CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 28, 2018
ဟိုင်းကြီးကျွန်းတွင် ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် အရေးပေါ်ကမ်းကပ်စဉ် ခရီးသည်တင် ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင်
ဟိုင်းကြီးကျွန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ကျောက်ငူကျေးရွာအနီး ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့နယ် ခမောက်မော်ရွာသို့ ထွက်ခွာလာသည့် စိုးလင်းကျော် (၅)ရေယာဉ်သည် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ငူကျေးရွာဆိပ်ကမ်းသို့ အရေးပေါ်ဆိုက်ကပ်စဉ် ရေအောက်ရှိကျောက်တန်းပေါ်သို့ တင်သွားခဲ့ရာ မြို့သစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့်ဒေသခံများက ရေယာဉ်ပေါ်ပါခရီးသည်များကို ဆိပ်ကမ်းပေါ်သို့ရောက်ရှိရေး ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုးလင်းကျော်(၅)ရေယာဉ်ပေါ်တွင် ခရီးသည် ၇ဝ လိုက်ပါစီးနင်းလာခဲ့ကြပြီး ကျောက်ငူ ကျေးရွာဘုန်းကြီးကျောင်းတွင် ၃၇ ဦးနှင့် အခြားသူများအား ကျောက်ငူကျေးရွာအတွင်းရှိ အသိ မိတ်ဆွေများ၏နေအိမ်များတွင် ခေတ္တနားခိုရန် စီစဉ်ပေးထားကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အဆိုပါရေယာဉ်မှာ ရေတက်ချိန်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လှိုင်းလေတည်ငြိမ်သည့် အချိန်တွင် ခရီးစဉ်အတိုင်း ပြန်လည်ထွက်ခွာရန်စီစဉ်ထားသော်လည်း ကျောက်တန်းပေါ်မှ ရေယာဉ်ကို ပြန်ချရန် အခက်အခဲရှိနေသောကြောင့် ခရီးသည်များမှာ ကုန်းလမ်းခရီးမှ မိမိတို့ နေထိုင်ရာဒေသများသို့ ကား၊ ဆိုင်ကယ်များဖြင့် ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဟိုင်းကြီးကျွန်းတွင် ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် အရေးပေါ်ကမ်းကပ်စဉ် ခရီးသည်တင် ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင်
Reviewed by MP4 YoU
on
May 28, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment