်းဒဏ်ရာ(၁)ချက်ရင်ညွန့်အလယ်ပြတ်ရှထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိ
ရ၍စုံစမ်းရာသြဂုတ်(၂၉)ရက်နေ့ည(၇း၃၀)အချိန်ခန့်သမီးဖြစ်သူအားသာစည်မြို့မင်းလှကန်
ရဲတစ်ထောင်ဘုရားမုဒ်အနီးတွင်တိုယိုတာ(ဗစ်)အမျိုးအစားMDY 7L / 8586(ခဲရောင်)
ယာဉ်ပေါ်၌မလင်းလင်းအောင်(၂၃)နှစ်(ဘ)ဦးဝင်းအောင်(ခ)ဦးအောင်ကြီး မကျီးကုန်းရပ်ကွက်
မိင်္တ္တီလာမြို့နေသူနှင့်ဆုကြေးမဲကိစ္စနှင့်စကားများရန်ဖြစ်ကြရာမှမလင်းလင်းအောင်မှအသင့်
ပါလာသောအရိုးအသွားအရှည်(၁) ပေခန့်ရှိကော်ရိုးတတ်ဓားဦးချွန်နှင့်ထိုး၍ဒဏ်ရာများရရှိ
သေဆုံးခဲ့ကြောင်းသိရှိရသဖြင့်သမီးဖြစ်သူမဆုရည်နှင်းအားအသက်သေဆုံးသည်အထိ
ဓားနှင့်ထိုးသူမလင်းလင်းအောင်အားအရေးယူပေးရန်ဒေါ်စန်းစန်းမြင့်၏တိုင်ကြားချက်အရ
သာစည်မြို့မရဲစခန်း(ပ)၂၀၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူဖမ်းဆီး
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အခင်းဖြစ်နေ့ညကပြစ်မှုကျူးလွန်သူမလင်းလင်းအောင်မှသေဆုံးသူမဆုရည်နှင်း၏
အလောင်းအားကားနှင့်တင်ဆောင်လာပြီးမိတ္တီလာမြို့သို့ပြန်လာကာဖခင်ဖြစ်သူဦးဝင်းအောင်
(ခ)ဦးအောင်ကြီးအားအကိျုးအကြောင်ျေပြာပြခဲ့ပြီးဖခင်ဖြစ်သူကိုယ်တိုင်မလင်းလင်းအောင်အား
အခင်းဖြစ်စဉ်ကမော်တော်ယာဉ်နှင့်အတူသေဆုံးသူအလာင်းအားမိတ္တီလာမြို့မရဲစခန်းသို့
သွားရောက်အပ်နှံပေးခဲ့၍သက်ဆိုင်ရာသာစည်မြို့မရဲစခန်းနှင့်ချိတ်ဆက်လွှဲပြောင်းပေးအပ်ခဲ့
ကြောင်းစုံစမ်းသိရသည်။
Crd
တရားခံအကောင့်
https://www.facebook.com/u.soeko.587
အသတ်ခံရသူ
https://www.facebook.com/u.soeko.587
ကိုယ်စောင့်နတ်နဲ့ပတ်သက်ပြီးရင်ဖွင့်လာတဲ့ ဖိုးပြည့် …
ကိုယ်စောင့်နတ်နဲ့ပတ်သက်ပြီးရင်ဖွင့်လာတဲ့ ဖိုးပြည့် …
အဖော်အချွတ်တွေ ရိုက်သွားဖို့လည်းရှိတယ် ဆိုတဲ့ မေသစ္စာမောင် ။
အဖော်အချွတ်တွေ ရိုက်သွားဖို့လည်းရှိတယ် ဆိုတဲ့ မေသစ္စာမောင် ။
လူကြားလို့မှမကောင်း ဖခင်အရင်းကြီးမှ သမီးဖြစ်သူကို မဒိန်းကျင့်တယ်တဲ့
29.8.2018 နေ့တွင် မိုးညိုမြို့နယ် ထိန်တောတိုက်နယ် ဇင်းချောင်းအုပ်စု သာယာကုန်ကျေးရွာတွင် အဖေအရင်း ဖြစ်သူသည် သမီးအရင်းဖြစ်သူအား သားမယားအဖြင့် ပြုကျင့်မှု့ ဖြစ်ခဲ့ပါသည်။
ဖြစ်စဉ်မှာ 29.8.2018 နေ့လည် 12.00 အချိန်တွင် အဖေအရင်းဖြစ်သူ ဦ(…ုပ်သသြက် ၅၀နှစ်သည် အရက်များသောက်စားမူးနေပြီး အမေဖြစ်သူအား ဆဲဆိုကြိမ်းမောင်းပြီး ရိုက်မယ်လုပ်သဖြင့် အမေဖြစ်သူ အခြားအိမ်သို့ တိန်းရှောင်နေချိန်တွင်
အဖေအရင်းဖြစ်သူသည် သမီးအရင်းဖြစ်သူ မ(……………} အသက် ၁၄ သာသာရှိသော သမီးအား ဆဲဆို ကြိမ်းမောင်းပြီး ချိန်းခြောက်ကာ သားမယား အဖြင့်တစ်ကြိမ် ပြုကျင့်ပါသည်။
နောက် နေ့လည် 2.00အချိန်တွင် တောထည်းသို့ခေါ်သွား၍ သားမယားအဖြင့် နောက်တစ်ကြိမ် ပြုကျင့်ခဲ့ပါသည်။
ဒီသတင်းကို ဦးလေး အရင်း တော်ဆပ်သူ မှသိသဖြင့် ကျေးရွာ အုပ်ချု ပ်ရေးမှုး နှင့် ထိန်တော စခန်းမှူး ရဲအုပ် မောင်မောင်ဌေးတို့က တရားခံ သွားရောက်ဖန်းစီးပြီး မိုးညိုမြိုသို့လွဲပြောင်ပြီး (ပ) 22/2018 ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် အမှု့ဖွင့် လင့်ကြောင်း သတင်းရရှိပါသည်
သတင်းပြန်ကြားမှူး
ရဲထွဋ်
မိုးညို
အဆိုတော် တင်ဇာမော် နဲ့ ကုတင်ပေါ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံ အကြောင်းကို ရှင်းပြလာတဲ့ သရုပ်ဆောင် ကျော်ထက်အောင် နှင့် ခဏတာ
အဆိုတော် တင်ဇာမော် နဲ့ ကုတင်ပေါ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံ အကြောင်းကို ရှင်းပြလာတဲ့ သရုပ်ဆောင် ကျော်ထက်အောင် နှင့် ခဏတာ
ရွှေဇီးကွက်ကို အတင်းအဓမ္မ ကားပေါ်တင်ခိုးပြေးခဲ့တယ် ဆိုတဲ့ ကျော်သူ
ရွှေဇီးကွက်ကို အတင်းအဓမ္မ ကားပေါ်တင်ခိုးပြေးခဲ့တယ် ဆိုတဲ့ ကျော်သူ
ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဒေါ်ခင်သီတာအားစီမံမှုအားနည်းခြင်း၊ညွှန်ကြားချက်များလိုက်နာရန်ပျက်ကွက်ခြင်းကြောင့်ပြောင်းရွှေ့
ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဒေါ်ခင်သီတာအားစီမံမှုအားနည်းခြင်း၊ညွှန်ကြားချက်များလိုက်နာရန်ပျက်ကွက်ခြင်းကြောင့်ပြောင်းရွှေ့
ဗိုလ်ကတော်တွေတဲ့ဗျာ … Online.စုကြေးမဲကိစ္စ စကားများရာမှလူသတ်မှုဖြစ်ပွား
သာစည် သြဂုတ်-၃၀
(29.8.2018)-(၇း၃၀)အချိန်ခန့်က
fb သတင်းမျှသာ #Credit
deleteလို့ရရင်​ သိပ်​​ကောင်းမှာပဲ
ဖေ့စ်​ဘွတ်​ဖွင့်​​တော့လည်း ...
ဖေ့စ်​ဘွတ်​စည်းမျဉ်းနဲ့အညီ မသုံးဘူး ။
ဆင်းကဒ်​ထုတ်​​တော့လည်း ...
ပြိုင်​ဘက်​​အော်​ပ​ရေတာ​တွေကြားထဲ
မျှမျှတတယှဉ်​ပြိုင်​ချင်​တဲ့
စီးပွား​ရေးEthic မရှိဘူး ။
ဦးပိုင်​​ကုမ္ပဏီ​ထောင်​​တော့လည်း
တိုင်းပြည်​ကို အခွန်​မ​ဆောင်​ဘူး ။
လွှတ်​​တော်​ထဲဝင်​ထိုင်​​တော့လည်း
ပြည်​သူ့ကိုယ်​စားလှယ်​​တွေကို
ကန့်​လန့်​တိုက်​ဖို့ကလွဲပြီး
အခြားဘာမှ မလုပ်​ဘူး ။
ကမ္ဘာမှာ"လူပါးဝပြိုင်​ပွဲ"ရှိရင်​...
မြန်​မာစစ်​တပ်​ကလွဲပြီး ဘယ်​သူမှ
နံပါတ်​၁ မချိတ်​ဘူး ။
ပွင့်​ပွင့်​လင်းလင်း​ပြောရရင်
စစ်​တပ်​ဟာ ​ဖေ့စ်​ဘွတ်​စည်းမျဉ်းနဲ့တင်
မညီတာ မဟုတ်​ဘူး ။
စစ်​တပ်​စည်းမျဉ်းနဲ့လည်း မညီဘူး ။
စစ်​တပ်​ဟာ လူ့စည်းမျဉ်းနဲ့​တောင်​ မညီဘူး ။
စစ်​တပ်​ဟာ ဘာစည်းမျဉ်းနဲ့မှကို မညီဘူး ။
စစ်​တပ်​ဟာ စနစ်​တကျပရမ်းပတာဖြစ်​​နေတဲ့
အဖွဲ့အစည်းပဲ ။
ကမ္ဘာမှာဘယ်​စစ်​တပ်​မှ မြန်​မာ့စစ်​တပ်​လို
စီးပွား​ရေး မ​သောင်းကျန်းဘူး ။
ယုတ်​စွအဆုံး
ငယ်​သား​တွေ ​ရှေ့တန်းမှာ
ငှက်​​ပျောအူစားရပြီး
ခေါင်း​ဆောင်​​တွေ​ နောက်​တန်းမှာ
ဘီလျံနာဖြစ်​​နေတဲ့ စစ်​တပ်မျိုး
ကမ္ဘာမှာ မရှိဘူး ။
ကမ္ဘာမှာ ဘယ်​စစ်​တပ်​မှ မြန်​မာ့စစ်​တပ်​လို
ကိုယ်​မပိုင်​တဲ့ နိုင်​ငံ​ရေးထဲ ဝင်​မရှုပ်​ဘူး ။
ကိုယ်​မသိတဲ့ စီးပွား​ရေးထဲ ဝင်​မရှုပ်​ဘူး ။
ကိုယ်​နားမလည်​တဲ့ ပညာ​ရေးထဲ ဝင်​မရှုပ်​ဘူး ။
မြန်​မာစစ်​တပ်​က​တော့
မသာပို့ အ​ခေါင်းထမ်းရတဲ့
နာ​ရေးပရဟိတအလုပ်​က လွဲပြီး
ဝင်​မရှုပ်​တဲ့​နေရာ တ​နေရာမှမရှိဘူး ။
ကမ္ဘာမှာ ဘယ်​စစ်​တပ်​မှ
လူထု​ကျွေးတဲ့ ထမင်းစားပြီး
လူထုတင်​​မြှောက်​တဲ့ အစိုးရကို
ရန်​သူလိုဆက်​ဆံတာ မရှိဘူး ။
အ​မေရိကန်​မှာ​နေတဲ့ မာ့ဇူကာဘတ်​​တောင်
တရုတ်​မနဲ့အိပ်​​နေရင်း
မြန်​မာစစ်​တပ်​​ စောက်​ကျင့်​မ​ကောင်း​ကြောင်းကို
သိ​နေ​သေးရင်
မြန်​မာပြည်​မှာ​နေတဲ့ မြန်​မာပြည်​သူ​တွေ​တော့
ပြောဖွယ်​ရာကို မရှိ​တော့ဘူး ...
မာ့ဇူကာဘတ်​ကံ​ကောင်းတာက
သူ့​ဖေ့စ်​ဘွတ်​စည်းမျဉ်းနဲ့ မညီသူကို 
သူ့​ဖေ့စ်​ဘွတ်​ထက်​က​နေ ခလုတ်​တစ်​ချက်​နဲ့
သူ​မောင်းထုတ်​ ပစ်​နိုင်​​တာပဲ ... ။
မြန်​မာပြည်​သူ​တွေ ကံမ​ကောင်းတာက
လူ့စည်းမျဉ်းနဲ့ မညီသူကို
လူ့ပြည်​ထက်​က​​နေ မောင်းထုတ်​ဖို့
ဘယ်​ခလုတ်​ သွားနှိပ်​ရမယ်​မှန်း
မသိကြတာပဲ ။
စစ်​ဗိုလ်​ချုပ်​​တွေရဲ့အ​ကောင့်​ကို
ဇူကာဘတ်​deleteလို့ ရသလို
စစ်​ဗိုလ်​ချုပ်​​တွေရဲ့ဘဝကို
ပြည်​သူ​တွေ deleteလို့ရရင်
သိပ်​​ကောင်းမှာပဲ ။
Credit: SPO
🇹🇼မောင်မာ(မုံရွာသား)
Wednesday, August 29, 2018
ကျနော်ကတော့အခုမှသောက်ထာဆိုတော့ သွေးတိုးကျတာပဲသိသေးတယ်
အမယ်နည်းရှိသဗျ
အသက်ကို ဝအောင်ရှူပြီအောင့်ထားလိုက် ချိုက်ခနဲနေအောင်သောက်ချလိုက် အသက်မရှူနဲ့အုံးနော် သောက်ပီး ပလုပ်ကျင်းလိုက် ပီးမှအသက်ရှူ အနဲငယ်လောက်ပဲညှီနံ့ရပါတယ်
တနေ့ ၃ ချိန်ပေါ့နော် ၃ ရက်ဆက်သောက်ထာ သွေးတိုး ပြေးတော့တာပဲဗျို့
ကို မောင်
..........
unicode
သွေးတိုးသမားတွေသောက်ကြစမ်းပါလို ့
By  MP4 YoU  August 29, 2018  herbal, Myanmar Herbal
ဒီပုံထဲကလူကြီးကို ကျေးဇူးတင်တယ်ဗျာ
သွေးတိုးတာ ၁၆၀ ဆိုရင်မခံနိုင်တော့ဘူးလည်ပင်းတွေအစ်ထလာပြီးစုံးဖမ်းသလိုနတ်မမ်းသလိုလိုနဲ့ ဂေါင်းတွေကိုက် မျက်စိတွေမှုန်ဝါးလာပြီး ခေိထောက်တေလက်တေ လေးလံထိုင်းမှိုင်းလာပြီး လေငန်းဖြတ်ဖို ့ချည်လုပ်နေတယ်
အရင် ၂ ခါလဲ လေငန်းဖြတ်ဖို ့လုပ်လို ဆေးရုံ ပြေးရသေးတယ်
သူပြောတဲ့အတိုင်းလုပ်ထား
အခု သွေးမတိုးတော့ဘူး သူပြောတာတော့ ၃ ရက် ဆက်တိုက် မနက်တကြိမ် နေ ့လယ်တကြိမ် ညတကြိမ် ၃ ရက် ဆက်သောက်ရင် အနဲဆုံး ၆လ လောက်ကတော့ အေးဆေးပဲတဲ့ စားချင်တာစားလို ့ရတယ်ဆိုပဲ
ကျနော်ကတော့အခုမှသောက်ထာဆိုတော့ သွေးတိုးကျတာပဲသ်ိသေးတယ်
ဓါတ်ပြောင်းတာဖြစ်မယ်
ဘဲဥတလုံး သံပုရာသီတလုံးအရည်အကုန်နဲ့ ဖျော်
အမယ်နည်းရှိသဗျ
သံပုရာသီးကို တချမ်းခွဲ ဖန်ခွက်ထဲအရင်ထည့် အစေ့တွေဆယ်ပစ်လိုက်
ဘဲဥ ကို ခွဲထည့်လိုက် အဲဒါကို နာနာခေါက်ဖျော်လိုက်ဗျာ
သောက်တော့မယ်ဆိုရင် ရေအဆင်သင့်ယူထား
အသက်ကို ဝအောင်ရှူပြီအောင့်ထားလိုက် ချိုက်ခနဲနေအောင်သောက်ချလိုက် အသက်မရှူနဲ့အုံးနော် သောက်ပီး ပလုပ်ကျင်းလိုက် ပီးမှအသက်ရှူ အနဲငယ်လောက်ပဲညှိီနံ့ရပါတယ်
ဘဲဥဘာအရသာမှမရှိဘူး နဲနဲချင်တာပဲရှိတယ်
တနေ့ ့၃ ချိန်ပေါ့နော် ၃ ရက်ဆက်သောက်ထာ သွေးတိုး ပြေးတော့တာပဲဗျို့
အဲ သံပုရာသီးပါတဲ့အတွက် ဖျားနေသူများမတည့်သေးပါ အဖျားပြတ်တော့ဆက်သောက်ပေါ့ အကိုက်အခဲပျော်ဆေးတွေနဲ့တော့ နီးနီးစပ်စပ်မသောက်ထာကောင်းတယ်
သွေးတိုးသမားတွေသောက်ကြစမ်းပါလို ့
တိုက်တွန်းလိုက်ရပါတယ်
ဖတ်မိတဲ့သူများ ရှယ်ပေးပါရန် မေတ္တာ ရပ်ခံပါတယ်ခင်ဗျား
ဒီလူကြီးပဲကျေးဇူးတင်နေတော့တယ်
ဘုရား အနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ / မရ
___________________________________________________
အနေကဇာတင်ခြင်း ရသ
***************************
၁။ မုဒ္ဓါဘိသေက မင်္ဂလာ။
#Unicode Version#
ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာ တင်မှ အသက် ဝင်တယ် ။ အနေကဇာ မတင်ရင် အသက် မဝင် ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာ တင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ ကိုးကွယ်ရင် ကုသိုလ် မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။
ယ္ခု အယူအဆတွေက မှားပါတယ် ။ တစ်ကယ်တော့ အနေကဇာ တင်တယ် ဆိုတာ မြတ်ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံ မွန်းမံခြင်းလို့လဲ ဆိုနိူင် ပါတယ် ။ အနေကဇာ တင်တော့ အနေက ဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။
ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက် ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေ ကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တ ကို ပူဇော်နေကြတာပါ။
မိမိစိတ် က ဗုဒ ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမည မျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေ နဲ့ ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကို ရည် မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓ အား မိမိ ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။
စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါ တရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။
မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
___________________________________________________
အနေကဇာတင်ခြင်း ရသ
***************************
“အနေကဇာ မတင်လျှင် ဘုရားအဖြစ် ကိုးကွယ်မရ၊ အနေကဇာတင်ပါမှ ဘုရားအဖြစ် ကိုးကွယ်လို့ ရ သလား” ဆိုတော့ မဟုတ်ပါ။ ဘုရား ရုပ်တုတော် ဆင်းတုတော်အဖြစ် ထုလိုက်သည်နှင့် တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပါပြီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင်းတု’ ဟုသာ ခေါ်ကြပါသည်။ တစ်စုံတစ်ယောက်မျှ ခြင်္သေ့ရုပ် ဆင်ရုပ် စသည် မခေါ်ကြပါဘူး၊ ရုပ်ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် “ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်လျှင် အပြစ်ရှိသည်” ဟု ယုံကြည်ထားကြပါသည်။
ဘုရား ထုလုပ်သော လူတွေ ကတော့ အနေကဇာ မတင်ရသေးလျှင် ဘုရား မဖြစ်သေးဘူး ဟူ၍ ထင်မှတ် တတ်ကြပါသည်။ ဘုရား ဟူ၍ သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓဘာသာ အားလုံးက သမ္မုတိသစ္စာ သဘောအရ ဘုရားဟူ၍ အသိအမှတ် ပြုထားသည့် အတွက်ကြောင့် ဘုရားပဲ ဖြစ်ပါသည်။ မရိုမသေ မလေးမစားလုပ်လျှင် အပြစ်ရှိပါသည်။ ဘုရား ဆင်းတု ထုလုပ်ကြပါကုန်သော ဆရာများ သတိ ထားဖွယ်ရာ အဖြစ် ကြားညှပ်ကာ ရေးသားပေးရပါသည်။ ထို့ကြောင့် အနေကဇာ မတင်လည်း ဘုရားအဖြစ် ကိုးကွယ်နိုင်ကြပါသည် ဟူ၍ ဦးစွာ အကျဉ်းအားဖြင့် မှတ်သားပေးကြစေလိုပါသည်။
“ထိုသို့ ဘုရားရှင်ကို အနေကဇာ တင်ခြင်း ကိစ္စသည် ဘယ်ခေတ်က စတင် ဖြစ်ထွန်း လာပါသလဲ” ဆိုတော့ မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာပြည်တွင် သာသနာတော်ကြီး တစ်ဖန် ထွန်းတောက်ရာခေတ်ဖြစ်သော ပုဂံခေတ် က စခဲ့သည်ဟု ဆိုကြပါ၏။
 ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးများ များစွာ တည်ကြပါသည်။ တည်ပြီးသောအခါ ပူဇော်ပွဲ အမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ် ပူဇော်မှု ကိုပါ ထည့်သွင်း၍ ပူဇော်မှု ပြုကြပါသည်ဟု ဆိုကြပါ ၏။ ထိုတွင် ဘုရားအသစ် ကို ထုလုပ် ပူဇော်ခြင်းဖြစ်ကြောင့် ဘုရားဖြစ်စ ကို ရည်ရွယ်မှန်းဆ၍ ဘုရားရှင် ကိုယ်တော်တိုင် စိတ်ဖြင့် လည်းကောင်း နှုတ်ဖြင့်လည်းကောင်း ပွားများ ဆင်ခြင်တော် မူခဲ့ပါသော တရားတော်များကို ပူဇော် ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်ပါသည်။ ဤကား အနေကဇာ တင်မှု စတင်ဖြစ်ပေါ်လာ အကြောင်းရင်း ဖြစ်ပါသည်။
“ ဘာကြောင့် အနေကဇာ တင်ကြပါသလဲ” ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည် အိမ်သစ် ကျောင်း သစ် စသည် ဆောက်လုပ်ကြသောအခါ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ဘုရားရှင် သီတင်းသုံးဖို့ရန် အတွက် ကျောင်းဆောင်လေးများကိုပါ အဦးထား၍ ဆောက်လုပ်ကြပါသည်။ ဆောက်လုပ်၍ ပြီးစီးကြသောအခါ ဘုရားရှင် ၏ ရုပ်ပွားတော်ကို ပင့်ဆောင်၍ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ကိုးကွယ်ထားကြပါသည်။
ထိုသို့ ကိုးကွယ်ကြရာ၌ အသစ်ဖြစ်သော အိမ်ကျောင်းမှာ အစဦးဆုံး အဖြစ် ဘုရားရှင်ကို ပင့်ဆောင်ကြခြင်းဖြစ်၍ ဘုရားရှင် ကို ပူဇော်ကြဖို့ရန် အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး ဘုရားရှင်ကို ပူဇော်သမှု ပြုစေကြခြင်း ဖြစ်ပါသည်။ ဒါသည် ပုဂံခေတ်မှ လာခဲ့သော အစဉ်အလာ အတိုင်းပင် ဖြစ်ပါသည်။ သံဃာတော်များက ရွတ်ဆိုပူဇော်နည်းကို မသိကြပါကုန်သော လူများကိုယ်စား ဘုရားရှင်ကို ပူဇော်ပေးကြခြင်း ဖြစ်ပါသည်။ ထိုသို့ သံဃာတော်များကို မိမိတို့ အိမ်ဂေဟာသို့ ပင့်ဖိတ်၍ ဘုရားရှင်ကို ပူဇော်စေကြသူတို့သည် ဘုရား တရား သံဃာ ရတနာသုံးဖြာလုံးကိုပင် ပူဇော်ပြီးသား ဖြစ်ရပါသည်။ ရွတ်ဆိုပူဇော်နည်းကို သိကြပါကုန်သော လူများကတော့ ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါသည်။
ဆရာတော်လေးတစ်ပါးက “တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ရှိပါသေးတယ်။ ဘုရားကို အဘိသိက်မြောက်တယ်ပေ့ါ။ ဒါဟာ ဘုရားကို အဘိသိက်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို အဘိသိက်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ် ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရေးသားထားသည်ကို ဖတ် ရဖူးပါသည်။ သူ့ အယူအဆနှင့် သူ မှန်သည်ဟု ဆိုရပါမည်။ သို့သော် “ဗုဒ္ဓါဘိသေက မင်္ဂလာ” ဟူသည် ဘုရားရှင်ကို အသက်သွင်းခြင်း, ရေစင်ဖြင့် အဘိသိက်သွန်းခြင်း မဟုတ်ရပါ။
အဘိသိက် ဟူသည် သုံးမျိုး ရှိသည်ဟု မင်းကွန်း ဆရာတော်ကြီး၏ ဗုဒ္ဓနေ့ဆိုင်ရာ တရားအလွှာထဲမှာ ထည့်သွင်း၍ ဟောကြားထားပါသည်။ ထိုသုံးမျိုးမှာ-----
၁။ မုဒ္ဓါဘိသေက မင်္ဂလာ။
၂။ ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။
၃။ ဗုဒ္ဓါဘိသေက မင်္ဂလာ တို့ ဖြစ်ပါသည်။
ထိုသုံးမျိုးတို့တွင် မုဒ္ဓါဘိသေက မင်္ဂလာဟူသည်မှာ အစဉ်အလာ သူ့ခေတ်အခါလာ ဗေဒင် ကျမ်းလာ အတိုင်း ရှင်ဘုရင် အဖြစ် တင်မြောက်မည့် ဘုရင်လောင်းကို ထိုထို ဆက်သစရာများ ဆက်သပြီး ထိုထို ဆိုင်ရာ မန္တာန်များကို ရွတ်ဆိုကြကာ ဦးခေါင်းထိပ်၌ ရေစင်ဖြင့် သွန်းလောင်းခြင်း ဖြစ်ပါသည်။
ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာဟူသည်မှာ ရေစင်ဖြင့် သွန်းလောင်းရသည့် အဘိသိက် တင်ခြင်း မြောက်ခြင်းမျိုး မဟုတ်ပါ။ ( လောကီမင်္ဂလာ အဖြစ် မင်းများ အဘိသိက်ခံယူကြသည်ကို အစွဲပြုကာ ယဉ်ကျေးမှု ဓလေ့ရိုးရာ အစဉ်အလာဖြင့် ရှင်လောင်းကို အဘိသိက်မြှောက်ခြင်းသည် မြန်မာတို့၏ အစဉ်အလာမို့ အပြစ်ဖို့စရာ မရှိပါ) ယုတ်ညံ့သော လူအဖြစ်မှ မြင့်မြတ်သော သာမဏေ ပဉ္ဇင်းအဖြစ်သို့ ဝင်ရောက်မည့် ရှင်လောင်း,ရဟန်းလောင်း ကို ရှင်ဖြစ်လျှင် သင်္ကန်းတောင်းခြင်း သရဏဂုံ ပီသရခြင်း စသည်နှင့် ရဟန်းဖြစ်လျှင် ဥပဇ္ဈာယ် ယူမှုမှသည် ကမ္မဝါ စာဆုံးသည် အထိ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုရခြင်းဟု ဆိုအပ်သော အစီအစဉ် အတိုင်း ပြုလုပ်ရခြင်းသည် အဘိသေက မန္တာန်ကို ရွတ်ဆိုခြင်းနှင့် တူသည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားသော အမည်ဖြစ်ပါသည်။
ဗုဒ္ဓါဘိသေက မင်္ဂလာဟူသည် အနေကဇာ တင်သည့် ပါဠိများထဲတွင် အပါအဝင်ဖြစ်သော “ အပရာဇိတပလ္လင်္ကေ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ” ဟူသော ရှေးဆရာတော်ကြီး၏ ဂါထာကို အစွဲပြုကာ ပေါ်ပေါက်လာသည့် အခေါ်အဝေါ်ဖြစ်ပါသည်။ သို့သော် ချီးမြှောက်သော အဘိသိက်မျိုး မဟုတ်ပါ။ ရှိပြီးသားဂုဏ်ကို အမွှမ်းတင်သော အဘိသိက်မျိုး ဖြစ်ပါသည်။
ဘုရားရှင်သည် ဘုရားဖြစ်စ ပထမ သတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန် အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။ ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။ ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော် မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟေ၀ -စသော ဂါထာတော်များကို ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။
တစ်ဖန် စတုတ္ထ သတ္တာဟ ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးသို့ အရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ထိုကို ရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။ ဆက် လက်၍ အောင်ဂါထာများ ပါဝင်သော ပုဗ္ဗဏှသုတ် ကို ရွတ်ပွား၍ ဆုတောင်းပါသည်။
ဆိုခဲ့ပြီးသော ဗုဒ္ဓါဘိသေက ဖြစ်ထိုက်သော ဗုဒ္ဓဝစန များကို အစဉ်အတိုင်း ရွတ်ဆိုကြကာ ဘုရားရှင်တော်မြတ်ကို အမွှမ်းတင်ကြခြင်း ပူဇော်ကြခြင်းကိုပင် ဗုဒ္ဓါဘိသေက မင်္ဂလာဟု တင်စားကာ ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ဤကား ဘုရားရှင်ကို အသက်သွင်းခြင်း မဟုတ်ကြောင်း, အဘိသိက် ဟူရာမှာလည်း ရေစင်ဖြင့် သွန်းလောင်းရသည့် တင်မြှောက်ခြင်းကို မဆိုလိုကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။
တစ်ချို့က---“ ပုံတော်က သာမည ပါ။ ဟန်ပြပါ။ ဂုဏ်တော် ကိုသာ အာရုံပြု၍ ပူဇော်နိုင်ဖို့ လိုရင်းပါ” ဟူ၍ ဆိုလာကြပါသည်။ ပုံတော်ကိုကြည်ညို ဂုဏ်တော်ကို အာရုံစိုက် ကာ ပူဇော်ရမည် မှန်ပါသော် လည်း ပုံတော်က သာမညလည်း မဟုတ် ဟန်ပြလည်း မဟုတ်ပါ။ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကြာ သည့်တိုင်အောင် အနစ်နာခံခြင်း သူတစ်ပါးအကျိုး ကို ဆောင်ရွက်ခြင်းဟု ဆိုအပ်သော ပါရမီ စရိယ များစွာတို့ကို ဖြည့်ကျင့်ပါမှ ရရှိလာပါသော လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တုဖက်မရှိ ကြည်ညိုဖွယ် အတိပြည့်သော ပုံတော် ဖြစ်ပါသည်။
ထုလုပ်သူ ညံ့လို့ ပုံကောင်း မထွက်လျှင်သာ ရှိပါမည်။ “ထိုရုပ်တု ဆင်းတု သဏ္ဍာန်များသည် မြတ်စွာဘုရား ၏ သဏ္ဍာန်တော်နှင့် ဆက်စပ်လျှက် ရှိသည်ဖြစ်၍ ထိုရုပ်ပုံ ရုပ်တုတော်များကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဘုရား ဘုရား ဟူ၍ မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားကို အာရုံပြု၍ အားကောင်းစွာဖြစ်ပေါ်လာသော ထိုကုသိုလ်စိတ်များသည် ချမ်းသာများစွာရ သံသရာ ဘဝထိအောင် အကျိုးများပါသည်” ဟုလည်းကောင်း, ဘုရား အစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်များကို ဖူးမြင်ခွင့် မရကြသည့် အတွက် ထိုဘုရားအစစ် ၏ ရုပ်ပုံတော် သဏ္ဍာန်တော်နှင့် အသွင်အဆင်တူသော ရုပ်ပုံတော် ဆင်းတုတော်များကို အလွန်ဖူးမြင်လိုကြ၏။
 ကြည်ညိုစွာ ဖူးမြှော်ကြရသောအခါ၌ ထိုသူတို့၏ စိတ်မနော သည် ဘုရားအစစ် သို့ စိတ်ရောက်၍ သွားကြ ကုန်သည်ချည်းသာ ဖြစ်ကုန်၏။ ရှိခိုးပူဇော်စဉ် အခါ နှုတ်မှ ရွတ်ဆိုကြသော ဣတိပိ သော ဘဂဝါ အရဟံ အစရှိသော ဂုဏ်တော်များသည် ဘုရားစစ် ၌ ရှိသော ဂုဏ်တော်များပေတည်း ဟု အမှန်သိ၍ ရွတ်ဆိုကြခြင်း ဖြစ်၏။
 လောက၌ ဤသူသည် သီလ စသောဂုဏ်ကြီး၏ စသည်ဖြင့် ကြားသိရလျှင် ထိုပုဂ္ဂိုလ်ကြီးကို ဖူးမြှော်လိုသောစိတ် အလွန် ထက်သန်ကြသည့် အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီး ရှိရာသို့ ကိုယ်တိုင် သွား၍ပင် ဖူးမြှော်ကြ၏။ မသွားနိုင် ဖြစ်ခဲ့ကြလျှင် ထိုပုဂ္ဂိုလ်ကြီး၏ ပုံများကို ဝယ်ယူ ပူဇော်၍ ခေါင်းရင်းမြင့်မြတ်ရာမှာ ထားကာ ကြည်ညိုပူဇော်ကြကုန်၏။
ထိုအမှုသည် အလွန်ကောင်းမြတ်သော အမှုဖြစ်၏” ဟု လည်းကောင်း ကျေးဇူးးတော်ရှင် လယ်တီ ဆရာတော်ကြီး မှ ရတနာသုံးပါးကို ကြည်ညို ပူဇော်ရခြင်း၏ အကျိုးများပုံကို ရေးသားထားပါသည်။
အားလုံး သာယာချမ်းမြေ့ကြပါစေ.....။
အရှင်ခေမိန္ဒ တိပိဋကနိကာယ
အသက်ဘယ်လောက်မှာ အပျိုရည်၊လူပျိုရည် ပျက်ခဲ့တာလဲ HOW OLD WERE YOU WHEN YOU LOST YOUR VIRGINITY!?
HOW OLD WERE YOU WHEN YOU LOST YOUR VIRGINITY!?
အသက်ဘယ်လောက်မှာ အပျိုရည်၊လူပျိုရည်ပျက်ခဲ့တာလဲ ။
ဘယ်သူနဲ့ လဲ။ရည်းစားနဲ့ လား။ ဒီအတွက်နောင်တရသလား။
ဖြစ်ခဲ့တဲ့အခြေအနေကို ပြောင်းလဲလို့ရမယ်ဆိုရင် ပြောင်းလဲချင်သလား။  
ကမ္ဘာ့သမိုင်းကြောင်းထဲက မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအကြောင်း
ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာင်္ နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာၤ နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) လူအများစုဟာ မာယာလူမျိုးတွေ ပျောက်ကွယ်သွားကြပြီလို့ ထင်မှတ်နေကြပေမယ့် အမေရိကတိုက်အတွင်းမှာ အခုထက်တိုင် သားစဉ်မြေးဆက်အလိုက် နေထိုင်နေကြဆဲ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။(၂)ကမ္ဘာကြီးဟာ ဘီစီ ၃၁၁၄ ခန့်ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ မာယာလူမျိုးတွေက ယုံကြည်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့ပါတယ်။(၃)ငါးမန်း (shark) ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မာယာလူမျိုးတွေရဲ့ ကိုယ်ပိုင်စကားလုံးတခု ဖြစ်တယ်လို့ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
(၄) မာယာလူမျိုးတွေဟာ ဗိသုကာလက်ရာအဆင့်အတန်းမှာ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အီဂျစ်မှာရှိတဲ့ ပိရမစ်နဲ့ ဘုရားကျောင်းပုံစံတွေဟာ မာယာလူမျိုးတွေက စတင်ခဲ့တာဖြစ်ပါတယ်။(၅) ခန္ဓာကိုယ်မှာ တက်တူးထိုး အလှဆင်တာဟာ မာယာလူမျိုးတွေ လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စိတ်ခံစားမှုအလိုက် ပုံဖော်ဆင်မြန်းခဲ့ကြတာ ဖြစ်ပါတယ်။
(၆) ယနေ့ခေတ် ဂွာတီမာလာနိုင်ငံက ကျွန်းမြို့လေးတမြို့ဖြစ်တဲ့ Tayasal ဟာ မာယာလူမျိုးတွေရဲ့ နောက်ဆုံး အင်ပါယာအဖြစ် တည်ရှိခဲ့ပြီး ၁၆၉၆ ခုနှစ် မတိုင်ခင်အထိ တည်တံ့ခဲ့ပါတယ်။(၇) မာယာလူမျိုးတွေဟာ ထူးချွန်တဲ့ နက္ခတ်ဗေဒပညာရှင်တွေဖြစ်ပြီး ကြယ်၊ လနဲ့ နေတို့ကို ကောင်းကင်မှာ ရွေ့နေတဲ့ နတ်ဘုရားတွေလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာ ဆိုရင်လည်း ကြယ်၊ လနဲ့ နေတို့ရဲ့ တည်နေရာအရွှေ့အပြောင်းတွေပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းမှတ်သားထားလေ့ ရှိပါတယ်
MMCele