CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 25, 2018
ပေါက်မြို့၌ တံတားပေါ်မှ ယာဉ်တစ်စီးပြုတ်ကျ
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပခုက္ကူ ဘက်မှ ပေါက်ဘက်သို့ မောင်းနှင်လာသည့် ဆီသယ်ယာဉ်တစ်စီးသည် အမှတ်(၂)ရေပြာတံတားပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးရဲမြင့်သန်း မြင်းခြံမြို့နေသူ မောင်းနှင်လာသော ယာဉ်သည် တံတားတိုင်အမှတ် (P19) နှင့် (P20)အကြား တံတားယာဘက်ခြမ်း ရှိ လက်ရန်းတိုင်များကို ဝင်တိုက်မိပြီး တံတားအောက်အနက် ၁၅ ပေခန့်ရှိ သဲချောင်းအတွင်းသို့ပြုတ်ကျခဲ့သည်။ ယာဉ်ပြုတ်ကျခဲ့မှုကြောင့် ယာဉ်မောင်းမှာ ဒဏ်ရာမရရှိခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါလာသော ဦးမောင်မောင်သန်းနှင့် ဦးအာကာလင်းတို့မှာ ဒဏ်ရာအနည်းငယ်ရရှိ၍ ရေပြာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးရဲမြင့်သန်းအား ရေပြာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဥာဏ်တိုး(ပေါက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပေါက်မြို့၌ တံတားပေါ်မှ ယာဉ်တစ်စီးပြုတ်ကျ
Reviewed by MP4 YoU
on
May 25, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment