CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 31, 2018
ဝိုင်းမော်မြို့နယ်တွင် တရုတ်နိုင်ငံသားနှစ်ဦး အသတ်ခံရ
မြစ်ကြီးနား ၊ မေ ၃၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာနှင့် ၃မိုင်ခန့်ကွာဝေးသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကုမ္ပဏီလုပ်ကွက်တစ်ခုရှိ မြေပြုပြင်ရေးပြုလုပ်သည့် စိုက်ပျိုးရေးအလုပ်သမား တရုတ်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ကန်ဘို125အမျိုးအစား နက်နီကြားဆိုင်ကယ်တစ်စီးပါ ပျောက်ဆုံးနေကြောင်း ဝိုင်းမော်မြို့မရဲစခန်းမှသိရသည်။
အဆိုပါ သေဆုံးသူတရုတ်နိုင်ငံသားနှစ်ဦးသည် ကချင်ပြည်နယ်တွင် ယာယီနေထိုင်ခွင့်(Green Card) အမှတ် ၂၀၁၈၏ ၃လသက်တမ်းဖြင့်နေထိုင်သူများဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်၊ လျို့ချိန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မေလ(၂၄)ရက်နေ့က အသတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
``ရန်ရှီကွမ်း(၄၅)နှစ်ကတော့ ထင်းပေါက်တဲ့ရဲဒင်းပုဆိန်လိုအသွားမျိုးနဲ့ခန့်မှန်း ခြောက်ချက် ခုနှစ်ချက်လောက် ခေါင်းနဲ့လည်ပင်းတွေကို အခုတ်ခံရပြီးမှသေဆုံးသွားတာပါ၊ ဝေဖုန်းရေ့(၄၄)နှစ်ကတော့ ပျောက်ဆုံးနေပြီးမှ ၂၉ရက်နေ့မှာ ဒဘတ်ချောင်းထဲကနေ အလောင်းပြန်တွေ့တယ်၊ တရားခံ စုံစမ်းဖော်ထုတ်တဲ့အပိုင်းတွေကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဝိုင်းမော်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်စိုးက ပြောသည်။
ထိုအခင်းဖြစ်ပွားရာ နေအိမ်တဲ၏ အနောက်ဘက်ပေ၃၀ခန့်အကွာတွင် သေဆုံးသူ ရန်ရှီကွမ်း (၄၅)နှစ်မှာ ရဲဒင်းဖြင့်လည်ပင်းဂုတ်တွင် ခုတ်သတ်ထားခြင်းခံရကာ ဝေဖုန်းရေ့(၄၄)နှစ်မှာ အခင်းဖြစ်ရာ နေရာမှ ပျောက်ဆုံးနေပြီး မေလ၂၉ရက်နေ့တွင် ဒဘတ်ချောင်းအတွင်းမှ မျက်နှာဘယ်ဘက် ပြတ်ရှဒဏ်ရာ ၃ချက်၊ ယာဘက်နားရွက်ပြတ်၊ ပြတ်ရှဒဏ်ရာ၎ချက်ခန့်ဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲစခန်း၏မှတ်တမ်းများအရသိရသည်။
ထိုအမှုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့မရဲစခန်းတွင်(ပ)/၄၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၁၁၄အရ အမှုရေးဖွင့်ထားပြီး စခန်းမှူးဒုရဲမှူးကျော်စိုးဦးစီး၍ တရားခံဖမ်းဆီးရမိရေး ရှာဖွေဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
မီးမီး/ဒေါ်မိုး
EPN
https://www.facebook.com/epngnews/
ဝိုင်းမော်မြို့နယ်တွင် တရုတ်နိုင်ငံသားနှစ်ဦး အသတ်ခံရ
Reviewed by MP4 YoU
on
May 31, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment