Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 28, 2018

ဂျပန်ကို ဂျွန်ဒါးရီ တိုင်ဖွန်းဝင်ပြီ

(ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ တိုက်ခတ်နေတဲ့ Jongdari မုန်တိုင်းကြောင့် အပျက်အစီးတချို့ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ရစဉ် )
 ဂျပန်နိုင်ငံ အလယ်ပိုင်းကို အင်အားပြင်းတဲ့ မုန်တိုင်းတစ်ခု ဒီကနေ့ မနက် ၁ နာရီ ခန့်က ဝင်ရောက်ခဲ့ပါတယ်။ Jongdari ဂျွန်ဒါးရီ လို့အမည်ပေးထားတဲ့ အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ တစ်နာရီကို ၁၁ဝ မိုင်နှုန်းနဲ့ အနောက်ပိုင်းကို ဦးတည်ရွှေ့လျှားတိုက်ခတ်နေပြီး လူအသေအပျောက်စာရင်း မသိရသေးပါဘူး။

မုန်တိုင်းကြောင့် မိုးကြီးပြီး မြေပြိုမယ့်အန္တရာယ်ကို သတိထားကြဖို့ မိုးလေဝသဌာနက သတိပေးနေပြီး ရာနဲ့ချီတဲ့ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment