CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 29, 2018
မာန်အောင်မြို့နယ်တွင် အဖိုးကြီးတစ်ဦး အုန်းပင်ပိ သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရ
နိရဉ္စရာ၊ မေ ၂၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မျှော်တော်ဦး ကျေးရွာမှ အသက် ၇၀ ကျော်အဖိုးကြီး လေပြင်းတိုက်၍ အုန်းပင်ပိရာ သေဆုံးသွားခဲ့ပြီး နောက်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရ၍ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။
မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ သေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း၊ တဲထဲတွင် လင်မယားနှစ်ဦးနေထိုင်စဉ် အုန်းပင်လဲကျရာမှ ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သေဆုံးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
သေဆုံးသူအဖိုးကြီးမှာ ဦးပြည့်ထွန်း (၇၈) နှစ်ဖြစ်ပြီး ဇနီးသည် ဒေါ်စောမြဦးနှင့် အတူ ယနေ့ နံနက်က တဲထဲတွင် အတူ ရှိနေစဉ် အုန်းပင် ပြိုလဲ ပိကျရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ နံနက် ၇ နာရီ ၄၅ မိနစ်မှာ အုန်းပင်လဲကျပါတယ်။ ဒီအတွက် ဦးခေါင်းမှာ ဒဏ်ရာရပါတယ်။ ၈ နာရီ ၅၀ မိနစ်မှာဆုံးသွားပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ဇနီးဖြစ်သူမှာလည်း ဒဏ်ရာရသွားသဖြင့် သစ်ပုံဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။
ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ကလည်း မာန်အောင်မြို့နယ် သိမ္ဘလ ကျေးရွာတွင် မန်းကျည်းပင် အကိုင်းကျိုးကျရာမှ ဒေါ်ခင်သန်းရင် ဆိုသည့် အမျိုးသမီးကို ပိကျပြီး ဒဏ်ရာရရှိသွားသဖြင့် မာန်အောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရသည်။
မာန်အောင်မြို့နယ် သစ်ဝအုပ်စု တန်လျောင်ရွာတွင်လည်း နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က အုန်းပင်ပိ၍ ဒေါ်သောင်းကြည် နေအိမ်ပျက်စီးသွားကြောင်း သိရသည်။
စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မာန်အောင်မြို့နယ်တွင် အဖိုးကြီးတစ်ဦး အုန်းပင်ပိ သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရ
Reviewed by MP4 YoU
on
May 29, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment