Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 30, 2018

ရွီက်င္းပင္ ရဲ့ ဖခင္သင္ၾကားေပးခဲ့တဲ့တန္ဖိုးရွိစကားသံုးခြန္း


ရွီက်င္းပင္က ငယ္ငယ္က
အရမ္း တကိုယ္ေကာင္းဆန္တယ္တဲ႔။
သားသမီးေတြ အတြက္ တစ္ခုခုဝယ္လာရင္
သူက အေကာင္းဆံုးကို ယူတယ္။

အဲဒါေၾကာင္႔ သူကို ဘယ္သူမွ အေပါင္းအသင္း
မလုပ္ခ်င္ၾကသလို ကစားေဖာ္ သူငယ္ခ်င္းလဲ မရွိဘူးတဲ႔။
ဒါကိုလည္း သူ႔ရဲ ႔ အမွားလို႔ သူမထင္ဘူးတဲ႔။

တရက္မွာေတာ႔ သူ႔အေဖက သူကို သင္ခန္းစာ ေပးခ်င္တာနဲ႔ ေခါက္ဆြဲ ၂ ပြဲျပင္ထားတယ္။
တပြဲမွာ ၾကက္ဥကို ေခါက္ဆြဲေပၚမွာ တင္ထားျပီး
ေနာက္တပြဲမွာ ၾကက္ဥပါတာ မေတြ႔ရဘူး။

သူ႔ကိုလဲ သား မင္းၾကိဳက္တဲ့ ေခါက္ဆြဲပြဲယူစား ဆိုေတာ႔။
သူက ၾကက္ဥပါတဲ့ပြဲကို အရင္ယူ စားတာေပါ႔။

အဲဒီအခ်ိန္ေတြတုန္းက ၾကက္ဥက တရုတ္ျပည္မွာ
ဒီေလာက္မေပါေသးဘူးတဲ႔။ သူတို႔ မိသားစုေတြ အတြက္ ႏွစ္သစ္ကူးလို ေန႔ေတြမွာသာ ၾကက္ဥ စားၾကရတာကိုး။

ရွီက်င္းပင္က ၾကက္ဥစားရေတာ့ ေပ်ာ္တာေပါ႔။
သူေရြးတာမွန္လို႔လဲ သူ႔ကိုယ္သူ ဂုဏ္ယူေနတာေပါ႔။

အဲလိုနဲ႔ စားေနရင္း သူ႔အေဖ ပန္းကန္ၾကည္႔လိုက္ေတာ႔
ၾကက္ဥက ၂ လံုးေတာင္တဲ႔။ လားလား ေခါက္ဆြဲေအာက္မွာ ၾကက္ဥေတြ ျမဳပ္ထားခဲ႔တာကိုး။
သူလဲ ေနာင္တရသြားတာေပါ႔။ သူ႔ အေဖစားေနတဲ႔ ပန္းကန္ေရြးမိရင္ ႀကက္ဥ ၂ လံုးစားရမွာေလ။

သူ႔ အေဖက ျပဳံုးျပီး ဒီမွာ ငါ႔သား မင္းသိထားဖို႔က
မင္းမ်က္လံုးနဲ႔ ျမင္တဲ႔ အရာတိုင္းဟာ အမွန္မဟုတ္ဘူး။

မင္းက သူမ်ားအေပၚ အခြင္႔အေရးယူဖို႔ လုပ္တာနဲ႔
ဆံုးရွံဳးျခင္းေတြပဲ ၾကံဳရလိမ္႔မယ္ ငါ့သားဆိုျပီးဆံုးမတယ္။

အဲလိုနဲ႔ ေနာက္ေန႔ၾကေတာ႔ သူနဲ႔ သူ႔အေဖ စားဖို႔
ေခါက္ဆြဲ ၂ ပြဲ ျပင္ထား ျပန္တယ္တဲ႔။

အဲလိုပဲ ၾကိဳက္တဲ့ပြဲေရြးခိုင္းတယ္။ တပြဲမွာ ၾကက္ဥကို ေခါက္ဆြဲေပၚမွာ တင္ထားျပီး ေနာက္တပြဲမွာ ၾကက္ဥပါတာ မေတြ႔ရဘူး။

ဒီတခါေတာ႔ ရွီက်င္းပင္က သားနပ္သြားျပီဆိုတဲ႔ အထာနဲ႔
ၾကက္ဥ မပါတဲ႔ ပြဲကိုေရြးလိုက္တယ္။

အဲလိုနဲ႔ ယူျပီးစားဖို႔ ေအာက္မွာ ၾကက္ဥ ၂ လံုးရွိမယ္ အထင္နဲ႔ ေမႊရွာတာ။ ဘာၾကက္ဥမွ မရွိဘူးတဲ႔။
သူ႔အေဖကေတာ့ ေခါက္ဆြဲေပၚတင္ထားတဲ႔
ၾကက္ဥတစ္လံုးနဲ႔ အရသာရွိရွိ စားေနတာကိုး။

အဲဒါနဲ႔ သူ႔အေဖ မ်က္ႏွာေမာ႔ၾကည္႔ေတာ႔။ ငါ႔သား မင္းမွာရွိခဲ႔တဲ႔ အေတြ႔အၾကံဳေတြကိုလည္း အရမ္းပံုျပီး မယံုနဲ႔။ ဘဝမွာ မင္းကို လွည္႔စားသြားတာေတြ ၊
မာယာေတြ အမ်ားၾကီးျပည့္ေနတာေတြ ရွိတယ္။

ဒီေတာ႔ ကိုယ္မွာ ရွိထားတဲ႔ အေတြ႔အၾကံဳေတြကို
ပညာနဲ႔ ေပါင္းစပ္ျပီးမွ ေရြးခ်ယ္မွဳေတြ လုပ္သင္႔တယ္ ဆိုျပီး သင္ေပးတယ္။

တတိယ ေန႔မွာလဲ အရင္ေန႔ေတြလိုပဲ ေခါက္ဆြဲ ၂ ပြဲ ျပင္ထားတယ္။ အရင္လိုပဲ တစ္ပြဲရဲ ႔ အေပၚမွာ ၾကက္ဥ တင္ထားတယ္။ ေနာက္တစ္ပြဲမွာ ၾကက္ဥ မေတြ႔ရဘူး။

ဒီတၾကိမ္မွာေတာ႔ ရွီက်င္းပင္က အေဖ အရင္ေရြးပါ။
အေဖကအိမ္ေထာင္ဦးစီး အေဖကိုက်ေနာ္ဦးစားေပး ရမယ္ဆိုျပီး သူ႔အေဖကို အရင္ေရြးခိုင္းတယ္တဲ႔။

သူ႔အေဖကလည္း မဆိုင္းမတြ လက္ခံျပီး
ၾကက္ဥတင္ထားတဲ႔ ေခါက္ဆြဲပြဲကို ေရြးလိုက္တယ္။
ရွီက်င္းပင္ ထင္လိုက္တာက က်န္တဲ႔ ပြဲမွာ ဘာၾကက္ဥမွာ ပါေတာ႔မွာ မဟုတ္ဘူးလိုထင္လိုက္တာေပါ႔။

ဒါေပမဲ႔ စားမလို႔ ေမႊလိုက္တဲ႔ အခါမွာပဲ ႀကက္ဥ ၂ လံုး ေတာင္ ေခါက္ဆြဲေအာက္မွာ ရွိေနတယ္တဲ႔။

သူ႔အေဖက ျပံဳးျပီး ေမတၱာလႊမ္းတဲ႔ မ်က္ဝန္းေတြနဲ႔
သူ႔သားကိုၾကည္႔ျပီး ငါ႔သား မင္းမွတ္ထားရဖို႔က
မင္းက သူမ်ားအေပၚေကာင္းခဲ႔ရင္ မင္းအေပၚမွာလည္း ဒီထက္ပိုေကာင္းတဲ႔ အရာေတြ ေရာက္လာလိမ္႔မယ္ ဆိုျပီး သင္ေပးတယ္လိုက္တယ္တဲ႔..။

ငါ႔သား ဒီသင္ခန္းစာေတြကို ျမဲျမဲ မွတ္ထားပါ။
ဒီသင္ခန္းစာေတြကို မင္းရဲ႕ ေက်ာင္းဖတ္စာအုပ္ေတြထဲ
သင္ေပးမွာ မဟုတ္ဘူးဆိုျပီး ဆံုးမ လိုက္တယ္တဲ႔။

အဲဒီလို ဖခင္ေကာင္းရွိတဲ႔ အတြက္ ရွီက်င္းပင္ဟာလည္း
အခုအခ်ိန္မွာ တရုတ္ႏိုင္ငံလို လူဦးေရ မ်ားျပားျပီး
ျပိဳင္ဆိုင္မႈျပင္းထန္လြန္းတဲ့ႏိုင္ငံမွာ ထူးခ်ြန္ထက္ျမက္ျပီး
သမၼတ တစ္ေယာက္ျဖစ္လာတဲ႔အထိေအာင္ျမင္ခဲ႔တာေပါ႔။

ရွီက်င္းပင္ အေဖသင္ေပးလိုက္တဲ႔ မွတ္သားဖြယ္
စကား (၃) ခြန္း ျပန္ေကာက္လိုက္ရင္

(၁) မင္းမ်က္လံုးနဲ႔ ျမင္တဲ႔ အရာတိုင္းဟာ အမွန္မဟုတ္ဘူး။ မင္းက သူမ်ားအေပၚ အခြင္႔အေရးယူဖို႔ လုပ္တာနဲ႔ ဆံုးရွံဳးျခင္းေတြပဲ ၾကံဳရလိမ္႔မယ္။

(၂) မင္းမွာရွိခဲ႔တဲ႔ အေတြ႔အၾကံဳေတြကိုလည္း
အရမ္းပံုျပီး မယံုနဲ႔။ဘဝမွာ မင္းကိုလွည္႔စားသြားတာေတြ ၊
မာယာေတြ အမ်ားၾကီး ျပည့္ေနတာေတြ ရွိတယ္။
ဒီေတာ့ ကိုယ္မွာရွိထားတဲ့ အေတြ႔အၾကံဳေတြကို ပညာနဲ႔ ေပါင္းစပ္ျပီးမွ ေရြးခ်ယ္မွဳေတြ လုပ္သင္႔တယ္။

(၃) မင္းက သူမ်ားအေပၚေကာင္းခဲ႔ရင္မင္းအေပၚမွာလည္း
ဒီထက္ပိုေကာင္းတဲ့အရာေတြ ေရာက္လာလိမ္႔မယ္တဲ႔။

Credit
May Min Moe wall မွကူးယူသည္

အေမဒၚေအာင္ဆန္းစုၾကည္ ေမြးဖြားရာ ဇာတိ ၾကက္ဖေမြးေဇာင္းရြာ


အေမစု ကို ခ်စ္ၾက အားကိုးၾက
ေပမယ့္ အေမစု ေမြးဖြားရာ ဇာတိကို
သတိ ျပဳ မိတဲ႔သူ နည္းလြန္း ပါတယ္။
က်ြန္ေတာ္လည္း မသိပါဘူး ။
လျပည့္ဝန္း မဂၢဇင္း မွာ
စာေရးဆရာ ေယာနကဘိုးေထာင္ ေရးတဲ႔
ေဒၚေအာင္ဆန္းစုၾကည္ တို ့ရြာကေလး
ေဆာင္းပါးကို ဖတ္မိ မွ ဒီအေၾကာင္းေတြ ကိုသိရတာပါ

အဲ႔ဒီေဆာင္းပါး ကိုပဲ အဓိက မွီးပါတယ္။

က်ြန္ေတာ္ တို ့ရဲ ့ ေခါင္းေဆာင္ၾကီး
ကမၻာက ေလးစားရတဲ႔ ပုဂိၢဳလ္ရဲ ႔ ေမြးဖြားရာ ေနရာ ကို က်ြန္ေတာ္ တို ့ေတြ သိသင့္တယ္ ထင္လို
့ ေရးသားေဖာ္ျပ ေပးတာပါ။

ၾကက္ဖေမြးေဇာင္း ရြာဟာ ဖ်ာပံု ျမိဳ ႔နယ္ မွာ
ရွိပါတယ္။ ဖ်ာပံုျမိဳ ႕ အေနာက္ေတာင္ အရပ္မွာ
ရွိပါတယ္။

အက်ဥ္းကေတာ့

ေတာ္လွန္ေရး အတြက္ စီစဥ္ ေနတဲ့အခါမွာ
ေဒၚခင္ၾကည္ဟာ သား ၂ ဦး ရွိျပီး
ေဒၚေအာင္ဆန္းစုၾကည္ ကို ကိုယ္ဝန္လြယ္ထား
တဲ႔အခ်ိန္ပါ။ ေဒၚခင္ၾကည္တို ့ မိသားစု ေနထိုင္ေရး
ကိစၥကို ဗိုလ္တစ္ေယာက္ ကို တာဝန္ေပးလိုက္ပါတယ္

။ဖက္ဆစ္ေတြ ရန္မွ ေခတၱ ေရွာင္တဲ႔ သေဘာပါ။
အစီအစဥ္ ေတြကို ဗိုလ္ခ်ဳပ္ နဲ႔ ေဒၚခင္ၾကည္ေတာင္
မသိရပါဘူး တဲ႔။ အဲ႔ဒါ နဲ႔ ၾကက္ဖေမြးေဇာင္း ရြာကို
ေရွာင္တိမ္း ေနထိုင္ရင္း ေဒၚေအာင္ဆန္းစုၾကည္ ကို ေမြးဖြားခဲ႔ပါတယ္။

ၾကက္ဖေမြးေဇာင္းေရာက္ေတာ့ ဘုန္းၾကီးေက်ာင္း အနီးက အိမ္ကေလးမွာ ေဒၚခင္ၾကည္တို ့ကို ေနရာခ်ေပးပါတယ္။ ေဒၚေအာင္ဆန္းၾကည္ကို ၁၉၄၅ ဇြန္လ ၁၉ ရက္ေန ့မွာ ၾကက္ဖေမြးေဇာင္း ရြာကေလးမွာ ေမြးဖြား ခဲ႔ပါတယ္။

ေမြးဖြားစဥ္မွာ ျမစိမ္းေရာင္ မင္းသမီး ေပၚမယ္လို ့ အတိတ္တေဘာင္ ထြက္ခဲ႔ပါတယ္။ သိုက္စာ စကားလည္း ဖ်ာပံုနယ္ တစ္ရိုးမွာ ဟိုးေလး တေက်ာ္ ျဖစ္ခဲ့ပါတယ္။ သိုက္စာ ကို ေအာက္ဆံုးမွာေဖာ္ျပေပးပါမယ္။

ေမြးဖြားခ်ိန္ ကာလ မွာ
ခေရပင္ ေဇာက္ထိုး ေပါက္ခဲ႔ပါတယ္။
ေပါက္တဲ႔ ေနရာက မင္းေက်ာင္း မွာပါ။

ေျမငလ်င္ လႈပ္ပါတယ္။
ေတာ္လဲ သံ ျမည္ပါတယ္။
ဥကၠာပ်ံ ေတြ ႔ရပါတယ္။

ဓားေတြ က အေရာင္ တလက္လက္ ေတာက္ပတယ္လို ့ ေရွး လူၾကီး ေတြ ေျပာျပ ပါတယ္။ ပုဂိၢဳလ္ထူး ပုဂၢိဳလ္ျမတ္ ေပၚေပါက္တဲ႔ အတိတ္ နိမိတ္ေတြ ပါ။

ၾကက္ဖေမြးေဇာင္း ရြာ
မြန္ နာမည္ က်ိဳက္ပါးမြဲေဇာ့ မွ
ႀကက္ဖေမြးေဇာင္း လို ့ေျပာင္းလဲ
လာတယ္ လို ့သိရွိရပါတယ္။

က်ိဳက္ ဘုရား
ပါး ၂
မြဲ ၁
ေဇာ့ ဇရပ္ (ေစာင္းတန္း)

ဘုရား ၂ဆူ ဇရပ္(ေစာင္းတန္း)
၁ခုရွိတဲ႔ ရြာ လို ့ အဓိပၸါယ္ရပါတယ္။

ေရွးေဟာင္းရြာပါ။ တပင္ေရႊထီး နဲ႔ သူ ့ရွင္တကာ ရြတ္ပိ တို ့ စစ္ျဖစ္တဲ႔ကာလ မွာ သူ ့ရွင္တကာ ရြတ္ပိ ရ ဲ႔ မိဖုရားၾကီး တလပေရာသမီ နဲ႔ မွဴးၾကီးမတ္ရာ ေဆြမ်ိဳးမ်ား စစ္ေဘးလြတ္ရာ ခိုလံႈရင္း ရိကၡာ စပါး စိုက္ပ်ိဳး ရာ ေဒသ ျဖစ္ခဲ႔ပါတယ္။

ရြာသက္တမ္း နွစ္ေပါင္း ၄၄၀ ေက်ာ္လာခဲ႔ပါျပီ။

က်ြန္ေတာ္ တို ့ ေခါင္းေဆာင္ ၾကီး ေဒၚေအာင္ဆန္းစုၾကည္ ရဲ ႔ ေမြးရပ္ ေဒသ ေလးကို အမ်ားသိေအာင္ တင္ျပေပးလိုက္ပါတယ္။ တခါ တေခါက္လည္း သြားေရာက္ေလ့လာသင့္ပါတယ္။

ေျမပံု ကို လည္းေဖာ္ျပ ထားေပးပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ေမြးဖြားခ်ိန္မွာ ဟိုးေလးတေက်ာ္ျဖစ္ခဲ႔ေသာသိုက္စာ

သာသနာတစ္ဝက္ ခရီးမွာျဖင့္
ကနက္ထီးေတြနဲ ႔ပ်က္စီးဖို ့အေရးၾကံဳ
ေရႊေပးမယ္ မယ္မယံု ေငြေပးမယ္ မယ္မယံု
နယ္အကုန္ ပ်က္မည့္အေရး
ျပန္စလို ့ေတြး

တံတားေတြ အလ်င္ေဆာက္လို ့
ဘုရားေတြ ေရႊရင္ေမာက္ရင္ျဖင့္
ျပည္ေတာ္ျပန္ မယ္ေထြး
နန္းတင္မွေအး

တပင္တိုင္ ခဝါခ်ျပီမို ့
နာၾကတဲ႔ အသီးေတြ တြန္ ့ေခါက္လို ့ေၾကြ
အသီးေတြ ရာသီေျပာင္း
သာသနာေမာင္း ေရွ ့ကေဆာ္ ေဒါင္းေတြကေအာ္
ေဒါင္းေအာ္ရင္ သူလာလိမ့္ေလး
ျခေသၤ့မင္းက တန္ခိုးၾကြယ္ တိုး၍ကြယ္ ပ်က္ဦးမယ္
ဂူေအာင္းတဲ႔ ခင္ၾကီးေပ်ာ္ တို ့ရယ္
သမီးေတာ္ ကို လႊတ္လိုက္ၾကဦး
ဇာမဏီ သူတြန္လွ်င္ ဇမၺဴတစ္ခြင္
လင္းလို ့ မဆံုး ။

မူးရင္းကုိးကား
Credit

Friday, June 29, 2018

"ကုလားကားၾကည့္ရတာေကာင္းလား"လို႔ ေအာင္လ ေျပာလိုက္တာ

 "ကုလားကားၾကည့္ရတာေကာင္းလား"လို႔
ေအာင္လ ေျပာလိုက္တာ
အဓိပၸါယ္ေတြအမ်ားႀကီးပါတယ္ ဘႀကီးၿဖိဳးေရ။

အေမ ဟိုတေလာေလးက သူ႔ေမြးေန႔ပြဲမွာေျပာသလို
"ကိုယ္မဲႏိုင္ခ်င္တာနဲ႔ ျပည္သူကို အလိုလိုက္တာ၊
ေနာက္တခါ ငါ့ကို မဲမေပးဘဲ ေနဦးမယ္ဆိုၿပီးေတာ့ မလိုက္ေလ်ာသင့္တာကို လိုက္ေလ်ာမိလို႔ ႏိုင္ငံကို ထိခိုက္ေစႏိုင္တယ္ဆိုရင္ ႏိုင္ငံအေပၚမွာ တာဝန္မေက်ရာေရာက္ပါတယ္"ဆိုတဲ့စကား
မွတ္သားထားမိပါတယ္။

ဘႀကီးၿဖိဳးေရ.....
ေအာင္လပြဲက ရလိုက္တဲ့သင္ခန္းစာက ကြ်န္ေတာ္တို႔ျပည္သူေတြ ယူတတ္ဖို႔ပဲလိုတယ္။
ျပည္သူ႔အႀကိဳက္လိုက္တယ္ဆိုတာက အတိုင္းအတာတစ္ခုထိပဲရွိသင့္တယ္ဆိုတာ
ေအာင္လ သိသင့္တယ္။
မေတာ္လို႔မ်ား တခုခုျဖစ္သြားရင္၊ ဒါမွမဟုတ္ လြဲေခ်ာ္သြားခဲ့ရင္ (ခုေတာင္ ၅ခ်ီမျပည့္ျပည့္ေအာင္ ကုလားကားၾကည့္ရသလို အၾကာႀကီးၾကည့္ရေအာင္ လုပ္ျပသြားတာ မ်က္လံုးေတြ ဖူးလို႔ ေယာင္လို႔ သူ႔ခင္ဗ်ာ ဘယ္ေလာက္ေတာင္ ျပင္ပသက္ေရာက္မႈေတြရိုက္ခတ္ခံေနရသလဲ ဆိုတာ အသားေတြအနာခံ ေသြးထြက္ခံၿပီး ျပည္သူေတြ သူ႔ကို မၿငိဳျငင္ရေအာင္ လုပ္ျပေပးခဲ့တာ။
ဒါေပမယ့္ ေနာက္ဆံုးေတာ့ သူပြင့္အံက်လာတာပဲမဟုတ္လား ကုလားကားၾကည့္ရတာေကာင္းလားလို႔ ေမးခြန္းထုတ္လိုက္တယ္ေလ။ ၿပီးေတာ့ ခ်န္ပီယံဆု ဆက္လက္ထိမ္းသိမ္းကာကြယ္ႏိုင္တာေတာင္ ဝမ္းသာေပ်ာ္ရႊင္ေနပံုမေပၚဘူး၊ သံဇကာကြက္ေပၚေတာင္ခုန္တက္ဖို႔ အားအင္ေတြ ခ်ိနဲ႔ေနေရာ့သလား)
အဲ့ဒါဆို ဘယ္လိုလုပ္ၾကမလဲ။ ရွံုးမ်ားသြားလို႔ကေတာ့ ႏိုင္ငံအတြက္ တာဝန္မေက်ရာ ေရာက္သြားႏိုင္တယ္ဆိုတာကို ေအာင္လ သိဖို႔လိုတယ္ ဘႀကီးၿဖိဳးရယ္။ ျပည္သူလူထု ပရိသတ္ဘက္ကလဲ ကိုယ္ျဖစ္ေစခ်င္တာ၊ ကိုယ္ေပ်ာ္ရႊင္ခ်င္တာခ်ည္းပဲ ၾကည့္လို႔မျဖစ္ဘူးဗ်။ ကိုယ္အားေပးတဲ့သူက ကိုယ့္အႀကိဳက္လိုက္ရင္း လြဲသြားလို႔ ရွိရင္ ကိုယ္ေတြပဲနစ္နာရဦးမယ္။

တခါတေလ အမ်ားႀကိဳက္လိုက္လုပ္ေနရတဲ့သူေတြရဲ႕ တကယ့္ ခံစားခ်က္ဟာ ျပန္ေျပာျပဖို႔ေတာ္ေတာ္ေတာ့ခက္ပါတယ္ဗ်ာ။ ေအာင္လလဲအဲ့ဒီလိုသေဘာရွိေနႏိုင္တယ္။

ျပည္သူေတြကေတာ့ ေအာင္လႏိုင္လို႔၊
ၾကည့္ရတာ၅ခ်ီေတာင္ဆိုၿပီး တန္လို႔ ေပ်ာ္ျမဴးေနၾကေပမယ့္ အဲ့ဒီလိုေတြ ေပ်ာ္ရေအာင္ သူဘယ္ေလာက္ ေပးဆပ္ခဲ့ရသလဲ၊ အနာခံခဲ့ရသလဲ ေတြးၾကည့္ၾကပါဦး။

တကယ္ဆို ညႇစ္အားသံုးၿပီး ႏိုင္ပြဲကို ယူလို႔ရပါလ်က္နဲ႔ ၾကည့္ေကာင္းေအာင္ ျပည္သူေတြေက်နပ္ေအာင္ ကစ္ေဘာက္ဆင္လို လိုက္ထိုး ျပန္ကာ လုပ္ေနျပရတာ စိတ္ေရာ လူေရာ မ်က္စိႏွစ္ဘက္လံုးေရာ ေအာင္လ ခင္ဗ်ာပင္ပမ္းလွပါတယ္ ဘႀကီးၿဖိဳးရယ္။

ကြ်န္ေတာ္တို႔ႏိုင္ငံေရးမွာလဲ တခါတခါစဥ္းစားမိတယ္
ျပည္သူႀကိဳက္ေအာင္ လိုက္ေလ်ာရမယ့္ ကိစၥေတြဟာ ႏိုင္ငံအတြက္ ထိခိုက္နစ္နာေစႏိုင္တယ္ဆိုရင္ တကယ္ပဲႏိုင္ငံအတြက္ အက်ိဳးမရွိဘူးဆိုရင္ ရဲရဲဝံ့ဝံ့ရပ္တည္ရဲရမယ္
ဒါဟာအက်ိဳးမရွိဘူးရွင္းျပႏိုင္ရမယ္
ရွင္းျပရဲရမယ္။ ဒါမွ ႏိုင္ငံအေပၚ တာဝန္ေက်မွာေပါ့ ဘႀကီးၿဖိဳးရယ္။

ေအာင္လအန္ဆိုင္းအေနနဲ႔လဲ
ေနာက္ပြဲေတြက်ရင္ ကိုယ့္အတြက္ေရာ ႏိုင္ငံအတြက္ေရာ အမွန္တကယ္အက်ိဳးမရွိႏိုင္ဘူးဆိုရင္ အခ်ိန္မဆြဲဘဲ အလွကြက္ေလးေတြျပမေနဘဲ ပထမအခ်ီေလာက္ကတည္းက ညႇစ္ ပစ္လိုက္ရမယ္။ အဓိကက ပရိသတ္ကို သိပ္အလိုမလိုက္ေစခ်င္ဘူး။
ေျပာခ်င္ရာေျပာၾက၊ ေဝဖန္ၾကပါေစ
ကိုယ့္အလုပ္ကိုယ္ ယံုယံုၾကည္ၾကည္နဲ႔သာလုပ္ပါေလ။ သူတို႔အားေပးရတာ အားရရ မရရ ႏိုင္ငံအတြက္ ဂုဏ္သိကၡာ တက္ေအာင္လုပ္ျပႏိုင္ဖို႔သာအေရးႀကီးတာပါ။
***************************
ျမတ္ေက်ာ္ေက်ာ္(ခ)မင္းသစ္တည္




ကယ္ဆယ္ေရး ေတြအားလံုးဟာ ဒီလိုထူးဆန္းတဲ့ ျဖစ္ရပ္ေတြအမ်ားႀကီးပဲ ၾကံဳေတြ႕လာရပါတယ္


အမွန္ဆိုရင္ေတာ့ ဒီေက်ာက္လႈိဏ္ဂူမွာဆရာေတာ္ ဘုရားႀကီးေတြပင့္ ပုရိတ္ရြတ္၊ ဘုရားစာဆို အမၽွ အတမ္း ေပးေဝသင့္ပါတယ္တဲ့။ ဒီတစ္မ်ိဳးပဲလုပ္ေပး႐ံုနဲ႔ ဒီေက်ာင္းသား ၁၃ ေယာက္ ရဲ႕အတိတ္ဘဝက ကံေတြ၊ ျပဳခဲ့သမၽွျပန္ခံရမယ့္ ဝဋ္ေႂကြးေတြကို သက္သာ လာေအာင္ ေျဖေလ်ာ့ေပးႏိုင္ပါလိမ့္မယ္။ ဆရာ ဖလင္ ကေျပာတာပါ။
..
ကယ္ဆယ္ေရး ေတြအားလံုးဟာ ဒီလိုထူးဆန္းတဲ့ ျဖစ္ရပ္ေတြအမ်ားႀကီးပဲ ၾကံဳေတြ႕လာရပါတယ္တဲ့
..
၁ ။ အလိုလို မီးပ်က္သြားျခင္း၊ သြားစစ္ေဆးၾကည့္ေတာ့ လူေတြအမ်ားႀကီး ေစာင့္ၾကည့္ေနၾကစဥ္မွာ ဘယ္သူက မ်ား မီးႀကိဳးကိုလာျဖဳတ္သြားတာလဲမသိ။
..
၂ ။ ဂူအတြင္းဘက္မွ ေအာ္ေခၚသံေတြၾကားရလို႔ အဖြဲ႕ဝင္ေတြသြားၾကည့္ၾကေတာ့ ဘာမွလဲမရွိဘူူး။
..
၃ ။ လာကူညီၾကတဲ့ စစ္သားေတြမွာ အားလံုးက်န္းမာ အၾကမ္းခံႏိုင္ရက္နဲ႔ ေတာ္ေတာ္ မ်ားမ်ားဟာ ဖ်ားနာမႈေတြ ျဖစ္ၾကတယ္။
..
၄ ။ ဒီဂူေရွ႕မွာ လာေနသူေတြဟာ ည ၉ နာရီ ေနာက္ပိုင္း ဆိုရင္ ေတာင္ေပၚက ထြက္ေပၚလာတဲ့ ေၾကာက္စရာ အသံေတြကို ဂူေရွ႕အထိ ၾကားေနရ ပါတယ္။ အရင္ကေရာက္ဖူးသူေတြလည္း ဒီလိုအသံမ်ိဳး ညတိုင္းၾကာေနရတတ္ပါတယ္။ ဘာအသံလည္းေတာ့ မသိၾကပါဘူး။
..
၅ ။ လာကူညီၾကတဲ့ စစ္သားေတြက ကိုယ္ေတြ႕ၾကံဳလာ ရေတာ့ ေၾကာက္ရြံ႕ ထိတ္လန္႔ ေခ်ာက္ျခားေနၾက ပါတယ္။ဒီေက်ာက္လႈိဏ္ဂူႀကီးထဲမွာျမင္ရသမၽွ အားလံုး ဟာ ေၾကာက္စရာေတြခ်ည္းပဲ။ ေနရာတိုင္းမွာ မ်က္ေစ့ လည္ၿပီး လမ္းမွား စိတ္တုန္လႈပ္စရာေတြႀကီးပဲေလ။ အုပ္စုလိုက္သြားတာေတာင္ ဒီေလာက္ေၾကာက္ဖို႔ ေကာင္းတာ တစ္ေယာက္ထဲေတာ့ဘယ္မွမသြားရဲ ၾက ပါဘူး။
..
၆ ။ သူတို႔ေတြက ဒီျဖစ္ရပ္ေတြကို ရယ္ေမာစရာ ဟာသ အျဖစ္ပဲသတ္မွတ္ထားလိုက္ပါတယ္။ ဒါေပမယ့္ ဟာသ မဟုတ္တာကေတာ့ ဂူေရွ႕မွာ အိပ္ေနသူေတြ ဟာ ေၾကာက္မက္ဖြယ္ အသံစိမ္းႀကီးနဲ႔ ညညဆို ထထေယာင္ေနတတ္ပါတယ္။ ဒါကို သူတို႔အဖြဲ႕ဝင္ တစ္ခ်ိဳ႕က အသံသြင္းထားၾကပါတယ္။
..
၇ ။ တရက္မွာေတာ့ အုပ္ခ်ဳပ္ေရးမႉးနဲ႔ခပ္ဆင္ဆင္
လူတစ္ေယာက္ နဲ႔အဖြဲ႕ဟာ ဂူထဲကို ေရးႀကီးသုတ္ျပာ ဝင္သြားၾကပါတယ္။ ဘာျဖစ္လို႔လဲေတာ့ မသိပါဘူး။ ဒီမွာေရာက္ေနတဲ့ကယ္ဆယ္ေရး အဖြဲ႕ဝင္ အကုန္လံုး
ဂူေရွ႕ထဲဝင္ၿပီး အၾကာႀကီးပဲေပ်ာက္သြားၾကတယ္။
ဒါေပမယ့္ မိုးသိပ္ခ်ဳပ္ေနၿပီမို႔ ဘယ္သူမွ ထူးျခား သတင္းေပးမႈ မလုပ္ၾကဘူူး။ ၿပီးေနာက္ အဖြဲ႕သား
အားလံုး လည္း လူေရာစိတ္ပါေပ်ာ့ေခြ အားေလ်ာ့ သြားျက ပါတယ္။
..
၈ ။ အရိပ္အမည္းေရာင္ႀကီးက လူေနာက္ကို လိုက္ ေလၽွာက္သြားေနတာ၊ တခါတေလရပ္ေနတာကို ျမင္ရသူလည္းရွိပါတယ္။ဒီလို ျမင္ရလြန္းလို႔ ေန႔လည္ခင္းေတာင္ တစ္ေယာက္ထဲ ဘယ္မွမသြား ရဲၾက ပါဘူး။
..
၉ ။ မိုးကလည္း တစ္ခ်ိန္လံုးရြာေနတာပဲ။ ဒီဂူမွာပဲရြာတာေလ။ ထူးဆန္းလိုက္တာ။ ဒါေၾကာင့္မို႔ ဘယ္ေလာက္ပဲ ေရေတြကိုစုပ္ထုတ္ထုတ္ ေရက ေလ်ာ့သြားျခင္း၊ ခမ္းသြားျခင္း မရွိပါ။ သူတို႔ေတြ လုပ္ထားတာျဖစ္ဖို႔မ်ားတယ္။
..
၁၀ ။ ဒါကေတာ့ အထူးဆန္းဆံုးပဲ။ အစားေဝရင္ အစာလာယူသူတခ်ိဳ႕ဟာ ဝတ္စားဆင္ယင္ထားတာ လိေက ( ျပဇာတ္ ) ကရင္ဝတ္သလိုမ်ိဳးနဲ႔ လွပစြာ လာတာလည္းရွိတယ္တဲ့၊ အစားအစာလာေဝေပးတဲ့ အမႀကီးကေျပာျပတာပါ။ သူကစဥ္းစားတယ္ ဒီလိုလွပစြာဝတ္ၿပီး ဒီေနရာကို လာသူေတြလည္း ရွိတာပဲလားေပါ့။ အမွန္မွာ ဒီလာသူေတြဒီလိုမ်ိဳး မဝတ္ထားၾကပါဘူး။
..
၁၁ ။ ပထမဆံုးေန႔က ဒီၿမိဳ႕ခံလူေတြ အမ်ားႀကီးပဲ လာၾကည့္ၾကတယ္။ ဒါေပမယ္ ဒီေန႔ေတာ့ ဘယ္သူ မွ မလာၾကေတာ့ဘူး။ တစ္ခ်ိဳ႕က ကေလးငယ္ေလးေတြ ေခၚလာၾကတယ္။ ကေလးေတြဟာ အိမ္လည္း ျပန္ေရာက္ေရာ ဖ်ားနာၿပီး ဘီလူး၊ သရဲေတြကိုလည္း ေယာင္ေခၚေနတတ္တယ္။ ၿမိဳ႕ခံေတြလည္း ဒီအေၾကာင္းေတြတစ္ဆင့္တစ္ဆင့္ ျပန္ေျပာၾကရင္း ဘယ္သူမွဒီကိုမလာရဲၾကေတာ့ဘူး။
..
၁၂ ။ အဖြဲ႕သားေတြ အလုပ္လုပ္ေနစဥ္ အဖ်က္အဆီး အေႏွာင့္အယွက္ ဟန္႔တားမႈေတြ စိတ္႐ႈပ္စရာေတြ အျမဲၾကံဳေနရတတ္တယ္။ပစၥည္းသယ္ျခင္း၊ ပို႔ျခင္းတို႔ စသျဖင့္ေပါ့။ ကားေပၚေရာက္ရင္လည္း စက္ႏႈိး လို႔ရလိုက္ မရလိုက္နဲ႔ေပါ့။ လုပ္ရကိုင္ရတာ အဆင္ မေျပ ခက္ခဲလြန္းလွပါတယ္။
..
ถ้าแบบนี้จริง ต้องอำนาจพุทธานุภาพขององค์พระสัมมาสัมพุทธเจ้ากับการอาศัยบุญ สวดมนต์ ทำบุญให้มากตรงนั้น อย่าครั้งเดียว เซ่นไหว้ บวงสรวงไม่ใช่ กับข้อสำคัญแก้ไขกรรมก่อน ...อ.พรีม

มีเรื่องแปลกประหลาดเกิดขึ้นมากมาย เช่น
1. อยู่ๆ ไฟก็ดับเอง ไปดูไม่รู้ใครมาดึงสายออกทั้งๆที่มีคนยืนคุมตลอด

2. มีเสียงเรียกออกมาจากในหลืบ พอทีมไปถึงก็ไม่มีอะไร

3. ทหารที่ไปช่วยงาน ไม่สบายหลายคน ทั้งๆที่ทุกคนร่างกายแข็งแรงดี

4. คนที่มาอยู่หน้าถ้ำหลังจาก3ทุ่มขึ้นไป จะได้ยินเสียงแว่วๆ ออกมาจากที่ไกลๆบนเขา ทางด้านปากถ้ำกันทุกคน อันนี้ถามคนที่เคยไปจะได้ยินกันทุกคืน แต่ไม่รู้เสียงอะไร

5. ทหารที่มาช่วย จริงๆก็กล้าๆกลัวๆ เพราะในถ้ำบรรยากาศวังเวงมาก ทุกซอกหลืบมันเป็นที่บังตาเปล่าเปลี่ยวไปหมด เดินเป็นกลุ่มยังน่ากลัว ไม่มีใครกล้าเดินไปไหนคนเดียว

6. นอกจากร่างทรงที่มาแล้ว พวกนั่นมองดูเป็นเรื่องตลก แต่ที่ไม่ตลกคือคนที่มานอนหน้าถ้ำ ละเมอด้วยเสียงแปลกๆโหยหวนสยองมาก บางคนถ่ายคลิปไว้ด้วย

7. วันหนึ่ง บุคคลคล้ายๆท่านผู้ว่าและคณะรีบวิ่งลงไปในถ้ำ ไม่รู้สาเหตุอะไร ทีมที่เกี่ยวข้องทั้งหมดหายลงไปหน้าถ้ำนานมาก แต่ไม่มีใครให้ข่าวอะไรเพราะดึกแล้ว และทุกคนอ่อนเพลียกันหมด

8. มีคนเห็นเงาดำๆ เดินตามบ้าง ยืนอยู่บ้าง แทบจะทุกที่ เห็นกันจนไม่มีใครกล้าเดินไปไหนคนเดียว แม้แต่เวลากลางวัน

9. ฝนตกตลอดเวลา ตกเฉพาะตรงถ้ำนี่เท่านั้น มันน่าแปลก นี่อาจทำไห้สูบน้ำเท่าไหร่ก็ไม่แห้งไม่ลดลงเลย

10. อันนี้แปลกมาก แม่ครัวที่ทำอาหารมาเลี้ยง บอกว่าคนที่มารับอาหาร บางคนมาแบบแต่งตัวสวยงามเหมือนลิเกก็มี บางทีนึกว่าพวกร่างทรง และมากันมากมาย ทั่งๆที่ร่างทรงที่มากันไม่มีใครแต่งชุดสวยๆแบบนั้นเลยสักคน

11. วันแรกๆชาวบ้านคนมาดูกันมากมาย แต่วันนี้ไม่มีใครมาเลย บางคนพาลูกเล็กๆมา พอกลับบ้านไป ก็ไม่สบายนอนละเมอถึงยักษ์บ้าง ผีบ้าง ชาวบ้านเล่าต่อกันจนไม่มีใครกล้ามา

12. การทำงานของทีมงาน มีอุปสรรคตลอด ไม่ว่าจะเป็นการขนของ ขนส่ง อยู่รถก็สตาร์ทไม่ติดบ้าง ติดหล่มบ้าง การทำงานลำบากมาก

cr.ทีมงานอาสา ถ้ำหลวง

Credit : ဘာသာျပန္_မဝင္းတား

ေရႊတိဂုံကို က်ားတက္ခဲ့တဲ့ သမုိင္းေၾကာင္း


အခ်ိန္က ၁၉၀၃ ခုႏွစ္..

တစ္နည္းေျပာရလွ်င္ အဂၤလိပ္ကိုလိုနီ နယ္ခ်ဲ႕တို႔၏လက္ေအာက္တြင္ ျမန္မာတစ္မ်ိဳးသားလုံး ကြ်န္သေပါက္ဘဝျဖင့္ ကိုယ္ႏႈတ္ႏွလုံး သုံးပါးစလုံး ညွိဳးငယ္စြာ ေနထိုင္ေနရသည့္ အခ်ိန္..

ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ႀကီးသည္ ၿမိဳ႕ဟုေခၚေသာ္လည္း လူေနအိမ္ ေျခ နည္းပါးလြန္းလွၿပီး ေနရာ အေတာ္မ်ားမ်ားမွာ သစ္ပင္သစ္ေတာႀကီးမ်ား၊ ၿခဳံႏြယ္မ်ားသာ ဖုံးလႊမ္းလ်က္ရွိေန၏။ ဆူးေလေစတီေတာ္ဝန္းက်င္ ရန္ကုန္ၿမိဳ႕လယ္ေကာင္တစ္ဝိုက္ႏွင့္ သိမ္ႀကီးေစ်းအနီးတစ္ဝိုက္ေလာက္မွာသာ အစိုးရ အေဆာက္အဦမ်ားႏွင့္ လူေနအိမ္ေျခ တိုက္တာ အိုးအိမ္မ်ား မ်ားျပားၿပီး က်န္သည့္ေနရာ အေတာ္မ်ားမ်ားမွာေတာ့ ေတာအုပ္ႀကီးသဖြယ္ ျဖစ္ေနေလ၏။

သူ႔ကြ်န္ဘဝေရာက္ေနေသာ္လည္း ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားမွာ အလွဴေရစက္ လက္ႏွင့္မျပတ္ၾက။ ဘုရားရွင္၏သားေတာ္ ရဟန္းသံဃာမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ သာသနာျပဳႏိုင္ရန္အတြက္ ေက်ာင္း၊ သကၤန္း၊ ဆြမ္း၊ ေဆး.. အစရွိသည့္ ပစၥည္းေလးပါးမ်ားကို စဥ္ဆက္မျပတ္ ဆက္ကပ္ လွဴဒါန္းေနၾကသလို၊ ျမန္မာတို႔၏အသည္းႏွလုံး သိဂုၤတၱရ ကုန္းေတာ္ေပၚရွိ ေလးဆူဓာတ္ပုံ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးကိုလည္း လုံးေတာ္ျပည့္ ေရႊသကၤန္းမ်ား ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ဝိုင္းဝန္း ျပင္ဆင္ေနၾကေလသည္။

ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလျပည့္ေန႔တြင္ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီး၌ ဗုဒၶပူဇနိယပဲြေတာ္ႀကီးကို ၿခိမ့္ၿခိမ့္သည္းသည္း က်င္းပၾကမည္ျဖစ္သည္။ ထို႔ေၾကာင့္ ေရႊတိဂုံေစတီေတာ္ ေဂါပကအဖဲြ႕က အနယ္နယ္အရပ္ရပ္မွ ေထရဝါဒ ဗုဒၶဘာသာဝင္ ျမန္မာျပည္သူမ်ား ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ ထည့္ဝင္လွဴဒါန္းထားၾကသည့္ ေရႊစင္ေရႊျပားမ်ားကို ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးအား တေပါင္းလျပည့္ ဗုဒၶပူဇနိယပဲြေတာ္အမီ ကပ္လွဴ ပူေဇာ္ႏိုင္ရန္အတြက္ ကိုယ္လုံးေတာ္အား ဝါးမ်ားျဖင့္ျငမ္းဆင္ကာ အင္တိုက္အားတိုက္ျဖင့္ ေဆာင္ရြက္ေနၾကေလသည္။ ေစတီေတာ္ေပၚတြင္ ေဂါပကအဖဲြ႕ဝင္မ်ား၊ အလုပ္သမားမ်ား၊ ဘုရားဖူးျပည္သူမ်ားျဖင့္ လြန္စြာမွ စည္ကားေနသည့္အခ်ိန္လည္း ျဖစ္ေနေပေတာ့သည္။

သည္လိုႏွင့္ ခရစ္ႏွစ္ ၁၉၀၃ ခုႏွစ္၊ မတ္လ ၂ ရက္ (ျမန္မာသကၠရာဇ္ ၁၂၆၄ ခုႏွစ္၊ တေပါင္းလဆန္း ၂ ရက္) ေန႔သို႔ေရာက္လာသည္။ မွတ္မွတ္ရရ ထိုေန႔ကား တနလၤာေန႔၊ နံနက္ပိုင္းျဖစ္၏။ ပဲြေတာ္ရက္နီးကပ္လာၿပီမို႔ ေရႊသကၤန္းကပ္လွဴၾကမည့္ အလုပ္သမားမ်ားမွာ ဝါးျငမ္းမ်ားကို တစ္ခုၿပီးတစ္ခုေက်ာ္လႊားရင္း ကြ်မ္းက်င္စြာတက္သြားၾကသည္မွာ ဆပ္ကပ္ပဲြ တစ္ခုေလအလား။ ထိုစဥ္ ေရႊတိဂုံေစတီေတာ္ျမတ္ႀကီး ကိုယ္လုံးေတာ္ေပၚမွ “ေခါင္းေလာင္းပုံအနားလန္စြန္း” ၌ ဝါဝါစင္းစင္း အရာတစ္ခု ရွိေနသည္ကို အလုပ္သမားတခ်ိဳ႕က လွမ္းျမင္လိုက္မိၾကေလသည္။ မေန႔က အလုပ္သမားတခ်ိဳ႕ ျငမ္းေပၚမွျပန္ဆင္းရင္း ေမ့က်န္ထားခဲ့ၾကသည့္ ပစၥည္းပစၥယ တစ္ခုခုေလလား.. သို႔တည္းမဟုတ္ အဝတ္အစား တစ္ခုခုေလလား..

“အလိုေလး.. က်ားဗ်ိဳ႕.. က်ား က်ား”

“အီး.. လုပ္ၾကပါဦးဗ်..

ဘုရားေပၚမွာ က်ားႀကီးဗ်”

ေရွ႕ဆုံးမွတက္သြားသည့္ အလုပ္သမားတခ်ိဳ႕က ထိတ္လန္႔စြာ ေအာ္ဟစ္လိုက္ရင္း ဝါးျငမ္းမ်ားေပၚမွ ဒေရာေသာပါးျဖင့္ ျပန္ေျပးဆင္းလာၾကသည္။ ေအာက္ေျခမွအေပၚသို႔ တက္လုတက္ဆဲ အလုပ္သမားမ်ားကလည္း အေပၚကလူေတြ ျပန္ေျပးဆင္းလာမွေတာ့ နေဝတိမ္ေတာင္ျဖင့္ သူ႔ထက္ငါအလုအယက္ ဆင္းေျပးၾကၿပီေပါ့။ တစ္ေယာက္အေပၚတစ္ေယာက္ တိုးမိ တိုက္မိ ခိုက္မိရင္း အလဲလဲ အကဲြကဲြ ရုတ္ရုတ္သဲသဲ။

“ဘယ့္ႏွယ္..

ေတာႀကီးမ်က္မည္းထဲမွာသာေနတတ္တဲ့ အသားစားသတၱဝါမ်ိဳးႏြယ္ဝင္ သားရဲတိရစၧာန္ က်ားရိုင္းတစ္ေကာင္က ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚကို တက္လာရုံသာမက ကိုယ္လုံးေတာ္ေပၚမွာေတာင္ ဝပ္ေနသတဲ့လား။ မျဖစ္ႏိုင္တာပဲ”

ဤသို႔ဤႏွယ္ အေတြးဝင္မိၾကေသာ ဘုရားဖူးျပည္သူအခ်ိဳ႕က မယုံသကၤာ ဒြိဟစိတ္ျဖင့္ အေျပးအလႊား လာၾကည့္ၾကသည္။ ဝါးျငမ္းမ်ားကြယ္ေန၍ ေတာ္ေတာ္ႏွင့္ မျမင္ရ။ အေသအခ်ာ စူးစိုက္ၿပီးၾကည့္ၾကည့္ေတာ့မွ ေတြ႕လိုက္ရပါေလၿပီ။

“အလိုေလး.. ဟုတ္သဟ.. က်ားသားမိုးႀကိဳး.. ဘုရားေပၚမွာ က်ားႀကီးတစ္ေကာင္ ဝပ္ေနသဟ”

“ဟုတ္ပါ့ေတာ္.. ဘယ္လိုကဘယ္လို ဘုရာေပၚေရာက္ေနပါလိမ့္။ ရင္ျပင္ေတာ္ေပၚ ဆင္းခ်လာရင္ေတာ့ ဒုကၡေတာ္ေရ႕”

နံနက္ေစာေစာ ဘုရားရင္ျပင္ေတာ္ေပၚသို႔ ဘုရားဖူး၊ တရားထိုင္၊ ပုတီးစိပ္ စသည္ျဖင့္ ေရာက္ရွိေနၾကေသာ အလႊာေပါင္းစုံမွ ဘုရားဖူးျပည္သူမ်ားလည္း တစ္ေယာက္တစ္ေပါက္ေျပာဆိုရင္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ကုန္ၾကေတာ့သည္။ ကေလးေတြကိုလက္ဆဲြၿပီး ရင္ျပင္ေတာ္ေပၚကေန ဆင္းေျပးသူေတြကလည္း ဆင္းေျပးၾကသည္။ “ဘယ္သူေရ ဘယ္ဝါေရ” စသည္ျဖင့္ ေအာ္ဟစ္ ေခၚဆိုေနသံမ်ားကလည္း ကြ်က္ကြ်က္ညံလို႔။

ထိုသတင္းက ေရႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚမွာသာမက ရန္ကုန္တစ္ၿမိဳ႕လုံးသို႔ပါ တစ္မုဟုတ္ခ်င္းမွာပင္ ေတာမီးပမာ ကူးစက္ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ သတင္းၾကား၍ ဘုရားေပၚသို႔ အေျပးအလႊားတက္လာၿပီး ဝိုင္းအုံ ၾကည့္ရႈေနၾကသူမ်ားကလည္း ေရာက္လာမစဲ တဖဲြဖဲြ။ တစ္ေယာက္တစ္ေပါက္ ေျပာဆို ညႊန္ျပ ေအာ္ဟစ္ေနၾကရင္း စိတ္ထင္ရာ မွတ္ခ်က္ေပးေနၾကသူမ်ားကလည္း အမ်ားအျပား။ ေဂါပကအဖဲြ႕ဝင္မ်ားလည္း မ်က္လုံးျပဴးေနၿပီ။ ရင္ျပင္ေတာ္တစ္ခုလုံးမွာေတာ့ အုတ္အုတ္က်က္က်က္ ျဖစ္ေနၾကေလၿပီတကား။

****************************

သို႔ႏွင့္ ထိုေန႔နံနက္ ၈ နာရီခန္႔သို႔ေရာက္လာသည္။ ေရႊတိဂုံေစတီေတာ္ေဂါပကအဖဲြ႕ဝင္တစ္ဦးျဖစ္သူ ဦးေရႊဝုိင္းက ထိုသတင္းကို ရန္ကုန္ၿမိဳ႕ရွိ မ်က္ႏွာျဖဴ အေရးပုိင္မင္းႀကီးထံ အေျပးအလႊား သြားေရာက္သတင္းပုိ႔သည္။ အေရးပုိင္လည္း အစကသိပ္မယုံခ်င္။ သို႔ေသာ္ ဦးေရႊဝိုင္းက အတိအက် သတင္းေပးေနၿပီမို႔ မေနသာေတာ့။ သည္ေတာ့ ရန္ကုန္ၿမိဳ႕တြင္တပ္စဲြထားသည့္ အဂၤလိပ္စစ္တပ္မွ ကာနယ္ အီးေလာဖုိ႔ဒ္ထံသို႔ စာတစ္ေစာင္ ခ်က္ခ်င္းေရးေပးလိုက္ေလသည္။ ထိုစာကိုယူၿပီး ဦးေရႊဝိုင္းတစ္ေယာက္ ကာနယ္ အီးေလာ့ဖုိ႔ဒ္ရွိရာသို႔ သုတ္ေျခတင္ရျပန္ေလ၏။

ခဏအၾကာမွာေတာ့ သူတို႔ႏွစ္ေယာက္သား နီးစပ္ရာ အဂၤလိပ္အရာ႐ွိ တခ်ိဳ႕၏ ေနအိမ္မ်ားကို ဝင္ေရာက္အသိေပးရင္း ေသနတ္႐ွာရသည္။ ကပၸတိန္ဂ်င္းနင္း၏ေနအိမ္မွ ႏွစ္လုံးျပဴးေသနတ္တစ္လက္ ရလာသည္မို႔ ကပၸတိန္ဂ်င္းနင္းႏွင့္ ကပၸတိန္ဘီဗီးလ္တုိ႔ကိုပါ သူတို႔ႏွင့္အတူ တစ္ပါတည္းေခၚလာၿပီး ေရႊတိဂုံ ေစတီေတာ္ေပၚသို႔ အေျပးအလႊား တက္လာခဲ့ၾကရေပၿပီ။ သူတို႔လူစု ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိသြားခ်ိန္မွာေတာ့ လူအုပ္ႀကီးက တုိးမေပါက္ေအာင္ စည္ကားေနေလၿပီတကား။

****************

ကာနယ္အီးေလာ့ဖို႔ဒ္က ရင္ျပင္ေတာ္ေပၚမွေန၍ အဆိုပါ က်ားဝပ္ေနသည့္ ေနရာကုိ လွမ္းၾကည့္လိုက္ေလသည္။ အလွမ္းေဝးေနသည္မို႔ တစ္ေကာင္လုံးကိုမျမင္ရ။ အေသအခ်ာ စူးစုိက္ၾကည့္ေတာ့မွသာ က်ား၏ ေက်ာကုန္းပိုင္း၊ ေနာက္ေျခေထာက္ႏွင့္ အၿမီးကေလးကုိသာ လွမ္းျမင္လိုက္ရေလ၏။ ေျပာမယုံ ႀကဳံဖူးမွသိလိုက္ရေပေကာ။ ကာနယ္ အီးေလာ့ဖို႔ဒ္ မည္သို႔ဆုံးျဖတ္ရမည္နည္း။

မတတ္ႏိုင္..

လူမ်ား အႏၱရာယ္ကင္းေစဖို႔အတြက္ အဆိုပါ က်ားကို ေသနတ္ႏွင့္ပစ္ခတ္ၿပီး သုတ္သင္ ရွင္းလင္းရေပေတာ့မည္။ သို႔ေသာ္ ေနရာက အေတာ္ေဝးေနသည့္အျပင္ ဘုရားႀကီး၏ ကိုယ္လုံးေတာ္ေပၚမွာဝပ္ေနသည့္ ထိုက်ားကုိ ရင္ျပင္ေတာ္ေပၚမွေန၍ လွမ္းပစ္မည္ဆိုပါက ခ်က္ေကာင္းကို ထိမွန္ႏုိင္မည္မဟုတ္။ အသက္မေသဘဲ ဒဏ္ရာရရုံသာရသြားပါက ရင္ျပင္ေတာ္ေပၚသို႔ဆင္းေျပးလာရင္း ေအာက္မွ လူမ်ားကို က်ားနာခဲ ခဲေပေတာ့မည္။

ထို႔ျပင္ ဒဏ္ရာရသြားသည့္ ေတာရိုင္းတိရစၧာန္မ်ားက လူသားမ်ားကို ပို၍ ဒုကၡေပးတတ္သည္ဟု သူ ၾကားဖူးထားသည္။ သည္ေတာ့ ကာနယ္ အီးေလာ့ဖုိ႔ဒ္က သူႏွင့္အတူပါလာသည့္ ကပၸတိန္ ဂ်င္းနင္းကုိ တန္ေဆာင္းတစ္ခုေပၚသို႔တက္ေစၿပီး အသင့္ေနရာယူခုိင္းလိုက္ေလသည္။ ကပၸတိန္ဗီဘီးလ္ကုိေတာ့ လီဗာပူးလ္ ဘုရင့္ရိုင္ဖယ္တပ္ရင္းသို႔ အျမန္ ေစလႊတ္လိုက္ၿပီး ႐ုိင္ဖယ္ေသနတ္ကုိင္ ေဂၚရာ စစ္သားမ်ားကို ခ်က္ခ်င္း ေခၚခုိင္းလိုက္ေလ၏။

သို႔ႏွင့္ မ်ားမၾကာမီအခ်ိန္တြင္ ကပၸတိန္ဗီဘီးလ္ႏွင့္အတူ ရိုင္ဖယ္ေသနတ္ကိုင္ ေဂၚရာစစ္သား ၁၄ ေယာက္ ရင္ျပင္ေတာ္ေပၚသို႔ ေရာက္ရွိလာၿပီး ကာနယ္အီးေလာ့ဖို႔္ဒ္အား သတိဆဲြ သတင္းပို႔ေလသည္။ အဆိုပါ ေဂၚရာစစ္သား ၁၄ ေယာက္အား ကာနယ္က ခုနစ္ေယာက္တစ္ဖဲြ႕ႏႈန္းျဖင့္ တပ္ဖဲြ႕ ႏွစ္ဖဲြ႕ခြဲလိုက္သည္။ အေစာက ကပၸတိန္ဂ်င္းနင္း ေနရာယူထားေသာ တန္ေဆာင္းႀကီး၏ တစ္ဖက္တစ္ခ်က္စီတြင္ ေဂၚရာစစ္သားမ်ားအား အျမန္ေနရာခ်လိုက္သည္။

ေသနတ္ကုိင္ အရာရွိ စစ္သားမ်ားအားလုံး အသင့္ျဖစ္သြားခ်ိန္မွာေတာ့..

“ဖုိင္းယား”

“ဒုန္း ဒုန္း”

“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”

ကာနယ္အီးေလာ့ဖို႔ဒ္ထံမွ ပစ္မိန္႔ေပးသံအဆုံးတြင္ ကပၸတိန္ဂ်င္းနင္း၏ လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္ႏွင့္ ေဂၚရာ စစ္သားမ်ား၏ ရိုင္ဖယ္ေသနတ္ ေျပာင္းဝမ်ားမွ ေသမင္းတမန္ က်ည္ဆန္မ်ားက ျပင္းထန္ေသာ ေပါက္ကဲြသံမ်ားကို ဆူညံစြာျပဳရင္း က်ားဝပ္ေနရာဆီသို႔ အလုအယက္ ေျပးထြက္သြားၾကေလ၏။

သို႔ေသာ္ အႏွီက်ားကပဲ ကံေကာင္းေနေလသည္လားမသိ။ တဒုန္းဒုန္း တဒိုင္းဒိုင္းျဖင့္ ပစ္ခတ္ေနၾကေသာ အဆိုပါက်ည္ဆန္မ်ားမွာ က်ားကုိ တစ္ခ်က္ကေလးမွ မထိ။ က်ားဝပ္ေနေသာ ေခါင္းေလာင္းပုံအစြန္းကုိသာ က်ည္ဆန္မ်ား ထိသြားေၾကာင္း ဖြာကနဲ ဖြာကနဲ လႊင့္စင္ ထြက္က်လာသည့္ အုတ္စ၊ အဂၤေတစမ်ားက သက္ေသခံေနေလသည္။

“ေဝါင္း”

ဆူညံေသာေသနတ္သံမ်ားေၾကာင့္ မာန္ဖီသံတစ္ခ်က္ျပဳလိုက္ရင္း အဆိုပါက်ားက ဝပ္ေနရာမွ ေခါင္းေထာင္၍ထၾကည့္လိုက္သည္။ အဆိုပါအခြင့္အေရးကို တန္ေဆာင္းေပၚမွာ အသင့္ေနရာယူထားသည့္ ကပၸတိန္ဂ်င္းနင္းက လုံးဝ လက္လြတ္မခံ။

“ဒုန္း ဒုန္း”

ကပၸတိန္ဂ်င္းနင္း၏လက္ထဲမွ ႏွစ္လုံးျပဴးေသနတ္က ျမည္ဟည္းသံႏွစ္ခ်က္ကို ဆက္တိုက္ျပဳလိုက္ရင္း က်ားရွိရာသို႔ ခဲပူေတာင့္ေတြ ဆက္တိုက္ေျပးဝင္သြားေလ၏။

“ေဝါင္း ေဝါင္း”

ရင္ဘတ္ႏွင့္ဝဲယာပုခုံးမ်ားကုိ က်ည္ဆန္မ်ား ထိမွန္သြားမႈေၾကာင့္ က်ားက နာက်င္စြာညည္းညဴရင္း မာန္ဖီလိုက္ေလသည္။ နီးစပ္ရာကိုလူးလွိမ့္ကုတ္ျခစ္ရင္း ပတပ္ထရပ္ဖို႔ ႀကိဳးစားေနသည္။

“ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း”

“ဒုန္း ဒုန္း”

ေသြးရူးေသြးတန္းျဖစ္ေနေသာ အဆိုပါက်ားကို ေဂၚရာစစ္သားမ်ားႏွင့္ ကပၸတိန္ဂ်င္းနင္းက က်ည္ဆန္ေတြ တရစပ္ပစ္လႊတ္လိုက္ေလသည္။ ထိတာလည္း ရွိသည္။ လဲြတာလည္း ရွိသည္။ ၾကာေတာ့ အႏွီက်ား မခံႏိုင္ေတာ့။ ညည္းညဴသံ တစ္ခ်က္ ျပဳလိုက္ရင္း အဆိုပါေနရာမွာပင္ လဲက်သြားေလေတာ့၏။ သို႔ေသာ္ ေအာက္ကိုကား ျပဳတ္က်မလာ။

“ေဝး ေဟးေဟးေဟး”

ရင္ျပင္ေတာ္ေပၚရွိလူအုပ္ႀကီးက တေဟးေဟးဟစ္ေအာ္ရင္း ျငာသံဝိုင္းေပးသည္။ သို႔ေသာ္ျငား က်ားကေတာ့ ထိုေနရာမွာပင္ ေနျမဲ။သည္ေတာ့ စိတ္ျမန္လက္ျမန္ ကပၸတိန္ဂ်င္းနင္းက သူ ေနရာယူထားသည့္ တန္ေဆာင္းေပၚမွဆင္းၿပီး ဝါးျငမ္းအတိုင္း ခပ္သုတ္သုတ္တက္သြားသည္။ သူ႔ေက်ာေပၚမွာေတာ့ လက္စဲြေတာ္ ႏွစ္လုံးျပဴး ေသနတ္ကို စလြယ္သိုင္း လြယ္ထားလ်က္။ အေပၚေရာက္ေတာ့ က်ားကိုေတြ႕သည္။ ဒဏ္ရာေတြဗရပြ ရေနၿပီျဖစ္ေသာ္လည္း အသက္ျပင္းလြန္းလွသည့္ အႏွီက်ားက အသက္ မေသေသး။ ညည္းညဴသံေတြေပးေနရင္း အသက္ငင္ေနသည္မို႔ ကပၸတိန္ဂ်င္းနင္းက အနီးကပ္ အေသအခ်ာခ်ိန္ရြယ္ကာ ပဲြသိမ္း က်ည္ဆန္တစ္ေတာင့္ကို ပစ္သြင္းလိုက္ေလ၏။

“ဒိန္း”

သည္တစ္ခါေတာ့ အဆိုပါက်ား ဇီဝိန္ခ်ဳပ္ေလၿပီ။ အသက္ ကင္းမဲ့ေနၿပီျဖစ္ေသာ အဆိုပါက်ားေသေကာင္ကို ကပၸတိန္ဂ်င္းနင္းက တျဖည္းျဖည္းခ်င္း ေအာက္သို႔ ဆြဲခ်လာေလ၏။

ရင္ျပင္ေတာ္ေပၚသို႔ေရာက္လာေသာ က်ားေသကာင္ကို အေသအခ်ာၾကည့္ရႈေတာ့မွ အဆိုပါက်ားက က်ားထီးမဟုတ္၊ သန္တုန္း ျမန္တုန္းအရြယ္ က်ားမတစ္ေကာင္ ျဖစ္ေနေလ၏။ ကိုယ္ခႏၶာကို တုိင္းထြာၾကည့္ေသာအခါ အၿမီးဖ်ားကေန ဦးေခါင္းအထိ အလ်ား႐ွစ္ေပတိတိ။

*****************************

ေကာင္းၿပီ..

ေရႊတိဂုံေစတီေတာ္ေပၚသို႔ အဆိုပါက်ားက မည္သို႔မည္ပုံ ေရာက္ရွိလာပါသနည္း…

ထိုစဥ္တုန္းက ရန္ကုန္ၿမိဳ႕ေနလူထုကို ေရေပးေဝရန္အတြက္ အဂၤလိပ္အစိုးရက ေလွာ္ကားကန္ႀကီးကို တူးေဖာ္ ေဆာက္လုပ္ေနသည္။ စက္ယႏၱရားမ်ားသာမက မ်ားျပားလြန္းလွေသာ လုပ္သားအင္အားမ်ားကိုပါ အသုံးျပဳေနခ်ိန္ျဖစ္သည္။ သိၾကသည့္အတိုင္းေလွာ္ကားကန္ဆိုသည္က ရန္ကုန္ၿမိ႕အစြန္၊ ရိုးမေတာႀကီးရဲ႕ အစပ္။ ၿပီးေတာ့ ထိုအခ်ိန္က ေလွာ္ကားကန္တစ္ဝိုက္ဆိုသည္ကား တကယ့္ကို ေတာႀကီးမ်က္မည္း။ ေတာထူေတာ့ သားရဲတိရစၧာန္ေတြ ေပ်ာ္ျမဴး က်က္စားၾကသည္။ သမင္၊ ယုန္၊ ဒရယ္၊ ေခ်၊ ေတာဝက္ စသည့္ ေတာေကာင္ငယ္မ်ားရွိသလို ေတာဆင္ရိုင္းမ်ား၊ က်ားမ်ားပါ ခိုေအာင္းေနတတ္သည္။

ေလွာ္ကားကန္တည္ေဆာက္ေနခ်ိန္မွာ လူသူမ်ား အေရာက္အေပါက္မ်ားလာသည္မို႔ က်န္သည့္ေတာေကာင္ငယ္မ်ားက ေတာနက္ရာ ေဒသမ်ားသို႔ ေရႊ႕ေျပာင္းေနစဥ္ အဆိုပါက်ားက မ်က္စိလည္ လမ္းမွားၿပီး ရန္ကုန္ၿမိဳ႕ထဲသို႔ ဝင္လာမိပုံရသည္။ ထို႔ေနာက္ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္ရန္ ဆင္ထားသည့္ ဝါးျငမ္းမ်ားမွတစ္ဆင့္ ေရႊတိဂုံ ေစတီတာ္ျမတ္ႀကီး၏ ကိုယ္လုံးေတာ္ေပၚသို႔ ႀကံႀကံဖန္ဖန္ တက္ေရာက္လာမိျခင္းျဖစ္မည္ဟု အဂၤလိပ္ အမဲပစ္မုဆိုးမ်ားက ခန္႔မွန္း ေျပာဆိုၾကသည္။

၁၈၈၀ ျပည့္ႏွစ္ ဒီဇင္ဘာလတုန္းကလည္း စတီဗင္ဆင္လမ္း (ယခု- လွည္းတမ္းလမ္း) သို႔ က်ားတစ္ေကာင္ မ်က္စိလည္လမ္းမွားၿပီး ဝင္ေရာက္လာသျဖင့္ အဂၤလိပ္မုဆိုးမ်ားက ဝိုင္ဝန္းပစ္ခတ္ ဖမ္းဆီးခဲ့ရသည္ မဟုတ္ေလာ။ အဂၤလိပ္အာဏာပိုင္မ်ားက အဆိုပါက်ားသတင္းကို ေနာက္ေၾကာင္းျပန္ စုံစမ္းၾကည့္ၾက၊ ေျခရာခံၾကည့္ၾကေသာအခါ ေရႊတိဂုံေစတီေတာ္ေပၚသို႔မတက္မီ အႏွီက်ားက ပုဇြန္ေတာင္ အမဲသတ္ရုံ (ယခု- မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ အားကာဝင္း) အနီးရွိ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ားထဲသို႔လည္း ဝင္ေမႊခဲ့သည္.. တဲ့။

ၿပီးေတာ့ ကုကိၠဳင္း ေရကူးရြာဘက္က ၿခံတစ္ၿခံ အတြင္းသို႔လည္း အတင့္ရဲစြာဝင္ေရာက္ၿပီး ႏြားမတစ္ေကာင္ကို ကိုက္သတ္စားခဲ့ေသးသည္.. တဲ့။ ဒါတင္မက ေဘာင္ဒရီလမ္း (ယခု- ဓမၼေစတီလမ္း) ရွိ ေနအိမ္တစ္အိမ္၏ ေနာက္ေဖးခန္းအတြင္းသို႔လည္း ေျခစၾကာ ျဖန္႔ခဲ့ေသးသည္တဲ့ေလ။ ၾကည့္ရတာေတာ့ ယခင္ သူ အမဲလိုက္ေနက် ေလွာ္ကားကန္ အနီးတစ္ဝိုက္မွ ေတာေကာင္ငယ္ကေလးမ်ားက ေတာပိုနက္သည့္ ရိုးမေတာႀကီးထဲသို႔ ေျပာင္းေရႊ႕သြားၾကသျဖင့္ လူတ္ုိ႔ရပ္ရြာအတြင္း က်ဴးေက်ာ္လာကာ လူတို႔ေမြးျမဴထားသာ ဆိတ္၊ ႏြား၊ သိုး၊ ဝက္ စသည့္ အိမ္ေမြးတိရစၧာန္မ်ားကို ကိုက္သတ္စားရန္ က်ဴးေက်ာ္ဝင္ေရာက္လာရင္း ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ျဖစ္သြားဟန္တူပါသည္။

အဆိုပါ ေရႊတိဂုံဘုရားေပၚသို႔ က်ားတက္သည့္သတင္းက ရန္ကုန္ၿမိဳ႕မွာသာမက တစ္ႏုိင္ငံလုံးသို႔ တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားၿပီး ဟုိးေလးတေက်ာ္ ျဖစ္ခဲ့ရသည္။ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးပရိသတ္မ်ားလည္း ယခင္ကထက္ ပုိမုိမ်ားျပားလာသည္။ နတ္ယုံၾကည္သူ တခ်ိဳ႕ကေတာ့ အဆိုပါကိစၥကို “ေမွာ္ဘီနတ္ႀကီး ေရႊတိဂုံဘုရားဖူး လာသည္” ဟု အရပ္ထဲမွာ တိုးတိုးတိတ္တိတ္ ေျပာၾကသည္တဲ့ေလ။

ထို႔အျပင္ ေရႊေတာင္ဆရာလြန္း (ေနာင္- ဆရာႀကီး ူသခင္ကိုယ္ေတာ္မိႈင္း) ကလည္း “ေရႊတိဂုံဘုရားအမွဴးကုိ က်ားအဖူးတက္ေသာ ျပဇာတ္” အမည္ရွိ ျပဇာတ္စာအုပ္တစ္အုပ္ကို ေရးသား ထုတ္ေဝခဲ့ရာ ထိုေခတ္အခါတုန္းက ေရာင္းမေလာက္ေအာင္ လူၾကဳိက္မ်ားခဲ့သည္တဲ့။

ထိုေခတ္က ကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ဇာတ္ပဲြမ်ားႏွင့္ အၿငိမ့္ပဲြမ်ားမွာလည္း လူရႊင္ေတာ္မ်ားက..

“ေရႊတိဂုံဘုရားမွာ က်ားတက္တာ ငါးရက္ၾကာသေနာ္.. အုိ.. ေရႊတိဂုံဘုရားမွာလ က်ားတက္တာ ငါးရက္ၾကာသဗ်.. ေဂၚရာေတြဝုိင္း ေသနတ္နဲ႔ပစ္ က်ားစင္းစင္းေသ” ဆိုၿပီး သီခ်င္းစပ္ဆိုရင္း ျပက္လုံးေတြထုတ္ခဲ့ၾကရာမွာ ေရႊပဲြလာ ပရိသတ္မ်ားက လက္ခုပ္သံတေျဖာင္းေျဖာင္းျဖင့္ အားေပးခဲ့ၾကသည္ဟု မွတ္သားခဲ့ရပါေၾကာင္း…။

ေလးစားလ်က္
 Thu Hlaing

#Unicode Version#
အချိန်က ၁၉၀၃ ခုနှစ်..

တစ်နည်းပြောရလျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ကျွန်သပေါက်ဘဝဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ညှိုးငယ်စွာ နေထိုင်နေရသည့် အချိန်..

ထိုအချိန်က ရန်ကုန်မြို့ကြီးသည် မြို့ဟုခေါ်သော်လည်း လူနေအိမ်ခြေ နည်းပါးလွန်းလှပြီး နေရာ အတော်များများမှာ သစ်ပင်သစ်တောကြီးများ၊ ခြုံနွယ်များသာ ဖုံးလွှမ်းလျက်ရှိနေ၏။ ဆူးလေစေတီတော်ဝန်းကျင် ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်နှင့် သိမ်ကြီးဈေးအနီးတစ်ဝိုက်လောက်မှာသာ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်ခြေ တိုက်တာ အိုးအိမ်များ များပြားပြီး ကျန်သည့်နေရာ အတော်များများမှာတော့ တောအုပ်ကြီးသဖွယ် ဖြစ်နေလေ၏။

သူ့ကျွန်ဘဝရောက်နေသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလှူရေစက် လက်နှင့်မပြတ်ကြ။ ဘုရားရှင်၏သားတော် ရဟန်းသံဃာများ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရန်အတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး.. အစရှိသည့် ပစ္စည်းလေးပါးများကို စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းနေကြသလို၊ မြန်မာတို့၏အသည်းနှလုံး သိဂုၤတ္တရ ကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ဝိုင်းဝန်း ပြင်ဆင်နေကြလေသည်။

မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အနယ်နယ်အရပ်ရပ်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းထားကြသည့် ရွှေစင်ရွှေပြားများကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ကိုယ်လုံးတော်အား ဝါးများဖြင့်ငြမ်းဆင်ကာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်နေကြလေသည်။ စေတီတော်ပေါ်တွင် ဂေါပကအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဘုရားဖူးပြည်သူများဖြင့် လွန်စွာမှ စည်ကားနေသည့်အချိန်လည်း ဖြစ်နေပေတော့သည်။

သည်လိုနှင့် ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက် (မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်) နေ့သို့ရောက်လာသည်။ မှတ်မှတ်ရရ ထိုနေ့ကား တနင်္လာနေ့၊ နံနက်ပိုင်းဖြစ်၏။ ပွဲတော်ရက်နီးကပ်လာပြီမို့ ရွှေသင်္ကန်းကပ်လှူကြမည့် အလုပ်သမားများမှာ ဝါးငြမ်းများကို တစ်ခုပြီးတစ်ခုကျော်လွှားရင်း ကျွမ်းကျင်စွာတက်သွားကြသည်မှာ ဆပ်ကပ်ပွဲ တစ်ခုလေအလား။ ထိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော်ပေါ်မှ “ခေါင်းလောင်းပုံအနားလန်စွန်း” ၌ ဝါဝါစင်းစင်း အရာတစ်ခု ရှိနေသည်ကို အလုပ်သမားတချို့က လှမ်းမြင်လိုက်မိကြလေသည်။ မနေ့က အလုပ်သမားတချို့ ငြမ်းပေါ်မှပြန်ဆင်းရင်း မေ့ကျန်ထားခဲ့ကြသည့် ပစ္စည်းပစ္စယ တစ်ခုခုလေလား.. သို့တည်းမဟုတ် အဝတ်အစား တစ်ခုခုလေလား..

“အလိုလေး.. ကျားဗျို့.. ကျား ကျား”

“အီး.. လုပ်ကြပါဦးဗျ..

ဘုရားပေါ်မှာ ကျားကြီးဗျ”

ရှေ့ဆုံးမှတက်သွားသည့် အလုပ်သမားတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း ဝါးငြမ်းများပေါ်မှ ဒရောသောပါးဖြင့် ပြန်ပြေးဆင်းလာကြသည်။ အောက်ခြေမှအပေါ်သို့ တက်လုတက်ဆဲ အလုပ်သမားများကလည်း အပေါ်ကလူတွေ ပြန်ပြေးဆင်းလာမှတော့ နဝေတိမ်တောင်ဖြင့် သူ့ထက်ငါအလုအယက် ဆင်းပြေးကြပြီပေါ့။ တစ်ယောက်အပေါ်တစ်ယောက် တိုးမိ တိုက်မိ ခိုက်မိရင်း အလဲလဲ အကွဲကွဲ ရုတ်ရုတ်သဲသဲ။

“ဘယ့်နှယ်..

တောကြီးမျက်မည်းထဲမှာသာနေတတ်တဲ့ အသားစားသတ္တဝါမျိုးနွယ်ဝင် သားရဲတိရစ္ဆာန် ကျားရိုင်းတစ်ကောင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကို တက်လာရုံသာမက ကိုယ်လုံးတော်ပေါ်မှာတောင် ဝပ်နေသတဲ့လား။ မဖြစ်နိုင်တာပဲ”

ဤသို့ဤနှယ် အတွေးဝင်မိကြသော ဘုရားဖူးပြည်သူအချို့က မယုံသင်္ကာ ဒွိဟစိတ်ဖြင့် အပြေးအလွှား လာကြည့်ကြသည်။ ဝါးငြမ်းများကွယ်နေ၍ တော်တော်နှင့် မမြင်ရ။ အသေအချာ စူးစိုက်ပြီးကြည့်ကြည့်တော့မှ တွေ့လိုက်ရပါလေပြီ။

“အလိုလေး.. ဟုတ်သဟ.. ကျားသားမိုးကြိုး.. ဘုရားပေါ်မှာ ကျားကြီးတစ်ကောင် ဝပ်နေသဟ”

“ဟုတ်ပါ့တော်.. ဘယ်လိုကဘယ်လို ဘုရာပေါ်ရောက်နေပါလိမ့်။ ရင်ပြင်တော်ပေါ် ဆင်းချလာရင်တော့ ဒုက္ခတော်ရေ့”

နံနက်စောစော ဘုရားရင်ပြင်တော်ပေါ်သို့ ဘုရားဖူး၊ တရားထိုင်၊ ပုတီးစိပ် စသည်ဖြင့် ရောက်ရှိနေကြသော အလွှာပေါင်းစုံမှ ဘုရားဖူးပြည်သူများလည်း တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။ ကလေးတွေကိုလက်ဆွဲပြီး ရင်ပြင်တော်ပေါ်ကနေ ဆင်းပြေးသူတွေကလည်း ဆင်းပြေးကြသည်။ “ဘယ်သူရေ ဘယ်ဝါရေ” စသည်ဖြင့် အော်ဟစ် ခေါ်ဆိုနေသံများကလည်း ကျွက်ကျွက်ညံလို့။

ထိုသတင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာသာမက ရန်ကုန်တစ်မြို့လုံးသို့ပါ တစ်မုဟုတ်ချင်းမှာပင် တောမီးပမာ ကူးစက်ပျံ့နှံ့သွားလေတော့သည်။ သတင်းကြား၍ ဘုရားပေါ်သို့ အပြေးအလွှားတက်လာပြီး ဝိုင်းအုံ ကြည့်ရှုနေကြသူများကလည်း ရောက်လာမစဲ တဖွဲဖွဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ညွှန်ပြ အော်ဟစ်နေကြရင်း စိတ်ထင်ရာ မှတ်ချက်ပေးနေကြသူများကလည်း အများအပြား။ ဂေါပကအဖွဲ့ဝင်များလည်း မျက်လုံးပြူးနေပြီ။ ရင်ပြင်တော်တစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေပြီတကား။

****************************

သို့နှင့် ထိုနေ့နံနက် ၈ နာရီခန့်သို့ရောက်လာသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရွှေဝိုင်းက ထိုသတင်းကို ရန်ကုန်မြို့ရှိ မျက်နှာဖြူ အရေးပိုင်မင်းကြီးထံ အပြေးအလွှား သွားရောက်သတင်းပို့သည်။ အရေးပိုင်လည်း အစကသိပ်မယုံချင်။ သို့သော် ဦးရွှေဝိုင်းက အတိအကျ သတင်းပေးနေပြီမို့ မနေသာတော့။ သည်တော့ ရန်ကုန်မြို့တွင်တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ကာနယ် အီးလောဖို့ဒ်ထံသို့ စာတစ်စောင် ချက်ချင်းရေးပေးလိုက်လေသည်။ ထိုစာကိုယူပြီး ဦးရွှေဝိုင်းတစ်ယောက် ကာနယ် အီးလော့ဖို့ဒ်ရှိရာသို့ သုတ်ခြေတင်ရပြန်လေ၏။

ခဏအကြာမှာတော့ သူတို့နှစ်ယောက်သား နီးစပ်ရာ အင်္ဂလိပ်အရာရှိ တချို့၏ နေအိမ်များကို ဝင်ရောက်အသိပေးရင်း သေနတ်ရှာရသည်။ ကပ္ပတိန်ဂျင်းနင်း၏နေအိမ်မှ နှစ်လုံးပြူးသေနတ်တစ်လက် ရလာသည်မို့ ကပ္ပတိန်ဂျင်းနင်းနှင့် ကပ္ပတိန်ဘီဗီးလ်တို့ကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်လာပြီး ရွှေတိဂုံ စေတီတော်ပေါ်သို့ အပြေးအလွှား တက်လာခဲ့ကြရပေပြီ။ သူတို့လူစု ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေလေပြီတကား။

****************

ကာနယ်အီးလော့ဖို့ဒ်က ရင်ပြင်တော်ပေါ်မှနေ၍ အဆိုပါ ကျားဝပ်နေသည့် နေရာကို လှမ်းကြည့်လိုက်လေသည်။ အလှမ်းဝေးနေသည်မို့ တစ်ကောင်လုံးကိုမမြင်ရ။ အသေအချာ စူးစိုက်ကြည့်တော့မှသာ ကျား၏ ကျောကုန်းပိုင်း၊ နောက်ခြေထောက်နှင့် အမြီးကလေးကိုသာ လှမ်းမြင်လိုက်ရလေ၏။ ပြောမယုံ ကြုံဖူးမှသိလိုက်ရပေကော။ ကာနယ် အီးလော့ဖို့ဒ် မည်သို့ဆုံးဖြတ်ရမည်နည်း။

မတတ်နိုင်..

လူများ အန္တရာယ်ကင်းစေဖို့အတွက် အဆိုပါ ကျားကို သေနတ်နှင့်ပစ်ခတ်ပြီး သုတ်သင် ရှင်းလင်းရပေတော့မည်။ သို့သော် နေရာက အတော်ဝေးနေသည့်အပြင် ဘုရားကြီး၏ ကိုယ်လုံးတော်ပေါ်မှာဝပ်နေသည့် ထိုကျားကို ရင်ပြင်တော်ပေါ်မှနေ၍ လှမ်းပစ်မည်ဆိုပါက ချက်ကောင်းကို ထိမှန်နိုင်မည်မဟုတ်။ အသက်မသေဘဲ ဒဏ်ရာရရုံသာရသွားပါက ရင်ပြင်တော်ပေါ်သို့ဆင်းပြေးလာရင်း အောက်မှ လူများကို ကျားနာခဲ ခဲပေတော့မည်။

ထို့ပြင် ဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန်များက လူသားများကို ပို၍ ဒုက္ခပေးတတ်သည်ဟု သူ ကြားဖူးထားသည်။ သည်တော့ ကာနယ် အီးလော့ဖို့ဒ်က သူနှင့်အတူပါလာသည့် ကပ္ပတိန် ဂျင်းနင်းကို တန်ဆောင်းတစ်ခုပေါ်သို့တက်စေပြီး အသင့်နေရာယူခိုင်းလိုက်လေသည်။ ကပ္ပတိန်ဗီဘီးလ်ကိုတော့ လီဗာပူးလ် ဘုရင့်ရိုင်ဖယ်တပ်ရင်းသို့ အမြန် စေလွှတ်လိုက်ပြီး ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာ စစ်သားများကို ချက်ချင်း ခေါ်ခိုင်းလိုက်လေ၏။

သို့နှင့် များမကြာမီအချိန်တွင် ကပ္ပတိန်ဗီဘီးလ်နှင့်အတူ ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာစစ်သား ၁၄ ယောက် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိလာပြီး ကာနယ်အီးလော့ဖို့်ဒ်အား သတိဆွဲ သတင်းပို့လေသည်။ အဆိုပါ ဂေါ်ရာစစ်သား ၁၄ ယောက်အား ကာနယ်က ခုနစ်ယောက်တစ်ဖွဲ့နှုန်းဖြင့် တပ်ဖွဲ့ နှစ်ဖွဲ့ခွဲလိုက်သည်။ အစောက ကပ္ပတိန်ဂျင်းနင်း နေရာယူထားသော တန်ဆောင်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဂေါ်ရာစစ်သားများအား အမြန်နေရာချလိုက်သည်။

သေနတ်ကိုင် အရာရှိ စစ်သားများအားလုံး အသင့်ဖြစ်သွားချိန်မှာတော့..

“ဖိုင်းယား”

“ဒုန်း ဒုန်း”

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

ကာနယ်အီးလော့ဖို့ဒ်ထံမှ ပစ်မိန့်ပေးသံအဆုံးတွင် ကပ္ပတိန်ဂျင်းနင်း၏ လက်ထဲမှ နှစ်လုံးပြူးသေနတ်နှင့် ဂေါ်ရာ စစ်သားများ၏ ရိုင်ဖယ်သေနတ် ပြောင်းဝများမှ သေမင်းတမန် ကျည်ဆန်များက ပြင်းထန်သော ပေါက်ကွဲသံများကို ဆူညံစွာပြုရင်း ကျားဝပ်နေရာဆီသို့ အလုအယက် ပြေးထွက်သွားကြလေ၏။

သို့သော် အနှီကျားကပဲ ကံကောင်းနေလေသည်လားမသိ။ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ပစ်ခတ်နေကြသော အဆိုပါကျည်ဆန်များမှာ ကျားကို တစ်ချက်ကလေးမှ မထိ။ ကျားဝပ်နေသော ခေါင်းလောင်းပုံအစွန်းကိုသာ ကျည်ဆန်များ ထိသွားကြောင်း ဖွာကနဲ ဖွာကနဲ လွှင့်စင် ထွက်ကျလာသည့် အုတ်စ၊ အင်္ဂတေစများက သက်သေခံနေလေသည်။

“ဝေါင်း”

ဆူညံသောသေနတ်သံများကြောင့် မာန်ဖီသံတစ်ချက်ပြုလိုက်ရင်း အဆိုပါကျားက ဝပ်နေရာမှ ခေါင်းထောင်၍ထကြည့်လိုက်သည်။ အဆိုပါအခွင့်အရေးကို တန်ဆောင်းပေါ်မှာ အသင့်နေရာယူထားသည့် ကပ္ပတိန်ဂျင်းနင်းက လုံးဝ လက်လွတ်မခံ။

“ဒုန်း ဒုန်း”

ကပ္ပတိန်ဂျင်းနင်း၏လက်ထဲမှ နှစ်လုံးပြူးသေနတ်က မြည်ဟည်းသံနှစ်ချက်ကို ဆက်တိုက်ပြုလိုက်ရင်း ကျားရှိရာသို့ ခဲပူတောင့်တွေ ဆက်တိုက်ပြေးဝင်သွားလေ၏။

“ဝေါင်း ဝေါင်း”

ရင်ဘတ်နှင့်ဝဲယာပုခုံးများကို ကျည်ဆန်များ ထိမှန်သွားမှုကြောင့် ကျားက နာကျင်စွာညည်းညူရင်း မာန်ဖီလိုက်လေသည်။ နီးစပ်ရာကိုလူးလှိမ့်ကုတ်ခြစ်ရင်း ပတပ်ထရပ်ဖို့ ကြိုးစားနေသည်။

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

“ဒုန်း ဒုန်း”

သွေးရူးသွေးတန်းဖြစ်နေသော အဆိုပါကျားကို ဂေါ်ရာစစ်သားများနှင့် ကပ္ပတိန်ဂျင်းနင်းက ကျည်ဆန်တွေ တရစပ်ပစ်လွှတ်လိုက်လေသည်။ ထိတာလည်း ရှိသည်။ လွဲတာလည်း ရှိသည်။ ကြာတော့ အနှီကျား မခံနိုင်တော့။ ညည်းညူသံ တစ်ချက် ပြုလိုက်ရင်း အဆိုပါနေရာမှာပင် လဲကျသွားလေတော့၏။ သို့သော် အောက်ကိုကား ပြုတ်ကျမလာ။

“ဝေး ဟေးဟေးဟေး”

ရင်ပြင်တော်ပေါ်ရှိလူအုပ်ကြီးက တဟေးဟေးဟစ်အော်ရင်း ငြာသံဝိုင်းပေးသည်။ သို့သော်ငြား ကျားကတော့ ထိုနေရာမှာပင် နေမြဲ။သည်တော့ စိတ်မြန်လက်မြန် ကပ္ပတိန်ဂျင်းနင်းက သူ နေရာယူထားသည့် တန်ဆောင်းပေါ်မှဆင်းပြီး ဝါးငြမ်းအတိုင်း ခပ်သုတ်သုတ်တက်သွားသည်။ သူ့ကျောပေါ်မှာတော့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကို စလွယ်သိုင်း လွယ်ထားလျက်။ အပေါ်ရောက်တော့ ကျားကိုတွေ့သည်။ ဒဏ်ရာတွေဗရပွ ရနေပြီဖြစ်သော်လည်း အသက်ပြင်းလွန်းလှသည့် အနှီကျားက အသက် မသေသေး။ ညည်းညူသံတွေပေးနေရင်း အသက်ငင်နေသည်မို့ ကပ္ပတိန်ဂျင်းနင်းက အနီးကပ် အသေအချာချိန်ရွယ်ကာ ပွဲသိမ်း ကျည်ဆန်တစ်တောင့်ကို ပစ်သွင်းလိုက်လေ၏။

“ဒိန်း”

သည်တစ်ခါတော့ အဆိုပါကျား ဇီဝိန်ချုပ်လေပြီ။ အသက် ကင်းမဲ့နေပြီဖြစ်သော အဆိုပါကျားသေကောင်ကို ကပ္ပတိန်ဂျင်းနင်းက တဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလာလေ၏။

ရင်ပြင်တော်ပေါ်သို့ရောက်လာသော ကျားသေကာင်ကို အသေအချာကြည့်ရှုတော့မှ အဆိုပါကျားက ကျားထီးမဟုတ်၊ သန်တုန်း မြန်တုန်းအရွယ် ကျားမတစ်ကောင် ဖြစ်နေလေ၏။ ကိုယ်ခန္ဓာကို တိုင်းထွာကြည့်သောအခါ အမြီးဖျားကနေ ဦးခေါင်းအထိ အလျားရှစ်ပေတိတိ။

*****************************

ကောင်းပြီ..

ရွှေတိဂုံစေတီတော်ပေါ်သို့ အဆိုပါကျားက မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း…

ထိုစဉ်တုန်းက ရန်ကုန်မြို့နေလူထုကို ရေပေးဝေရန်အတွက် အင်္ဂလိပ်အစိုးရက လှော်ကားကန်ကြီးကို တူးဖော် ဆောက်လုပ်နေသည်။ စက်ယန္တရားများသာမက များပြားလွန်းလှသော လုပ်သားအင်အားများကိုပါ အသုံးပြုနေချိန်ဖြစ်သည်။ သိကြသည့်အတိုင်းလှော်ကားကန်ဆိုသည်က ရန်ကုန်မြိ့အစွန်၊ ရိုးမတောကြီးရဲ့ အစပ်။ ပြီးတော့ ထိုအချိန်က လှော်ကားကန်တစ်ဝိုက်ဆိုသည်ကား တကယ့်ကို တောကြီးမျက်မည်း။ တောထူတော့ သားရဲတိရစ္ဆာန်တွေ ပျော်မြူး ကျက်စားကြသည်။ သမင်၊ ယုန်၊ ဒရယ်၊ ချေ၊ တောဝက် စသည့် တောကောင်ငယ်များရှိသလို တောဆင်ရိုင်းများ၊ ကျားများပါ ခိုအောင်းနေတတ်သည်။

လှော်ကားကန်တည်ဆောက်နေချိန်မှာ လူသူများ အရောက်အပေါက်များလာသည်မို့ ကျန်သည့်တောကောင်ငယ်များက တောနက်ရာ ဒေသများသို့ ရွှေ့ပြောင်းနေစဉ် အဆိုပါကျားက မျက်စိလည် လမ်းမှားပြီး ရန်ကုန်မြို့ထဲသို့ ဝင်လာမိပုံရသည်။ ထို့နောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ဆင်ထားသည့် ဝါးငြမ်းများမှတစ်ဆင့် ရွှေတိဂုံ စေတီတာ်မြတ်ကြီး၏ ကိုယ်လုံးတော်ပေါ်သို့ ကြံကြံဖန်ဖန် တက်ရောက်လာမိခြင်းဖြစ်မည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ခန့်မှန်း ပြောဆိုကြသည်။

၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း စတီဗင်ဆင်လမ်း (ယခု- လှည်းတမ်းလမ်း) သို့ ကျားတစ်ကောင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာသဖြင့် အင်္ဂလိပ်မုဆိုးများက ဝိုင်ဝန်းပစ်ခတ် ဖမ်းဆီးခဲ့ရသည် မဟုတ်လော။ အင်္ဂလိပ်အာဏာပိုင်များက အဆိုပါကျားသတင်းကို နောက်ကြောင်းပြန် စုံစမ်းကြည့်ကြ၊ ခြေရာခံကြည့်ကြသောအခါ ရွှေတိဂုံစေတီတော်ပေါ်သို့မတက်မီ အနှီကျားက ပုဇွန်တောင် အမဲသတ်ရုံ (ယခု- မင်္ဂလာတောင်ညွှန့်မြို့နယ် အားကာဝင်း) အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများထဲသို့လည်း ဝင်မွှေခဲ့သည်.. တဲ့။

ပြီးတော့ ကုက္ကိုင်း ရေကူးရွာဘက်က ခြံတစ်ခြံ အတွင်းသို့လည်း အတင့်ရဲစွာဝင်ရောက်ပြီး နွားမတစ်ကောင်ကို ကိုက်သတ်စားခဲ့သေးသည်.. တဲ့။ ဒါတင်မက ဘောင်ဒရီလမ်း (ယခု- ဓမ္မစေတီလမ်း) ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးခန်းအတွင်းသို့လည်း ခြေစကြာ ဖြန့်ခဲ့သေးသည်တဲ့လေ။ ကြည့်ရတာတော့ ယခင် သူ အမဲလိုက်နေကျ လှော်ကားကန် အနီးတစ်ဝိုက်မှ တောကောင်ငယ်ကလေးများက တောပိုနက်သည့် ရိုးမတောကြီးထဲသို့ ပြောင်းရွှေ့သွားကြသဖြင့် လူတို့ရပ်ရွာအတွင်း ကျူးကျော်လာကာ လူတို့မွေးမြူထားသာ ဆိတ်၊ နွား၊ သိုး၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်သတ်စားရန် ကျူးကျော်ဝင်ရောက်လာရင်း သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်သွားဟန်တူပါသည်။

အဆိုပါ ရွှေတိဂုံဘုရားပေါ်သို့ ကျားတက်သည့်သတင်းက ရန်ကုန်မြို့မှာသာမက တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်များလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ နတ်ယုံကြည်သူ တချို့ကတော့ အဆိုပါကိစ္စကို “မှော်ဘီနတ်ကြီး ရွှေတိဂုံဘုရားဖူး လာသည်” ဟု အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ပြောကြသည်တဲ့လေ။

ထို့အပြင် ရွှေတောင်ဆရာလွန်း (နောင်- ဆရာကြီး ူသခင်ကိုယ်တော်မှိုင်း) ကလည်း “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ်” အမည်ရှိ ပြဇာတ်စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ရာ ထိုခေတ်အခါတုန်းက ရောင်းမလောက်အောင် လူကြိုက်များခဲ့သည်တဲ့။

ထိုခေတ်က ကပြဖျော်ဖြေခဲ့ကြသည့် ဇာတ်ပွဲများနှင့် အငြိမ့်ပွဲများမှာလည်း လူရွှင်တော်များက..

“ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာသနော်.. အို.. ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာသဗျ.. ဂေါ်ရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပြီး သီချင်းစပ်ဆိုရင်း ပြက်လုံးတွေထုတ်ခဲ့ကြရာမှာ ရွှေပွဲလာ ပရိသတ်များက လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်ဟု မှတ်သားခဲ့ရပါကြောင်း…။

လေးစားလျက်
Thu Hlaing

သိပၸံနဲ႔ နည္းပညာအပိုင္း ေနာက္တစ္ပိုင္းက ပရေလာက အပိုင္း (၂၇/၆/၁၈) ည ၉ နာရီခြဲ လိႈင္ဂူေနာက္ဆုံးရသတင္း )


(၂၇/၆/၁၈) ည ၉ နာရီခြဲလိႈင္ဂူေနာက္ဆုံးရသတင္း
Navy seal နဲ႔ အမွတ္ ၃ၾကည္းတပ္တို႔ ပူးေပါင္းၿပီး ဂူထဲမွ
ေရကို အစြမ္းကုန္စုပ္ထုတ္ေနဆဲ။
မိုးက ရြာလိုက္တိတ္လိုက္ျဖစ္လို႔သိပ္မထူးျခားေသး။
ေရငုတ္တဲ့ ေရတပ္ကတပ္သားအခ်ိဳ့အေမွာင္ထဲမွာဂူနံရံနဲ႔တိုက္မိလို႔
ဒါဏ္ရာရ ေခါင္းေပါက္။
လိႈင္ဂူဝကေနေရစုပ္တာအျပင္ေတာင္ေပၚကေန ဂူထဲဝင္ႏိုင္တဲ့
အေပါက္မ်ားကိုလည္း တေတာင္လုံးပိုက္စိပ္တိုက္ရွာေဖြေန။
ေတြ႕ရွိတဲ့အေပါက္မ်ားကေန ဂူထဲသို႔လူဝင္သြားႏိုင္ဖို႔အႏၲရာယ္မ်ား
လြန္းတဲ့အတြက္ မေသခ်ာေသး။
ဒီညမွာပဲခ်င္း႐ိုင္ေလဆိပ္ကတဆင့္ယူေက ႏိုင္ငံမွ ကၽြမ္းက်င္သူ
သုံးဦးထပ္မံေရာက္ရွိ။
အေမရိကန္ရဲ႕အင္ဒိုပိစိဖိတ္တပ္ဖြဲ႕USPACOM မွကၽြမ္းက်င္သူမ်ား
ထိုင္းတပ္မေတာ္ကတဆင့္ ကူညီဖို႔ကမ္းလွမ္းလာၿပီးမနက္ဖန္
ထပ္ေရာက္လာမည္။
ဘန္ေကာက္ရွိ နည္းပညာကုမၸဏီတစ္ခုမွ infrared လႊတ္ျပီးရွာေဖြ
တဲ့ Leica Scanner P20 စက္ကို ဒြန္ေမာင္းေလဆိပ္ကေန တဆင့္
ဒီည လိႈင္ဂူသို႔ပို႔ေဆာင္ေရာက္ရွိ။
ရာမာ ၁၀ ဘုရင္ျကီးက မိသားစုဝင္မ်ားကို ဂရုစိုက္ေပးရန္ ကယ္ဆယ္
ေရးအဖြဲ့မ်ားေဘးကင္းေစရန္မွာျကားျပီး အားလုံးကိုစိုးရိမ္ပူပန္
ေတာ္မူၿပီး သတင္းကို အစဥ္မျပတ္ေစာင့္ျကည့္ေနတယ္လို့အမိန္႔ေတာ္
ထုတ္ျပန္။
ကယ္ဆယ္နိုင္ခဲ့ရင္ ျပဳစုကုသနိုင္ဖို့သူနာျပဳဆရာဝန္အပါ
ambulance ကား ၁၃ စီးဂူဝမွာ၂၄ နာရီ stand by ခ်ထား။
ဒါက သိပၸံနဲ႔ နည္းပညာအပိုင္း

.
ေနာက္တစ္ပိုင္းက ပရေလာကအပိုင္း
မေန့တည္းက အြန္လိုင္းေပၚ မွာကေလး ၁၃ ေယာက္ရဲ့နာမည္နဲ့
အသက္ကို စာရြက္ေပၚခ်ေရးျပီးဂူတြင္းရွိခေလးတစ္ဦးခ်င္းရဲ့အေျခ
အေနကို အတပ္ေဟာတဲ့အျကားအျမင္ရအဖြားျကီးရဲ့ ဗီဒီယိုကလစ္
ျကည့္ရႈသူ တစ္သန္းေက်ာ္ခဲ့၊
သူ့အဆိုအရ ဂူထဲမွာရွိတဲ့ ေရွးေဟာင္းဒဂၤါးျပားနဲ႔ အေဆာင္ပစၥည္းေတြကို
ယူမိျကလို႔၊ ဂူထဲကေျခရာကိုသူတို႔ေျခေထာက္ေတြနဲ့တိုင္းထြာမိလို႔
ခ်က္ခ်င္းေရတက္လာတာျဖစ္ေျကာင္း၊ခုခ်ိန္ထိအသက္ရွိေနျကေျကာင္း
မိဘမ်ား ကန္ေတာ့ေတာင္းပန္ရမည္ျဖစ္ေျကာင္း ေျခရာတိုင္းတဲ့
ႏွစ္ေယာက္အသက္ရွင္ခြင့္ရဖို႔မေသခ်ာေၾကာင္း စသျဖင့္ေျပာသြား။
ခ်င္းရိုင္ခရိုင္အုပ္ခ်ုပ္ေရးမဴွးကေတာ့အေကာင္းဘက္ကေမ်ွာ္လင့္တယ္
လို႔ေျပာေနဆဲ။
ေသခ်ာတာေတာ့ ဒီညတစ္ညလုံးလည္းသူတို႔ အလုပ္လုပ္ျကဦးမည္။
သဘာဝတရားႀကီးႏွင့္လူသားတို႔ရဲ႕တိုက္ပြဲ
ေလာင္းေၾကးကလူ႔အသက္(၁၃)ေခ်ာင္းဘယ္သူႏိုင္မလဲေစာင့္ၾကည့္ရမည္
 https://www.facebook.com/saikyawtunoo/posts/10214486705499332b

#Unicode Version#
(၂၇/၆/၁၈) ည ၉ နာရီခွဲ
လှိုင်ဂူနောက်ဆုံးရသတင်း
Navy seal နဲ့ အမှတ် ၃
ကြည်းတပ်တို့ ပူးပေါင်းပြီး ဂူထဲမှ
ရေကို အစွမ်းကုန်စုပ်ထုတ်နေဆဲ။
မိုးက ရွာလိုက်တိတ်လိုက်ဖြစ်လို့
သိပ်မထူးခြားသေး။
ရေငုတ်တဲ့ ရေတပ်ကတပ်သားအချို့
အမှောင်ထဲမှာဂူနံရံနဲ့တိုက်မိလို့
ဒါဏ်ရာရ ခေါင်းပေါက်။
လှိုင်ဂူဝကနေရေစုပ်တာအပြင်
တောင်ပေါ်ကနေ ဂူထဲဝင်နိုင်တဲ့
အပေါက်များကိုလည်း တတောင်လုံး
ပိုက်စိပ်တိုက်ရှာဖွေနေ။
တွေ့ရှိတဲ့အပေါက်များကနေ ဂူထဲ
သို့လူဝင်သွားနိုင်ဖို့အန္တရာယ်များ
လွန်းတဲ့အတွက် မသေချာသေး။
ဒီညမှာပဲချင်းရိုင်လေဆိပ်ကတဆင့်
ယူကေ နိုင်ငံမှ ကျွမ်းကျင်သူ
သုံးဦးထပ်မံရောက်ရှိ။
အမေရိကန်ရဲ့အင်ဒိုပိစိဖိတ်တပ်ဖွဲ့
USPACOM မှကျွမ်းကျင်သူများ
ထိုင်းတပ်မတော်ကတဆင့် ကူညီ
ဖို့ကမ်းလှမ်းလာပြီးမနက်ဖန်
ထပ်ရောက်လာမည်။
ဘန်ကောက်ရှိ နည်းပညာကုမ္ပဏီ
တစ်ခုမှ infrared လွှတ်ပြီးရှာဖွေ
တဲ့ Leica Scanner P20 စက်
ကို ဒွန်မောင်းလေဆိပ်ကနေ တဆင့်
ဒီည လှိုင်ဂူသို့ပို့ဆောင်ရောက်ရှိ။
ရာမာ ၁၀ ဘုရင်ကြီးက မိသားစုဝင်
များကို ဂရုစိုက်ပေးရန် ကယ်ဆယ်
ရေးအဖွဲ့များဘေးကင်းစေရန်
မှာကြားပြီး အားလုံးကိုစိုးရိမ်ပူပန်
တော်မူပြီး သတင်းကို အစဉ်မပြတ်
စောင့်ကြည့်နေတယ်လို့အမိန့်တော်
ထုတ်ပြန်။
ကယ်ဆယ်နိုင်ခဲ့ရင် ပြုစုကုသနိုင်ဖို့
သူနာပြုဆရာဝန်အပါ
ambulance ကား ၁၃ စီးဂူဝမှာ
၂၄ နာရီ stand by ချထား။
ဒါက သိပ္ပံနဲ့ နည်းပညာအပိုင်း

.
နောက်တစ်ပိုင်းက ပရလောက
အပိုင်း
မနေ့တည်းက အွန်လိုင်းပေါ် မှာ
ကလေး ၁၃ ယောက်ရဲ့နာမည်နဲ့
အသက်ကို စာရွက်ပေါ်ချရေးပြီး
ဂူတွင်းရှိခလေးတစ်ဦးချင်းရဲ့အခြေ
အနေကို အတပ်ဟောတဲ့အကြား
အမြင်ရအဖွားကြီးရဲ့ ဗီဒီယိုကလစ်
ကြည့်ရှုသူ တစ်သန်းကျော်ခဲ့၊
သူ့အဆိုအရ ဂူထဲမှာရှိတဲ့ ရှေးဟောင်း
ဒင်္ဂါးပြားနဲ့ အဆောင်ပစ္စည်းတွေကို
ယူမိကြလို့၊ ဂူထဲကခြေရာကိုသူတို့
ခြေထောက်တွေနဲ့တိုင်းထွာမိလို့
ချက်ချင်းရေတက်လာတာဖြစ်ကြောင်း၊
ခုချိန်ထိအသက်ရှိနေကြကြောင်း
မိဘများ ကန်တော့တောင်းပန်
ရမည်ဖြစ်ကြောင်း ခြေရာတိုင်းတဲ့
နှစ်ယောက်အသက်ရှင်ခွင့်ရဖို့
မသေချာကြောင်း စသဖြင့်ပြောသွား။
ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမူှးကတော့
အကောင်းဘက်ကမျှော်လင့်တယ်
လို့ပြောနေဆဲ။
သေချာတာတော့ ဒီညတစ်ညလုံး
လည်းသူတို့ အလုပ်လုပ်ကြဦးမည်။
သဘာဝတရားကြီးနှင့်လူသားတို့ရဲ့
တိုက်ပွဲ
လောင်းကြေးကလူ့အသက်(၁၃)ချောင်း
ဘယ်သူနိုင်မလဲစောင့်ကြည့်ရမည်
https://www.facebook.com/saikyawtunoo/posts/10214486705499332b

Thursday, June 28, 2018

ဗုဒၶဘာသာ သမုိင္း အက်ဥ္း

ဗုဒၶဘာသာ တုိ႔ အတြက္ သိသင္႔ သိထုိက္ တဲ႔ ဗုဒၶ၀င္ အက်ဥ္း ( သုိ႔ ) ဗုဒၶ ဘာသာ အေၾကာင္း သိေကာင္း စရာ အက်ဥ္း ေလး ပါ။ သိလုိ သူမ်ား အတြက္ ရည္ရြယ္ ကာ ေရးသား ပူေဇာ္ လုိက္ပါသည္။

ဘုရား အေလာင္း ေတာ္ သည္ - ၆၂၄ - ဘီစီ တြင္ ( ျမန္မာ လလုိ - ၀ါဆုိ လျပည့္၊ ၾကာသာပေတး ေန႔ တြင္ ) မယ္ေတာ္ မာယာ ၀မ္းၾကာ တုိက္ တြင္ သေႏၶယူ ပါသည္။ ဘုရားေလာင္း သည္ - ၆၂၃ - ဘီစီ၊ ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ ေသာၾကာ ေန႔ ) တြင္ နီေပါ ႏုိင္ငံ၊ လုမၺိနီ ဥယ်ာဥ္ ၌ မယ္ေတာ္ မာယာ ေဒ၀ီ၊ ခမည္းေတာ္ သုေဒၶါ ဒန မင္းႀကီး တုိ႔မွ ေမြးဖြား ခဲ႔ ပါသည္။ ဘုရား ေလာင္း နာမည္ မွာ သိဒၶတၳ ျဖစ္ပါ သည္။ ၁၆ - ႏွစ္ မွ ၂၉ ႏွစ္ အထိ နန္း စည္းစိမ္ ကုိ ခံစား ပါသည္။

ဘီစီ - ၅၉၄ - ( ျမန္မာ လ လုိ - ၀ါဆုိ လျပည့္၊ တနလၤာ ေန႔ ) တြင္ အိမ္ရာ တည္ေထာင္ လူ႔ေဘာင္ ခြါ ကာ ေတာထြက္ ေတာ္မူ ပါသည္။ ( သက္ေတာ္ ၂၉ - ႏွစ္ အရြယ္ ျဖစ္ ပါသည္။ )

၂၉ - ႏွစ္ မွ ၃၅ - ႏွစ္ အထိ ဒုကၠရ စရိယာ - ပင္ပန္းေသာ အက်င္႔ က်င္႔ ခဲ႔ ရပါ သည္။ ဘီစီ - ၅၈၈ - ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ ဗုဒၶဟူး ေန႔ ) တြင္ သဗၺညဳတ ဉာဏ္ေတာ္ ကုိ ရရွိ ေတာ္မူ ပါသည္။ ( သက္ေတာ္ ၃၅ - ႏွစ္ အရြယ္ ျဖစ္ပါ သည္။ )

၄င္းဘီစီ - ၅၈၈ - ( ျမန္မာ လလုိ - ၀ါဆုိ လျပည့္ စေနေန႔ ) တြင္ ပထမ ဆုံး ေသာ ဓမၼစၾကာ သုတ္ေတာ္ ကုိ ဗာရာဏသီ ၿမိဳ႕အနီး မိဂဒါ ၀ုန္ ေတာ မွာ ေဟာေတာ္ မူ ပါသည္။ ( မွတ္ခ်က္ ။ ။ ဗုဒၶဂယာ ႏွင္႔ မိဂဒါ ၀ုန္ေတာ သည္ - ၁၈ - ယူဇနာ / မုိင္ အားျဖင္႔ - ၁၄၄ - မုိင္ ေ၀းပါ သည္။ )

ဓမၼစၾကာ တရားပြဲ မွာ လူသား အေနနဲ႔ ပဥၥ၀ဂၢီ ငါးဦး သာ ပါ၀င္ ပါသည္။ ၄င္း တရားပြဲ မွာ အရွင္ ေကာ႑ည သည္ အ႐ုဏ္ မတတ္ မီ ေသာတာပန္ တည္ပါ သည္။
ေနာက္ ဆက္လက္ ၿပီး ဘုရားရွင္ က - အနတၱ လကၡဏ သုတ္ကုိ ေဟာေသာ အခါ ပဥၥ၀ဂၢီ ရဟန္း ေတာ္ ငါးဦး စလုံး ရဟႏၱာ ျဖစ္ေတာ္မူ ၾကပါ သည္။

ဘီစီ - ၅၈၈ - တြင္ ဘုရားရွင္ သည္ ပထမဆုံး သာသနာ ျပဳ ခရီးစဥ္ ကုိ စတင္ ခဲ႔ပါသည္။

ဘီစီ - ၅၄၃ - ( ျမန္မာ လလုိ - ကဆုန္ လျပည့္၊ အဂၤါ ေန႔ ) တြင္ ဘုရား ရွင္ သက္ေတာ္ ( ၈၀ )၊ ၀ါေတာ္ ( ၄၅ ) တြင္ ကုသိနာ႐ုံ၊ အင္ၾကင္း ေတာ ၌ ပရိနိဗၺာန္ ျပဳေတာ္မူ ပါသည္။ ကဆုန္ လဆုပ္ ( ၅ ) ရက္၊ တနဂၤေႏြေန႔ တြင္ အေလာင္း ေတာ္ ကုိ မီး ပူေဇာ္ ပါ သည္။

ပထမ သဂၤါယနာ -

ဘုရားရွင္ သက္ေတာ္ ( ၃၅ - မွ - ၈၀ ) အတြင္း၊ ၀ါေတာ္ အေန အားျဖင္႔ ( ၄၅ ) ၀ါ အတြင္း ေဟာၾကား ခဲ႔ေသာ ပိဋကတ္ ေတာ္မ်ား ကုိ တစ္စု တစ္ေ၀း တည္း စီစဥ္ ဖုိ႔ရန္ ဘုရားရွင္ ပရိနိဗၺာန္ ျပဳၿပီး တစ္လ အၾကာ - ဘီစီ - ၅၄၃ - မွာ ပထမ ဆုံး သဂၤါယနာ ကုိ ရာဇၿဂိဳလ္ ၿမိဳ႕၊ သတၱပဏၰိ လႈိဏ္ဂူ ၌ ပိဋကတ္ေတာ္ မ်ား ကုိ စုေပါင္း ရြတ္ဆုိျခင္း ဟူေသာ သဂၤါယနာ တင္ၾက ပါသည္။ ပထမ သဂၤါယနာ တင္ပြဲ မွာ ဦးေဆာင္ ဆရာေတာ္ သည္ အရွင္ မဟာ ကႆပ ျဖစ္၍ အရွင္ ဥပါလိ မေထရ္ က ၀ိနည္း အရာ တာ၀န္ယူ ၍၊ အရွင္ အာနႏၵာ က သုတၱန္ အရာ တာ၀န္ ယူ ပါသည္၊ အဖြဲ႔၀င္ သံဃာ ေတာ္ ( ၅၀၀ ) ျဖစ္ပါ သည္။ ၀ါေခါင္ လဆုပ္ ( ၅ ) က စတင္ က်င္းပကာ ( ၇ ) လ ၾကာ ပါသည္။ အေထာက္ အပံ႔ ဒကာေတာ္ သည္ အဇာ တသတ္ မင္း ျဖစ္ ပါသည္။ ( မွတ္ခ်က္ ။ ။ ဗုဒၶ ပရိနိဗၺာန္ ျပဳၿပီး ပထမ သဂၤါ ယနာ တင္ခ်ိန္ က စတင္ ၍ ( အဂၤလိပ္ လုိ - B.E ) သုန္း ကာ ဗုဒၶ သာသနာ ႏွစ္ ကုိ စတင္ ေရတြက္ ပါသည္။ “သဂၤါယနာ” ဟူသည္ စုေပါင္း ရြတ္ဆုိ ျခင္း ဟု အဓိပၸါယ္ ရပါ သည္။ )

ဘုရားရွင္ ေဟာၾကား ခဲ႔ေသာ ပိဋကတ္ ေတာ္ တုိ႔ကုိ အရွင္ မဟာ ကႆပ စေသာ မေထရ္ အဆက္ဆက္ တုိ႔ ဆက္ ကာ ဆက္ကာ ေဆာင္ယူ ထိန္းသိမ္း ခဲ႔တဲ႔ အစဥ္ အလာ ကုိ အစြဲျပဳ ၍ “ေထရိက”၊ ေနာက္ မေထရ္ အစဥ္ အဆက္ တုိ႔ ထိန္း သိမ္း ခဲ႔ေသာ ဗုဒၶ အယူ ၀ါဒ အေန အားျဖင္႔ “ေထရ ၀ါဒ သာသနာ” အျဖစ္ အမည္ တြင္ ခဲ႔ပါသည္။

ဒုတိယ သဂၤါယနာ -

( BC - 443 / B.E - 100 ) သာသနာႏွစ္ ( ၁၀၀ ) အေရာက္ မွာ ေ၀သာလီ ၿမိဳ႕၊ ၀ါဠဳကာ႐ုံ ေက်ာင္း မွာ ဒုတိယ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ သည္ အရွင္ ယသ ျဖစ္ ပါသည္။ အရွင္ သဗၺမိ မေထရ္ ႏွင္႔ အရွင္ ေရ၀တ မေထရ္ တုိ႔က အဓိက တာ၀န္ ယူ ကာ ပိဋကတ္ ေတာ္ မ်ား ကုိ ရြတ္ဆုိ ၾကပါ သည္။ အဖြဲ႔ ၀င္ သံဃာေတာ္ ( ၇၀၀ ) ျဖစ္ပါ သည္။ ( ၈ ) လ ၾကာပါ သည္။ အေထာက္ အပံ႔ ေပးေသာ ဒကာ သည္ ကာလာ ေသာက မင္း ျဖစ္ပါသည္။

တတိယ သဂၤါယနာ -

( BC - 249 / B.E - 300 ) သာသနာ ႏွစ္ ( ၃၀၀ ) အေရာက္ မွာ ပါဋလိ ပုတ္ ၿမိဳ႕ေတာ္၊ အေသာ ကာ ႐ုံ ေက်ာင္း ၌ ၏ တတိယ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ အရွင္ မဟာ ေမာဂၢလိ ပုတၱ တိႆ မေထရ္ ျဖစ္၍ အရွင္ မဟာ ကႆပ မေထရ္ ႏွင္႔ ကာက႑ ၏ သားျဖစ္ ေသာ အရွင္ ယသ မေထရ္ တုိ႔က အဓိက တာ၀န္ ယူ ေဆာင္ရြက္ ပါသည္။ အဖြဲ႔၀င္ သံဃာေတာ္ အေရ အတြက္ မွာ ( ၁၀၀၀ ) ျဖစ္ပါ သည္။ ဤ သံဂၤါ ယနာ တင္ပြဲ ၌ ၀ိနည္း ေရးရာ မ်ား ကုိ အဓိက ထားကာ ေဆြးေႏြး ျခင္း ျပဳလုပ္ ၾကပါသည္။ အေထာက္ အပံ႔ မင္း မွာ အေသာက မင္းႀကီး ျဖစ္ပါ သည္။ ဤ တတိယ သဂၤါ ယနာ သည္ ( ၉ ) လ ၾကာပါ သည္။

တတိယ သဂၤါ ယနာ တင္ၿပီး ခ်ိန္ ကစၿပီး ( ၉ ) တုိင္း ( ၉ ) ဌာန တုိ႔သုိ႔ အရွင္ မဟာ ေမာဂၢလိ ပုတၱ တိႆ မေထရ္ ႏွင္႔ အေသာက မင္းႀကီး တုိ႔ တာ၀န္ ယူ ကာ သာသနာ ျပဳ ေစလႊတ္ ေတာ္မူ ပါသည္။

( ၉ ) တုိင္း ( ၉ ) ဌာနႏွင္႔ သာသနာျပဳ မေထရ္ မ်ား -

၁။ ကသၼီရ ႏွင္႔ ဂႏၶာရ အရပ္ = အရွင္ မဇၥ်ႏၱိက မေထရ္ ဦးေဆာင္ ကာ ႂကြ။
၂။ မဟႎသက အရပ္ = အရွင္ မဟာ ေဒ၀ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၃။ ၀န၀ါသိ အရပ္= အရွင္ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၄။ အပရႏ ၱအရပ္ = အရွင္ ေယာနက ဓမၼ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၅။ မဟာရ႒ အရပ္ = အရွင္ မဟာ ဓမၼ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၆။ ေယာနက အရပ္ = အရွင္ မဟာ ရကၡိတ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၇။ ဟိမ၀ႏ ၱာ အရပ္ = အရွင္ မဇၥ်ိမ မေထရ္ ဦးေဆာင္ ကာ ႂကြ။
၈။ သု၀ဏၰဘူမိ အရပ္ = အရွင္ ေသာဏ မေထရ္ ႏွင္႔ အရွင္ ဥတၱရ မေထရ္ တုိ႔ ဦးေဆာင္ ကာ ႂကြ။
၉။ တမၺပဏၰိ ( သီဟုိဠ္ ) အရပ္ = အရွင္ မဟိႏၵ မေထရ္ ဦးေဆာင္ ကာ ႂကြ။

စတုတၳ သဂၤါယနာ -

( B.C 94 / B.E 450 ) သာသနာ ေတာ္ သကၠရဇ္ ( ၄၅၀ ) အေရာက္ တြင္ သီဟုိဠ္၊ မလယ ဇနပုဒ္၊ အာေလာက လႈိဏ္ တြင္ စတုတၳ သဂၤါ ယနာ တင္ပါ သည္။ ဦးေဆာင္ ဆရာေတာ္ မွာ မဟာ ဓမၼ ရကၡိတ မေထရ္ ျဖစ္၍ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ သည္ ( ၅၀၀ ) ျဖစ္ ပါသည္။ ( ၁ ) ႏွစ္ အခ်ိန္ ယူ ကာ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။ အေထာက္ အပံ့ ေပးေသာ ဒကာ သည္ ၀ဋၬ ဂါမဏိ မင္း ျဖစ္ ပါ သည္။ ဤ စတုတၳ သဂၤါ ယနာ တြင္ ပိဋကတ္ ေတာ္ မ်ား ကုိ ေပရြက္ တြင္ အကၡရာ ေရးျခင္း ျဖင္႔ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။

ႏုိင္ငံမ်ား ႏွင္႔ ဗုဒၶ သာသနာ ေရာက္ရွိ ပုံ -

ဗုဒၶ ဘာသာ နဲ႔ ျမန္မာ ႏုိင္ငံ -
ျမန္မာ ႏုိင္ငံ မွာ 3rd Century A.D - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ နဲ႔ တ႐ုတ္ ႏုိင္ငံ -
တ႐ုတ္ ႏုိင္ငံ မွာ 1st Century A.D - တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ နဲ႔ ဗီယက္နမ္ ႏုိင္ငံ -
ဗီယက္နမ္ ႏုိင္ငံ မွာ A.D 189 - တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါ သည္။ တ႐ုတ္ မွ တဆင္႔ ေရာက္ရွိ ျခင္း ျဖစ္ပါ သည္။

ဗုဒၶ ဘာသာ ႏွင္႔ ကုိရီးယား ႏုိင္ငံ -
ကုိရီးယား ႏုိင္ငံ မွာ A.D 372 - ႏွစ္ တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုုဒၶဘာသာ ႏွင္႔ ဂ်ပန္ ႏုိင္ငံ -
ဂ်ပန္ ႏုိင္ငံ သုိ႔ A.D ၅၅၂၊ သာသနာ ေတာ္ႏွစ္ - ၁၀၉၅ - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ကေမၻာဒီယား ႏုိင္ငံ -
ကေမၻာဒီးယား ႏုိင္ငံ သုိ႔ A.D - ၅ - ရာစု တြင္ ဗုဒၶ ဘာသာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ထုိင္း ႏုိင္ငံ -
ထုိင္း ႏုိင္ငံ သုိ႔ A.D - ၆ - ရာစု၊ သာသနာ ေတာ္ႏွစ္ - ၁၃၀၀ - တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ အင္ဒုိနီးရွား ႏုိင္ငံ -
အင္ဒုိနီးရွား ႏုိင္ငံ သုိ႔ A.D - ၆ - ရာစု တြင္ ဗုဒၶ သာသနာ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ တိဗက္ ႏုိင္ငံ-
တိဗက္ ႏုိင္ငံ သုိ႔ A.D - ၇ - ရာစု တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

ဗုဒၶ ဘာသာ ႏွင္႔ ႐ုရွား ႏုိင္ငံ-
႐ုရွား ႏုိင္ငံ သုိ႔ A.D - ၁၇ - ရာစု တြင္ ဗုဒၶ သာသနာ စတင္ ေရာက္ရွိ ပါသည္။

အိႏၵိယ ႏုိင္ငံ ႏွင္႔ ဗုဒၶ သာသနာ -
အိႏၵိယ ႏုိင္ငံ တြင္ A.D - ၆ - ရာစု ေလာက္က စၿပီး ဗုဒၶ သာသနာ တေျဖးေျဖး ကြယ္ေပ်ာက္ သြားခဲ႔ ပါသည္။

ျမန္မာ ႏုိင္ငံ ပုဂံ ဗုဒၶ သာသနာ -
ျမန္မာ ႏုိင္ငံ ပုဂံ သုိ႔ A.D - ၁၁ - ရာစု ေလာက္တြင္ ဗုဒၶ သာသနာ ေရာက္ရွိ ပါသည္။ အရွင္ အရဟံ ႏွင္႔ အေနာ္ရထာ မင္းႀကီး တုိ႔ ဦးစီး ကာ ျမန္မာ ျပည္ ဗုဒၶ သာသနာ ပုိမုိ စည္ပင္ ျပန္႔ပြား ေအာင္ လုပ္ေဆာင္ ခဲ႔ ၾက ပါသည္။

ပဥၥမ သဂၤါယနာ -

A.D - ၁၈၇၁ / ဗုဒၶ သာသနာ ေတာ္ ႏွစ္ -၂၄၁၅ -ခု / ျမန္မာ သကၠရစ္ - ၁၂၃၂ -ခုႏွစ္၊ တန္ေဆာင္ မုန္း လ တြင္ ျမန္မာ ႏုိင္ငံ၊ မႏၱေလး ေတာင္ေျခ တြင္ ပဥၥမ သဂၤါယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ မႏၱေလး၊ ဒကၡိဏာ ရာမ ေက်ာင္းတုိက္ ဆရာေတာ္ အရွင္ ဇာဂရာ ဘိ၀ံသ မေထရ္ ျဖစ္၍၊ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ မွာ ၂၄၀၀ - ျဖစ္ပါ သည္။ အေထာက္ အပံ႔ ဒကာ မွာ မင္းတုန္း မင္း ႀကီး ျဖစ္ပါ သည္။ ဤ ပဥၥမ သဂၤါယနာ တြင္ ပိဋကတ္ ေတာ္ မ်ား ကုိ ေက်ာက္ ထက္ အကၡရာ တင္ျခင္း ျဖင္႔ သဂၤါ ယနာ တင္ခဲ႔ ၾကပါ သည္။ ေက်ာက္ ခ်ပ္ ေရ - ၇၂၉ - ခ်ပ္ ရွိပါသည္။ ေက်ာက္ ထက္ အကၡရာ တင္ရာ ၌ ၾကာခ်ိန္ မွာ ( ၇ ) ႏွစ္၊ ( ၆ ) လ ႏွင္႔ ( ၁၄ ) ရက္ ၾကာပါ သည္။

ဗုဒၶ သာသနာ ေတာ္ အလံ ႏွင္႔ သမုိင္း -
A.D - ၁၈၈၀ - ခုႏွစ္ တြင္ ဗုဒၶ သာသနာ႔ အလံ ကုိ အေမရိကန္ ႏုိင္ငံသား စစ္ဗုိလ္ႀကီး - Henry Steel Olcott - က စတင္ တီထြင္ ခဲ႔ျခင္း ျဖစ္ပါ သည္။

အဂၤလန္ ႏုိင္ငံ ၌ ပထမ ဆုံး ေသာ ဗုဒၶ သာသနာ႔ အဖြဲ႔အစည္း -
A.D - ၁၈၈၁ - ခုႏွစ္ တြင္ အဂၤလန္ ႏုိင္ငံ တြင္ - ပါဠိ က်မ္းစာ အဖြဲ႔ အစည္း - ဆုိၿပီး ပထမ ဆုံး ေသာ ပိဋကတ္ အဖြဲ႔ အစည္း အဂၤလန္ ႏုိင္ငံ တြင္ စတင္ ေပၚေပါက္ ခဲ႔ ပါသည္။ တည္ေထာင္ သူ မွာ - T.W. Rhys Davids - ျဖစ္ပါ သည္။ သူသည္ မူရင္း ခရစ္စ္ ယာန္ ဘာသာ ၀င္ ျဖစ္ ပါသည္။

ဗုဒၶ ဘာသာ အိႏၵိယ ႏုိင္ငံ တြင္ ျပန္လည္ ေမြးဖြား ျခင္း -
A.D - ၁၈၉၁ - ခုႏွစ္ တြင္ သီရိ လကၤာ ႏုိင္ငံ မွ အနာ ဂါရိက ဓမၼပါလ သူေတာင္စင္ ႀကီး ဦးေဆာင္ ကာ အိႏိၵယ ႏုိင္ငံ၊ ဗုဒၶ ဂယာ မွာ မဟာ ေဗာဓိ အဖြဲ႔ အစည္း ဆုိၿပီး ဗုဒၶ ဘာသာ ျပန္လည္ တည္ေထာင္ ပါ သည္။ A.D - ၁၉၅၆ - ခု တြင္ အိႏိၵယ ႏုိင္ငံသား Dr. B.R Ambedkar - ဦးေဆာင္ ၿပီး အိႏိၵယ ႏုိင္ငံ တြင္ ဗုဒၶ သာသနာ ပုိမုိ ျပန္႔ပြား ေအာင္ လုပ္ေဆာင္ ခဲ႔ ပါ သည္။ ၁၉၅၆ - ခု၊ ေအာက္တုိဘာ - ၁၄ - ရက္ တြင္ အိႏိၵယ ႏုိင္ငံ သား ( ၁ ) သန္း ခန္႔ ဗုဒၶဘာသာ အျဖစ္ သုိ႔ ကူးေျပာင္း ၾက ပါသည္။

ဆ႒ သဂၤါယနာ -

A.D ၁၉၅၄ - ၅၆ / ဗုဒၶ သာသနာ ေတာ္ ႏွစ္ ၂၄၉၈ - ခု၊ ျမန္မာ သကၠရဇ္ ၁၃၁၆ - ခု၊ ကဆုန္ လျပည့္ ေန႔ တြင္ ျမန္မာ ႏုိင္ငံ၊ ရန္ကုန္ ၿမိဳ႕၊ ကမၻာ ေအး၊ မဟာ ပါသာဏ လႈိဏ္ဂူ ၌ ဆ႒ သဂၤါ ယနာ တင္ ပါသည္။ ဦးေဆာင္ ဆရာေတာ္ မွာ ေညာင္ရမ္း ဆရာေတာ္ အရွင္ ေရ၀တ မေထရ္ ျဖစ္၍၊ အဓိက တာ၀န္ ယူ ရြတ္ဖတ္ သရဇၥ်ာယ္ ေသာ မေထရ္ မ်ား မွာ မဟာစည္ ဆရာေတာ္ ႏွင္႔ မင္းကြန္း ဆရာေတာ္ တုိ႔ ျဖစ္ ပါသည္။ အဖြဲ႔၀င္ ဆရာေတာ္ အေရ အတြက္ မွာ ေထရ၀ါဒ ( ၅ )ႏုိင္ငံ ( သီရိလကၤာ၊ ျမန္မာ၊ ထုိင္း၊ ေလာ၊ ကေမၻာဒီယား ) တုိ႔မွ ( ၂၅၀၀ ) ေသာ မေထရ္ တုိ႔ ျဖစ္ပါ သည္။ အျခား ေသာ ႏုိင္ငံ ( ၂၄ ) ႏုိင္ငံ တုိ႔မွ လည္း အကူ အညီ မ်ား ေပးၾက ပါသည္။ အေထာက္ အပံ႔ ဒကာ မွာ ၀န္ႀကီး ခ်ဳပ္ ဦးႏု ႏွင္႔ ျမန္မာ ျပည္သူ၊ ျပည္သား မ်ား ျဖစ္ ပါသည္။ ( မွတ္ခ်က္ ။ ။ ဤ ဆ႒ သဂၤါယနာ တင္ပြဲ မွာ ပါဠိေတာ္ တင္ မက အ႒ ကထာ၊ ဋီကာ မ်ား ကုိပါ ျပန္လည္ စစ္ေဆး ဆုံးျဖတ္ ျခင္း ျဖင္႔ သဂၤါ ယနာ တင္ျခင္း ျဖစ္ပါ သည္။ )

အိႏၵိယ ႏုိင္ငံ ႏွင္႔ ၀ိပႆနာ -
A.D - ၁၉၆၅ ၊ ဗုဒၶ သာသနာ ေတာ္ ႏွစ္ - ၂၅၁၂ - ခုႏွစ္ တြင္ ဆရာႀကီး ဦး ဂုိအင္ကာ ဦးေဆာင္ ၿပီး အိႏၵိယ ႏုိင္ငံ တြင္ ဗုဒၶ ဘာသာ ၀ိပႆနာ တရား ျပန္လည္ အျမစ္ တြယ္ေအာင္ လုပ္ေဆာင္ ပါသည္။

ပထမ ဆုံးေသာ ဗုဒၶ ဘာသာ ၀က္ဘ္ဆုိက္ -
A.D - ၁၉၉၈ - ေမလ တြင္ Nibbana.com - ဟူေသာ ပထမ ဆုံး ဗုဒၶဘာသာ ၀က္ဘ္ဆုိက္ ကုိ အဂၤလန္ ႏုိင္ငံ ကေန ဖန္တီး ႏုိင္ခဲ႔ ပါသည္။

အာဖဂန္နစၥတန္ မွ ( Bamiyan ) ဗမီယန္ ဗုဒၶ ဆင္းတု ေတာ္ -
A.D - ၂၀၀၁၊ မတ္လ တြင္ အာဖဂန္နစၥတန္ မွ ကမၻာ႔ အံဖြယ္ ရပ္ေတာ္မူ ဗုဒၶ ဆင္းတု ေတာ္ အား တာလီဘန္ တုိ႔ ၏ ဖ်က္ဆီး ျခင္း ကုိ ခံခဲ႔ ရပါ သည္။

မွာ ပါရေစ ။ ။ အထက္ ပါ ဗုဒၶ၀င္ ( သုိ႔ ) ဗုဒၶ ဘာသာ အေၾကာင္း သိေကာင္း စရာ အက်ဥ္း သည္ " ေမေမ႔ လျပည့္၀န္း ေလး " စုစည္း ထားေသာ ဗုဒၶ ဘာသာ နဲ႔ ပတ္သက္ တဲ႔ အခ်က္ အလက္ မ်ား ကုိ တင္ျပ ျခင္း ျဖစ္ပါသည္။ တခ်ိဳ႕ ေနရာ မ်ား မွာ မူကြဲ စသည္ အားျဖင္႔ ကြဲလြဲ ေနျခင္း ရွိေကာင္း ရွိႏုိင္ ပါသည္။ အခု " ေမေမ႔ လျပည့္၀န္း ေလး " တင္ျပ တဲ႔ မူ သည္ ေထရ ၀ါဒ မေထရ္ မ်ား လက္ခံ ထားေသာ ဘီစီ၊ ေအဒီ ႏွစ္ မ်ား ျဖစ္ ပါ သည္။
U Thar Myat ( ဦး သာျမတ္ )
#Unicode Version#
ဗုဒ္ဓဘာသာ တို့ အတွက် သိသင့် သိထိုက် တဲ့ ဗုဒ္ဓဝင် အကျဉ်း ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း လေး ပါ။ သိလို သူများ အတွက် ရည်ရွယ် ကာ ရေးသား ပူဇော် လိုက်ပါသည်။

ဘုရား အလောင်း တော် သည် - ၆၂၄ - ဘီစီ တွင် ( မြန်မာ လလို - ဝါဆို လပြည့်၊ ကြာသာပတေး နေ့ တွင် ) မယ်တော် မာယာ ဝမ်းကြာ တိုက် တွင် သန္ဓေယူ ပါသည်။ ဘုရားလောင်း သည် - ၆၂၃ - ဘီစီ၊ ( မြန်မာ လလို - ကဆုန် လပြည့်၊ သောကြာ နေ့ ) တွင် နီပေါ နိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ် ၌ မယ်တော် မာယာ ဒေဝီ၊ ခမည်းတော် သုဒ္ဓေါ ဒန မင်းကြီး တို့မှ မွေးဖွား ခဲ့ ပါသည်။ ဘုရား လောင်း နာမည် မှာ သိဒ္ဓတ္ထ ဖြစ်ပါ သည်။ ၁၆ - နှစ် မှ ၂၉ နှစ် အထိ နန်း စည်းစိမ် ကို ခံစား ပါသည်။

ဘီစီ - ၅၉၄ - ( မြန်မာ လ လို - ဝါဆို လပြည့်၊ တနင်္လာ နေ့ ) တွင် အိမ်ရာ တည်ထောင် လူ့ဘောင် ခွါ ကာ တောထွက် တော်မူ ပါသည်။ ( သက်တော် ၂၉ - နှစ် အရွယ် ဖြစ် ပါသည်။ )

၂၉ - နှစ် မှ ၃၅ - နှစ် အထိ ဒုက္ကရ စရိယာ - ပင်ပန်းသော အကျင့် ကျင့် ခဲ့ ရပါ သည်။ ဘီစီ - ၅၈၈ - ( မြန်မာ လလို - ကဆုန် လပြည့်၊ ဗုဒ္ဓဟူး နေ့ ) တွင် သဗ္ဗညုတ ဉာဏ်တော် ကို ရရှိ တော်မူ ပါသည်။ ( သက်တော် ၃၅ - နှစ် အရွယ် ဖြစ်ပါ သည်။ )

၎င်းဘီစီ - ၅၈၈ - ( မြန်မာ လလို - ဝါဆို လပြည့် စနေနေ့ ) တွင် ပထမ ဆုံး သော ဓမ္မစကြာ သုတ်တော် ကို ဗာရာဏသီ မြို့အနီး မိဂဒါ ဝုန် တော မှာ ဟောတော် မူ ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓဂယာ နှင့် မိဂဒါ ဝုန်တော သည် - ၁၈ - ယူဇနာ / မိုင် အားဖြင့် - ၁၄၄ - မိုင် ဝေးပါ သည်။ )

ဓမ္မစကြာ တရားပွဲ မှာ လူသား အနေနဲ့ ပဉ္စဝဂ္ဂီ ငါးဦး သာ ပါဝင် ပါသည်။ ၎င်း တရားပွဲ မှာ အရှင် ကောဏ္ဍည သည် အရုဏ် မတတ် မီ သောတာပန် တည်ပါ သည်။
နောက် ဆက်လက် ပြီး ဘုရားရှင် က - အနတ္တ လက္ခဏ သုတ်ကို ဟောသော အခါ ပဉ္စဝဂ္ဂီ ရဟန်း တော် ငါးဦး စလုံး ရဟန္တာ ဖြစ်တော်မူ ကြပါ သည်။

ဘီစီ - ၅၈၈ - တွင် ဘုရားရှင် သည် ပထမဆုံး သာသနာ ပြု ခရီးစဉ် ကို စတင် ခဲ့ပါသည်။

ဘီစီ - ၅၄၃ - ( မြန်မာ လလို - ကဆုန် လပြည့်၊ အင်္ဂါ နေ့ ) တွင် ဘုရား ရှင် သက်တော် ( ၈၀ )၊ ဝါတော် ( ၄၅ ) တွင် ကုသိနာရုံ၊ အင်ကြင်း တော ၌ ပရိနိဗ္ဗာန် ပြုတော်မူ ပါသည်။ ကဆုန် လဆုပ် ( ၅ ) ရက်၊ တနင်္ဂနွေနေ့ တွင် အလောင်း တော် ကို မီး ပူဇော် ပါ သည်။

ပထမ သင်္ဂါယနာ -

ဘုရားရှင် သက်တော် ( ၃၅ - မှ - ၈၀ ) အတွင်း၊ ဝါတော် အနေ အားဖြင့် ( ၄၅ ) ဝါ အတွင်း ဟောကြား ခဲ့သော ပိဋကတ် တော်များ ကို တစ်စု တစ်ဝေး တည်း စီစဉ် ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီး တစ်လ အကြာ - ဘီစီ - ၅၄၃ - မှာ ပထမ ဆုံး သင်္ဂါယနာ ကို ရာဇဂြိုလ် မြို့၊ သတ္တပဏ္ဏိ လှိုဏ်ဂူ ၌ ပိဋကတ်တော် များ ကို စုပေါင်း ရွတ်ဆိုခြင်း ဟူသော သင်္ဂါယနာ တင်ကြ ပါသည်။ ပထမ သင်္ဂါယနာ တင်ပွဲ မှာ ဦးဆောင် ဆရာတော် သည် အရှင် မဟာ ကဿပ ဖြစ်၍ အရှင် ဥပါလိ မထေရ် က ဝိနည်း အရာ တာဝန်ယူ ၍၊ အရှင် အာနန္ဒာ က သုတ္တန် အရာ တာဝန် ယူ ပါသည်၊ အဖွဲ့ဝင် သံဃာ တော် ( ၅၀၀ ) ဖြစ်ပါ သည်။ ဝါခေါင် လဆုပ် ( ၅ ) က စတင် ကျင်းပကာ ( ၇ ) လ ကြာ ပါသည်။ အထောက် အပံ့ ဒကာတော် သည် အဇာ တသတ် မင်း ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး ပထမ သင်္ဂါ ယနာ တင်ချိန် က စတင် ၍ ( အင်္ဂလိပ် လို - B.E ) သုန်း ကာ ဗုဒ္ဓ သာသနာ နှစ် ကို စတင် ရေတွက် ပါသည်။ “သင်္ဂါယနာ” ဟူသည် စုပေါင်း ရွတ်ဆို ခြင်း ဟု အဓိပ္ပါယ် ရပါ သည်။ )

ဘုရားရှင် ဟောကြား ခဲ့သော ပိဋကတ် တော် တို့ကို အရှင် မဟာ ကဿပ စသော မထေရ် အဆက်ဆက် တို့ ဆက် ကာ ဆက်ကာ ဆောင်ယူ ထိန်းသိမ်း ခဲ့တဲ့ အစဉ် အလာ ကို အစွဲပြု ၍ “ထေရိက”၊ နောက် မထေရ် အစဉ် အဆက် တို့ ထိန်း သိမ်း ခဲ့သော ဗုဒ္ဓ အယူ ဝါဒ အနေ အားဖြင့် “ထေရ ဝါဒ သာသနာ” အဖြစ် အမည် တွင် ခဲ့ပါသည်။

ဒုတိယ သင်္ဂါယနာ -

( BC - 443 / B.E - 100 ) သာသနာနှစ် ( ၁၀၀ ) အရောက် မှာ ဝေသာလီ မြို့၊ ဝါဠုကာရုံ ကျောင်း မှာ ဒုတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် သည် အရှင် ယသ ဖြစ် ပါသည်။ အရှင် သဗ္ဗမိ မထေရ် နှင့် အရှင် ရေဝတ မထေရ် တို့က အဓိက တာဝန် ယူ ကာ ပိဋကတ် တော် များ ကို ရွတ်ဆို ကြပါ သည်။ အဖွဲ့ ဝင် သံဃာတော် ( ၇၀၀ ) ဖြစ်ပါ သည်။ ( ၈ ) လ ကြာပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ကာလာ သောက မင်း ဖြစ်ပါသည်။

တတိယ သင်္ဂါယနာ -

( BC - 249 / B.E - 300 ) သာသနာ နှစ် ( ၃၀၀ ) အရောက် မှာ ပါဋလိ ပုတ် မြို့တော်၊ အသော ကာ ရုံ ကျောင်း ၌ ၏ တတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် ဖြစ်၍ အရှင် မဟာ ကဿပ မထေရ် နှင့် ကာကဏ္ဍ ၏ သားဖြစ် သော အရှင် ယသ မထေရ် တို့က အဓိက တာဝန် ယူ ဆောင်ရွက် ပါသည်။ အဖွဲ့ဝင် သံဃာတော် အရေ အတွက် မှာ ( ၁၀၀၀ ) ဖြစ်ပါ သည်။ ဤ သံင်္ဂါ ယနာ တင်ပွဲ ၌ ဝိနည်း ရေးရာ များ ကို အဓိက ထားကာ ဆွေးနွေး ခြင်း ပြုလုပ် ကြပါသည်။ အထောက် အပံ့ မင်း မှာ အသောက မင်းကြီး ဖြစ်ပါ သည်။ ဤ တတိယ သင်္ဂါ ယနာ သည် ( ၉ ) လ ကြာပါ သည်။

တတိယ သင်္ဂါ ယနာ တင်ပြီး ချိန် ကစပြီး ( ၉ ) တိုင်း ( ၉ ) ဌာန တို့သို့ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် နှင့် အသောက မင်းကြီး တို့ တာဝန် ယူ ကာ သာသနာ ပြု စေလွှတ် တော်မူ ပါသည်။

( ၉ ) တိုင်း ( ၉ ) ဌာနနှင့် သာသနာပြု မထေရ် များ -

၁။ ကသ္မီရ နှင့် ဂန္ဓာရ အရပ် = အရှင် မဇ္ဈန္တိက မထေရ် ဦးဆောင် ကာ ကြွ။
၂။ မဟိံသက အရပ် = အရှင် မဟာ ဒေ၀ မထေရ် ဦးဆောင် ကာ ကြွ။
၃။ ဝနဝါသိ အရပ်= အရှင် ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၄။ အပရန ္တအရပ် = အရှင် ယောနက ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၅။ မဟာရဋ္ဌ အရပ် = အရှင် မဟာ ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၆။ ယောနက အရပ် = အရှင် မဟာ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၇။ ဟိမဝန ္တာ အရပ် = အရှင် မဇ္ဈိမ မထေရ် ဦးဆောင် ကာ ကြွ။
၈။ သုဝဏ္ဏဘူမိ အရပ် = အရှင် သောဏ မထေရ် နှင့် အရှင် ဥတ္တရ မထေရ် တို့ ဦးဆောင် ကာ ကြွ။
၉။ တမ္ဗပဏ္ဏိ ( သီဟိုဠ် ) အရပ် = အရှင် မဟိန္ဒ မထေရ် ဦးဆောင် ကာ ကြွ။

စတုတ္ထ သင်္ဂါယနာ -

( B.C 94 / B.E 450 ) သာသနာ တော် သက္ကရဇ် ( ၄၅၀ ) အရောက် တွင် သီဟိုဠ်၊ မလယ ဇနပုဒ်၊ အာလောက လှိုဏ် တွင် စတုတ္ထ သင်္ဂါ ယနာ တင်ပါ သည်။ ဦးဆောင် ဆရာတော် မှာ မဟာ ဓမ္မ ရက္ခိတ မထေရ် ဖြစ်၍ အဖွဲ့ဝင် ဆရာတော် အရေ အတွက် သည် ( ၅၀၀ ) ဖြစ် ပါသည်။ ( ၁ ) နှစ် အချိန် ယူ ကာ သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ဝဋ္ဋ ဂါမဏိ မင်း ဖြစ် ပါ သည်။ ဤ စတုတ္ထ သင်္ဂါ ယနာ တွင် ပိဋကတ် တော် များ ကို ပေရွက် တွင် အက္ခရာ ရေးခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။

နိုင်ငံများ နှင့် ဗုဒ္ဓ သာသနာ ရောက်ရှိ ပုံ -

ဗုဒ္ဓ ဘာသာ နဲ့ မြန်မာ နိုင်ငံ -
မြန်မာ နိုင်ငံ မှာ 3rd Century A.D - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နဲ့ တရုတ် နိုင်ငံ -
တရုတ် နိုင်ငံ မှာ 1st Century A.D - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နဲ့ ဗီယက်နမ် နိုင်ငံ -
ဗီယက်နမ် နိုင်ငံ မှာ A.D 189 - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါ သည်။ တရုတ် မှ တဆင့် ရောက်ရှိ ခြင်း ဖြစ်ပါ သည်။

ဗုဒ္ဓ ဘာသာ နှင့် ကိုရီးယား နိုင်ငံ -
ကိုရီးယား နိုင်ငံ မှာ A.D 372 - နှစ် တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓဘာသာ နှင့် ဂျပန် နိုင်ငံ -
ဂျပန် နိုင်ငံ သို့ A.D ၅၅၂၊ သာသနာ တော်နှစ် - ၁၀၉၅ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ကမ္ဘောဒီယား နိုင်ငံ -
ကမ္ဘောဒီးယား နိုင်ငံ သို့ A.D - ၅ - ရာစု တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ထိုင်း နိုင်ငံ -
ထိုင်း နိုင်ငံ သို့ A.D - ၆ - ရာစု၊ သာသနာ တော်နှစ် - ၁၃၀၀ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် အင်ဒိုနီးရှား နိုင်ငံ -
အင်ဒိုနီးရှား နိုင်ငံ သို့ A.D - ၆ - ရာစု တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် တိဗက် နိုင်ငံ-
တိဗက် နိုင်ငံ သို့ A.D - ၇ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

ဗုဒ္ဓ ဘာသာ နှင့် ရုရှား နိုင်ငံ-
ရုရှား နိုင်ငံ သို့ A.D - ၁၇ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။

အိန္ဒိယ နိုင်ငံ နှင့် ဗုဒ္ဓ သာသနာ -
အိန္ဒိယ နိုင်ငံ တွင် A.D - ၆ - ရာစု လောက်က စပြီး ဗုဒ္ဓ သာသနာ တဖြေးဖြေး ကွယ်ပျောက် သွားခဲ့ ပါသည်။

မြန်မာ နိုင်ငံ ပုဂံ ဗုဒ္ဓ သာသနာ -
မြန်မာ နိုင်ငံ ပုဂံ သို့ A.D - ၁၁ - ရာစု လောက်တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။ အရှင် အရဟံ နှင့် အနော်ရထာ မင်းကြီး တို့ ဦးစီး ကာ မြန်မာ ပြည် ဗုဒ္ဓ သာသနာ ပိုမို စည်ပင် ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ကြ ပါသည်။

ပဉ္စမ သင်္ဂါယနာ -

A.D - ၁၈၇၁ / ဗုဒ္ဓ သာသနာ တော် နှစ် -၂၄၁၅ -ခု / မြန်မာ သက္ကရစ် - ၁၂၃၂ -ခုနှစ်၊ တန်ဆောင် မုန်း လ တွင် မြန်မာ နိုင်ငံ၊ မန္တလေး တောင်ခြေ တွင် ပဉ္စမ သင်္ဂါယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ မန္တလေး၊ ဒက္ခိဏာ ရာမ ကျောင်းတိုက် ဆရာတော် အရှင် ဇာဂရာ ဘိဝံသ မထေရ် ဖြစ်၍၊ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ၂၄၀၀ - ဖြစ်ပါ သည်။ အထောက် အပံ့ ဒကာ မှာ မင်းတုန်း မင်း ကြီး ဖြစ်ပါ သည်။ ဤ ပဉ္စမ သင်္ဂါယနာ တွင် ပိဋကတ် တော် များ ကို ကျောက် ထက် အက္ခရာ တင်ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ ကျောက် ချပ် ရေ - ၇၂၉ - ချပ် ရှိပါသည်။ ကျောက် ထက် အက္ခရာ တင်ရာ ၌ ကြာချိန် မှာ ( ၇ ) နှစ်၊ ( ၆ ) လ နှင့် ( ၁၄ ) ရက် ကြာပါ သည်။

ဗုဒ္ဓ သာသနာ တော် အလံ နှင့် သမိုင်း -
A.D - ၁၈၈၀ - ခုနှစ် တွင် ဗုဒ္ဓ သာသနာ့ အလံ ကို အမေရိကန် နိုင်ငံသား စစ်ဗိုလ်ကြီး - Henry Steel Olcott - က စတင် တီထွင် ခဲ့ခြင်း ဖြစ်ပါ သည်။

အင်္ဂလန် နိုင်ငံ ၌ ပထမ ဆုံး သော ဗုဒ္ဓ သာသနာ့ အဖွဲ့အစည်း -
A.D - ၁၈၈၁ - ခုနှစ် တွင် အင်္ဂလန် နိုင်ငံ တွင် - ပါဠိ ကျမ်းစာ အဖွဲ့ အစည်း - ဆိုပြီး ပထမ ဆုံး သော ပိဋကတ် အဖွဲ့ အစည်း အင်္ဂလန် နိုင်ငံ တွင် စတင် ပေါ်ပေါက် ခဲ့ ပါသည်။ တည်ထောင် သူ မှာ - T.W. Rhys Davids - ဖြစ်ပါ သည်။ သူသည် မူရင်း ခရစ်စ် ယာန် ဘာသာ ဝင် ဖြစ် ပါသည်။

ဗုဒ္ဓ ဘာသာ အိန္ဒိယ နိုင်ငံ တွင် ပြန်လည် မွေးဖွား ခြင်း -
A.D - ၁၈၉၁ - ခုနှစ် တွင် သီရိ လင်္ကာ နိုင်ငံ မှ အနာ ဂါရိက ဓမ္မပါလ သူတောင်စင် ကြီး ဦးဆောင် ကာ အိန္ဒိယ နိုင်ငံ၊ ဗုဒ္ဓ ဂယာ မှာ မဟာ ဗောဓိ အဖွဲ့ အစည်း ဆိုပြီး ဗုဒ္ဓ ဘာသာ ပြန်လည် တည်ထောင် ပါ သည်။ A.D - ၁၉၅၆ - ခု တွင် အိန္ဒိယ နိုင်ငံသား Dr. B.R Ambedkar - ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ သာသနာ ပိုမို ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ပါ သည်။ ၁၉၅၆ - ခု၊ အောက်တိုဘာ - ၁၄ - ရက် တွင် အိန္ဒိယ နိုင်ငံ သား ( ၁ ) သန်း ခန့် ဗုဒ္ဓဘာသာ အဖြစ် သို့ ကူးပြောင်း ကြ ပါသည်။

ဆဋ္ဌ သင်္ဂါယနာ -

A.D ၁၉၅၄ - ၅၆ / ဗုဒ္ဓ သာသနာ တော် နှစ် ၂၄၉၈ - ခု၊ မြန်မာ သက္ကရဇ် ၁၃၁၆ - ခု၊ ကဆုန် လပြည့် နေ့ တွင် မြန်မာ နိုင်ငံ၊ ရန်ကုန် မြို့၊ ကမ္ဘာ အေး၊ မဟာ ပါသာဏ လှိုဏ်ဂူ ၌ ဆဋ္ဌ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ ညောင်ရမ်း ဆရာတော် အရှင် ရေဝတ မထေရ် ဖြစ်၍၊ အဓိက တာဝန် ယူ ရွတ်ဖတ် သရဇ္ဈာယ် သော မထေရ် များ မှာ မဟာစည် ဆရာတော် နှင့် မင်းကွန်း ဆရာတော် တို့ ဖြစ် ပါသည်။ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ထေရဝါဒ ( ၅ )နိုင်ငံ ( သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား ) တို့မှ ( ၂၅၀၀ ) သော မထေရ် တို့ ဖြစ်ပါ သည်။ အခြား သော နိုင်ငံ ( ၂၄ ) နိုင်ငံ တို့မှ လည်း အကူ အညီ များ ပေးကြ ပါသည်။ အထောက် အပံ့ ဒကာ မှာ ဝန်ကြီး ချုပ် ဦးနု နှင့် မြန်မာ ပြည်သူ၊ ပြည်သား များ ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဤ ဆဋ္ဌ သင်္ဂါယနာ တင်ပွဲ မှာ ပါဠိတော် တင် မက အဋ္ဌ ကထာ၊ ဋီကာ များ ကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ် ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခြင်း ဖြစ်ပါ သည်။ )

အိန္ဒိယ နိုင်ငံ နှင့် ဝိပဿနာ -
A.D - ၁၉၆၅ ၊ ဗုဒ္ဓ သာသနာ တော် နှစ် - ၂၅၁၂ - ခုနှစ် တွင် ဆရာကြီး ဦး ဂိုအင်ကာ ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ ဘာသာ ဝိပဿနာ တရား ပြန်လည် အမြစ် တွယ်အောင် လုပ်ဆောင် ပါသည်။

ပထမ ဆုံးသော ဗုဒ္ဓ ဘာသာ ဝက်ဘ်ဆိုက် -
A.D - ၁၉၉၈ - မေလ တွင် Nibbana.com - ဟူသော ပထမ ဆုံး ဗုဒ္ဓဘာသာ ဝက်ဘ်ဆိုက် ကို အင်္ဂလန် နိုင်ငံ ကနေ ဖန်တီး နိုင်ခဲ့ ပါသည်။

အာဖဂန်နစ္စတန် မှ ( Bamiyan ) ဗမီယန် ဗုဒ္ဓ ဆင်းတု တော် -
A.D - ၂၀၀၁၊ မတ်လ တွင် အာဖဂန်နစ္စတန် မှ ကမ္ဘာ့ အံဖွယ် ရပ်တော်မူ ဗုဒ္ဓ ဆင်းတု တော် အား တာလီဘန် တို့ ၏ ဖျက်ဆီး ခြင်း ကို ခံခဲ့ ရပါ သည်။

မှာ ပါရစေ ။ ။ အထက် ပါ ဗုဒ္ဓဝင် ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း သည် " မေမေ့ လပြည့်ဝန်း လေး " စုစည်း ထားသော ဗုဒ္ဓ ဘာသာ နဲ့ ပတ်သက် တဲ့ အချက် အလက် များ ကို တင်ပြ ခြင်း ဖြစ်ပါသည်။ တချို့ နေရာ များ မှာ မူကွဲ စသည် အားဖြင့် ကွဲလွဲ နေခြင်း ရှိကောင်း ရှိနိုင် ပါသည်။ အခု " မေမေ့ လပြည့်ဝန်း လေး " တင်ပြ တဲ့ မူ သည် ထေရ ဝါဒ မထေရ် များ လက်ခံ ထားသော ဘီစီ၊ အေဒီ နှစ် များ ဖြစ် ပါ သည်။

U Thar Myat ( ဦး သာမြတ် )a

နန္းေတာ္ျမိဳ႕ရိုးမ်ားေအာက္က အမွန္တရား (သို႔) လူစေတးျခင္း ။


ျမိဳ႕ရိုး ၊ ျမိဳ႕တံခါးေတြမွာ ဖုတ္ျပိတၱာျဖစ္ျပီး ေစာင့္ဖို႕အတြက္ လူ
အရွင္လတ္လတ္ကို ေျမတြင္းတူးျမႈပ္ ၊ အေပၚကတံခါးတိုင္စိုက္
ဆိုတာမ်ိဳးေတြ လုပ္ေလ႔ရွိတယ္ ဆိုတာကို အဂၤလိပ္လက္ထက္
ေက်ာက္စာဌာန၏ ေက်ာက္စာဝန္ ျဖစ္တဲ႔ခ်ားလ္ဒူရိြဳင္ဆယ္ေရး
တဲ႔ မႏၱေလးနန္းေတာ္လမ္းညႊန္ၾကား စာအုပ္မွာ အတိအလင္း
အက်ယ္တဝင့္ထည့္ေရးသြားတာ ေတြ႔ရပါတယ္ ။ (၁၉၂၅မွာေရး)
ျမန္မာနိုင္ငံတြင္ အလြန္တရာ မႏွစ္ျမိဳ႕ဖြယ္ေကာင္းေသအေလ႔
တစ္ခုရွိပါသည္ ။ ျမိဳ႕ေတာ္အသစ္တည္ေသာအခါ ျမိဳ႕အဝင္တံ
ခါတစ္ခုစီ၏ အနီးတြင္လည္းေကာင္း ၊ ျမိဳ႕ရိုးေထာင့္တစ္ခုစီ၏
အနီးတြင္ လည္းေကာင္း ကၽြန္းတိုင္ၾကီး တစ္တိုင္ကို - စိုက္ထူ
ေသာအခါ အမ်ိဳးသားတစ္ဦး သို႔မဟုတ္ အမ်ိဳးသမီးတစ္ဦး ကို
တိုင္ေအာက္တြင္ ဖိသတ္ လိုက္ရပါသည္ ။ စင္စစ္ အားျဖင့္ ျမိဳ႔
ေတာ္ကို ရန္အေပါင္းမွ ကာကြယ္စိမ္႔ေသာငွာ ျမိဳ႕တည္ခ်ိန္ က
ပင္လူကိုသတ္၍ပူေဇာ္ျခင္းအမႈသည္ကား ျမန္မာတစ္မ်ိဳးတည္း
သာ ထူးထူးျခားျခား လုပ္ေလ႔ရွိသည္ ဟု မဆိုသာပါေခ် ။ ေရွး
အခါမ်ားက ဥေရာပပါမက်န္ ယင္းသို႔ ျပဳလုပ္တတ္သည္ ဆိုရ
မည္ျဖစ္သည္ ။ ဤသို႔ ျပဳမူျခင္းလည္း ဗုဒၶ - တရားေတာ္၏ ဆို
ဆံုးမျခင္းနွင့္ လြန္မင္းစြာ ဆန္႔က်င္ေနသည္ဟု တစ္ဖက္၌ေျပာ
ဖြယ္ ရွိေသာ္လည္း ဗုဒၶသာသနာ မထြန္းကားမီက -မူလေရွးရိုး
ယံုၾကည္ကိုးကြယ္မႈ အေလ႔ -အလာတို႔နွင့္ကား ညီညြတ္လ်က္
ရွိေနပါသည္ဟု အျခား -တစ္ဖက္၌ ေျပာဆိုနိုင္သည့္ျပင္ မိရိုးဖ
လာ နတ္ကိုးျခင္း -အမႈသည္ အိႏၵိယ ဇာတိျဖစ္ေသာ ရွင္ေတာ္
ျမတ္၏ အဆံုး -အမ ေၾကာင့္ လူသတၱဝါတို႔ နူးညံ့ -ေပ်ာ့ေျပာင္း
သည္ မွန္ေသာ္လည္း မျပတ္ -စြဲျမဲလ်က္ပင္ ရွိေနေသးေၾကာင္း
ေတြ႕ရပါသည္ ။

အလားတူနိုင္ငံမ်ား၌ေတြ႕ရေသာနည္းမ်ိဳးပင္ျမန္မာနိုင္ငံ၌လည္း
ဗုဒၶသာသနာကနတ္ကိုးျခင္းကိုလံုးဝပေပ်ာက္တိမ္ေကာေအာင္မ
ေခ်မႈန္းနိုင္သျဖင့္ အျပန္အလွန္ အႏၱရာယ္မျပဳစတမ္း ဝန္ခံလ်က္
ျငိမ္းခ်မ္းစြာအတူတကြပြားစည္းေနသည္ကိုပင္အံ႔ၾသစြာေတြ႕ရပါ
သည္ ။ အျခားေမာင္ဂိုအႏြယ္ဝင္စသည္တို႕နည္းတူျမန္မာတို႔ ယံု
ၾကည္သည္မွာ အသတ္အျဖတ္ခံရျခင္းေသာ အေသဆိုးနဲ႕ေသသူ
တိုင္းသည္နတ္စိမ္းျဖစ္၍ ေသရာအရပ္တြင္စြဲလမ္းကာမျပတ္ရွိေန
တတ္လ်က္အဆိုပါနတ္စိမ္းတို႔သည္ သူတို႔စဲြလမ္းရာအရပ္ကို မည္
သူမွ်ထိပါးေနွာက္ယွက္ လာသည္ကိုသည္းမခံ ၊ ေနွာက္ယွက္ဝံ႔သူ
ကိုေသေလာက္ေအာင္အၾကီးအက်ယ္ဖမ္းစားတတ္သည္။ယင္းအ
ခ်က္ေၾကာင့္ျမိဳ႕ေတာ္ကိုေစာ္ကားမည့္ရန္သူေပၚလာလွ်င္တြန္းလွန္ ျဖိဳဖ်က္ရန္လံုေလာက္ေသာနည္းမ်ိဳးစံုတြင္ဤနည္းလမ္းသည္လည္း
လက္ခံနိုင္ဖြယ္ ရွိသည္ဟုစြဲမွတ္လ်က္ တံခါးဝနွင့္ျမိဳ႕ေထာင့္တို႔တြင္
ျမွပ္နွံျခင္း ျပဳသည့္ အေလ႔စေပၚဟန္ရွိသည္ ။ ေနာင္အခါ ခံျမိဳ႕တို႔
သည္သာမက ၾကီးက်ယ္ေသာနန္းေတာ္ကဲ႔သို႕အေဆာက္အအံုျပဳ
တိုင္းအေျခခံအုတ္ျမစ္တြင္လူတစ္ဦး သို႔မဟုတ္အမ်ားကိုပင္ထည့္
သြင္းျမႈပ္နွံလာၾကမည္ျဖစ္ပါသည္ ။

ယင္းသို႔ျမႈပ္နွံရန္အေကာင္းဆံုး ေနရာတို႔ကား ရန္သူက အႏၱရာယ္
ျပဳမည္ဆိုလွ်င္ လြယ္ကူမည့္ အဝင္ - အထြက္ တံခါးေနရာနွင့္ ျမိဳ႕
ေထာင့္ေနရာမ်ား ျဖစ္ပါသည္ ။ယဇ္ ပူေဇာ္ျခင္းသေဘာ သက္ဝင္
ေသာအဆိုပါလူသတ္မႈမ်ိဳးကိုက်ဴးလြန္ၾကသည့္ အခါ၌အထူးစက္
ဆုပ္ဖြယ္ရွိသာ အေၾကာင္းမွာ ကိုယ္ဝန္အရင္႔အမာရွိသည့္ အမ်ိဳး
သမီးကိုအသံုးျပဳရန္မ်ားစြာလိုလားျခင္းပင္ ျဖစ္ပါသည္ ။ ကိုယ္ဝန္
ရင္႔ေလ သေဘာက်ေလျဖစ္၏ ။ ခဲတစ္လံုးပစ္ရံုနွင္႔ငွက္နွစ္ေကာင္
ရသည္ဟူေသာပမာစကားကိုတင္စား၍သံုးရလွ်င္ကိုယ္ဝန္ေဆာင္
တစ္ဦးမွ်ကို ပူေဇာ္မႈေၾကာင့္ အမ်ားအက်ိဳးအတြက္ ကာကြယ္ေရး
ဖို႕နတ္စိမ္းနွစ္ပါးရသည္ မဟုတ္တံုေလာဟု ဆင္ျခင္ရန္ရွိပါသည္။

အဆိုပါထိတ္လန္႔ဖြယ္ရွိေသာပူေဇာ္ပြဲမ်ိဳးကို ၾကိဳတင္စီမံထားေလ႔
ရွိၾကပါသည္ ။ အိႏၵိယအမ်ိဳးသား သို႔မဟုတ္ မ်ားေသာအားျဖင့္ မ
ဏိပူရပုဏၰားျဖစ္ေလ႔ရွိေသာနန္းတြင္းအခါေပး ပညာရွိကဤအမႈ
ကိုေဆာင္ရြက္ရန္အေကာင္းဆံုးနာရီကိုတြက္ခ်က္၍ေပးရပါသည္
မည္သို႔ေသာ ပုဂၢိဳလ္ကိုရလွ်င္ အသင့္ဆံုးျဖစ္နည္း ဟူ၍လည္း အ
ညႊန္းေပးရပါသည္ ။ သို႔ေသာ္အညႊန္းအရ ရွာရန္ခက္ခဲလွသည္ မ
ဟုတ္ပါ ။ အဘယ္႔ေၾကာင့္ဆိုေသာ္ လက္လုပ္ လက္စား သာမာန္
အရပ္သားထဲမွ မည္သူနွင့္မဆို တိုက္ဆိုင္သည့္ အခ်က္ အလက္
တစ္ခုခုကိုညႊန္း၍ လူရွာခိုင္းျခင္း ျဖစ္ရကား မည္သူနွင့္မဆို တိုက္
ဆိုင္ေလာက္သည့္ အခ်က္အလက္ တစ္ခုခုကို ညႊန္း၍ လူရွာခိုင္း
ျခင္းျဖစ္ရကား မည္သူမဆို ျဖဳန္းကနဲဆြဲငင္၍ ေသမင္းနိုင္ငံသို႕အ
ပို႔ခံရနိုင္ဖြယ္ရွိပါသည္ ။ ဘုရားသမိုင္း နတ္သမိုင္းတို႔တြင္ဖတ္ရျမဲ
ေတြ႕ရျမဲျဖစ္ေသာ အညႊန္းမွာ မည္သည့္ေန႔ မည္သည့္အခ်ိန္မည္
သည့္အရပ္မွ မည္သည့္အရာ ကိုင္၍ ေရွ႕ရႈသြားေနသူ ေယာက်ာၤး
သို႔မဟုတ္ ကိုယ္ဝန္ေဆာင္ မိန္းမကို ဖမ္း၍စေတးပါဟု ညႊန္ၾကား
ေၾကာင္းေတြ႕ရပါသည္ ။

ျမိဳ႕သစ္တည္ျခင္းနန္းသစ္ေဆာက္ျခင္းစေသာအမႈတို႔၌ ျမန္မာတို႔
သည္ထံုးစံရွိသည့္အတိုင္း လိုက္နာရန္ မ်ားစြာလိုလားေၾကာင္း အ
ထက္ကေဖာ္ျပခဲ႔သည့္ အတိုင္း မႏၱေလးကိုတည္စဥ္အခါကလည္း
ျမိဳ႕သစ္လံုျခံဳေရးအတြက္ ေရွးထံုးရွိသည့္အတိုင္းလိုက္နာက်င့္သံုး
မည္ဟုမုခ်ေမွ်ာ္လင္႔ထားနိုင္ပါသည္ ။ ထို႔ေၾကာင္႔ဗုဒၶဘာသာကိုအ
ထူးအေလးထားသည့္ မင္းလက္ထက္ ၊ ဆရာေတာ္ၾကီးမ်ားနွင့္ဝန္
ၾကီးမွဴးၾကီး ပညာရွိတို႔က ဗုဒၶအဆံုးအမနွင့္တိုက္ဆိုင္ပါလွ်င္အထူး
ရႈံခ်ဖြယ္ ထိုအမႈမ်ိဳးကို မလုပ္ေစရပါဟု အျပင္းအထန္ ျငင္းဆိုလင့္
ကစား ေရွးထံုးမပ်က္ အဆိုပါပုဂၢိဳလ္ၾကီးမ်ားမသိလိုက္ဟုဆိုမွ မွန္
ေခ်မည္ ။ အဘယ့္ေၾကာင့္ဆိုေသာ္ ကုလားေကာ တရုတ္ပါ လိုက္
နာသည့္ဆိုးဝါးေသာ ယံုၾကည္မႈဓေလ႔ကို လုပ္ေဆာင္ရန္နန္းတြင္း
အခါေပးပေရာဟိတ္ျဖစ္သည့္ မဏိပူရပုဏၰားတို႔ရွိပါသည္ ။ လက္
ဖတင္နင္ဂ်င္နရယ္ဖိုက္ခ်္သည္ ယခင္နွင့္ယခု ျမန္မာနိုင္ငံ အမည္
ရွိေသာစာအုပ္ကို ေရးေသာအခါ ျမိဳ႕တံခါး ဆယ္႔နွစ္ရပ္မွာ လူတစ္
ဆယ္႔နွစ္ေယာက္ကိုဖမ္းျပီးၾကိဳးခ်ည္လ်က္ ဖိသတ္သည္ဟုအေသ
အခ်ာ ေရးသားပါတယ္ ။

သို႔ေသာ္ အရပ္စကားအမ်ား မွတ္သားမိ သည္ကေတာ့ မႏၱေလး
တည္စဥ္အခါကယဇ္ပူေဇာ္ခံရသူ အေရအတြက္ဟာထိုမွ်မကမ်ား
စြာပိုပါတယ္ ။ အစုစု က်ား၊မၾကီးငယ္ငါးဆယ္႔နွစ္ေယာက္ရွိသည္။

ျမိဳ႕တံခါးတစ္ဆယ့္နွစ္ရပ္၌ တံခါးတစ္ေပါက္လွ်င္ လူသံုးေယာက္
နႈန္း = ၃၆ေယာက္။
ျမိဳ႕ရိုးေလးေထာင္႔၌ တစ္ေထာင့္လွ်င္တစ္ေယာက္နႈန္း = ၄
ေယာက္ ။
နန္းေတာ္သစ္တပ္ေထာင့္ေလးေထာင့္၌တစ္ေထာင့္တစ္ေယာက္
နႈန္း = ၄ေယာက္။
နန္းေတာ္အဝင္ေပါက္ေလး၌တစ္ေပါက္တစ္ေယာက္နႈန္း = ၄
ေယာက္ ။
သီဟာသနပလႅင္ေအာက္၌ = ၄ေယာက္ ။
စုစုေပါင္း ၅၂ေယာက္ တို႔ျဖစ္ပါတယ္ ။

ျမန္မာတိုင္းရင္းသားမ်ား ေရးသားျပဳစုတဲ႔ ရာဇဝင္က်မ္း ေတြမွာ
ဤေၾကာက္မက္ဖြယ္ ေကာင္းသည့္ ကိစၥကိုထည့္သြင္းေရးသား
ၾကမည္မဟုတ္ေခ် ။ လူေတြနဲ႔အတူ ျမိဳ႕ေထာင့္ေတြမွာ ဆီထည့္
ထား စဥ္႔အိုးၾကီးေတြ ကို အထိအခိုက္ မရွိရေအာင္ သတိၾကီးစြာ
ထားလ်က္ ျမွပ္နွံၾကပါေသးတယ္ ။ ဆီကိုျမွပ္ရတဲ႔ အေၾကာင္းက
ေတာ့ အေစာင္႔( နတ္စိမ္း ) သည္ မျပတ္အျမဲ ဆက္လက္ေစာင္႔
ေရွာက္ေစရန္ ေသခ်ာေအာင္စီရင္ျခင္းျဖစ္သည္ ။ ေစာင့္ေရွာက္
ေလ်ာ့နည္းျခင္း ၊ သို႔မဟုတ္ လံုးဝေစာင္႔ေရွာက္ျခင္းမျပဳ ဟုေသ
ခ်ာလွ်င္ လူသစ္အစားထိုး ရန္လိုပါမည္ ။ဆီမခန္းေျခာက္သေရြ႕
ေစာင္႔ေရွာက္ျခင္း မျပတ္ဟု ယံုၾကည္လက္ခံထားပါသည္ ။

(ေအာက္ေျခမွတ္ခ်က္မွာဒီစကားေတြဟာ အမ်ားေျပာျဖစ္လို႔ဘယ္
ေလာက္အထိမွန္တယ္ဆိုတာ ေျပာဖို႔ခဲယဥ္းပါတယ္ လို႔ေတာ့ေရး
သြားပါတယ္ ။ လူစေတးတဲ႔ အေလ႔ဟာ တစ္ခါတုန္းကအင္မတန္
ပ်ံ႕ႏွံ႔ခဲ႔တဲ႔အေလ႔တစ္ခုျဖစ္ျပီး ငါးရာ့ငါးဆယ္ဇာတ္ေတာ္ေတြထဲမွာ
ေတာင္ ဒီအေလ႔အေၾကာင္း ပါတာေတြ႕ရပါတယ္ ။ ထည့္သြင္းရ
တဲ႔အေၾကာင္းကေတာ့ ၎အေလ႔ဟာ စက္ဆုတ္ရြံရွာဖြယ္အေလ့
အျဖစ္ လူအမ်ား ေရွာင္က်ဥ္နိုင္ေအာင္ ပညာေပးျခင္းသာ ျဖစ္ပါ
တယ္ ။)

အဂၤလိပ္လက္ထက္ ျမန္မာဘုရင့္ဝန္ထမ္းေတြကို “လူစေတး”သ
လားလို႔ေမးတဲ႔အခါ ခါးခါးသီးသီးပင္ မဟုတ္မွန္ေၾကာင္း ျငင္းဆို
ေလ႔ရွိၾကေပမယ္႔ အရပ္ကေတာ့ မွတ္မိေနၾကပါတယ္ ။ ရာဇဝင္
စာအုပ္ေတြထဲ ပါျမဲပါေနၾကပါတယ္ ။ မနုက်ယ္ဓမၼသတ္မွာေတာင္
ျမီခန္းမွာ ျမိဳ႕စေတးခံရမည့္သူကို အေၾကြးမေတာင္းရလို႔ ပါဝင္ေန
ျခင္းဟာ အေျဖျဖစ္ေနပါတယ္ ။ ဒီလိုစေတးတာဟာ ကာကြယ္ေရး
သေဘာ အမ်ားၾကီး ပါလို႔ အစဥ္အလာ လုပ္ျမဲ ၊ ရွိျမဲ ၊ လုပ္လိုစိတ္
ေၾကာင့္သာ ထံုးစံ - ဓေလ႔အတိုင္း လုပ္သည္လို႔ သတ္မွတ္ လို႔ရပါ
တယ္ ။ ထို႔ျပင္ ျမိဳ႕ရိုး ၊ ျမိဳ႕တံခါး၌ စေတးျခင္းခံရသူတို႔က အမွန္တ
ကယ္ အရာေရာက္ေအာင္ ေစာင့္ေရွာက္နိုင္ပါ လိမ္႔မည္ဟု ကိုးစား
စိတ္ မည္မွ်ၾကီးက်ယ္သည္ ကိုလည္း ေတြ႕နိုင္ ပါတယ္ ။ တကယ္
ေတာ့ျဖင့္ဤမႏၱေလးနန္းျမိဳ႕ေတာ္တည္ေဆာက္ပံုမွာတည္ေဆာက္
ခဲ႔တဲ႔အခ်ိန္ကာလအရ အမွန္တကယ္ ရွိသင့္ရွိထိုက္ေသာ ကာကြယ္
ေရးစံနႈန္း မျပည့္မီ ပါေခ် ။ ဓါးလွံ ေလးျမား မွ်သာ ကိုင္စြဲလာေသာ
ရန္သူကိုသာ ကာကြယ္နိုင္သည့္ အေနအထားျဖစ္ေနသည္ ။ အဂၤ
လိပ္တို႔နွင့္နွစ္ၾကိမ္တိုင္တိုင္ စစ္ပြဲၾကီးဆင္ႏႊဲျပီးျပီျဖစ္ေသာ အဂၤလိပ္
တို႔၏ အေျမာက္လက္နက္မ်ား၏ အရသာကို ျမည္းစမ္း ၾကည့္ျပၤီးျပီ
ျဖစ္ေသာ ျမန္မာတို႔၏ နန္းေတာ္ျမိဳ႕ရိုးတည္ေဆာက္ပံုသည္ ေရွးရိုး
စြဲဟန္သာမ်ားလ်က္ အင္မတန္ေခတ္ေနာက္က်ေနသည္ပဲ မဟုတ္
ပါလား ။

မည္သို႔ဆိုေစ ဤခိုင္မာေသာ စြတ္စြဲခ်က္မ်ားကို ေခ်ဖ်က္လိုပါက
ျမိဳ႕ရိုးေထာင့္တိုင္းကို တူးၾကည့္၍ စံုစမ္းသင့္ေပသည္ ။ မႏၱေလး
ေရႊ နန္းေတာ္ၾကီးကို တူးၾကည့္ သင့္သလို အမရပူရ ၊ အင္းဝ ၊ ေရႊ
ဘို နန္းေတာ္ရာျမိဳ႕ရိုးမ်ားကိုလည္း တူးေဖာ္ၾကည့္သင့္ပါသည္ ။

Credit မူရင္း
စာကိုး ။ ။ နယ္လွဲ႔ရာဇဝင္ ေဒါက္တာသန္းထြန္း ။
#Min Gyi facebook မွကူးယူေဖာ္ျပပါသည္။




မႈိႀကိဳက္တတ္ရင္ ဒါေလးေတာ့ဖတ္လိုက္ပါ။


ေစ်းမ်ားတြင္ မႈိမ်ားလႈိင္လႈိင္ထေနသည္။
မႈိႀကိဳက္တတ္ရင္ ဒါေလးေတာ့ဖတ္လိုက္ပါ။
×××××××××××××

#စမ္းသပ္ပုံ
၁။ မႈိမ်ားရရွိေသာအခါ အရုိးကုိလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္
ေၾကမြသားလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမ်ားသည္ ေၾကမြသြားျခင္းမရွိပါ။

၂။ မႈိေပၚသုိ႕ ဆားအနည္းငယ္ ျဖဴးၾကည့္လိုက္ပါ မည္းသြားလွ်င္ မစားရပါ။
စားေကာင္းေသာမႈိသည္ ဆားထိရုံႏွင့္ မည္းသြားေလ့မရွိပါ။

၃။ မႈိကုိလက္ျဖင့္ ဖ်စ္ၾကည့္လို႔ ေသြးေရာင္ေျပာင္းသြားလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ အေရာင္မေျပာင္းပါ။

၅။ မႈိကုိဓားျဖင့္ျဖတ္ေသာအခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။
စားေကာင္းေသာမႈိမွာ မျပာႏွမ္းပါ။

၆။ မႈိကုိ ဆားရည္တြင္စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ မနက္ပါ။

၇။ အထူးသျဖင့္ ေျချခင္းပါေသာမႈိမ်ားသည္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ ေျချခင္းပါေလ့မရွိပါ။

# မႈိႏွင့္ေရာစပ္မစားေကာင္းေသာ အစာမ်ား

၁။ ၾကက္ဟင္းခါးသီး
၂။ ၾကက္ဥ
၃။ ခံသီး
၄။ ငွက္ေပ်ာသီး
၅။ ႏုိ႕အမ်ဳိးမ်ဳိး
၆။ ေဖာင္စီးကဏန္း
၇။ ယုန္သား စသည္တုိ႕ကုိ ေရာစပ္ေရြ႕မစားရပါ။
မီးဖြားၿပီးစ အမ်ဳိးသမီးမ်ားအေနျဖင့္
"မႈိတစ္ႏွစ္္ မွ်စ္သုံးလ" မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။

# မႈိဟင္းမစားသင့္ေသာ အျခားသူမ်ား

ေျခေအးေရြ႕ အထက္သုိ႕ အခုိးတက္ၿပီးျဖစ္တတ္ေသာ
ႏွာပိတ္၊ နွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကုိက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာေရာဂါရွိသူမ်ားသည္ မစားသင့္ပါ။

# မႈိဆိပ္ေျဖနည္း

မႈိဆိပ္တက္၍ ေတာက္ခဲ့လွ်င္ ထန္းလွ်က္စားေပးပါ။
သံပုရာရည္ကုိ လွ်က္ေပးပါ။
မိုနတုိရြက္စိမ္းရည္ကို တုိက္ေပးပါ။
မရုိးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန္႕ ေသြးေရြ႕တုိက္ပါ။
က်ီးအာျမစ္ကုိ ဆားႏွင့္ေသြး၍ လွ်ာကုိပြတ္ေပးပါ။
အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။
ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြးတုိက္ေပးပါကလည္း
မႈိေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္ႏုိင္သည္။

# မႈိႏွင့္ေဆး၀ါး

၀ါးရုံနက္(သုိ႕မဟုတ္)ၾကခတ္၀ါးရုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္မႈိမ်ားကို ဖ့ဲယူူၿပီး ေရးစင္စြာေဆးေရြ႕ ထန္းလွ်က္သုိ႕မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာအလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကုိ ေကၽြးပါက ၀မ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႕၀မ္းသြားေသာအခါ အေထြးလုိက္ က်ဆင္းပါသည္။ ၀ါးမႈိဆုိရာတြင္ ၾကခတ္၀ါးမႈိက ပုိေဆးဘက္၀င္သည္။ သုိ႕ေသာ္ မႈိကုိ သံထည္ပစည္းတုိ႕ လုံး၀မထိရန္ သတိျပဳရမည္။

#စားေကာင္းေသာမႈိမ်ား

ေကာက္ရုိးမႈိ၊ မႈိႀကက္ေတာင္၊ ငွက္ေပ်ာမႈိ၊ ေတာင္ပုိ႕မႈိ(ေျခတုိ၊ ေျခရွည္)၊
ဖက္ဆြတ္မႈိ(မႈိျဖဴေလး) ၾကက္တူေရြးမႈိ၊ မႈိသားပုိက္၊ မႈိဆန္ကြဲ၊ မႈိေက်ာက္ခဲ၊ မႈိေျခတံရွည္၊
မႈိနီ၊ မႈိျပင္းတြဲ၊ မိႈျဖဴ၊ မႈိအုန္းနက္၊ (မိႈ၏ထိပ္တြင္ နက္ေသာအကြက္ေလးရွိသည္။)၊ ျမက္ၾကားမႈိ၊သေျပမိႈ၊ ေျမပဲမႈိ၊ ၀ါးမႈိ၊ ကုိင္းမႈိ၊ အင္မႈိ၊ ဆင္ေျခသည္းမႈိႏွင့္ သရက္မႈိ(မိႈေျခာက္မ်ားျပဳလုပ္သည္)၊စေသာမႈိမ်ားသည္ စားေကာင္းေသာမႈိမ်ားျဖစ္သည္။

#မစားေကာင္းေသာမႈိမ်ား

ၾကက္ခူမႈိ၊ မႈိကြန္ျခာ၊ ေခြးေလးမႈိ၊ ႏွင့္ ႏြားေျခးမႈိတုိ႕သည္ မစားေကာင္းေသာမႈိမ်ားျဖစ္ၾကသည္။
ထုိ႕အျပင္္ အခ်ဳိ႕မႈိမ်ားမွာ စားေကာင္းေသာမႈိျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။

#Raj Lama
#တကၠသိုလ္ ခြန္Rကာ

Tuesday, June 26, 2018

ရွာမွရွားတဲ႔ ျမန္မာ႔သုခမိန္ (သို႕မဟုတ္) ကြ်မ္းက်င္မႈအတတ္ပညာေပါင္းမ်ားစြာနဲ႔ ေယာမင္းႀကီးဦးဘုိးလႈိင္

 ” ငလႈိင္၊ သည္လွံကုိ ႀကည္႔စမ္း၊ မည္သူကုိင္တဲ႔ လွံတုံး” ဟု မင္းတုန္းမင္းတရားႀကီးက ေမးေလရာ
” အရွင္႔ခမည္းေတာ္ကုိင္ေသာလွံျဖစ္ပါေႀကာင္း” ေယာမင္းႀကီးဦးဘုိးလႈိင္က ေလွ်ာက္သည္။

မင္းတရားႀကီးက “ငါ႔ခမည္းေတာ္ သည္လွံႏွင္႔ မည္သူ႔ကုိ စီရင္သတုန္း” ဟု ဆက္ေမးေတာ္မူရာ
“ကြ်န္ေတာ္မ်ိဳးေက်းဇူးရွင္ အဖကုိ စီရင္ပါေႀကာင္း” ေလွ်ာက္၏။

“သည္လွံေတာ္ႏွင္႔ ေမာင္မင္းစီရင္ျခင္းကုိ ခံလုိသလား” ဟု ေမးေတာ္မူရာ
ေယာမင္းႀကီးဦးဘုိးလႈိင္က “ထုိးေတာ္မူပါဘုရား” ဟု ေျပာကာ ရင္ဘတ္ကုိ ေကာ႔၍ ေပးေလသည္။ မင္းတုန္းမင္းက မထုိးပဲလွံကုိကုိင္၍ အတြင္းေတာ္သုိ႔ ၀င္သြားေသာေႀကာင့္သာ အသက္ခ်မ္းသာရာရခဲ့သည္။

အၿခား ၀န္မင္းမ်ားက တင္းတင္းမာမာမေၿပာသင့္ေႀကာင့္ ေၿပာရာ ဦးဘုိးလႈိင္ၿပန္ေၿပာလုိက္တဲ့စကားက “ကြ်ႏု္ပ္အားလွံၿဖင့္ ထုိး၍ေသရၿခင္းကား ၿမတ္ပါတယ္။ ေနရာတုိင္း မင္းလုိလုိက္မင္းႀကဳိက္ေဆာင္၍ မေကာင္းမႈ ၿဖစ္ပြားလာပါက ႏုိင္ငံေတာ္ပ်က္စီးၿခင္းေရာက္ေလေသာ္ နာမည္ဆုိးျဖင့္ က်န္ရစ္ခဲ့ေသာ္ေသရက်ဳိးမနပ္” ဟူ၍ပင္ၿဖစ္သည္။

အထက္ပါျဖစ္ရပ္ေလးကေတာ႔ မင္းတုန္းမင္းနဲ႔ ေယာမင္းႀကီးဦးဖုိးလႈိင္တုိ႔ ျဖစ္ခဲ႔တဲ႔ ျဖစ္ရပ္ေလးပါ။ ေယာမင္းႀကီးဦးဖုိးလိႈင္အေႀကာင္းဆုိရင္ ကြ်န္ေတာ္တုိ႔ ေႏွာင္းလူေတြဟာ အထက္ပါျဖစ္ရပ္နဲ႔ ကင္း၀န္မင္းႀကီးဦးေကာင္းက ျပင္သစ္ကုိ မုိးေကာင္းပတၱျမားေျမ ေရာင္းခဲ႔တဲ႔ကိစၥ ၀င္ေျဖရွင္းေပးျခင္းတုိ႔ေလာက္သာ သိႀကတာပါ။

တကယ္ေတာ႔ ေယာမင္းႀကီးဦးဘုိးလႈိင္ဟာ တုိင္းျပည္နဲ႔လူမ်ိဳးအတြက္ အလုပ္ေတြအမ်ားႀကီးလုပ္ခဲ႔တဲ႔၊ တုႏႈိင္းမရတဲ႔ သုခမိန္တစ္ေယာက္ျဖစ္ပါတယ္။ ကေနာင္မင္းသားႀကီး ဦးေဆာင္တဲ႔ စက္မႈေခတ္ေျပာင္းေတာ္လွန္ေရးမွာ ကေနာင္မင္းသားဟာ ဦးေဆာင္သူ၊ လက္ေတြ႔သမားျဖစ္ျပီး ေယာမင္းႀကီးဦးဘုိးလိႈင္ကေတာ႔ လက္တြဲလုပ္ကုိင္သူ ရဲေဘာ္ရဲဘက္၊ အႀကံဥာဏ္ေပးသူ သေဘာတရားေရးရာပညာရွင္ျဖစ္ပါတယ္။

ဦးဘုိးလိႈင္ဟာ စက္မႈေခတ္တည္ေထာင္ဖုိ႔သာမက ႏုိင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး စသျဖင္႔ ျမန္မာႏုိင္ငံကုိ အဖက္ဖက္က ေခတ္သစ္ႏုိင္ငံျဖစ္ေစရန္ ႀကိဳးပမ္းအားထုတ္ခဲ႔သူျဖစ္ပါတယ္။ သူကုိယ္တုိင္ဟာလည္း သကၠတ၊ ပါဠိ၊ ျမန္မာစာေပမ်ားအျပင္ အေနာက္တုိင္း၀ိဇၨာ၊သိပၸံပညာရပ္ေတြမွာလည္း ႏွံ႔စပ္စြာ ေလ႔လာလုိက္စားခဲ႔သူျဖစ္ပါတယ္။

ပညာရပ္ေပါင္းမ်ားစြားနဲ႔ သက္ဆုိင္တဲ႔ က်မ္းေပါင္းမ်ားစြာ ျပဳစုခဲ႔သူလည္း ျဖစ္ပါတယ္။ တစ္ေယာက္တည္းနဲ႔ တကၠသုိလ္တစ္ခု တည္ေထာင္ႏုိင္ေလာက္ေအာင္ ပညာရပ္ေပါင္းမ်ားစြာ ေလ႔လာလုိက္စားခဲ႔သူျဖစ္တယ္လုိ႔ ေျပာစမွတ္ျပဳႀကပါတယ္။ ဦးဘုိးလႈိင္ဟာ ပုဂံမင္းကုိ ေတာ္လွန္တဲ႔ မင္းတုန္း၊ကေနာင္ မင္းႏွစ္ပါး အေရးေတာ္ပုံမွာ စတင္ထင္ရွားလာခဲ႔တာ ျဖစ္ပါတယ္။

အေရးေတာ္ပုံေအာင္ျမင္ဖုိ႔အတြက္ မင္းတုန္းမင္းနဲ႔ ေျမာက္ေဆာင္ေတာ္မိဖုရားတုိ႔ရဲ႔ ေမြးစားသားလည္းျဖစ္တဲ႔ ဦးဘုိးလႈိင္ရဲ႔ အႀကံေပးမႈေတြဟာ အေရးပါခဲ႔တာမုိ႔ မင္းတုန္းမင္း နန္းတက္ခ်ိန္မွာ ေယာျမိဳ႔စားမင္းသားအျဖစ္ ခ်ီေျမွာက္ခံခဲ႔ရပါတယ္။ အဲဒီအခ်ိန္တုန္းက ဦးဘုိးလႈိင္အသက္က ၂၃ႏွစ္ပါ။ ေနာက္ပုိင္း ဦးဘုိးလႈိင္ဟာ ေယာကၡမျဖစ္သူ မေကြး၀န္ႀကီး ဦးႀကာဥနဲ႔အတူ ႏုိင္ငံျခားဆက္ဆံေရးကိစၥရပ္ေတြ တာ၀န္ယူေဆာင္ရြက္ခဲ႔ရတာမုိ႔ အသိပညာေတြ ပုိမုိတုိးပြားလာခဲ႔ပါတယ္။

လက္ေတြ႔သမားကေနာင္မင္းသားနဲ႔ အေတြးအေခၚသမားဦးဘိုးလႈိင္တုိ႔ လက္တြဲ အလုပ္လုပ္ႀကစဥ္ အခါတုန္းက ျမန္မာႏုိင္ငံႀကီးရဲ႔ အနာဂတ္ဟာ လင္းလက္ေနခဲ႔ပါတယ္။ ေခတ္သစ္ႏုိင္ငံ တည္ေထာင္ဖုိ႔ရာ အေနာက္ႏုိင္ငံမ်ားထံမွ ပညာသင္ယူဖုိ႔လုိအပ္တာမုိ႔ ကေနာင္မင္းသားနဲ႔ ဦးဘုိးလႈိင္တုိ႔ ဦးစီးျပီး ျပင္သစ္၊ အီတလီ၊ အဂၤလန္ႏုိင္ငံမ်ားဆီ ပညာေတာ္သင္ေတြ ေရြးခ်ယ္ေစလႊတ္ခဲ႔ပါတယ္။

ကေနာင္မင္းသားႀကီးဟာ သူ႔ရဲ႔စီမံကန္းမွာ လက္ေတြ႔လုပ္ငန္းေတြကုိ သူကုိယ္တုိင္ ဦးေဆာင္ လုပ္ကုိင္ျပီး ပညာရပ္ဆုိင္ရာေတြကုိေတာ႔ ဦးဘုိးလႈိင္ကုိ အကူအညီေတာင္းေလ႔ရွိပါတယ္။ ျမန္မာဘာသာ ေႀကးနန္းရုိက္နည္း တီထြင္ႏုိင္ခဲ႔တာကေတာ႔ ဦးဘုိးလႈိင္ရဲ႔ အထင္ရွားဆုံးတီထြင္မႈပါပဲ။ ျမန္မာသင္ပုန္းႀကီးမွ အေျခခံ ဗ်ည္း၊သရနဲ႔သေကၤတ ၆၂မ်ိဳးကုိ စုေပါင္းျပီး ဗ်ည္း၊သရ ၂၅မ်ိဳးသာ အသုံးျပဳထားတဲ႔ ေႀကးနန္းရုိက္နည္းျဖစ္ပါတယ္။

အဲဒီအတြက္ ေရးသားခဲ႔တဲ႔ က်မ္းနာမည္ကေတာ႔ လိပိဒီပိကာက်မ္းျဖစ္ပါတယ္။ ဦးဘုိးလႈိင္ရဲ႔ တီထြင္နုိင္တဲ႔ ဥာဏ္ပညာကုိ အေနာက္ႏုိင္ငံသားေတြက ခ်ီးက်ဴးခဲ႔ႀကပါတယ္။ ဒါ႔အျပင္ ဦးဘုိးလႈိင္ဟာ လီလာ၀တီက်မ္းကုိ သကၠတဘာသာမွ ျမန္မာဘာသာသုိ႔ ျပန္ဆုိခဲ႔ပါတယ္။
လီလာ၀တီက်မ္းဟာ သခ်ၤာဘာသာရပ္နဲ႔ ပတ္သက္တာျဖစ္ျပီး အမ်ိဳးမိ်ဳးေသာ သခ်ၤာတြက္နည္းမ်ားကုိ ေရးသားထားတာပါ။

စက္မႈလုပ္ငန္းေတြ ထြန္းကားလာဖုိ႔ လုိလားတဲ႔ ဦးဘုိးလႈိင္ဟာ ႏုိင္ငံျခားျပန္တပည္႔ေတြအကူအညီနဲ႔ ေခတ္မီသိပၸံပညာရပ္ေတြကုိ ျမန္မာဘာသာျပန္ဆုိဖို႔ ႀကိဳးစားခဲ႔ပါတယ္။ ပထမဆုံး ေပၚထြက္လာတဲ႔ က်မ္းကေတာ႔ ေလာကဓာတ္ေဆးက်မ္းႀကီးပါ။ ဖန္ခ်က္၀န္ဦးေရႊအိုးအကူအညီနဲ႔ ျပင္သစ္ဘာသာ ကေန ျပန္ဆုိထားတဲ႔ အဲဒီက်မ္းႀကီးဟာ အေနာက္တုိင္း ဓာတုေဗဒ ပညာရပ္အေႀကာင္း ျပည္႔စုံစြာ ေရးသားထားတာျဖစ္ပါတယ္။
ဦးဘုိးလႈိင္လွဴဒါန္းခဲ့ေသာ အုတ္ေက်ာင္း

ဦးဘုိးလႈိင္ဟာ ေခတ္သစ္ပညာရပ္ေတြ ေရးသားေနခ်ိန္မွာပဲ ေရွးေဟာင္းပညာရပ္ေတြကုိလည္း ျပန္လည္ေဖာ္ထုတ္ေရးသားေနခဲ႔ပါတယ္။ အဲဒါေတြကေတာ႔ အႆေဗဒက်မ္း (ျမင္းတုိ႔၏ ႀကန္အင္လကၡဏာအေႀကာင္း)နဲ႔ သဒၵသဂၤဟက်မ္း (ဘာသာေရးႏွင္႔ သက္ဆုိင္ေသာက်မ္း)တုိ႔ ျဖစ္ပါတယ္။

ရာထူးမၿမဲတဲ႔ဦးဘုိးလႈိင္ဟာ ကေနာင္မင္းသားလုပ္ႀကံခံရတဲ႔ အေရးအခင္းကာလအတြင္း အမရပူရမွာ အက်ယ္ခ်ဳပ္က်ေနခဲ႔ပါတယ္။ အဲဒီအခ်ိန္အေတာအတြင္းမွာ ဦးဘုိးလႈိင္ဟာ ကမၻာ႔၀ါဒႀကီးေတြျဖစ္တဲ႔ ဟိႏၵဴတုိ႔ရဲ႔ ျဗဟၼာ၀ါဒ၊ အေနာက္တုိင္းမွ GOD၀ါဒ၊ SOUL၀ါဒ၊ ပသီကုလားတုိ႔ရဲ႔ ခုိဒါေခၚ ေလာကဖန္ဆင္းရွင္၀ါဒတုိ႔ကုိ ျမန္မာဗုဒၶဘာသာက်မ္းဂန္ေတြနဲ႔ တုိင္းညွိေ၀ဖန္ထားတဲ႔ ၀ိမုတၱိရသက်မ္းကုိ ေရးခဲ႔ပါတယ္။ အလြယ္ေျပာရရင္ ကမၻာ႔ဘာသာေပါင္းစုံအေႀကာင္း ေရးထားတာပါ။

ရာထူးျပန္ရျပီးတဲ႔ေနာက္မွာ ပခန္းႀကီးျမိဳ႔စားမင္းႀကီးရဲ႔ ေတာင္းပန္ခ်က္အရ မဟာသမတ၀ိနိစၦယစာတမ္းကုိ ေန႔ခ်င္းျပီး ေရးသားစီရင္ပါတယ္။ အေႀကာင္းအရာကေတာ႔ မင္းေကာင္းမင္းျမတ္တုိ႔ က်င္႔သုံးအပ္တဲ႔ တရားေတြအေႀကာင္းပါ။ ေနာက္ပုိင္း ရာထူးက်ျပန္တဲ႔ ဦးဘုိးလႈိင္ဟာ ကင္း၀န္မင္းႀကီး ျပင္သစ္ကုိ မုိးကုတ္ပတၱျမားေျမ ေရာင္းခဲ႔တဲ႔ ကိစၥနဲ႔ ရာထူးျပန္ရျပန္ပါတယ္။

နန္းစဥ္ပတၱျမားငေမာက္ကုိ ျပင္သစ္ေတြကုိ တန္ဖုိးျဖတ္ခုိင္းတာ မျဖတ္ႏုိင္လုိ႔ အဲဒီလုိပတၱျမားေတြ အမ်ားႀကီးရွိႏုိင္တဲ႔ မုိးကုတ္ကုိ ၀ယ္ႏုိင္မွာမဟုတ္ဘူးဆုိျပီး စာခ်ဳပ္ျပန္ဖ်က္ခဲ႔ရတာပါ။ အဲဒီေနာက္ပုိင္းမွာ ဦးဘုိးလိႈင္ဟာ ကာယာႏုပႆနာက်မ္းကုိ အီတလီ(ေရာမ)ဘာသာကေန ျပန္ဆုိပါတယ္။ စလင္းျမိဳ႔စားမင္းသမီးရဲ႔ ေတာင္းပန္ခ်က္အရေရးတဲ႔ အဲဒီက်မ္းဟာ အေနာက္တုိင္းမွာ ေက်ာ္ႀကားေနတဲ႔ အနာတမီ ေခၚ ခႏၶာေဗဒအေႀကာင္း ျပဆုိထားတဲ႔ က်မ္းျဖစ္ပါတယ္။

ဦးဘုိးလႈိင္ဟာ ဗိသုကာပညာလည္း ေလ႔လာခဲ႔ပုံပါပဲ။ ဘာေႀကာင္႔လဲဆုိရင္ သူဦးစီးတည္ေဆာက္ခဲ႔တဲ႔ ဣ႒ရာမေျမာက္ျပင္ေက်ာင္းတုိက္ႀကီးနဲ႔ မဟာအတုလေ၀ယန္ (အတုမရွိ)ေက်ာင္းေတာ္တုိ႔ဟာ ေရာမဗိသုကာပုံစံကုိမွီးျပီး ျမန္မာဆန္ဆန္ အဂၤေတပန္းမ်ားနဲ႔ ေပါင္းစပ္မြမ္းမံ တည္ေဆာက္ခဲ႔တာမုိ႔ အသြင္သစ္ ဗိသုကာပညာလုိ႔ေတာင္ ေခၚဆုိႏုိင္ပါတယ္။

ေနာက္ပုိင္း မင္းတုန္းမင္းနာမက်န္းျဖစ္လာတဲ႔အခါ နန္းတြင္းမွာ ဆင္ျဖဴမရွင္မိဖုရားႀကီးရဲ႔ ႀသဇာလႊမ္းလာျပီး ဦးဘုိးလႈိင္ဟာ အရာက်သလုိ ေမွးမွိန္သြားခဲ႔ပါတယ္။ မင္းတုန္းမင္းနတ္ရြာစံျပီးတဲ႔ေနာက္ ဆင္ျဖဴမရွင္မိဖုရားႀကီးနဲ႔ အေပါင္းပါေတြရဲ႔ ထင္သလုိ ျခယ္လွယ္မႈေတြေႀကာင္႔ ေသြးစြန္းခဲ႔တဲ႔ နန္းတြင္းမွာ သီေပါမင္း နန္းတက္လာခဲ႔ပါတယ္။ သီေပါမင္းက ဦးဘုိးလႈိင္ကုိ ေရႊျပည္၀န္ႀကီးအျဖစ္ ခန္႔အပ္ခဲ႔ပါတယ္။

သီေပါမင္းလက္ထက္မွာ ဦးဘုိးလႈိင္ဟာ စည္းမ်ဥ္းခံဘုရင္စနစ္နဲ႔ ဆင္တူတဲ႔ ႏုိင္ငံေရး အေတြးအေခၚသစ္ျဖစ္တဲ႔ ရာဇဓမၼသဂၤဟက်မ္းကုိ ေရးသားဆက္သြင္းခဲ႔ပါတယ္။ သတိျပဳစရာကေတာ႔ ဦးဘုိးလိႈင္ဟာ အဲဒီက်မ္းေရးသားရာမွာ အေနာက္တုိင္း အေတြးအေခၚသက္သက္ကုိ ပုံတူကူးထားတာမဟုတ္ဘဲ ျမန္မာ႔ေရွးေဟာင္း အုပ္ခ်ဳပ္ေရးက်မ္း မ်ားစြာနဲ႔ ညိွႏႈိင္းေရးသားခဲ႔တာပါ။ ဒီက်မ္း ဆက္သြင္းျပီးေနာက္မွာ ဦးဘုိးလႈိင္ဟာ မင္းခစားအျဖစ္က အျပီးအပုိင္ အနားယူလုိက္ရပါေတာ႔တယ္။

မင္းခစားမဟုတ္ေတာ႔တဲ႔ ေနာက္ပုိင္းမွာလည္း ဦးဘုိးလႈိင္ဟာ က်မ္းမ်ားျပဳစုခဲ႔ပါေသးတယ္။ အေနာက္တုိင္းေဆးပညာနဲ႔ အေရွ႔တုိင္းေဆးပညာကုိ ေပါင္းစပ္ေရးသားထားတဲ႔ ဥတုေဘာဇနသဂၤဟက်မ္း၊ စာေပအေရးအသားအဖြဲ႔အႏြဲ႔သေဘာကုိျပတဲ႔ အလၤကာနိႆယက်မ္း၊ မိမိရဲ႔ အသက္အပုိင္းအျခားကုိ တြက္ႏုိင္တဲ႔ ေဗဒင္က်မ္း မဟာသုဇာတကက်မ္းတုိ႔ဟာ ထင္ရွားပါတယ္။

မဟာသုဇာတကက်မ္းဟာ ဦးဘုိးလႈိင္ေနာက္ဆုံးျပဳစုခဲ႔တဲ႔က်မ္း ျဖစ္ပါတယ္။ တခ်ိဳ႔ကေတာ႔ ဦးဘုိးလႈိင္ဟာ အဲဒီက်မ္းမေရးခင္ကတည္းက မိမိအသက္အပုိင္းအျခားကုိ တြက္ျပီးျဖစ္တယ္လုိ႔ ဆုိႀကပါတယ္။ အဲဒီက်မ္းေရးျပီး တရားဓမၼနဲ႔သာေနေတာ႔တဲ႔ဦးဘုိးလႈိင္ဟာ ေနာက္ႏွစ္ႏွစ္အႀကာမွာ သတိပ႒ာန္တရားေတာ္ကုိနာယူရင္း ကြယ္လြန္သြားခဲ႔ပါတယ္။

သူ႔ရဲ႔မင္းမႈထမ္းသက္တစ္ေလွ်ာက္လုံးမွာ ႏုိင္ငံနဲ႔လူမ်ိဳးအတြက္ သတၱိရွိရွိ အျမဲတမ္း အမွန္တရားဘက္ကပဲ ရပ္တည္ခဲ႔တဲ႔ ဦးဘုိးလိႈင္ဘ၀ဟာ အတက္အက်မ်ားလွပါတယ္။ အတက္အက်မ်ားလြန္းတဲ႔ဘ၀မွာပဲ ႏုိင္ငံအတြက္ အလုပ္မ်ားစြာလုပ္သြားခဲ႔တဲ႔အျပင္ ႏုိင္ငံသားေတြ အက်ိဳးမ်ားေစမယ္႔ က်မ္းေပါင္းေျမာက္ျမားစြာကုိလည္း ျပဳစုသြားခဲ႔ပါတယ္။

ရွာမွရွားတဲ႔ ပညာရွင္ႀကီးဟာ သခ်ၤာပညာ၊ ဓာတုေဗဒ၊ အေနာက္တုိင္းေဆးပညာ၊ ခႏၶာေဗဒ၊ ႏုိင္ငံေရး၊အုပ္ခ်ဳပ္ေရးပညာ၊ ဗိသုကာပညာ၊ စာေပနဲ႔ ေရွးေဟာင္းျမန္မာေလာကီပညာမ်ားကုိ ေလ႔လာလုိက္စားခဲ႔တဲ႔အျပင္ ဘာသာတရားေပါင္းစုံကုိလည္း ေလ႔လာခဲ႔ျပီ ဘာသာတရား ကုိင္းရႈိင္းသူလည္းျဖစ္ပါတယ္။ သူတစ္ေယာက္တည္းနဲ႔ တကၠသုိလ္ေက်ာင္းတစ္ခုေထာင္လုိ႔ရေအာင္ ပညာရပ္ေတြ ေလ႔လာခဲ႔တဲ႔ ေယာမင္းႀကီးဦးဘုိးလႈိင္ဟာ ေႏွာင္းေခတ္ျမန္မာတုိ႔အေပၚ အလြန္ေက်းဇူးႀကီးမားခဲ႔သူျဖစ္ေႀကာင္း မွတ္တမ္းျပဳေရးသားလုိက္ရပါတယ္။

ကုိးကားစာရင္း

– ျမန္မာ႔စြယ္စုံက်မ္း အတြဲ-၈ အပိုင္း-ခ
– ပထမျမန္မာမ်ား – မင္းယုေ၀
– ေယာမင္းႀကီးဦးဖုိးလႈိင္အတၱဳပၸတၱိႏွင္႔ ရာဇဓမၼသဂၤဟက်မ္း – ေမာင္ထင္
ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #


” ငလှိုင်၊ သည်လှံကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး” ဟု မင်းတုန်းမင်းတရားကြီးက မေးလေရာ
” အရှင့်ခမည်းတော်ကိုင်သောလှံဖြစ်ပါကြောင်း” ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။

မင်းတရားကြီးက “ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း” ဟု ဆက်မေးတော်မူရာ
“ကျွန်တော်မျိုးကျေးဇူးရှင် အဖကို စီရင်ပါကြောင်း” လျှောက်၏။

“သည်လှံတော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား” ဟု မေးတော်မူရာ
ယောမင်းကြီးဦးဘိုးလှိုင်က “ထိုးတော်မူပါဘုရား” ဟု ပြောကာ ရင်ဘတ်ကို ကော့၍ ပေးလေသည်။ မင်းတုန်းမင်းက မထိုးပဲလှံကိုကိုင်၍ အတွင်းတော်သို့ ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာရခဲ့သည်။

အခြား ဝန်မင်းများက တင်းတင်းမာမာမပြောသင့်ကြောင့် ပြောရာ ဦးဘိုးလှိုင်ပြန်ပြောလိုက်တဲ့စကားက “ကျွနု်ပ်အားလှံဖြင့် ထိုး၍သေရခြင်းကား မြတ်ပါတယ်။ နေရာတိုင်း မင်းလိုလိုက်မင်းကြိုက်ဆောင်၍ မကောင်းမှု ဖြစ်ပွားလာပါက နိုင်ငံတော်ပျက်စီးခြင်းရောက်လေသော် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော်သေရကျိုးမနပ်” ဟူ၍ပင်ဖြစ်သည်။

အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်းနဲ့ ယောမင်းကြီးဦးဖိုးလှိုင်တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ယောမင်းကြီးဦးဖိုးလှိုင်အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်းက ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ကိစ္စ ဝင်ဖြေရှင်းပေးခြင်းတို့လောက်သာ သိကြတာပါ။

တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်တွေအများကြီးလုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန်တစ်ယောက်ဖြစ်ပါတယ်။ ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသားဟာ ဦးဆောင်သူ၊ လက်တွေ့သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင်ကတော့ လက်တွဲလုပ်ကိုင်သူ ရဲဘော်ရဲဘက်၊ အကြံဉာဏ်ပေးသူ သဘောတရားရေးရာပညာရှင်ဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ စက်မှုခေတ်တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများအပြင် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။

ပညာရပ်ပေါင်းများစွားနဲ့ သက်ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဦးဘိုးလှိုင်ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

အရေးတော်ပုံအောင်မြင်ဖို့အတွက် မင်းတုန်းမင်းနဲ့ မြောက်ဆောင်တော်မိဖုရားတို့ရဲ့ မွေးစားသားလည်းဖြစ်တဲ့ ဦးဘိုးလှိုင်ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်း နန်းတက်ချိန်မှာ ယောမြို့စားမင်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဦးဘိုးလှိုင်အသက်က ၂၃နှစ်ပါ။ နောက်ပိုင်း ဦးဘိုးလှိုင်ဟာ ယောက္ခမဖြစ်သူ မကွေးဝန်ကြီး ဦးကြာဥနဲ့အတူ နိုင်ငံခြားဆက်ဆံရေးကိစ္စရပ်တွေ တာဝန်ယူဆောင်ရွက်ခဲ့ရတာမို့ အသိပညာတွေ ပိုမိုတိုးပွားလာခဲ့ပါတယ်။

လက်တွေ့သမားကနောင်မင်းသားနဲ့ အတွေးအခေါ်သမားဦးဘိုးလှိုင်တို့ လက်တွဲ အလုပ်လုပ်ကြစဉ် အခါတုန်းက မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်ဟာ လင်းလက်နေခဲ့ပါတယ်။ ခေတ်သစ်နိုင်ငံ တည်ထောင်ဖို့ရာ အနောက်နိုင်ငံများထံမှ ပညာသင်ယူဖို့လိုအပ်တာမို့ ကနောင်မင်းသားနဲ့ ဦးဘိုးလှိုင်တို့ ဦးစီးပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နိုင်ငံများဆီ ပညာတော်သင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။

ကနောင်မင်းသားကြီးဟာ သူ့ရဲ့စီမံကန်းမှာ လက်တွေ့လုပ်ငန်းတွေကို သူကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ပြီး ပညာရပ်ဆိုင်ရာတွေကိုတော့ ဦးဘိုးလှိုင်ကို အကူအညီတောင်းလေ့ရှိပါတယ်။ မြန်မာဘာသာ ကြေးနန်းရိုက်နည်း တီထွင်နိုင်ခဲ့တာကတော့ ဦးဘိုးလှိုင်ရဲ့ အထင်ရှားဆုံးတီထွင်မှုပါပဲ။ မြန်မာသင်ပုန်းကြီးမှ အခြေခံ ဗျည်း၊သရနဲ့သင်္ကေတ ၆၂မျိုးကို စုပေါင်းပြီး ဗျည်း၊သရ ၂၅မျိုးသာ အသုံးပြုထားတဲ့ ကြေးနန်းရိုက်နည်းဖြစ်ပါတယ်။

အဲဒီအတွက် ရေးသားခဲ့တဲ့ ကျမ်းနာမည်ကတော့ လိပိဒီပိကာကျမ်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်ရဲ့ တီထွင်နိုင်တဲ့ ဉာဏ်ပညာကို အနောက်နိုင်ငံသားတွေက ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဦးဘိုးလှိုင်ဟာ လီလာဝတီကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
လီလာဝတီကျမ်းဟာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တာဖြစ်ပြီး အမျိုးမျိုးသော သင်္ချာတွက်နည်းများကို ရေးသားထားတာပါ။

စက်မှုလုပ်ငန်းတွေ ထွန်းကားလာဖို့ လိုလားတဲ့ ဦးဘိုးလှိုင်ဟာ နိုင်ငံခြားပြန်တပည့်တွေအကူအညီနဲ့ ခေတ်မီသိပ္ပံပညာရပ်တွေကို မြန်မာဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဆုံး ပေါ်ထွက်လာတဲ့ ကျမ်းကတော့ လောကဓာတ်ဆေးကျမ်းကြီးပါ။ ဖန်ချက်ဝန်ဦးရွှေအိုးအကူအညီနဲ့ ပြင်သစ်ဘာသာ ကနေ ပြန်ဆိုထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်း ဓာတုဗေဒ ပညာရပ်အကြောင်း ပြည့်စုံစွာ ရေးသားထားတာဖြစ်ပါတယ်။
ဦးဘိုးလှိုင်လှူဒါန်းခဲ့သော အုတ်ကျောင်း

ဦးဘိုးလှိုင်ဟာ ခေတ်သစ်ပညာရပ်တွေ ရေးသားနေချိန်မှာပဲ ရှေးဟောင်းပညာရပ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ရေးသားနေခဲ့ပါတယ်။ အဲဒါတွေကတော့ အဿဗေဒကျမ်း (မြင်းတို့၏ ကြန်အင်လက္ခဏာအကြောင်း)နဲ့ သဒ္ဒသင်္ဂဟကျမ်း (ဘာသာရေးနှင့် သက်ဆိုင်သောကျမ်း)တို့ ဖြစ်ပါတယ်။

ရာထူးမမြဲတဲ့ဦးဘိုးလှိုင်ဟာ ကနောင်မင်းသားလုပ်ကြံခံရတဲ့ အရေးအခင်းကာလအတွင်း အမရပူရမှာ အကျယ်ချုပ်ကျနေခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဦးဘိုးလှိုင်ဟာ ကမ္ဘာ့ဝါဒကြီးတွေဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ ဗြဟ္မာဝါဒ၊ အနောက်တိုင်းမှ GODဝါဒ၊ SOULဝါဒ၊ ပသီကုလားတို့ရဲ့ ခိုဒါခေါ် လောကဖန်ဆင်းရှင်ဝါဒတို့ကို မြန်မာဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ တိုင်းညှိဝေဖန်ထားတဲ့ ဝိမုတ္တိရသကျမ်းကို ရေးခဲ့ပါတယ်။ အလွယ်ပြောရရင် ကမ္ဘာ့ဘာသာပေါင်းစုံအကြောင်း ရေးထားတာပါ။

ရာထူးပြန်ရပြီးတဲ့နောက်မှာ ပခန်းကြီးမြို့စားမင်းကြီးရဲ့ တောင်းပန်ချက်အရ မဟာသမတဝိနိစ္ဆယစာတမ်းကို နေ့ချင်းပြီး ရေးသားစီရင်ပါတယ်။ အကြောင်းအရာကတော့ မင်းကောင်းမင်းမြတ်တို့ ကျင့်သုံးအပ်တဲ့ တရားတွေအကြောင်းပါ။ နောက်ပိုင်း ရာထူးကျပြန်တဲ့ ဦးဘိုးလှိုင်ဟာ ကင်းဝန်မင်းကြီး ပြင်သစ်ကို မိုးကုတ်ပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စနဲ့ ရာထူးပြန်ရပြန်ပါတယ်။

နန်းစဉ်ပတ္တမြားငမောက်ကို ပြင်သစ်တွေကို တန်ဖိုးဖြတ်ခိုင်းတာ မဖြတ်နိုင်လို့ အဲဒီလိုပတ္တမြားတွေ အများကြီးရှိနိုင်တဲ့ မိုးကုတ်ကို ဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီး စာချုပ်ပြန်ဖျက်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာ ဦးဘိုးလှိုင်ဟာ ကာယာနုပဿနာကျမ်းကို အီတလီ(ရောမ)ဘာသာကနေ ပြန်ဆိုပါတယ်။ စလင်းမြို့စားမင်းသမီးရဲ့ တောင်းပန်ချက်အရရေးတဲ့ အဲဒီကျမ်းဟာ အနောက်တိုင်းမှာ ကျော်ကြားနေတဲ့ အနာတမီ ခေါ် ခန္ဓာဗေဒအကြောင်း ပြဆိုထားတဲ့ ကျမ်းဖြစ်ပါတယ်။

ဦးဘိုးလှိုင်ဟာ ဗိသုကာပညာလည်း လေ့လာခဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် သူဦးစီးတည်ဆောက်ခဲ့တဲ့ ဣဋ္ဌရာမမြောက်ပြင်ကျောင်းတိုက်ကြီးနဲ့ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်တို့ဟာ ရောမဗိသုကာပုံစံကိုမှီးပြီး မြန်မာဆန်ဆန် အင်္ဂတေပန်းများနဲ့ ပေါင်းစပ်မွမ်းမံ တည်ဆောက်ခဲ့တာမို့ အသွင်သစ် ဗိသုကာပညာလို့တောင် ခေါ်ဆိုနိုင်ပါတယ်။

နောက်ပိုင်း မင်းတုန်းမင်းနာမကျန်းဖြစ်လာတဲ့အခါ နန်းတွင်းမှာ ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ သြဇာလွှမ်းလာပြီး ဦးဘိုးလှိုင်ဟာ အရာကျသလို မှေးမှိန်သွားခဲ့ပါတယ်။ မင်းတုန်းမင်းနတ်ရွာစံပြီးတဲ့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ အပေါင်းပါတွေရဲ့ ထင်သလို ခြယ်လှယ်မှုတွေကြောင့် သွေးစွန်းခဲ့တဲ့ နန်းတွင်းမှာ သီပေါမင်း နန်းတက်လာခဲ့ပါတယ်။ သီပေါမင်းက ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

သီပေါမင်းလက်ထက်မှာ ဦးဘိုးလှိုင်ဟာ စည်းမျဉ်းခံဘုရင်စနစ်နဲ့ ဆင်တူတဲ့ နိုင်ငံရေး အတွေးအခေါ်သစ်ဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားဆက်သွင်းခဲ့ပါတယ်။ သတိပြုစရာကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းရေးသားရာမှာ အနောက်တိုင်း အတွေးအခေါ်သက်သက်ကို ပုံတူကူးထားတာမဟုတ်ဘဲ မြန်မာ့ရှေးဟောင်း အုပ်ချုပ်ရေးကျမ်း များစွာနဲ့ ညှိနှိုင်းရေးသားခဲ့တာပါ။ ဒီကျမ်း ဆက်သွင်းပြီးနောက်မှာ ဦးဘိုးလှိုင်ဟာ မင်းခစားအဖြစ်က အပြီးအပိုင် အနားယူလိုက်ရပါတော့တယ်။

မင်းခစားမဟုတ်တော့တဲ့ နောက်ပိုင်းမှာလည်း ဦးဘိုးလှိုင်ဟာ ကျမ်းများပြုစုခဲ့ပါသေးတယ်။ အနောက်တိုင်းဆေးပညာနဲ့ အရှေ့တိုင်းဆေးပညာကို ပေါင်းစပ်ရေးသားထားတဲ့ ဥတုဘောဇနသင်္ဂဟကျမ်း၊ စာပေအရေးအသားအဖွဲ့အနွဲ့သဘောကိုပြတဲ့ အင်္လကာနိဿယကျမ်း၊ မိမိရဲ့ အသက်အပိုင်းအခြားကို တွက်နိုင်တဲ့ ဗေဒင်ကျမ်း မဟာသုဇာတကကျမ်းတို့ဟာ ထင်ရှားပါတယ်။

မဟာသုဇာတကကျမ်းဟာ ဦးဘိုးလှိုင်နောက်ဆုံးပြုစုခဲ့တဲ့ကျမ်း ဖြစ်ပါတယ်။ တချို့ကတော့ ဦးဘိုးလှိုင်ဟာ အဲဒီကျမ်းမရေးခင်ကတည်းက မိမိအသက်အပိုင်းအခြားကို တွက်ပြီးဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီကျမ်းရေးပြီး တရားဓမ္မနဲ့သာနေတော့တဲ့ဦးဘိုးလှိုင်ဟာ နောက်နှစ်နှစ်အကြာမှာ သတိပဋ္ဌာန်တရားတော်ကိုနာယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

သူ့ရဲ့မင်းမှုထမ်းသက်တစ်လျှောက်လုံးမှာ နိုင်ငံနဲ့လူမျိုးအတွက် သတ္တိရှိရှိ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်ခဲ့တဲ့ ဦးဘိုးလှိုင်ဘဝဟာ အတက်အကျများလှပါတယ်။ အတက်အကျများလွန်းတဲ့ဘဝမှာပဲ နိုင်ငံအတွက် အလုပ်များစွာလုပ်သွားခဲ့တဲ့အပြင် နိုင်ငံသားတွေ အကျိုးများစေမယ့် ကျမ်းပေါင်းမြောက်မြားစွာကိုလည်း ပြုစုသွားခဲ့ပါတယ်။

ရှာမှရှားတဲ့ ပညာရှင်ကြီးဟာ သင်္ချာပညာ၊ ဓာတုဗေဒ၊ အနောက်တိုင်းဆေးပညာ၊ ခန္ဓာဗေဒ၊ နိုင်ငံရေး၊အုပ်ချုပ်ရေးပညာ၊ ဗိသုကာပညာ၊ စာပေနဲ့ ရှေးဟောင်းမြန်မာလောကီပညာများကို လေ့လာလိုက်စားခဲ့တဲ့အပြင် ဘာသာတရားပေါင်းစုံကိုလည်း လေ့လာခဲ့ပြီ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ သူတစ်ယောက်တည်းနဲ့ တက္ကသိုလ်ကျောင်းတစ်ခုထောင်လို့ရအောင် ပညာရပ်တွေ လေ့လာခဲ့တဲ့ ယောမင်းကြီးဦးဘိုးလှိုင်ဟာ နှောင်းခေတ်မြန်မာတို့အပေါ် အလွန်ကျေးဇူးကြီးမားခဲ့သူဖြစ်ကြောင်း မှတ်တမ်းပြုရေးသားလိုက်ရပါတယ်။

ကိုးကားစာရင်း

– မြန်မာ့စွယ်စုံကျမ်း အတွဲ-၈ အပိုင်း-ခ
– ပထမမြန်မာများ – မင်းယုဝေ
– ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း – မောင်ထင်
ဗဟုသုတ