Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 29, 2018

ပင်လည်ဘူးမြို့၌ မိုးကြိုးစက်ကွင်းမိ၍ နွား ၁၆ ကောင်သေဆုံး


ပင်လည်ဘူး မေ ၂၉

စစ်ကိုင်းတိုင်းဒသကြီး ကသာခရိုင် ပင်လည်ဘူး မြို့နယ် ပြစ်ဆိုင်ကျေးရွာအုပ်စု၊ အထက်ပြစ်ဆိုင်ကျေးရွာ၌ မေ ၂၈ ရက် နေ့လည် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးထစ်ချုန်းခြင်းကြောင့် အထက်ပြစ်ဆိုင်ကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်တောအစပ်ရှိ နွားလှန်ခုံစားကျက်တွင် ကျက်စားနေသော နွား ၁၆ ကောင် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ နွားများမှာ အထက်ပြစ်ဆိုင် ကျေးရွာနေ ဦးသိန်းအောင်၏ (၇)မိုးခန့်ရှိ နွားမ ၅ ကောင် ၊ (၂)မိုးခန့်ရှိ နွားထီး ၄ ကောင်၊ ဦးစင်းမောင်၏ (၇)မိုးခန့် နွားမ ၂ ကောင်၊ (၁) မိုးခန့်ရှိ နွားထီး ၂ ကောင်၊ ဦးသောင်းလွင်၏ (၅)မိုးခန့်ရှိ နွားထီး ၁ ကောင်နှင့် ဦးသိန်းလွင်၏ (၁)မိုးခန့်ရှိ နွားထီး ၂ ကောင်၊ စုစုပေါင်း နွား ၁၆ ကောင် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မျိုးလွင်(ပင်လည်ဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment