Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 31, 2018
ခင်ပွန်း ဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သည့် တစ်ချက်ထိုးမင်းသမီး
ကိုကိုခိုင်(ရွှေပြည်သာ)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ် (ဏ/၁၄)ရပ်ကွက် နေအိမ်တစ်အိမ်၌ ဇူလိုင်လ ၃၀ ရက်နေညက အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ည(၁၂) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ဏ/၁၄ရပ်ကွင် ပေါ်ဆန်းမွှေး(၄)လမ်း ပန်းခြံ(၂၁)
အိမ်အမှတ် ၁၀၅၂(ခ) နေအိမ်တွင် လူတစ်ဦး ဓားဒဏ်ရာ
ဖြင့်သေဆုံးနေကြောင်း သတင်းအရ လှော်ကားနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းလင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်မင်းထွေး နှင့်တပ်ဖွဲ့ဝင်များ သက်သေများဖြစ်ကြသော အမှတ်(ဏ/၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလွင် အမှတ်(တ/၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်လွင်တို့မှသွားရောက်စစ်ဆေး
ခဲ့သည်။
သေဆုံးသူမှာ အဆိုပါနေအိမ်တွင် နေထိုင်သူ ဇေယျာလင်း(၃၂)နှစ်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး(၄၇) နှစ်၏ ပြောပြချက်အရ ဒေါ်စိမ့်စိမ့်အေးသည် နေအိမ်အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်နေစဉ် အိမ်ရှေ့တံခါးဖွင့်သံကြားရပြီး ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ ညစဉ်အရက်မူး ပြန်လာပြီး ပြဿနာ ရှာလေ့ရှိသဖြင့် အိပ်ရာမှ ထမကြည့်ဘဲ ဆက်အိပ်နေစဉ် “ဝုန်း”ဟုအသံကြား၍ ထကြည့်ရာ ခင်ပွန်း ဖြစ်သူမှာ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက် ရရှိ၍ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း အပြင်မှာ ရန်ဖြစ်လာ၍ ဓားဖြင့်အထိုးခံရပြီး နေအိမ်အရောက် သေဆုံးသွားကြောင်း ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး မှပြောပြ
သည်။
ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်း အပြင်အား စစ်ဆေး
ရာမှ ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေးအား မသင်္ကာသဖြင့် နေအိမ်နောက်ဖက် မီးဖိုချောင်အား ရှာဖွေရာ
ပန်းကန်စဉ်တွင် ကက်ကြေးပေါ်တွင် ဓားကိုတင်လျှက် သံပြားဖြင့် ဖိထားသော သွေးစွန်း
နေသည့် အရိုးအသွား(၁၁)လက်မ ခန့်ရှိ သက်သေခံဓား
အား သိမ်းဆည်းရမိခဲ့သည်။
အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ အရက်အလွန် အကျွံသောက်စားပြီး အမြဲရန်ရှာလေ့ရှိကြောင်း၊ အခင်းဖြစ်နေ့ ည ၁၁ နာရီအချိန် အရက်မူး၍ နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် ထမင်းစားလိုကြောင်း ပြောဆိုသဖြင့် ၎င်းမှ ထမင်း စားရန်စီစဉ် ပေးခဲ့ပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ ခဏအကြာတွင် ခင်ပွန်းဖြစ်သူမှ ခြေထောက်အား ဆွဲပြီး အမျိုးမျိုးရန်ရှာပြောဆိုမှုများ ပြုလုပ်နေသဖြင့် အရိုးအသွား(၁၁)လက်မခန့်ရှိ သစ်သား ရိုးတပ်စတီးဦးချွန် ဓားဖြင့် ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျွန်တော်ကို ည(၁၁)နာရီထိုးလောက်မှာ
တစ်ရပ်ကွက်တည်းနေ အောင်မေတ္တာလမ်းက ဒေါ်စိမ့်စိမ့်
အေးရဲ့ အမဖြစ်သူ ဒေါ်ဖြိုးက ဖုန်းဆက်အကြောင်းကြား
လာတာပါ ကျွန်တော်က အပိုင်ရာအိမ်မှူးနဲ့အတူ သွားရောက်ခဲ့ပြီး ဆက်လက်ပြီး လှော်ကားနယ်မြေရဲစခန်း
ကိုအကြောင်းကြားခဲ့ပါတယ် သေဆုံးသူဟာ အရက်သေစာ မူးယစ်သောက်စားပြီး အရက်ဆိုင်မှာ
အချိန်ကုန်တဲ့သူပါ သူတို့လင်မယားဆက်ဆံရေးက
အဆင်မပြေမှုတွေ ရှိနေတယ်လို့တော့ သိရပါတယ်
သေဆုံးသူဟာ အိမ်ရှေ့ဧည့်ခန်းမှာ အိပ်ပြီး ဇနီးဖြစ်သူက
နောက်ဘက် အခန်းမှာ အိပ်တာပါ ဒေါ်စိမ့်စိမ့်အေးက
တစ်ချိန်က တက္ကသိုလ်က ကျူတာ ဆရာမလုပ်ခဲ့ဖူးတယ်
လို့သိရတယ် နေအိမ်မှာ (၁၀)တန်းကျောင်းသား တွေကို
စာသင်တာတွေ စာကျက်ဝိုင်းတွေ လိုက်လံစာပြတာတော့
သိရပါတယ်ဟု အမှတ်(ဏ/၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးအောင်ဆန်းလွင်မှ ပြောသည်။
အမှုနှင့်ပတ်သတ်၍ ဒေါ်စိမ့်စိမ့်အေး(၄၇)နှစ် (ဘ)
ဦးစိုးမြင့်အား ဒုရဲအုပ်ကျော်နိုင်ဝင်းမှ တရားလိုပြု၍ တိုင်တန်းရာ လှော်ကားနယ်မြေရဲစခန်းမှ (ပ)၄၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်၍ပြီး အမှုစစ်အဖြစ် စခန်းမှူး ရဲအုပ်သန်းလင်း
မှတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုကိုခိုင်(ဗဟိုပြန်ကြားရေးမှူး)
ဥက္ကဌ(ရွှေပြည်သာမြို့နယ်)
MCRA-SH
Monday, July 30, 2018
VOA သတင်းဌာနက ဦးရော်နီငြိမ်းရဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုချက်
သိတယ် တတ်တယ် နားလည်တယ် အစစအရာရာပြင်ဆင်ထားတယ်လို့ ယုံကြည်ခဲ့စဉ်က ကြည်ညိုလေးစားစိတ်နဲ့ ရို့ရို့ကျိုးကျိုး ဖြစ်ခဲ့တယ်။
တကယ်တမ်း မြန်မာ့နိုင်ငံရေး တိုင်းရင်းသားအရေးတွေကို လက်တွေ့ကျကျ ဘာမှ မသိဘူး ဘာမှ နားမလည်ဘူး၊ အတွေ့အကြုံ လုံးဝမရှိလို့ ဘာမှ မလုပ်တတ်ဘူး၊ ၂၀၁၀ ကနေ ၂၀၁၅ ထိ ၅ နှစ် တာကာလမှာ- ငါတို့ အာဏာရခဲ့ရင် ဆိုပြီး - ဘာမှ ပြင်ဆင်မထားဘူး၊ အများနဲ့ညှိနှိုင်းတိုင်ပင်တာတွေ မလိုချင် ဘယ်သူ့မှ နေရာမပေးချင် ထိပ်ဆုံးမှာ ငါ တစ်ယောက်ပဲရှိရမယ် ဆိုတဲ့ အာဏာလောဘနဲ့ ကိုယ့် တစ်ယောက်ထဲအတွက်ပဲ ထင်ပေါ်ကျော်ကြားခြင်း fame ကို ပြိုင်ဘက် မရှိ လိုချင်တာပဲ ရှိတယ် - စတာတွေ သေသေချာချာသိလာရတဲ့အခါ လွန်ခဲ့တဲ့ ၄နှစ် ကတည်းက သူ ဘာတွေပဲ ပြောနေပေ့စေ မယုံသင်္ကာ တဲ့ အကြည့်နဲ့ပဲ ကြည့်ခဲ့တယ်။
အယုံအကြည်နဲ့ လေးစားခြင်း လုံးဝပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီ။
ဘာဖြစ်လို့ ဆန့်ကျင်နေတာလဲလို့ မေးနေကြသူတွေကို နောက်ဆုံးပြော ချင်တာ အဲဒါပါပဲ။
(နောက်ဆုံးပြောခြင်း ဖြစ်လို့ ၀ိုင်းတိုက်တွန်းနေကြတဲ့အတိုင်း public ထားလိုက်ပါတယ်)
Ronnie Nyein
အဖွဲ့အစည်းဆိုတာနောက်လိုက်တွေစုခြင်းမဟုတ်
Shadow Government ဆိုတဲ့ အရေးပါတဲ့နိုင်ငံရေးဖွဲ့စည်းမှုနဲ့သဘောတရားတခုအကြောင်း ဦးရော်နီငြိမ်းက နိုင်ငံတကာဥပမာတွေနဲ့အသေအခြာရေးပြထားတာတွေ့ရတယ် ..
လွန်ခဲ့ပြီးသောဖြစ်ရပ်တွေကို ထောက်ပြယင်တချို့က အပြစ်တင်တယ် မတရားဝေဖန်တယ်ထင်ချင်ထင်ကြမယ် .. ဒါပေမဲ့ ဖြစ်ခဲ့တာတွေဟာ ဖြစ်ခဲ့တာတွေဘဲမှလား.. မြင်အောင်ကြည့်ပြီး အကောင်းဆုံးလမ်းကိုရွေးနိုင်ရမှာပေါ့ ..
NLD ပါတီရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဟိုးအစောပိုင်း ရွေးကောက်ပွဲမတိုင်ခင်ကထဲက ပြည်တွင်းမှာရော ပြည်ပမှာပါဝေဖန်ထောက်ပြမှု့တွေရှိခဲ့ပါတယ်.. NLD က အရေးတယူမလုပ်ခဲ့တာပါ ..
အဓိကကတော့ အစိုးရတခုဖွဲ့နိုင်လောက်တဲ့ နိုင်ငံရေးပါတီတခုအဖြစ်ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားတာမဟုတ်ဘဲ စစ်အာဏာဆန့်ကျင်ရေးဆိုတဲ့ သဘောတရားတခုတည်းနဲ့ ခေါင်းဆောင်တယောက်ထဲအောက်လာစုနေကြတဲ့ activist လှုပ်ရှားမှုအဖွဲ့ပုံစံကတက်မလာခဲ့တဲ့အခြေအနေပါ ..
အဲဒီတော့ အာဏာလဲရရော ဘယ်သူကဘာလုပ်ရမှန်းမသိတော့တာအဆန်းမဟုတ်ပါဘူး .. NLD မှာ ခေါင်းဆောင်တယောက်နဲ့ နောက်လိုက်တွေဘဲရှိခဲ့တာကိုး..
ခေါင်းဆောင်ဆိုတာကလဲ အားလုံးကို ထိတွေ့ သိမြင်နိုင်ဘို့နေနေသာသာ ကိုယ်တိုင်တောင် အဝေးမှာကြီး .. ပြည်တွင်းရောက်တော့လဲ ပိတ်ဆို့ချုပ်ချယ်ခံခဲ့ရသူမို့ နောက်လိုက်တွေအပေါ် Morale leadership လို့ခေါ်တဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓါတ်ခွန်အားသက်သက်ဘဲပေးနိုင်ခဲ့သူဖြစ်နေပြန်တယ် ..
သူရရွှေမန်းလို အာဏာယူဘူး အုပ်ချုပ်ခဲ့ဘူးသူနဲ့ တိုက်ရိုက်ညှိပြီး နေရာပေး အာဏာခွဲပေးဘို့ကျတော့လဲ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်းအတိုက်အခံတွေဖြစ်လာမှာစိုးရိမ်ပြီး ရဲရဲရင်ဆိုင်မလုပ်ရဲခဲ့ပြန်ဘူး .. ဒါပေမဲ့အခုနောက်ဆုံးတော့ ဦးကျော်တင့်ဆွေ ဦးသောင်းထွန်း သူရအောင်ကို ဦးတီခွန်မြတ်စတဲ့ သူရရွှေမန်းနဲ့နီးစပ်တဲ့သူတွေဘဲ အစိုးရအဖွဲ့ အတွင်းစည်းနဲ့ အရေးပါတဲ့နေရာတွေရောက်လာတာဘဲမဟုတ်လား..
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏အတိုင်ပင်ခံဟာဘယ်သူလဲ လူတိုင်းသိပါတယ် ..
ဒါကိုလဲအပြစ်လို့ပြောမနေချင်ပါဘူး .. အတွေ့အကြုံမရှိရင် အတွေ့အကြုံရှိတဲ့သူနဲ့ပေါင်းရမှာဘဲ .. အဓိက ကတော့ နိုင်ငံပြဿနာတွေကို ပွင့်ပွင့်လင်းလင်းတာဝန်ခံဖြေရှင်းနိုင်ရေးအတွက် ခေါင်းဆောင်နဲ့အတူ လက်ရည်တူတာဝန်ယူပေးနိုင်မဲ့ Team (အစိုးရအဖွဲ့)တခုလိုနေတာပါ ..
Team တခုဖွဲ့တယ်ဆိုတာ နောက်လိုက်တွေချည်းစုနေတာမဟုတ်ပါဘူး .. Team members အဖွဲ့ဝင်တွေ အဖြစ် စိတ်တူသူတွေဖြစ်ရမဲ့အပြင် အားလုံးတိုးတက်ရေးအတွက်အကြံဉာဏ်ရှိသူတွေ လုပ်နိုင်စွမ်းရှိသူတွေကိုစုရမှာပါ .. Team Leader ခေါင်းဆောင်ဟာ ဒီလူတွေရဲ့နေရာအလိုက်ကျွမ်းကျင်မှုတွေ အကြံဉာဏ်တွေကို ရယူသုံးသပ်ပြီး executive decision လို့ခေါ်တဲ့ ဆုံးဖြတ်ချက်တွေကိုချ လုပ်ပိုင်ခွင့်ဘောင်နဲ့ အာဏာတွေကိုခွဲပြီး delegated power ပေးရမှာပါ ..
တဦးတယောက်ရဲ့ အမိန့်ကိုဘဲမျှော်ပြီး အရိပ်အကဲကြည့် အလုပ်လို့ထင်တာတွေကိုယောင်ဝါးဝါးလုပ်ပြ အနားတွေပြာပြမနေကြဘဲ Team member တွေဟာ ကိုယ်ရဲ့ကဏ္ဏအလိုက်တာဝန်တွေကို သိသိတတ်တတ်နဲ့ယူနိုင်ကြဘို့ ယူရဲကြဘို့လိုသလို ခေါင်းဆောင်ကို ဘုရားလိုကိုးကွယ်မနေဘဲတန်းတူညှိနှိုင်းပြောဆိုရဲကြအကြံဉာဏ်တွေပေးရဲကြဘို့လိုနေပါပြီ .. ကိုယ်သိတဲ့ ကိုယ်ယုံကြည်တဲ့အတိုင်း သဘောတူရင်လုပ် သဘောမတူရင်ထွက်.. အဖွဲ့ဝင်တွေကြားမှာ ညှိနှိုင်းမှုနဲ့ကျိုးကြောင်းဆီလျော်မှုတွေတော့ရှိရမှာပေါ့.. ဒါဟာဒီမိုကရေစီဘဲ ..
ဗမာပြည်မှာက ခေါင်းဆောင်ကိုဘဲမတရားအားကိုး .. မပြောရဲမဆိုရဲ ..
ဒါပေမဲ့ အောက်ကိုကျတော့ အထက်ကဒါပြောတယ်ဆိုပြီးဖိခြောက် ..
ရှေ့ကလူတွေကိုအပြစ်ပြော .. ကိုယ်ကတော့မပြင်.. လုပ်ငန်းတွေကမတွင်..
ဒီသံသရာကမထွက်သေးဘူးလို့ ပြောရရင်ဖြင့် ..
သန်းလွင်ထွန်း လွန်ရာကျပြန်ပြီပေါ့ ..
၂၈ ဇူလိုင် ၂၀၁၈
———————
အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet)
ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံပါတီကြီးတွေဟာ - ငါတို့ အာဏာရ လာလျှင် - ဆိုပြီး၊ ရွေးကောက်ပွဲ နိုင်ပြီး တကယ်အာဏာရလာတဲ့အခါ နိုင်ငံကို နိုင်နိုင်နင်းနင်းအုပ်ချုပ်နိုင်ဖို့ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ဖွဲ့ပြီး အတိုက်အခံဘ၀မှာ တချိန်လုံးလေ့ကျင့်နေကြတာ ဘယ်က စတင်ခဲ့တာလဲလို့ ကြည့်လိုက်တဲ့အခါ ပါလီမန် (Parliament) ဆိုတဲ့ လွှတ်တော်တကာတို့ရဲ့ ဖခင်ကြီး Father of All Parliaments ဖြစ်တဲ့- ဗြိတိသျှပါလီမန် (British Parliament) ကနေ စတင်ခဲ့တာကို သွားတွေ့ရ ပါတယ်။
မြောက်အိုင်ယာလန် (North Ireland) နဲ့ ဗြိတိန် (Britain) တို့ ၂ခုပေါင်းကို United Kingdom of Great Britain - အတိုအားဖြင့် UK လိုခေါ်ကြတဲ့ ဗြိ တိန်နိုင်ငံမှာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖြစ်ပေါ်စေတဲ့ Westminster system ခေါ်တဲ့ ပါလီမန် (လွှတ်တော်) စနစ်တစ်ရပ်ကနေ အရိပ်အစိုးရ ၀န်ကြီးအဖွဲ့ (Shadow Cabinet) ဆိုတာက ဆင်းသက်လာခဲ့ပါတယ်။
အတိုက်အခံပါတီ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ ၀ါရင့် ပြောရေး ဆိုခွင့်ရှိသူအတိုက်အခံနိုင်ငံရေးသမားတွေနဲ့ အာဏာရအစိုးရရဲ့ဝန်ကြီး အဖွဲ့နဲ့ စင်ပြိုင်ဝန်ကြီးအဖွဲ့ (alternative cabinet) တစ်ရပ်ကို အရိပ်အစိုးရ ၀န်ကြီးအဖွဲ့ (Shadow Cabinet) အဖြစ် အတိုက်အခံ ပါတီထဲမှာ ဖွဲ့စည်း ထားကြပါတယ်။
တကယ့်အာဏာရအစိုးရရဲ့ဝန်ကြီး အဖွဲ့ထဲက ၀န်ကြီးတစ်ပါးချင်းနဲ့ အပြိုင် အတိုက်အခံပါတီရဲ့ အရိပ်အစိုးရ ၀န်ကြီးအဖွဲ့ (Shadow Cabinet) ထဲမှာ လည်း ၀န်ကြီးတစ်ပါးစီ ခန့်ထားကြပါတယ်။
အဲတော့ ဗြိတိသျှပါလီမန် (British Parliament) ထဲမှာ အာဏာရအစိုးရ ၀န်ကြီးဌာနတွေရဲ့ မူဝါဒတွေ လုပ်ငန်းကိုင်ငန်းတွေ (policies and actions) ကို၊ အတိုက်အခံပါတီရဲ့ အရိပ် အစိုးရ ၀န်ကြီးအဖွဲ့ (Shadow Cabinet) ထဲက သက်ဆိုင်ရာ အရိပ်ဝန်ကြီး (Shadow Cabinet Member) တွေက ဝေဖန်ထောက်ပြတာ၊ အစားထိုး မူဝါဒတွေ လုပ်ငန်း ကိုင်ငန်းတွေ (policies and actions) တွေ တင်ပြကမ်းလှမ်းတာတွေကို လုပ်ကြပါတယ်။
အဲဒီလို ဝေဖန်ထောက်ပြ အစားထိုး မူဝါဒတွေ လုပ်ငန်းကိုင်ငန်းတွေ စင်ပြိုင်တင်ပြနိုင်ဖို့ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ထဲက အရိပ်ဝန်ကြီး (Shadow Cabinet Member) တွေကလည်း တကယ့် အာဏာရနေတဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ မူဝါဒတွေ လုပ်ငန်းကိုင် ငန်းတွေ (policies and actions) ကို ကျေညက်စွာ လေ့လာလေ့ကျင့် ထားပြီး ဖြစ်နေကြပါတယ်။
ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတွေမှာ အတိုက်အခံ ပါတီတွေဟာ ကြီးသည် ဖြစ်စေ ငယ်သည်ဖြစ်စေ - ငါတို့ အာဏာရခဲ့လျှင် ဆိုပြီး - အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ကိုဖွဲ့ပြီး တစ်ချိန်လုံး လေ့လာလေ့ကျင့်နေကြတာကြောင့် တကယ်အာဏာရလာတဲ့အခါ အာဏာလွှဲပြောင်းလက်ခံခြင်း (transition of power) နှင့် လက်တွေ့ အုပ်ချုပ်ခြင်း (Governing) တို့မှာ ဘာမှ အခက်အခဲမရှိ ချောချောမွေ့မွေ့ ဖြစ်ကြပါတယ်။
ဒီနေရာမှာ နိုင်ငံအလိုက် အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ထဲက အရိပ်ဝန်ကြီး (Shadow Minister) တွေကို အခေါ်အဝေါ် ကွဲပြားမှုလေးတွေ ရှိကြပါတယ်။
များသောအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံပါတီတွေ ဖွဲ့ထား ကြတဲ့ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ထဲက အရိပ်ဝန်ကြီး (Shadow Cabinet Member) ကို Shadow Minister လို့ခေါ်ကြပေမယ့်၊ ကနေဒါနိုင်ငံမှာတောာ့ Opposition Critic လို့ ခေါ်ကြပြီး၊ UK နဲ့ နယူးဇီ လန်မှာတော့ အရိပ်ဝန်ကြီး (Shadow Cabinet Member) ကို Spokesperson လို့ ခေါ်ကြပါတယ်။
UK ၊ ကနေဒါ နှင့် နယူးဇီလန်နိုင်ငံတွေမှာ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ကို His or Her Majesty's Loyal Opposition လို့ ခေါ်ကြပါတယ်။
ကနေဒါ၊ သြစတြေလျ၊ နယူးဇီလန်တို့ရဲ့ နိုင်ငံတော် အကြီးအကဲဟာ ဗြိတိန်ဘုရင် (သို့မဟုတ်) ဘုရင်မ ဖြစ်တာကြောင့်၊ အဲဒီနိုင်ငံတွေက အာဏာရအစိုးရ၀န်ကြီးအဖွဲ့ကို - ဘုရင့်အစိုးရ သို့မဟုတ် ဘုရင်မ အစိုးရ ၀န်ကြီးအဖွဲ့ - (His or Her Majesty's Cabinet) လို့ ခေါ်ကြပါတယ်။
ဒါကြောင့် အဲဒီနိုင်ငံတွေက အဓိက အတိုက်အခံပါတီကြီးတွေရဲ့ - အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) - ကို ဘုရင် သို့မဟုတ် ဘုရင်မ ရဲ့ သစ္စာရှိ အတိုက်အခံ His or Her Majesty's Loyal Opposition အဖြစ် ဖေါ်ပြကြရပါတယ်။
အဓိပ္ပာယ်ကတော့ အရိပ်အစိုးရ၀န်ကြီးအဖွဲ့တွေဟာ ဘုရင့်အစိုးရ သို့မဟုတ် ဘုရင်မ အစိုးရ ၀န်ကြီးအဖွဲ့ - (His or Her Majesty's Cabinet) ကိုသာ အတိုက်အခံပြုခြင်း ဖြစ်ပြီးတော့၊ နိုင်ငံရဲ့အချုပ်အခြာ အာဏာ နှင့်ဘုရင် သို့မဟုတ် ဘုရင်မရဲ့ ထီးနန်းကို အတိုက်အခံပြု ခြင်းမဟုတ်ပဲ သစ္စာစောင့်သိနေမယ် - ဆိုတဲ့ အဓိပ္ပာယ်နဲ့၊ တခါ အာဏာရအစိုးရရဲ့တရားဝင်ဝန်ကြီးအဖွဲ့ဆိုတာနဲ့ ကွဲလွဲစေဖို့ အငြင်းမပွားနိုင်စေဖို့ အတွက် အဲဒီနိုင်ငံတွေရဲ့ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ကို - ဘုရင် သို့မဟုတ် ဘုရင်မ ရဲ့ သစ္စာရှိ အတိုက်အခံ His or Her Majesty's Loyal Opposition - လို့ ခေါ်ဝေါ် သုံးနှုန်းခြင်းပါ။
သြစတြေလျမှာဆိုရင် အတိုက်အခံ - သြစတတြလျ အလုပ်သမားပါတီ Australian Labor Party (ALP) - ဟာ သူ့ရဲ့ အရိပ်အစိုးရ၀န်ကြီး (Shadow Cabinet Member) တွေကို ပါတီထဲမှာပဲ မဲပုံးထောင်ပြီး ရွေးချယ်ပါတယ်။
များသောအားဖြင့် တခြားသော ဒီမိုကရေစီနိုင်ငံတွေမှာတော့ အတိုက်အခံပါတီခေါင်းဆောင်ကပဲ အရိပ်အစိုးရ၀န်ကြီး (Shadow Cabinet Member) တွေကို ရွေးချယ်လေ့ရှိပါတယ်။
ပြောချင်ပေးချင်တဲ့ message က - ဒီမိုကရေစီနိုင်ငံတွေမှာတော့ တကယ် လည်းအာဏာရလာရော ဘယ်သူ့ခန့်ရမှန်းမသိ ဖြစ်နေလို့ ကိုယ်ကိုယ်တိုင် ၀န်ကြီးဌာန (၄) ခုကို ၀န်ကြီးတက်လုပ်လိုက်တာမျိုး မလုပ်ကြပဲ၊ အဓိက အတိုက် အခံပါတီတွေဟာ - ငါတို့ အာဏာရ လာတဲ့အခါ ဆိုပြီး - အတိုက်အခံပါတီ ဘ၀မှာ အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) ကို ဖွဲ့စည်းပြီး အာဏာရလာတဲ့အခါ ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်အောင် နှစ်ပေါင်းများစွာ အရိပ်အစိုးရ ၀န်ကြီး (Shadow Cabinet Member) တွေနဲ့ လေ့ကျင့်ထားကြတယ် ဆိုတာပါ။
အောက်ဖေါ်ပြပါ alphabetic အက္ခရာစဉ် နဲ့ list ကတော့ လက်ရှိ နိုင်ငံတကာက အရိပ်အစိုးရ၀န်ကြီးအဖွဲ့ (Shadow Cabinet) နှင့် ခေါင်းဆောင် အရိပ်အစိုးရ၀န်ကြီးချုပ် (Shadow Prime Minister) တွေပါ။
(1) Australia
Shadow Cabinet of Australia (Australian Labor Party) (Bill Shorten)
New South Wales
New South Wales Shadow Cabinet (Australian Labor Party) (Luke Foley)
(2) The Bahamas
Shadow Cabinet (Progressive Liberal Party) (Philip "Brave" Davis)
(3) Canada
Official Opposition Shadow Cabinet of the 42nd Parliament of Canada (Conservative Party of Canada) (Andrew Scheer)
Ontario
Official Opposition Shadow Cabinet of the 41st Legislative Assembly of Ontario (Progressive Conservative Party of Ontario) (Patrick Brown)
(3) Ireland
Opposition Front Bench (Ireland) (Fianna Fáil) (Micheál Martin)
(4) Italy
Shadow Cabinet of Italy (Governo ombra) (Walter Veltroni)
(5) Jamaica
Shadow Cabinet of Jamaica (People's National Party)
(6) Japan
Shadow Cabinet of Japan - Democratic Party of Japan (Renhō Murata)
(7) Lithuania
Shadow Cabinet of Lithuania (Šešėlinis kabinetas) (Andrius Kubilius).[7]
(8) Malaysia
Shadow Cabinet of Malaysia (The National Front) (Ahmad Zahid Hamidi)
(9) New Zealand
Official Opposition (New Zealand) (New Zealand National Party) (Simon Bridges)
(10) Poland
Shadow Cabinet (Civic Platform led by Grzegorz Schetyna)
(11) Serbia
Shadow Cabinet (Serbian: Влада у сенци)
(12) Sri Lanka
Joined Opposition (led by ex-President Mahinda Rajapakshe)
(13) Slovenia
Shadow Cabinet (Slovenska demokratska stranka)
(14) Solomon Islands
Shadow Cabinet of Solomon Islands (Democratic Party and allies)
(15) South Africa
Official Opposition Shadow Cabinet (South Africa) (Democratic Alliance) (Mmusi Maimane)
(16) Thailand
Shadow Cabinet (Democrat Party) (Abhisit Vejjajiva)
(17) Ukraine
Shadow Government (Bloc of Yulia Tymoshenko, Arseniy Yatsenyuk)
(18) United Kingdom
Official Opposition Shadow Cabinet (United Kingdom) (Labour) (Jeremy Corbyn)
(19) Scotland
Shadow Cabinet (Scottish Parliament) (Scottish Conservatives) (Ruth Davidson)
(20) Wales
Official Shadow Cabinet (National Assembly for Wales) (Plaid Cymru) (Leanne Wood) & (Welsh Conservatives) (Andrew RT Davies)
Ref:
https://en.wikipedia.org/wiki/Shadow_Cabinet
၃ နှစ်​ဆိုတာ နိုင်​ငံ တစ်​နိုင်​ငံမှာ သိသာထင်​ရှားတဲ့ တိုးတက်​မှုဖြစ်​ဘို့ အချိန်​ နည်းလွန်းတယ်​လို့ မဆိုနိုင်​ပါ။
"တချို့က​တော့ ဒီအစိုးရသစ်​သက်​တမ်း ၃ နှစ်​ သားဘဲ ရှိ​သေးတယ်​လို့ ​ဖော့ပြီး​ပြောပါတယ်​။
ကျွန်​မက ပြန်​​ဖြေလိုက်​တယ်​...အ​မေရိကန်​ သမ္မတ က တစ်​ခါလျှင်​ ၄ နှစ်​ဘဲ ပြန်​အ​ရွေးခံရ ပါတယ်​။အဲ့ဒီအချိန်​အတွင်းမှာ ပြည်​သူ​တွေရဲ့ ​မျှော်​လင့်​ချက်​​တွေကို လုံ​လောက်​​အောင်​​တော့ ဖြည့်​စည်း​ပေးရပါမယ်​။ ၃ နှစ်​ဆိုတာ နိုင်​ငံ တစ်​နိုင်​ငံမှာ သိသာထင်​ရှားတဲ့ တိုးတက်​မှုဖြစ်​ဘို့ အချိန်​ နည်းလွန်းတယ်​လို့
မဆိုနိုင်​ပါ။ တိုးတက်​မှုကလည်း ပြည်​သူတို့ရဲ့ ဘဝတိုးတက်​မှုနဲ့ ပြရမှာပါ...."****
...........
ဒေါ်​အောင်​ဆန်းစုကြည်
 7 .10 .2013
တက္ကသိုလ်ကျောင်းသူကို မက်ဆင်ဂျာမှ ခြိန်းခြောက် ငွေတောင်းသည့် တတိယနှစ်ကျောင်းသား လေးဦးကို ရဲဖမ်း
မုံရွာ၊ ဇူလိုင် ၂၉
မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးကို ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှနေ၍ ခြိန်းခြောက် ငွေတောင်းသည့် တတိယနှစ်တက္ကသိုလ်ကျောင်းသား လေးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း မုံရွာမြို့မရဲစခန်းမှသိရသည်။
မုံရွာတက္ကသိုလ် အရှေ့တိုင်းဘာသာရပ်တတိယနှစ် သင်ကြားနေသော ကျောင်းသူတစ်ဦးကို ငွေသိန်းနှစ်ဆယ် မပေးပါက ဖုန်းအတွင်းမှ သူ့ချစ်သူနှင့်နှစ်ယောက်တည်းရိုက်ထားသည့် ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ဗီဒီယိုများအား အွန်လိုင်းတွင် ဖြန့်ဝေမည်ဖြစ်ကြောင်း အေပရယ်မေ အကောင့်ဖြင့် အဆိုပါကျောင်းသူကို မက်ဆင်ဂျာမှ ဇူလိုင် ၂၇ ရက်က ခြိမ်းချောက် ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ယင်းအမှုကိုစစ်ဆေးသည့် ရဲအုပ်လှိုင်ဘွားကိုကိုက ပြောသည်။
"လွန်ခဲ့တဲ့တစ်လလောက်က ကောင်မလေးကိုင်တဲ့ဖုန်း ကျနေတာကနေ ဇာတ်လမ်းက စတာပဲ။ ဖုန်းကျကာစက ကောက်ရတဲ့ ကောင်လေးနဲ့ အဆက်အသွယ်ရသေးတယ်။ သူကလည်း တက္ကသိုလ်ကျောင်းသားပါ ပြန်ပေးပ့ါမယ် အခုတော့ ရွာရောက်နေလို့ပါဆိုပြီး အဆက်အသွယ် ထပ်မရတော့တာလို့ ကောင်မလေးက ဖုန်းပျောက်တဲ့ အမှုလာဖွင့်တုန်းကပြောခဲ့တယ်" ဟု ယင်းအရာရှိက ဆက်ပြောသည်။
ယင်းနောက် မက်ဆင်ဂျာမှ ငွေလာတောင်းနေကြောင်း အဆိုပါကျောင်းသူမှ ငွေခြိန်းခြောက် တောင်းခံသည့် နေ့မှာဘဲ ရဲစခန်းလာအကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့မှ Wave Money ကနေ ငွေငါးသိန်းအရင် လွှဲပေးမယ်လို့ ကျောင်းသူအား ပြန်ဆက်သွယ်ပြောကြားစေခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့နှင့် မုံရွာ Wave Money ကိုယ်စားလှယ်တို့နှင့် တိုင်ပင်ကာ ယင်းတို့ ပေးပို့မည့် စကားဝှက်ဂဏန်းနှင့် ငွေလာထုတ်ပါက အကြောင်းကြားပေးရန် မုံရွာတစ်မြို့လုံးမှ Wave Money ဆိုင်များကို အကြောင်းကြားခဲ့သည်။
ဇူလိုင် ၂၈ နေ့ခင်းပိုင်းအရောက်တွင် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်မှ ရဲတပ်ဖွဲ့ပေးပို့ထားသည့် စကားဝှက်ဂဏန်းဖြင့် လူငယ်သုံးဦးလာရောက်ထုတ်ယူနေကြောင်း အကြောင်းကြားလာခဲ့သဖြင့် အချိန်ခဏဆွဲထားရန် ပြောဆိုပြီး ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် လူငယ်သုံးဦးအားရဲတပ်ဖွဲ့မှ စစ်ဆေးရာ တတိယနှစ် စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် တတိယနှစ်သင်္ချာကျောင်းသားနှစ်ဦးဖြစ်နေကြောင်းသိရပြီး ၎င်းတို့ကို တတိယနှစ်စီးပွားရေးတက်နေသည့် သူငယ်ချင်းမှ ဖုန်းကောက်ရထားတယ် ဆိုပြီး မန်မိုရီကတ်ပေးခဲ့၍ ယခုလိုပူးပေါင်းကြံစည်မိကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဇူလိုင် ၂၈ ညပိုင်းတွင် အဆိုပါဖုန်းကောက်ရသည့် လူငယ်အား ယင်းရမည့်ခွဲတမ်းပေးမည်လာယူပါဟု ချိန်းဆိုကာ ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မောင်ကြီးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette/
ရန်ကုန်မိုးပျံလမ်း ၃နှစ်အတွင်း အပြီးဆောက်မည်
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ၂ဝ၁၉ ခုနှစ်ကစပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
ကျောက်တံတားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ရန်ကုန်မြို့မှာ ကားကျပ်တည်း မှုလျော့အောင် Inner Ring Road ဆောင်ရွက်မှုကို မေးမြန်းတာမှာ ဒုတိယဝန်ကြီး ဦးကျော်လင်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေဟာ Inner Ring Road အသုံးပြုခကောက်ခံပြီး ငွေပြန်လည်ရှာဖွေရ မှာဖြစ်ပေမယ့် နှစ်ဘယ်လောက်ကြာကြာ ကောက်ခံခွင့်ပြုမယ်ဆိုတာ ထည့်သွင်းမပြောခဲ့ပါဘူး။
အဲဒီစီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီ ၁၆ ခု အပါအဝင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ တူရကီနိုင်ငံတွေက ကုမ္ပဏီပေါင်း ၅၃ ခုဟာ စိတ်ဝင်စားမှုဖော်ပြခြင်း EOI တင်ပြထားတယ်လို့ ပြောပါတယ်။
အရှည် ၄၇ ကီလိုမီတာရှိမယ့် အဲဒီမိုးပျံလမ်းဟာ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းကစတင်မှာဖြစ်ပြီး ဗိုလ်တထောင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ခရေပင်၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်၊ ကြည့်မြင့်တိုင်လမ်းတွေကိုဖြတ်ပြီး ပန်းလှိုင်လမ်းထောင့်မှာ အဆုံးသတ်မယ်လို့သိရပါတယ်။
အဲဒီမိုးပျံလမ်းစီမံကိန်းပြီးစီးရင် ရန်ကုန်မြို့ရဲ့ လမ်းကျပ်တည်းမှုတွေကို ၂ဝ၂၂ ခုနှစ်လောက်မှာ အတိုင်းအတာ တခုအထိ ဖြေရှင်းပေးနိုင်မယ်လို့ မေးခွန်းမေးမြန်းတဲ့ ဦးနေမျိုးထက်က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ဟာသသရုပ်ဆောင် သေဆုံးမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်
သရုပ်ဆောင် ကိုအောင်ရဲထွေးရဲ့ ဈာပန အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ(၃)ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှု လွှတ်မိန့်ချထားတာကို ပယ်ဖျက်ပြီး အမှုကို ဆက်လက် စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
လူမှုကွန်ယက်မှာ ဟာသဗွီဒီယိုတွေနဲ့ လူသိများလာတဲ့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ရုပ်သိမ်းခွင့်ပြုတဲ့ အမိန့်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် ဒီနေ့မှာပဲ အမှုကို အခုလို ဆက်စစ်ဆေးဖို့ ညွှန်ကြားချက် ထွက်လာတာဖြစ်ပါတယ်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်ခဲ့တဲ့ အပေါ်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက်မတင်မီ လွှတ်တဲ့အမိန့် ချထားတာဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်ပြီး စစ်ဆေးဖို့ တိုင်းဒေသကြီးတရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို "စွဲချက်မတိုင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက် ပေးဖို့"  ပြင်ဆင်ချက်ကို တင်သွင်းသွားမယ်လို့ ဦးဇော်ဌေးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက်တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပြီး တရားလိုပြ သက်သေ ၂၂ ဦးထဲက ၁၄ ဦး ထွက်ဆိုချက်ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမှုကနေ လွှတ်မိန့်ချထားတဲ့ တရားခံလို့ သံသယရှိထားသူ သုံးဦးက ပြည်ပနိုင်ငံကို ထွက်သွားတယ်လို့ မေးခွန်း ထုတ်နေတဲ့အပေါ်မှာလည်း အစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ သာဓကတွေရှိတဲ့အတိုင်း ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
စစ်တပ်က အင်အားတိုးချလာလို့ နာဂတပ်ဖွဲ့က စခန်း တခု ဆုတ်ပေးခဲ့
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( k ) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
အစိုးရနဲ့ တဖွဲ့ချင်းစီ အပစ်ရပ်ထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) ရဲ့ တပ်စခန်းတွေနားကို မြန်မာအစိုးရ စစ်တပ်ဘက်က အင်အားတိုးချလာတဲ့အတွက် နာဂ လက်နက်ကိုင် အဖွဲ့ဘက်က ဂိတ်စခန်း တခုကို ဆုတ်ပေးခဲ့တယ်လို့ နာဂ အဖွဲ့အစည်းတွေဘက်က အတည်ပြုပြောဆိုပါတယ်။
အစိုးရ စစ်တပ်နဲ့ တိုက်ခိုက်မှု မဖြစ်တာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) ရဲ့ နန်းယွန်းမြို့နယ် တန်ဂါကျေးရွာနားက စခန်းနား ဇူလိုင်လ ၂၆ ရက်နေ့က အစိုးရ စစ်တပ်ဘက်က လာဝိုင်းခဲ့တာဖြစ်ပါတယ်။
အခု ဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ NSCN (K) အကြားက ဆက်ဆံရေး အေးခဲမှုဟာ ခဏတာ ကိစ္စပဲဖြစ်ပြီး ဆိုးဆိုးရွားရွား မဖြစ်စေဖို့အတွက် နည်းဗျူဟာပိုင်းအရ နာဂ အနေနဲ့ ဆုတ်ခွာပေးခဲ့တယ်လို့ NSC N (K) တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။
ဒါပေမယ့် တင်းမာမှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ နာဂတပ်ဖွဲ့ပြောခွင့်ရ အိုင်ဆတ်ဆွန်မဲလ်က ပြောပါတယ်။
နာဂ အဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အန်စီအေမှာ လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ အိန္ဒိယ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
နေပြည်တော်မှာ ဇူလိုင်လ ဒုတိယအပတ်က ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ အစည်းအဝေးကို လေ့လာသူအဖြစ်လည်း NSCN ( K ) က တက်ရောက်ခဲ့တာပါ။
အဲဒီတုန်းက အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ပါ သီးသန့် တွေ့ဆုံခဲ့ပါသေးတယ်။
စစ်တပ်ဘက်ကတော့ အန်စီအေ မှာ မပါသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးဖို့ တိုက်တွန်းနေချိန်မှာ NSCN (K) က တော့ ထိုးဖို့ မဖြစ်နိုင်တဲ့အကြောင်း နာဂ တပ်ဖွဲ့ဘက်က ဘီဘီစီကို ပြောခဲ့ပါတယ်။
နာဂ တိုင်းရင်းသားတွေဟာ မြန်မာ ရော အိန္ဒိယ နှစ်နိုင်ငံစလုံးမှာပါ ရှိနေတဲ့အတွက် သူတို့သဘောနဲ့ပဲ သီးသန့် လက်မှတ်ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားခဲ့တာပါ။
    နာဂတပ်ဖွဲ့တွေရဲ့ အိန္ဒိယနဲ့ အခြေအနေ
လက်ရှိမှာတော့ နာဂ လက်နက်ကိုင်တွေအဖြစ် NSCN (K) နဲ့ NSCN ( IM ) ဆိုတာ ရှိနေပြီး NSCN ( IM ) အဖွဲ့ကတော့ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနေပါတယ်။
' သူတို့နှစ်ဖွဲ့မှာ အိန္ဒိယနဲ့ အပစ်ရပ်ထားတဲ့ IM က ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်ပြည်နယ်ကို ရယူလိုတဲ့ ရည်ရွယ်ချက်ရှိပြီး နာဂ NSCN ( K) ရဲ့ မူဝါဒကတော့ နှစ်နိုင်ငံစလုံးက နာဂတွေကို ပေါင်းစည်းပြီး လွတ်လပ်ရေး ရယူရေး မူဝါဒ ဖြစ်နေတယ် 'လို့ နာဂ အမျိုးသား ကောင်စီက ကေးယုံ က ထောက်ပြပါတယ်။
နာဂတွေဟာ အိန္ဒိယ နိုင်ငံမှာ ဖက်ဒရယ်အဆင့် နာဂလန်းပြည်နယ်ကို ရရှိထားပြီး မြန်မာမှာတော့ ဒေသအစိုးရ လုပ်ပိုင်ခွင့် နည်းပါးလှတဲ့ ၂၀ဝ၈ အခြေခံဥပဒေမှာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး သတ်မှတ်ခံထားရတာပါ။
NSCN (K) နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာမှုတွေကိုတော့ လတ်တလော အိန္ဒိယ သတင်းတွေ တော်တော်များများမှာ ဖော်ပြနေပါတယ်။
အိန္ဒိယအနေနဲ့ သူ့ကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို မြန်မာမှာ လက်မခံဖို့ဆိုပြီး ယခင်ကတည်းက တောင်းဆိုခဲ့ဖူးတာ ရှိပါတယ်။
ရန်ကုန်ရောက် နာဂ ကပ်လန် အဖွဲ့ကို ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူနဲ့အတူတွေ့ရစဉ်
နာဂ နှစ်ဖွဲ့မှာ တဖွဲ့က အပစ်ရပ်ထားတယ်ဆိုပေမယ့် အပစ်ရပ်ထားတဲ့ အဖွဲ့နဲ့ အိန္ဒိယအကြား ဆွေးနွေးမှုက တိုးတက်မလာတော့ နှစ်ဖွဲ့စလုံးနဲ့ ပြန်ဖြစ်လာမှာကိုလည်း အိန္ဒိယက စိုးရိမ်တယ်၊ တချိန်တည်းမှာလည်း ကပ်ပလန် NSCN (K) အဖွဲ့ဟာ မြန်မာနဲ့ပါ အဆင်မပြေရင် အိန္ဒိယ နဲ့ တိုက် မြန်မာနဲ့ တိုက်ဆိုရင် အင်အားချိနဲ့သွားနိုင်တယ်ဆိုတဲ့ အမြင်မျိုး ရှိနေတာတွေ့ရတယ်။ ဒါကြောင့်လည်း အရင်ကတည်းက မြန်မာဘက်မှာ လက်မခံဖို့ မကြာခဏ အိန္ဒိယဘက်က တောင်းဆိုခဲ့ဖူးတယ် ။ လို့ နာဂ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ အထောင်း က ဘီဘီစီကို ပြောပါတယ်။
    နာဂ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး
လက်ရှိအချိန်မှာတော့ နာဂ ဆိုရှယ်လစ်ကောင်စီ (K ) အဖွဲ့ရဲ့ ဥက္ကဌကို ဌာနချုပ်ကနေ လွဲပြီး ပြည်တွင်းမလာဖို့ ဆိုပြီး စစ်တပ်ဘက်က ညွှန်ကြားထားတယ်လို့ နာဂ တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ကတော့ နာမကျန်းဖြစ်နေခဲ့တဲ့ နာဂ NSCN (K) ဥက္ကဌဟောင်း ကပ်ပလန်ဟာ ရန်ကုန်မှာ လာရောက်ဆေးကုခဲ့ပါတယ်။
တချက်က အန်စီအေ မထိုးဘဲ နှစ်နိုင်ငံ နာဂတွေ ပေါင်းစည်းရေးမူကို NSCN ( K) က ဆက်ကိုင်ထားတဲ့မူကို မြန်မာစစ်တပ်ဘက်က ကြိုက်ဟန် မတူသလို တချိန်တည်းမှာလည်း နာဂနယ်နဲ့ ဆက်စပ်တဲ့ ကချင်အနောက်ပိုင်း ဒေသတွေမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကေအိုင်အေ လှုပ်ရှားနေတဲ့အတွက် လက်နက်ကိုင်အဖွဲ့အချင်းချင်း ဆက်စပ်နိုင်မှုအပေါ် သံသယ ရှိနေပုံရတယ် လို့လည်း နာဂ ကပ်ပလန်အဖွဲ့ NSCN ( K) နဲ့ နီးစပ်သူတဦးက ဘီဘီစီကို မှတ်ချက်ပြုပြောပါတယ်။
ဒါပေမယ့်လည်း အိန္ဒိယ အရှေ့မြောက် ဒေသ မြန်မာ နယ်စပ်တလျှောက်မှာ အခြေချတဲ့ အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတဲ့ သူပုန်တွေဟာ တပ်ပေါင်းစုလိုမျိုးဖွဲ့ထားနိုင်တဲ့အတွက် စစ်တပ်နဲ့ နာဂ တပ်ဖွဲ့အကြား အခုလို ဆက်ဆံရေးအေးခဲ တင်းမာမှုဟာ စောင့်ကြည့်ရမဲ့ ကိစ္စဖြစ်နေတယ်လို့ နာဂရေးရာ လေ့လာသူတွေက ပြောကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း လက်ထက်လောက်အထိတော့ နာဂ အဖွဲ့တွေဟာ ကေအိုင်အေနဲ့ပူးတွဲပြီး မြန်မာတပ်တွေနဲ့ တိုက်ခဲ့ဖူးပါတယ်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( K ) တပ်ဖွဲ့ဝင်များ
BBC Burmese
https://www.bbc.com/burmese
အောင်ရဲထွေးအမှုကိုပြစ်ဒဏ်လေးတော့ ရှိသင့်တယ်လို့ဝေဖန်လိုက်တဲ့ အောင်သူလွင်
Burmeseasia
#Unicode Version#
အင်တာနက် Facebook ပေါ်မှာဟာသဗီဒီယိုတွေတင်ပြီး နာမည်ရလာတဲ့ အောင်သူလွင်(Kelvin Kate) နဲ့ အောင်ရဲထွေးတို့ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း အောင်ရဲထွေးကတော့ စိတ်မကောင်းစွာနဲ့ဘဲ ယခုနှစ်အစပိုင်းမှာ လူရိုက်ခံရမှုကြောင့်သေဆုံး ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ပရိသတ်တွေ တော်တော်များများအနေနဲ့ ဝမ်းနည်းခဲ့ရပါတယ်။ ဒါကြောင့် ယခုမှာတော့ အောင်ရဲထွေးနဲ့ တူတူအောင်မြင်လာတဲ့ အောင်သူလွင် (Kelvin Kate) ကတော့ အောင်ရဲထွေးအကြောင်းနဲ့ ပတ်သက်ပြီး CM7 ကို ပြောကြားလာခဲ့ပါတယ်။
အောင်သူလွင် (Kelvin Kate) ကတော့ အောင်ရဲထွေးအကြောင်း ပတ်သက်ပြီး “သူကအရမ်းအရည်အချင်းရှိပါတယ်။ Video Edit ပိုင်းတွေမှအစ ကျွန်တော်နဲ့သူနဲ့က အစကတည်းက တူတူလုပ်လာတာလေ။ ကျွန်တော်ကပင်ကိုယ်အစွမ်းကတော့ Idea ပိုင်းမှာ အကောင်းဆုံးကို စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့လည်း edit ပိုင်းကို ကျွန်တော် နားမလည်ဘူး။ အကောင်းဆုံး ဖြစ်လာအောင် မလုပ်နိုင်ဘူး။
ဒါပေမဲ့ အဲ့နေရာမှာ ရဲထွေးကို ကျွန်တော်မမှီပါဘူး။ သူက Edit တစ်ခုလုပ်တော့မယ်ဆိုရင်စိတ်ပါဝင်စားစွာ လုပ်တာသူက။ သေသေချာချာကို လုပ်တာပါ။ဒါကြောင့် သူ့ကို အနုပညာရှင်အရရော ပုဂ္ဂိုလ်ရေးအရပါ သူ့ကို ဆုံးရှုံးသွားတာ ကျွန်တော်အရမ်း နှမြောပါတယ်။ ဒီနေ့အချိန်မှာသူရှိခဲ့ရင်လည်း အကောင်းဆုံးလမ်းကြောင်းတစ်ခုကို တူတူဖောက်နိုင်ဦးမယ်လို့ ထင်ပါတယ်”
“လူဆိုတာကတော့ အမှားတော့ ရှိမှာပဲ။ သူ့အမှားသူ့အမှန်ရှိမှာပါ။ ကျွန်တော်အမှုကိစ္စတွေ ဘာတွေလည်း နားမလည်ပါဘူး။ လူလူချင်းကြည့်မယ်ဆိုရင်တော့ ကိုယ်နဲ့ရင်းနှီးတဲ့သူ ကိုယ်ချစ်ခင်တဲ့ ဒီလိုဖြစ်သွားရင်တော့ တဖက်ကလူကို ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမဲ့လည်း တစ်ခုတော့ ပြန်တွေးရမှာက သူကလူဖြစ်နေတယ်။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ကျွန်တော်လည်း လောကမှ အမှားတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်လို့ သူ့ကို ကျွန်တေ်ာပြန်သတ်မယ်ရတယ်။
သူ့ကိုသတ်ရင်ကျွန်တော် ဝင်ရမယ်။ ပြန်ထွက်လာရင် သူနဲ့ ပတ်သက်တဲ့လူက ဒီလိုပြန်လုပ်မယ်။ ဇယားတွေရှုပ်လာပါမယ်။ ဖြစ်ချိန်တန်လို့ အရာအားလုံးက ဖြစ်လာတာ။ သူလည်းအကြောင်းခံပေါ့၊ ငွေရေးကြေးရေး ကိစ္စတွေလည်း ကျွန်တော်မသိပါဘူး။ သူ့အိမ်ကို ကျွန်တော်မရောက်ဖြစ်တာလည်း ကြာပါပီ။ အမျိုးဆိုပေမဲ့လည်း အရမ်းဝေးတော့မသွားဖြစ်ပါဘူး။ တခါတလေတော့သွားဖြစ်ပါတယ်”
“ကျွန်တော်တို့သိတာကတော့ ရဲထွေးဆုံးသွားတယ်။ သူနောက်တစ်ခါ ပြန်မလာနိုင်တော့ဘူး။ ဘာမှမထူးတော့တဲ့အချိန်မှာ မထူးသလိုဘဲ လုပ်ရတော့မှာပဲ။ အမုန်းတွေထားနေရင်လည်း စိတ်ရှုပ်ရတာပဲရှိမှာပါ။ အချစ်နဲ့နေရင် ကမ္ဘာကြီးကလှပါတယ်”
“ကျွန်တော် အဒါ်တွေကိုလည်း ကိုယ်ချင်းစာတယ်။ သနားတယ်။ ရဲထွေးဆိုတာ သူတို့အိမ်မှာ ရှာကျွေးနေတဲ့ကလေး။ တအိမ်လုံးကိုသူဘဲ ရှာကျွေးနေတာ။ အေးလည်းအေးတယ်။ သူ့အမေကတော့ ရင်ကျိုးတာပေါ့။ ကျွန်တော်ကတော့ သူတို့ကို ဖြေသိမ့်ပေးပါတယ်။ မထူးတော့တဲ့ အကြောင်းကို စဉ်းစားနေလို့မရတော့ပါဘူး”
“ကျွန်တော် အမှုနဲ့ပတ်သက်ပြီးဘာမှကို မသိပါဘူး။ ကျွန်တော်နဲ့ ပတ်သက်နေတဲ့လူတွေလည်း မဟုတ်တော့။ ရဲထွေးဆုံးသွားတာဘဲ သိပါတယ်။ သူဆုံးသွားလို့ ကျွန်တော့်အတွက် ဆုံးရှုံးမှုကြီးတယ်။ အမှန်တိုင်းပြောရရင် ဒီအမှုနဲ့ ပတ်သက်ပြီး ဘာမှကို ကျွန်တော်မမေးတာ။ ရဲထွေးအဖေနဲ့ အမေကို လုံးဝကို မမေးတာပါ။ အမှုတွေဘာတွေ နားမလည်ပေမဲ့လည်း
ကျွန်တော်သိသလောက်လေး ဆိုရင်တော့ ပြစ်ဒဏ်လေးတော့ ရှိသင့်တာပေါ့။ ကိုယ်ကကျန်တာလည်း မလုပ်တတ်ဘူး။ အမှုတွေဘာတွေနားမလည်တော့ ဝေဖန်တာတွေတော်တော်များများကိုတော့ ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း မသိတော့လည်း ဒီတိုင်းဘဲ ကြည့်နေလိုက်ရပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
Burmeseasia
တစ်နိုင်ငံ လုံး ခြောက်ခြား သွားအောင် ခြောက် လှန့်ပြခဲ့တဲ့ အောင်ရဲထွေး ကို ကိစ္စ တုံးစေ ခဲ့သူ
MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ရန်ကုန်မြို့တော် သုဝဏ္ဏရှိ နိုက်ကလပ်တစ်ခုတွင် ၂၀၁၈ နှစ်သစ်ကူးညက ဖြစ်ပွားခဲ့သော သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုတွင် ဖမ်းဆီးတရားစွဲဆိုခံရသူ ၃ ဦး အမှုရင်ဆိုင်နေရမှုကို ရုပ်သိမ်း၍ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် ဝေဖန်မှုများမြင့်တက်နေခဲ့ပါတယ်။ ။ ဥပဒေအသိုင်းအဝိုင်း ရော၊ မြန်မာနိုင်ငံသားတွေကို ရော ပါးစပ်အဟောင်းသားဖြစ်ပေါ်စေခဲ့ပါတယ်။ အချုပ်ကနေ လွတ်လွတ်ချင်းမှာဘဲ အောင်ရဲထွေးကို လူပုံအလယ်မှာ သတ်ဖြတ်ခဲ့တဲ့ သန်းထွဋ်အောင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဓါတ်ပုံတစ်ပုံကိုတင်ခဲ့ပါတယ် ။ ဒီပုံဟာ အဓိပ္ပာယ်များစွာပါဝင်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနံ ညစ်ညမ်းစကားလုံးတစ်လုံးကိုပြောဆိုသလို ဖြစ်နေခဲ့တဲ့ အတွက် အောင်ရဲထွေး ရဲ့ အမာခံပရိသတ်တွေ နဲ့ တရားဥပဒေ စိုးမိုးမှု လိုလားသူတွေပေါက်ကွဲခဲ့ကြပါတယ်။ဟာသသရုပ်ဆောင် အောင်ရဲထွေးသတ်ခံရမှုမှာ တရားလို မိသားစုဝင်တွေဘက်က အမှုရုပ်သိမ်းဖို့ လျှောက်လွှာတင်ခဲြ့ပီး မကြာခင်မှာလွတ်မြောက်ခဲ့တာကြောင့် ကြားရမြင်ရသူတွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပါတယ်။
ဟိုးလေးတကျော် ဖြစ်နေတဲ့ ဒီလူသတ်မှုတစ်ခုကို ခြောက်လကြာအောင် တရားရုံးက မစစ်ဆေးဘဲနဲ့ အခုလို လုပ်လိုက်တာက တရားရုံးက တာဝန်မကျေကြောင်း ။ အခုဆို အပြင်မှာ ဂယက်ထနေကြပြီ၊ ပိုက်ဆံပေးပြီး လူသတ်လို့ရတယ်ဆိုတဲ့ အစွဲအလမ်းတွေဖြစ်သွားရင် တရားဥပဒေစိုးမိုးရေးက ပျက်ပြားသွားနိုင်တယ်တရားစီရင်ရေး နယ်ပယ်မှာ ရာဇဝတ်မှုတွေ ဖြစ်ပြီဆိုရင် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံး အဆင့်ဆင့်က ပြည်သူလူထုရဲ့ကိုယ်စား နိုင်ငံတော်ရဲ့ကိုယ်စား ဒီအမှု ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရအောင် အမှုကိုတည်ဆောက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရတယ်။ အခုအမှုမှကျတော့ ပြောင်းပြန်ဖြစ်နေပြီး ပြစ်မှုကျူးလွန်သူတွေကို လွတ်မြောက်အောင် ဆောင်ရွက်ပေးတဲ့အဖွဲ့က ဒီအမှုကို တည်ဆောက်ပေးတဲ့အဖွဲ့ ဖြစ်နေတယ် လို့ တရားရေးအသိုင်းအဝိုင်း က ထိပ်တန်းပုဂ္ဂိုလ်များက သုံးသပ်နေကြတာလည်းရှိပါတယ်။
ဝေဖန်သံတွေ ဆူညံနေချိန်မှာ လူမှုတဲ့ ကွန်ယက်စာမျက်နှာ နဲ့ Instagram ပေါ်မှာ ရောက်ရှိလာခဲ့တဲ့ ပုံတစ်ခုကြောင့် မြန်မာတစ်နိုင်ငံလုံးက လူငယ်တွေ တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ် ။ ယနေ့ မနက် တစ်နာရီ ၄၅ မိနစ် ခန့်မှာ အောင်သန်းထွဋ် ရဲ့ အကောင့်ဟာ ရှာဖွေလို့မရတော့ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။Instagram ပေါ်မှာကတော့ အကောင့်တည်ရှိဆဲဖြစ်ပြီး Private အကောင့်ဖြစ်တာမို့ ဝင်ရောက်ကြည့်ရှုလို့ မရကြောင်းပါ ။ ပရိသတ်ကြီးရေ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်မယ့် တရားရေးက မေးခွန်းထုတ်စရာ ဝိဝါဒ ကွဲစရာတွေဖြစ်နေခဲ့ဲပြီလား ဆိုတာ မှတ်ချက်မှာ ပြောပြပေးသွားကြပါနော်။
MMCele
နေ့တစ်​ဝက်​ မကျိုးမပျက်​တဲ့ သီလ အကျိုး​ပေး.
ခါတိုင်းဆိုရင်.. .
“” ဘတ္တံဒေမ “” ထမင်းပေးပါ..
………..
ဒီအကျိုးလေးက သေးတယ်လို့ ထင်ရပေမယ့် အခုညောင်ပင်ကြီးမှာ နေခွင့်ရပြီး ဖြစ်ချင်တာ အားလုံးကို ဖြစ်နိုင်တဲ့ တောင့်တတိုင်း ရနိုင်တဲ့ တန်ခိုးကြီးမားတဲ့ ရုက္ခစိုးနတ်သား ဖြစ်နေရတာပါ..လို့…
နေ့တစ်ဝက် သီလမပျက်ရုံနဲ့. ဒီလိုထူးတဲ့ အကျိုးကို ရနိုင်သတဲ့….;;;;; ဆိုပြီး အံ့သြမဆုံး ဖြစ်ကြရတယ်..။
အရှင်အဇဋာ (ရွှေ ဥ ယု )
#Unicode Version#
သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင် ပွင့်ပေါ်စကာလမှာ ရသေ့ငါးရာဟာ ရာဇဂြိုလ်သူဌေးသုံးဦးတို့ စုပေါင်းလှူဒါန်းတဲ့ ကမ္မဌာန်းကျောင်းလေးတွေမှာ ဝါဆိုကြ ဝါကပ်ကြ… မိုးလကုန်တော့ ဟိမဝန္တာ အရပ်မှာပြန်ပြီးအားထုတ်ကြနဲ့ နေကြတယ်..။
တစ်နေ့သောအခါမှာ… ရသေ့ငါးရာဟာ မိုးလရောက်ခါနီး ဝါဆိုခါနီးလို့ ဟိမဝန္တာတောက ထွက်လာပြီး ရာဇဂြိုလ်မြို့သို့ ဝါဆို ဝါကပ်ဖို့အလာ…
မွန်းတည့်ချိန် နေပူကြမ်းကြမ်းနဲ့ ဝမ်းဗိုက်ကဆာ..
မနေသာတဲ့ဒဏ်ကို ရသေ့ငါးရာတို့ ခံကြရတယ်။
တောလမ်းခရီး ရေကပ်.. ဆွမ်းကပ်မည်သူတစ်ဦးတစ်ယောက်မှလဲ မရှိလေတော့ အနားယူဖို့ အရိပ်အာဝါသ ရှာကြတယ်..။
မကြာခင်ပဲ ရသေ့ငါးရာလုံး အနားယူနိုင်လောက်တဲ့ အရိပ်ကောင်း ညောင်ပင်ကြီးကို တွေ့လို့ အနားယူကြစဉ် ရသေ့ငါးရာထဲက အကြီးဆုံးဖြစ်တဲ့ ရသေ့ကြီးက စဉ်းစားခန်းဝင်တယ်..။
“”” သြော်..ဒီညောင်ပင်ကြီး ဒီလောက်ကောင်းတာ အရိပ်အခက် ဝေဝေဆာဆာနဲ့. ဒီလိုညောင်ပင်ကြီးမှာ နေခွင့်ရတဲ့ နတ်ဟာလည်း သာမာန်တန်ခိုးနဲ့တော့ နေနိုင်မှာမဟုတ်ဘူး..။ တန်ခိုးကြီးမားတဲ့ နတ်ပဲ ဖြစ်ရမယ်..”””
ဆက်ပြီးတော့တွေးတာကာ. …””” ဒီလိုတန်ခိုးကြီးတဲ့ နတ်သာဆိုရင် အခုရသေ့ငါးရာ ရေဆာနေကြတာ သောက်တော်ရေလေးများ ကပ်လှူရင် သိပ်ကောင်းမှာပဲ…””” လို့ အတွေးရှိနေတာကို ညောင်ပင်မှာနေတဲ့ ရုက္ခစိုးနတ်သားကလဲ သိတော့ သောက်တော်ရေကို တန်ခိုးနဲ့ စီစဉ်ပေးတယ်..။
ရသေ့ငါးရာ ရေသောက်ပြီးတော့ အကြီးဆုံးရသေ့ကြီးက ဒီလိုတွေးပါတယ်..”” ငါ့အတွေးတွေကို နတ်မင်းကြီး သိနေတာပဲ .. ရေတော့သောက်ပြီးပြီ… ဒီအချိန်မှာ ရေချိုးရရင်တော့ ကောင်းမှာပဲ… .. လို့ တောင့်တလိုက်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာ အတွက် ချိုးရေစီစဉ်ပေးလို့ အားလုံးရေချိုးပြီး နောက်မှာတော့ ရသေ့ကြီးက စဉ်းစားပြန်တယ်..။
နေကိုကြည့်ပြီး..””” နေမွန်းကလည်း တည့်နေပြီ .. ရသေ့ငါးရာလည်း ဆာကြရောပေါ့.. ဒီအချိန် ဆွမ်းကပ်တဲ့ သူများရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ… လို့. တောင့်တပြန်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာရဲ့ သပိတ်ထဲသို့ တန်ခိုးနဲ့ ဆွမ်းထည့်ပြီး ကပ်လှူပါတယ်..။
ရသေ့ငါးရာ ဆွမ်းစားအပြီးမှာတော့ ရသေ့အားလုံးက စဉ်းစားကြတယ်..။
“”” ငါတို့ တောင့်တတိုင်း လိုအပ်တိုင်းကို တန်ခိုးနဲ့ ဖန်ဆင်းပေးနိုင်တဲ့ ဒီညောင်ပင်စောင့် နတ်ဟာ သိပ်တန်ခိုးကြီးတာပဲ.. ငါတို့တွေ့ဖူးရင် သိပ်ကောင်းမှာပဲ.. ဒီအချိန် ညောင်ပင်စောင့်နတ် ကိုယ်ထင်ပြလာရင် သိပ်ကောင်းမှာပဲ….””” လို့ တောင့်တကြပြန်တယ်..။
ဒါနဲ့ ရုက္ခစိုးနတ်သားဟာ လက်အုပ်ကလေးချီလို့ ကိုယ်ထင်ပြလာတော့ ရသေ့ကြီးက ဝမ်းသာအားရနဲ့ မေးလိုက်တယ်..။
➳ ➳ နတ်မင်းကြီး ဒီလို ကြီးမားလှတဲ့ တန်ခိုးတွေနဲ့ ပြည့်စုံအောင် အတိတ်က ဘယ်လိုကုသိုလ်များ လုပ်ခဲ့သလဲ..””” လို့ မေးတော့..
နတ်သားက.. “”တပည့်တော် ဒါကိုတော့ဖြင့် ရှက်လွန်းလို့ မပြောပါရနဲ့…””” လို့ တောင်းပန်တယ်။
ဒါပေမယ့် မလွှဲသာတဲ့အဆုံးမှာ နတ်သားဟာ ဖြေကြားရှာပါတယ်..။
တပည့်တော်ရုက္ခစိုးနတ်သားရဲ့ အတိတ်ဘဝက သာဝတ္ထိပြည်မှာ လူ့ဘဝ ရခဲ့ပါတယ်ဘုရား..။ လူ့ဘဝဆိုသော်လည်း ချမ်းသာတဲ့ လှူနိုင် တန်းနိုင်တဲ့ ဘဝမျိုးတော့ မဟုတ်ခဲ့ပါဘူး..ဘုရား..
သိပ်ဆင်းရဲလို့ သူများတွေဆီမှာ သူရင်းငှါး အလုပ်သမားဘဝနဲ့ ဝင်လုပ်ပါတယ်။ သူဌေးကြီး အိမ်မှာလဲ အလုပ်သမားကအစ နို့စို့ကလေးငယ်အဆုံး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ရတဲ့ ထုံးတမ်းအစဉ်အလာရှိတယ်..။ ဒီလိုနဲ့ ဥပုသ်စောင့်ကြရတယ်..။ နို့စို့ကလေးငယ်တွေဆို မွန်းလွှဲချိန်ကစပြီး အာခံတွင်းကို အာလုပ်ကျင်းပေးလို့. ညချမ်းအချိန်ရောက်မှ စတုမဓူကို ပါးစပ်ထဲ ထည့်ပေးတယ်လို့ ဆိုပါတယ်..။
ဒါကို မသိသေးတဲ့ သူရင်းငှါး အလုပ်သမားအသစ်ဟာ နံနက်အစောကြီး အိပ်ယာကထပြီး အလုပ်သွားတာပေါ့…။
သီလယူချိန်ရောက်တော့ သူဌေးကြီးက မေးတယ်။ အလုပ်သမားအသစ်ရှိလားလို့ မေးတော့ အသိမပေးရသေးခင် အလုပ်ထွက်သွားလို့ မရှိတော့ဘူးလို့ ….. ကျွန်မကပြောတဲ့အတွက် သူဌေးကြီးက.
“”” ဒါဆိုလည်း ရှိပါစေတော့.. ။ ညနေ တစ်ယောက်စာ ထမင်းပြင်ထားပေးလိုက် လို့ ဆိုပြီး … ကျန်သူအားလုံး သီလယူ ဥပုသ်စောင့်ကြပါတယ်..။
ဒီလိုနဲ့ ညနေ နေဝင် မိုးမှောင်စအချိန်မှာ သူရင်းငှါး အလုပ်သမားအသစ်ကလေးက ပြန်ရောက်လာတော့ ကျွန်မက ထမင်းဝိုင်း ပြင်ပေးလို့ ထမင်းစားဖို့ လုပ်တော့ ခါတိုင်းနဲ့မတူ တမူထူးနေတာကို တွေ့ရတယ်..။
ခါတိုင်းဆိုရင်.. .
“” ဘတ္တံဒေမ “” ထမင်းပေးပါ..
“” ဗျဉ္စနံဒေမ. “” ဟင်းပေးပါ ဆိုပြီး အလုပ်သမားများစွာတို့ရဲ့ ထမင်းဟင်း တောင်းကြတဲ့ အသံတွေဟာ ဆူလို့ညံလို့…။ အခုတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် ထူးခြားမှု့ကို လှမ်းမေးလိုက်ပါတယ်..။
“” ဒီနေ့ ခါတိုင်းနဲ့မတူ.. အလုပ်သမားတွေမရှိတာ ဘာကြောင့်လဲလို့ မေးတော့ ကျွန်မက➳ ➳ ဒီသူဌေးကြီးရဲ့ အိမ်မှာ ဥပုသ်နေ့ဆို ကလေးကအစ. အလုပ်သမားတွေ အားလုံး ဥပုသ်စောင့်ရတဲ့ အကြောင်း
ပြောပြတော့ … ဒါဖြင့် အခုကော ဥပုသ်စောင့်လို့. ရသေးလားလို့ မေးတော့ ကျွန်မက သူဌေးကြီးမှ သိပါလိမ့်မယ်ဆိုပြီး သူဌေးကြီးဆီ လမ်းညွှန်ပေးလိုက်တယ်..။
ဒါနဲ့ သူဌေးကြီးဆီရောက်လို့. နံနက်စောစောက မသိလိုက်တဲ့ အတွက် အခုကော ဥပုသ်စောင့်လို့. ရသေးရဲ့လားလို့ မေးတော့ သူဌေးကြီးက. ရတဲ့ အကြောင်း ပြောတာနဲ့. ထမင်းမစားတော့ဘဲ ဥပုသ်စောင့်လိုက်ပါတယ်..။
ဒီလိုနဲ့ ညအခါမှာတော့ တစ်နေကုန် အလုပ်ပင်ပန်းထားပြီး ဗိုက်ထဲမှာ အစာမရှိတဲ့ ဒဏ်တွေကြောင့် ဝမ်းဗိုက်ဆာ လေနာရောဂါ ဖြစ်တဲ့ ဝေဒနာ ပြင်းထန်စွာနဲ့. အိပ်ယာထဲ လူးလွန့်ခံစားနေရရှာတယ်..။
ဒါကို တစ်ခြား အလုပ်သမားတွေက သိတာနဲ့. သူဌေးကြီးကို ခေါ်ပြတော့ သူဌေးကြီးက စတုမဓူယူလို့ စားခိုင်းပါတယ်။
ဒါနဲ့အလုပ်သမားကလဲ ဒီလို စတုမဓူကို သူဌေးကြီးတို့ရော သီလယူတဲ့အခါ စားပါသလားလို့. မေးတော့ ငါတို့တော့ မစာစဘူး..။ နာမကျန်းတဲ့ သူတွေတော့ စားခွင့် ရှိပါတယ် လို့ ပြောတယ်ဆိုရင်ပဲ လေနာရောဂါ ခံစားနေရတဲ့ အလုပ်သမားလေးက. စဉ်းစားတယ်…….
………..
** ငါ ဟိုအတိတ်က ဒါန.. သီလ ဆိုတဲ့ #ကုသိုလ်ပါရမီ မရှိခဲ့လို့. သူများအိမ်မှာ သူရင်းငှါးဘဝနဲ့ အသက်မွေး ရတယ်..။
အခုကျပြန်တော့ ရောဂါဝေဒနာ နှိပ်စက်တာ ခံနေရပြီ …
တခြားသူတွေလိုလည်း တစ်နေကုန်အောင် သီလစောင့်ခွင့် ရတာမဟုတ်ဘူး…
နေ့တစ်ဝက် စောင့်ရတဲ့ သီလလေးကိုတော့ အသက်ပင် သေစေဦးတော့ ဘယ်နည်းနဲ့မျှ အကျိုးအပေါက် မခံနိုင်ဘူး…..ဆိုပြီး စတုမဓူကို မစားတော့ပါဘူး..။
ဘေးနားက ဘယ်လိုပင် ဖြောင့်ဖြပြောဆိုပေမယ့် မစားတော့တဲ့အတွက် ဒီဝေဒနာနဲ့ပဲ အသက်ဇီဝိန် ကြွေသွားရတယ်။
သူ့ရဲ့ သန္တာန်မှာ ပါသွားတာကတော့ သူ ချွေးနဲ့ သွေးနဲ့ လုပ်ထားရတဲ့ #လုပ်အားခ လေး မဟုတ်ပါဘူး..။
နေ့တစ်ဝက် မကျိုးမပျက်တဲ့ သီလ အကျိုးလေးပါပဲ..။
ဒီအကျိုးလေးက သေးတယ်လို့ ထင်ရပေမယ့် အခုညောင်ပင်ကြီးမှာ နေခွင့်ရပြီး ဖြစ်ချင်တာ အားလုံးကို ဖြစ်နိူင်တဲ့ တောင့်တတိုင်း ရနိုင်တဲ့ တန်ခိုးကြီးမားတဲ့ ရုက္ခစိုးနတ်သား ဖြစ်နေရတာပါ..လို့…
ကိုယ်ပြုလိုက်တဲ့ အနည်းငယ်သော ကုသိုလ်ကောင်းမှု့ကို ရှက်ရှက်နဲ့. ရသေ့ငါးရာအား ပြောပြလိုက်တော့ ရသေ့အားလုံးကလည်း လက်ခါးမောင်းခတ်ကြတယ်။
အံ့သြ ထိုက်ပါပေစွ.. လက်ဖျောက်ခတ်တီး အံ့ချီးထိုက်ပါပေစွ…
နေ့တစ်ဝက် သီလမပျက်ရုံနဲ့. ဒီလိုထူးတဲ့ အကျိုးကို ရနိူင်သတဲ့….;;;;; ဆိုပြီး အံ့သြမဆုံး ဖြစ်ကြရတယ်..။
ဒီနေရာမှာ ပြောလိုတာက တစ်နည်းပြောရရင် ရုက္ခစိုး နတ်သား ဆောက်တည်ခဲ့တဲ့ နေ့တစ်ဝက် သီလထဲမှာ သဒ္ဓါအရင်းခံ ပါနေပါတယ်..။
ကံ…ကံရဲ့အကျိုးကို ယုံကြည်တဲ့ … တစ်နည်းပြောရရင် နေ့တစ်ဝက် သီလကို မကျိုးမပျက်အောင် ထိန်းနိုင်ရင် သီလရဲ့အကျိုးက ငါ့ကို ပေးစွမ်းနိုင်မယ်။
သံသရာ တစ်နေရာမှာ ရကိုရမယ်လို့. ယုံကြည်တဲ့ သဒ္ဓါရှိနေလို့. ဒီလိုအကျိုးပေး ကောင်းတာပါ..။
နောက်တစ်ခုက ရသေ့ငါးရာရဲ့ ထံမှာလည်း သီလတွေနဲ့ ပြည့်စုံနေလို့သာ သီလရဲ့အကျိုးတွေ ရှိနေလို့သာ ရသေ့ကြီး တောင့်တတိုင်း ရုက္ခစိုး နတ်သားက ဖန်တီးပေးခွင့် ရှိတာပါ ။
အဲ့ဒီညောင်ပင် အောက်မှာ သာမန် သီလမရှိတဲ့ လူတစ်ဦးဦး သွားပြီးတောင့်တရင် တောင့်တရုံမက အော်လို့ပဲပြောပြော ရုက္ခစိုးနတ်သားက ဖန်တီးပေးခွင့် ရှိမှာ မဟုတ်ပါဘူး..။
ရသေ့ငါးရာ တောင့်တတိုင်း ဖြစ်ပေါ်လာတာကလည်း #သီလအကျိုးကြောင့် ရုက္ခစိုးနတ်သားက လိုချင်တာကို ဖန်ဆင်းပေးနိုင်တာလည်း သီလအကျိုးကြောင့်လို့ မှတ်ရပါမယ်..။
❦ ❦ ဒါကြောင့် သီလရှိတဲ့သူ တောင့်တတိုင်း ပြည့်စုံတယ်လို့ ဘုရားကဟောတာ ဖြစ်တယ်..။
ဒါကို သာဓက ပုံဆောင်ထုတ်ပြပြီးပြီမို့. ယုံကြည်စွာနဲ့. သီလတွေကို ဆောက်တည်ပြီး မိမိမှာ ရှိနေတဲ့ သီလတွေကိုလည်း မကျိုးမပေါက်အောင် စောင့်ရှောက်ကြပါလို့. တိုက်တွန်းနှိုးဆော် လိုပါတယ်…။
အရှင်အဇဋာ (ရွှေ ဥ ယု )
Sunday, July 29, 2018
ပလိပ်စက်ရုံ အလုပ်သမား ၂၀၀ ခန့် ဆန္ဒပြ
ပလိပ်​မြို့က ပန်​ဒါချည်​မျှင်​အထည်​နဲ့ အ​ချောကိုင်​စက်​ရုံ အလုပ်​သမားတွေ ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့က ဆန္ဒပြစဉ်/ Photo: Khaymani Win/RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ဒီလကုန်နောက်ဆုံးထားချုပ်ဆိုဖို့နဲ့ သတ်မှတ်ရက်အတွင်း စာချုပ်ချုပ်ဆိုခြင်း မရှိတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်မယ်ဆိုတဲ့ အလုပ်ရှင်ဘက်က ကြေညာချက်ကို အလုပ်သမား ၂၀၀ ခန့်က ဒီနေ့ ကန့်ကွက်ဆန္ဒပြပါတယ်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဟာ အလုပ်သမားတွေကို အကာအကွယ်မပေးနိုင်တာကြောင့် ချုပ်ဆိုဖို့ကို ငြင်းဆန်တာလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း(၁)ရဲ့ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း က ပြော ပါတယ်။
အလုပ်ကနေထုတ်ပယ်ထားတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခန့်ထားဖို့၊ ဥပဒေမဲ့လုပ်ရပ်တွေ  အမြန်ဆုံးရပ်တန့်ပေးဖို့၊ ဥပဒေချိုးဖောက်နေတဲ့ အလုပ်ရှင်ကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့၊ လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင် အာမခံချက်ရရှိဖို့ ဆိုတဲ့အချက်တွေကိုလည်း ဆန္ဒပြအလုပ်သမားတွေ က တောင်းဆိုကြပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ ဥပဒေနဲ့မညီဘူးလို့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံက အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က ပြောပါတယ်။
ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်ရှိပြီး ၆၀၀ ခန့်ကတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစက်ရုံကို အရင် စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါကုမ္ပဏီထံ ငှားရမ်းခဲ့ရာ ဝန်ကြီးဌာနလက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ပန်ဒါကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ တာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
နိုင်ငံတော် ဖာ
ဖောက်သည်မျှော်ရတဲ့ဘဝမှာ
စပွန်ဆာတွေအလိုကျအသုံးတော်ခံရတာ
မဆန်းပါဘူးရှင်
သူတို့ဘာလုပ်ချင်တာလဲ
ဘယ်လိုနေချင်တာလဲ
အတည့်လား အစောင်းလား
အမြှောက်လား အခုံးလားလိုရာသာသုံး
ကျမအတွက်တော့
အလုပ်သဘောကလွဲရင်
ကျေနပ်တယ်ဆိုတာရီစရာပေါ့
လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့အဖိုးအခအတွက်
အဖေအရွယ်အဖိုးအရွယ် တဏှာကျူးတဲ့ရမက်ရှုးတွေကို
ကိုကြီး ကိုကို မောင် လို့ခေါ်
တစ်ခဏတော့လင်တော်လိုက်ရတာပဲ
သူတို့တင်လား
အလုပ်စိတ်ချလက်ချလုပ်ဖို့
ရဲကိုတော့ကျမတို့ကစပွန်ဆာပြန်ပေး
အေးအေးဆေးဆေးပေါ့
ညဘက်ဖောက်သည်ရှာတဲ့ခါ
ကိုယ့်ကိုဘယ်သူအလုပ်အပ်မလဲ
မြင်သမျှယောက်ျားကိုယ့်လင်အမှတ်နဲ့
ကြာကြည့်လေးရှိုး
ဖင်တွေရင်တွေအမို့အမောက်ပြ
မြူခေါ်ရတဲ့မတ်ကက်တင်း
ကျမတို့ပဲနိုင်နင်းပါတယ်
ဒီလိုအလုပ်ကို
အောက်တန်းစားအလုပ်လို့ထင်လား
ကိုယ့်ဖင်နဲ့အရှက်ကို မဖြစ်စလောက်ငွေနဲ့
ယာယီငှားစားတာ
နိုင်ငံတော်အတွက်ဘယ်လိုအောက်တန်းစားဆန်နေလဲ
လမ်းဘေးကကျမ
ဘတ်ဂျက်တွေဘုံးနေလား
ကျောက်စိမ်း ရေနံ ရွှေ
လုပ်ကွက်တွေအတွက် အခွန်ရှောင်နေလား
စီမံကိန်းတွေပြ ငွေတွေဘုံးလား
ကျမတို့ကြောင့်တိုင်းပြည်ဆင်းရဲသွားလား
မျိုးရိုးစဉ်ဆက်ချမ်းသာအောင်
ဖာခံနေတာမဟုတ်ဘူး
နောက်တစ်မနက်အသက်ဆက်ဖို့
စပ အငှာချနေတာ
နိုင်ငံတော်ကိုခိုးသွားတဲ့သူခိုးထက်တော့သာတယ်ရှင့်
My Tel ထဲတစ်နေ့ရှယ်ယာထည့်နိုင်အောင်
ဖာကြေးကိုထပ်တိုးဖို့ကျမစိတ်ကူးမရှိဘူး
ရယူမူနည်းပြီးပေးဆပ်မူများပါတယ်လို့
ဖောက်သည်တွေကိုတစ်ခါမှမရှဲဘူး
ကျမရဲ့သိက္ခာဆိုတာ လိင်တန်ပေါ်
ကွန်ဒုံးစွပ်လိုက် တာနဲ့ရပါတယ်
ပါးစပ်ကိုကွန်ဒုံးစွပ်ပြီး
နိုင်ငံတော်ကိုကယ်တင်နေတာလို့
ပြောသူတွေနဲ့ကျမ
ဘယ်သူ့သိက္ခာကပိုလှလဲ
ဟုတ်တယ်
ကျမက ဖာ လမ်းဘေးက ဖာ
ဒါပေမယ့်
အောက်တန်းက အောက်တန်းစားဖာမဟုတ်ဘူး
အောက်တန်းစားဖာဆိုတာ
နိုင်ငံတော်ကို ဖာကျနေသူတွေကိုပြောတာ
အဲ့ဖာက
နိုင်ငံတော် ဖာ
နိုင်ငံတော် ဖာ ပေါ့ရှင်
မုဆိုးလက်