Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 31, 2018

ဓားရွည္မ်ားကိုင္​ေဆာင္ရမ္းကားေန​ေသာအုပ္​စုအား ရဲတပ္​ဖြဲ႕ဝင္​မ်ားက သြား​ေရာက္​ရွင္​းလင္​းရာ တစ္​ဦး ​ေသနတ္​မွန္​ေသဆုံး၊ တစ္​ဦး ​ေသနတ္​ဒဏ္​ရာရ

ဓားရွည္မ်ားကိုင္​ေဆာင္ရမ္းကားေန​ေသာအုပ္​စုအား ရဲတပ္​ဖြဲ႕ဝင္​မ်ားက သြား​ေရာက္​ရွင္​းလင္​းရာ ျပန္လည္ခုခံရန္ျပဳသျဖင့္ ေျခာက္လွန႔္ပစ္ခတ္ထိန္​းသိမ္​းခဲ့ရ၊ အဆိုပါရမ္​းကားအဖြဲ႕မွ တစ္​ဦး ​ေသနတ္​မွန္​ေသဆုံး တစ္​ဦး ​ေသနတ္​ဒဏ္​ရာရ
မႏၲ​ေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားႀကီးကြင္းအေရွ႕ဘက္ ၆၂ လမ္းမႀကီးေပၚတြင္ လူငယ္ ၂၀ ဦးခန႔္သည္​ ဓားရွည္မ်ားကိုင္​ေဆာင္ကာ ရမ္းကားေနေၾကာင္း သတင္းအရ ရဲတပ္​ဖြဲ႕ဝင္​မ်ားက သြား​ေရာက္​ရွင္​းလင္​းထိန္​းသိမ္​းရာ ျပန္လည္ခုခံရန္ျပဳသျဖင့္ ေျခာက္လွန႔္ပစ္ခတ္ခဲ့ရာ အဆိုပါရမ္​းကားအဖြဲ႕မွ တစ္​ဦး ​ေသနတ္​မွန္​ေသဆုံးခဲ့ၿပီး၊ တစ္​ဦး ​ေသနတ္​ဒဏ္​ရာရရွိခဲ့​ေၾကာင္​း သတင္​းရရွိသည္​။

ျဖစ္​စဥ္​မွာ မႏၲ​ေလးၿမိဳ႕ ​ေအာင္​​ေျမသာစံၿမိဳ႕မရဲစခန္​း (ပ)၁၉၅/၂၀၁၈၊ ရဇသတ္​ႀကီးပုဒ္​မ ၃၈၆ မွ ၃၉၅/က်င္​့၅၁၂ တရားစြဲတင္​ထား​ေသာအမႈမွ တရားခံ​ေျပး ​ေက်ာ္​​ေက်ာ္​(ခ) မင္​းသိန္​း (ခ) က်ား​ေပါက္​ (ခ) ​ေပါက္​စ ႏွင္​့ ​ေအာင္​​ေက်ာ္​(ခ) ဂ်ီဆက္​တို႔ ႏွစ္​ဦးသည္​ ၆၆×၆၇လမ္​းၾကား၊ B လမ္​းရွိ ထမင္​းဆိုင္​တြင္​ ​ေရာက္​ရွိ​ေန​ေၾကာင္​းသတင္​းအရ ေမ ၃၁ ရက္​ ည ၉ နာရီအခ်ိန္က မႏၲေလးခရိုင္ မႈ/ႏွိမ္မွ ရဲအုပ္ေအာင္ကိုဝင္း၊ ဒုရဲအုပ္ေက်ာ္ဝင္းေမာင္၊ မႏၲေလးခရိုင္၊ ဦးစီး(၁)ဌာနမွ ရဲအုပ္ေက်ာ္မ်ိဳးလြင္၊ ရဲအုပ္ေဇာ္မိုးသန႔္၊ ဒုရဲအုပ္ခ်မ္းေျမ့ေဇာ္၊ ဒုရဲအုပ္ သူရေအာင္​တို႔ ပူးေပါင္းအဖြဲ႕မွ သြားေရာက္ဖမ္းဆီးခဲ့ၿပီး ထိုသို႔ဖမ္းဆီးစဥ္ ၎တို႔အဖြဲ႕မွ လူ ၁၀ ဦးခန႔္သည္ C လမ္းႏွင့္ ၆၂ လမ္းေထာင့္တြင္ ​ေတြ႕ရွိေၾကာင္း သတင္းအရ လိုက္လံရွာေဖြရာ မေတြ႕ရွိသျဖင့္ ခရိုင္(မႈႏွိမ္)အဖြဲ႕ႏွင့္ နယ္ထိန္းေခါင္းေဆာင္အဖြဲ႕တို႔က ဆက္လက္ရွာေဖြခဲ့ျကသည္​။

ထိုသို႔ရွာ​ေဖြ​ေနစဥ္​ အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားႀကီးကြင္းအေရွ႕ဘက္ ၆၂ လမ္းမႀကီးေပၚတြင္ လူငယ္ ၂၀ ဦးခန႔္သည္​ ေက်ာ္ေက်ာ္(ခ) မင္းသိန္း(ခ) က်ားေပါက္(ခ)ေပါက္စ ႏွင့္ ေအာင္ေက်ာ္(ခ) ဂ်ီဆက္တို႔ ၂ ဦးအား ဖမ္းဆီးသည္ကိုမေက်နပ္၍ ဓားရွည္မ်ားကိုင္​ေဆာင္ကာ ရမ္းကားေနေၾကာင္း သတင္းအရ ည ၁၀:၃၀ နာရီခ်ိန္တြင္​ ျမစ္ငယ္ရဲစခန္​းမွ ဒုရဲအုပ္ သူရေအာင္ ဦးစီးသည္​့ ရဲတပ္​ဖြဲ႕ဝင္​ ၈ဦးသည္ MA-13 ၃ လက္၊ ၎က်ည္ ၃၀ေတာင့္ႏွင့္အတူ သြားေရာက္ရွင္းလင္းရာ အဆိုပါလူငယ္အဖြဲ႕မွ ျပန္လည္ခုခံရန္ျပဳသျဖင့္ ဒုရဲအုပ္ သူရေအာင္မွ MA-13 ျဖင့္ ၁ ခ်က္၊ ရဲတပ္​ၾကပ္​သက္နိုင္မွ MA-13 ျဖင့္ ၃ ခ်က္ ေျခာက္လွန႔္ပစ္ခတ္ခဲ့ရာ ငဆက္(ခ)ဟိန္းမင္းဆက္ (၂၄)ႏွစ္၊ (၁-၃)ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူ၏ လည္ပင္းႏွင့္ ေက်ာကုန္းတြင္ ေပါက္ထြက္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး၊ စိုင္းထူးေအာင္ ၂၃ ႏွစ္၊ ၅၈×၅၉ ၾကား၊ (၁-၁)ရပ္ကြက္၊ ပံ့သႀကီးတံခြန္ၿမိဳ႕နယ္၏ ပါးေပါက္ဒဏ္ရာရရွိခဲ့ရာ မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသ​ေပးလ်က္​ရွိ​ေၾကာင္​း သိရသည္​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

ဗိုက္အဆီအတြက္ အလြန္ေကာင္းတဲက စူပါေဖ်ာ္ရည္ ျဖစ္ပါတယ္

ဗိုက္အဆီအတြက္ အလြန္ေကာင္းတဲက စူပါေဖ်ာ္ရည္ ျဖစ္ပါတယ္။ တျခား အဆီခ်ေဖ်ာ္ရည္ေတြထက္ သာလြန္ထူးျခားတာက အင္တီေအာက္စီးဒင့္ႂကြယ္ဝတာ ျဖစ္တယ္။ ဆဲလ္ေတြကို သန္႔စင္ေစတယ္။ ဒီထဲမွာ ပိုတက္စီယမ္၊ သံဓာတ္၊ကယ္စီယမ္၊ ဗီတာမင္ စီ၊ ဒီ၊ ပ႐ိုတင္းနဲ႔ ကာဗိုဟိုကိဒရိတ္ ႂကြယ္ဝတယ္။ မနက္ အိပ္ရာထ အစာ မစားခင္ ေန႔စဥ္ေသာက္ျခင္းျဖင့္ မလိုတဲ့အဆီပိုေတြကို အေကာငိးဆံုး ဖယ္ရွားေပးမွာျဖစ္တယ္။
ဘာလိုလဲ
ေရ – တဖန္ခြက္
သံပုရာသီးရည္ – ထမင္းစား (၁)ဇြန္း
ပ်ားရည္ – ထမင္းစား (၁)ဇြန္း
ရွားေစာင္းလက္ပပ္ရည္ – ထမင္းစား (၃)ဇြန္း
ဂ်င္း – လက္တဆစ္စာ
ေရဖန္ခြက္တခုထဲကို ရွားေစာင္းလက္ပပ္ႏွစ္ ထမင္းစား (၃)ဇြန္းစာထည့္ပါ။ ၿပီးရင္ ဂ်င္းလက္တဆစ္စာကို ေထာင္းၿပီး သံပုရာရည္ တဇြန္းစာ ထည့္ပါ။ ေနာက္ဆံုးမွ ပ်ားရည္ထည့္ၿပီး သမေအာင္ ေမႊပါ။ တမိနစ္ထားပါ။ အေအးႀကိဳက္ရင္ ေရခဲေရထည့္ေသာက္ႏိုင္တယ္။ ေန႔စဥ္ ပံုမွန္ေသာက္ျခင္းျဖင့္ ခါးအဆီပိုေတြ ကင္းေဝးေစမွာ ျဖစ္ပါတယ္။
 ေဒါက္တာ ေအးမင္းထူး

#Unicode Version#
ဗိုက်အဆီအတွက် အလွန်ကောင်းတဲက စူပါဖျော်ရည် ဖြစ်ပါတယ်။ တခြား အဆီချဖျော်ရည်တွေထက် သာလွန်ထူးခြားတာက အင်တီအောက်စီးဒင့်ကြွယ်ဝတာ ဖြစ်တယ်။ ဆဲလ်တွေကို သန့်စင်စေတယ်။ ဒီထဲမှာ ပိုတက်စီယမ်၊ သံဓာတ်၊ကယ်စီယမ်၊ ဗီတာမင် စီ၊ ဒီ၊ ပရိုတင်းနဲ့ ကာဗိုဟိုကိဒရိတ် ကြွယ်ဝတယ်။ မနက် အိပ်ရာထ အစာ မစားခင် နေ့စဉ်သောက်ခြင်းဖြင့် မလိုတဲ့အဆီပိုတွေကို အကောငိးဆုံး ဖယ်ရှားပေးမှာဖြစ်တယ်။

ဘာလိုလဲ
ရေ – တဖန်ခွက်
သံပုရာသီးရည် – ထမင်းစား (၁)ဇွန်း
ပျားရည် – ထမင်းစား (၁)ဇွန်း
ရှားစောင်းလက်ပပ်ရည် – ထမင်းစား (၃)ဇွန်း
ဂျင်း – လက်တဆစ်စာ

ရေဖန်ခွက်တခုထဲကို ရှားစောင်းလက်ပပ်နှစ် ထမင်းစား (၃)ဇွန်းစာထည့်ပါ။ ပြီးရင် ဂျင်းလက်တဆစ်စာကို ထောင်းပြီး သံပုရာရည် တဇွန်းစာ ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ တမိနစ်ထားပါ။ အအေးကြိုက်ရင် ရေခဲရေထည့်သောက်နိုင်တယ်။ နေ့စဉ် ပုံမှန်သောက်ခြင်းဖြင့် ခါးအဆီပိုတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး

နာနတ္သီးစားေပးျခင္းရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ


ဒီအခ်ိန္ဆို နာနတ္သီးေပၚတဲ့ရာသီမို႔ နာနတ္သီးေလးေတြ ေနရာအႏွံ႔လိုလို ေရာင္းခ်ေနတာေတြ႔ရပါတယ္။ နာနတ္သီးဟာ အရသာရွိၿပီး အဟာရဓာတ္ျပည့္၀စြာပါ၀င္လို႔ လူႀကိဳက္မ်ားတဲ့အသီးတစ္မ်ိဳးပါ။ နာနတ္သီးမွာပါ၀င္တဲ့ က်န္းမာေရးနဲ႔ ေဆးဖက္ဆိုင္ရာအက်ိဳးေက်းဇဴးေတြက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးကိုေကာင္းမြန္ေစသလို၊ ေခ်ာင္းဆိုးျခင္း၊ အေအးမိျခင္းကိုလည္း သက္သာေစပါတယ္။ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး ခ်ိဳေပမယ့္ ၀ိတ္မတက္ေစတဲ့အသီးပါ။ အရိုးကိုသန္မာေစသလို ခံတြင္းက်န္းမာေရးအတြက္လည္းေကာင္းမြန္တယ္လို႔ဆိုပါတယ္။ နာနတ္သီးစားေပးျခင္းရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးရမယ္ဆိုရင္ေတာ့

ကိုယ္ခံအားစနစ္

နာနတ္သီးတစ္လံုးမွာ လူတစ္ေယာက္အတြက္ တစ္ေန႔တာလံုးမွာလိုအပ္တဲ့ ဗီတာမင္ C ပမာဏၾကြယ္၀စြာပါ၀င္ပါတယ္။ ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးလို႔ သင့္ကို က်န္းမာသန္စြမ္းေစပါတယ္။

ကင္ဆာကာကြယ္ေပးျခင္း

နာနတ္သီးမွာ ဗီတာမင္A, Beta Carotene, Bromelain စတဲ့ Antioxidant ေတြၾကြယ္၀စြာပါ၀င္ၿပီး မဂၢနီဆီယမ္ဓါတ္လည္းၾကြယ္၀စြာပါ၀င္လို႔ ကင္ဆာေရာဂါျဖစ္ပြားမႈကို ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ ခံတြင္းကင္ဆာ၊ လည္ေခ်ာင္းကင္ဆာနဲ႔ ရင္သားကင္ဆာျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

အစာေခ်စနစ္

အမွ်င္ဓာတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ နာနတ္သီးကိုစားေပးမယ္ဆိုရင္ ၀မ္းခ်ဳပ္တာ၊ ၀မ္းေလွ်ာတာ ကိုကာကြယ္ေပးပါတယ္။ အူလမ္းေၾကာင္းကိုက်န္းမာေစၿပီး ေသြးဖိအားကိုလည္း ထိန္းထားေပးႏိုင္ပါတယ္။

အရိုးက်န္းမာေရး

ကယ္လ္ဆီယမ္ဓာတ္ၾကြယ္၀စြာပါ၀င္လို႔ အရိုးကို က်န္းမာႀကံ့ခိုင္ေစပါတယ္။

ခံတြင္းက်န္းမာေရး

Antioxidant Compound ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ခံတြင္းကို သန္႔စင္ေပးလို႔ ခံတြင္းေရာဂါအမ်ိဳးမ်ိးမွ ကင္းေ၀းေစပါတယ္။ သြားဖံုးကိုလည္း ခိုင္ခံ့ေစပါတယ္။

မ်က္လံုးက်န္းမာေရး

အျမင္အာရံုဆိုတာ ကၽြန္မတို႔ လူသားေတြရဲ့ အေရးႀကီးဆံုး အဂၤ ါအစိတ္အပိုင္းတ္စခုပါပဲ။ နာနတ္သီးဟာ အျမင္အာရံုကိုေကာင္းမြန္ေစၿပီး အသက္ႀကီးလို႔ျဖစ္လာတဲ့ အျမင္အာရံုေ၀၀ါးမႈကို ေႏွာင့္ေႏွးေစပါတယ္။ Beta Carotene ပါ၀င္လို႔ အျမင္အာရံုဆိုင္ရာ ျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးဖိအား

နာနတ္သီးမွာ ပိုတက္ဆီယမ္ၾကြယ္၀စြာပါ၀င္လို႔ ေသြးဖိအားမ်ားတဲ့သူေတြ စားေပးႏိုင္တဲ့အသီးပါပဲ။ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစၿပီး ေသြးေၾကာေလးေတြကို သက္ေသာင့္သက္သာျဖစ္ေစပါတယ္။

သိထားရမယ့္အခ်က္ေလးေတြ

နာနတ္သီးကိုစားမယ္ဆိုရင္ေတာ့ ယားတတ္တဲ့အဆူးေလးေတြကို ေသခ်ာဖယ္ၿပီး ဆားနဲ႔ အျပင္ပိုင္းကို လူးေပးၿပီးစားေပးမယ္ဆိုရင္ လွ်ာယားတာကိုလည္း သက္သာေစပါတယ္။ အလြန္အကၽြံစားရင္ လွ်ာေလာင္တာမ်ိဳးျဖစ္ေစလို႔ တခ်ိဳ႕ အရမ္း sensitive ျဖစ္တတ္တဲ့သူေတြ ေလွ်ာ့စားေပးပါ။ ကိုယ္၀န္ရွိတဲ့အမ်ိဳးသမီးေတြကေတာာ့ နာနတ္သီးကိုေရွာင္သင့္ပါတယ္။ Bromelain ပါ၀င္မႈျမင့္မားလို႔ အခန္႔မတင့္ရင္ ကိုယ္၀န္ကိုထိေစႏိုင္ပါတယ္။ အလြန္အကၽြံစားရင္ ေခါင္းကိုက္တာ ပ်ိဳ႕အန္တာ၊ ၀မ္းေလွ်ာတာမ်ိဳးျဖစ္ေစလို႔ အလြန္အကၽြံမစားပါနဲ႔ေနာ္။
everydaynewszone

#Unicode Version#
ဒီအချိန်ဆို နာနတ်သီးပေါ်တဲ့ရာသီမို့ နာနတ်သီးလေးတွေ နေရာအနှံ့လိုလို ရောင်းချနေတာတွေ့ရပါတယ်။ နာနတ်သီးဟာ အရသာရှိပြီး အဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ လူကြိုက်များတဲ့အသီးတစ်မျိုးပါ။ နာနတ်သီးမှာပါဝင်တဲ့ ကျန်းမာရေးနဲ့ ဆေးဖက်ဆိုင်ရာအကျိုးကျေးဇူးတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေသလို၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကိုလည်း သက်သာစေပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ချိုပေမယ့် ဝိတ်မတက်စေတဲ့အသီးပါ။ အရိုးကိုသန်မာစေသလို ခံတွင်းကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်လို့ဆိုပါတယ်။ နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးရမယ်ဆိုရင်တော့

ကိုယ်ခံအားစနစ်

နာနတ်သီးတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာလုံးမှာလိုအပ်တဲ့ ဗီတာမင် C ပမာဏကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင်A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓါတ်လည်းကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အစာချေစနစ်

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် နာနတ်သီးကိုစားပေးမယ်ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ကိုကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကိုကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ခံတွင်းကျန်းမာရေး

Antioxidant Compound ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါအမျိုးမျိးမှ ကင်းဝေးစေပါတယ်။ သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

မျက်လုံးကျန်းမာရေး

အမြင်အာရုံဆိုတာ ကျွန်မတို့ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂ ါအစိတ်အပိုင်းတ်စခုပါပဲ။ နာနတ်သီးဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး အသက်ကြီးလို့ဖြစ်လာတဲ့ အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါဝင်လို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား

နာနတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားများတဲ့သူတွေ စားပေးနိုင်တဲ့အသီးပါပဲ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။

သိထားရမယ့်အချက်လေးတွေ

နာနတ်သီးကိုစားမယ်ဆိုရင်တော့ ယားတတ်တဲ့အဆူးလေးတွေကို သေချာဖယ်ပြီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီးစားပေးမယ်ဆိုရင် လျှာယားတာကိုလည်း သက်သာစေပါတယ်။ အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေလို့ တချို့ အရမ်း sensitive ဖြစ်တတ်တဲ့သူတွေ လျှော့စားပေးပါ။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေကတောာ့ နာနတ်သီးကိုရှောင်သင့်ပါတယ်။ Bromelain ပါဝင်မှုမြင့်မားလို့ အခန့်မတင့်ရင် ကိုယ်ဝန်ကိုထိစေနိုင်ပါတယ်။ အလွန်အကျွံစားရင် ခေါင်းကိုက်တာ ပျို့အန်တာ၊ ဝမ်းလျှောတာမျိုးဖြစ်စေလို့ အလွန်အကျွံမစားပါနဲ့နော်။
everydaynewszone

THOR Actor rမင္းသား(Chris Hemsworth) ကို ေတြ႔ခြင့္ ရခဲ့လို့ ေပ်ာ္ရႊင္ေနတဲ့ ကစ္ကစ္(၀တ္မွဳန္ေရႊရည္)




THOR Actor rမင္းသား(Chris Hemsworth) ကို ေတြ႔ခြင့္ ရခဲ့လို့
ေပ်ာ္ရႊင္ေနတဲ့ ကစ္ကစ္



အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္ရံေတာ္ တစ္ဦး ဆိုင္ကယ္အတိုက္ခံရ၍ ကြယ္လြန္


အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိုယ္ရံေတာ္ တစ္ဦး ဆိုင္ကယ္အတိုက္ခံရ၍ ကြယ္လြန္













တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ရပ္ကြက္ရွိ ေနအိမ္အခန္းငွား အတြင္း အပုပ္နံ႔ရ၍ ၀င္ၾကည့္ရာမွ အမ်ဳိးသားတစ္ဦး ေသဆံုးလွ်က္ေတြ႔ရွိ



တာခ်ီလိတ္၊ေမ ၃၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပါဆတ္ ရပ္ကြက္အတြင္းရွိ ေနအိမ္အခန္းအတြင္း အပုပ္နံ႔ရ၍ ေဘးပတ္၀န္းက်င္က အခန္း အတြင္းၾကည့္ရာမွ အမ်ဳိးသားတစ္ဦးနားၾကပ္တပ္ကာ ေသဆံုးလ်က္ အေနအထားျဖင့္ ေတြ႔ရွိရ၍ စစ္ေဆးမႈမ်ား ျပဳလုပ္ခ့ဲၿပီး ယေန႔ ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ ေန႔လည္ပိုင္းက တာခ်ီလိတ္နာေရး ကူညီမႈ အသင္းက သၿဂိဳၤလ္ေပး လိုက္ေၾကာင္း သိရပါတယ္။


အဆိုပါျဖစ္စဥ္မွာ ေမလ(၃၀)ရက္ေန႔ ည(၉)နာရီ ခန္႕အခ်ိန္က တာခ်ီလိတ္ၿမိဳ႕၊ ပါဆတ္ရပ္ကြက္ရွိ ေနအိမ္အခန္းငွား အခန္း အမွတ္(၂)မွာ ငွားရမ္း ေနထိုင္သူ ကိုလင္းဆိုသူရဲ႕ အခန္းအတြင္းမွ အပုပ္နံ႔မ်ား ရေန၍ ပတ္၀န္းက်င္ရွိ လူမ်ားက ၀င္ေရာက္ၾကည့္ရာမွ ေသဆံုးလ်က္ျဖင့္ ေတြ႔ရွိရၿပီး ေနအိမ္ခန္းထဲကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဳဴး ဒုရဲမွဴး မ်ဳိးခိုင္ ႏွင့္သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ပါဆတ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာမွာ အခန္းတြင္ငွားရမ္း ေနထိုင္သူ ကိုလင္း ဆိုသူမွာ အခန္းအတြင္း ျခင္ေထာင္ ေထာင္ထားတ့ဲ ခုတင္ ေပၚမွာ နားတြင္ နားၾကပ္တပ္လွ်က္ အေနအထားျဖင့္ ေသဆံုး ေနတာကို ေတြ႔ရွိခ့ဲရတယ္လို႔ သိရပါတယ္။

အဲဒီေသဆံုးသူ ကိုလင္း ဆိုသူမွာ အရက္အလြန္အကြ်ံ ေသာက္စား တတ္သူျဖစ္ေၾကာင္း၊ အခန္းအတြင္းမွ အပုပ္နံ႔ရသျဖင့္ ေရွ႕တံခါး မႀကီးအား တြန္းၾကည့္ ေသာ္လည္း အတြင္း မွ ဂ်က္ထိုးထားသျဖင့္ အိမ္ေနာက္ေဘးကို သြားေရာက္ကာ ဖြင့္ထားတ့ဲ ျပဴတင္းေပါက္မွ တဆင့္ လွမ္းၾကည့္ရာက ေသဆံုးေနတာကို ေတြ႔ရွိရတာျဖစ္ေၾကာင္း ေနအိမ္ လိုင္းခန္း တာ၀န္ က ေျပာျပခဲ့တယ္လို႔ သိရပါတယ္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသူမွာ အရက္ ေသာက္စား မူးယစ္ၿပီး ခုတင္ေပၚမွာ ဖုန္းနားၾကပ္ တပ္ကာ သီခ်င္းနားေထာင္၍ ေလပန္ကာ ဖြင့္လွ်က္ျဖင့္ အိပ္ေပ်ာ္သြားရာမွ အေအးပတ္ကာ ဦးေႏွာက္ေသြးေၾကာ ျပတ္၍ ေသဆံုးျခင္းျဖစ္ႏုိင္ေၾကာင္း၊ အဆုိပါ ေသဆံုးမႈ အတြက္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွာ ေသမႈေသခင္း အမွတ္စဥ္ ၂၂ /၂၀၁၈ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ သိရပါတယ္။ အဲဒီေနာက္ ေသဆံုးသူ၏ ေဆြမ်ဳိးမ်ားလည္း ေရာက္ရွိလာျခင္း မရွိတဲ့ အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ယေန႔ ေမလ (၃၁)ရက္ေန႔ ေန႔လည္(၁) နာရီခြဲ ဝန္းက်င္အခ်ိန္ က တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုမွ တဆင့္ တာခ်ီလိတ္ၿမိဳ႕မ သုသာန္သို႔ပို႔ေဆာင္ကို မီးၿဂဳႋလ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/

မေလးရွားႏိုင္ငံတင္ေနတဲ့ အေၾကြးေတြ ဆပ္ဖုိ႔အတြက္ မေလးလူထုက အေမရိကန္ေဒၚလာ ၁.၈ သန္း ကုိ ၂၄ နာရီအတြင္း လွဴဒါန္း


၃၁ ေမ

မေလးရွားအစုိးရက “ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ရန္ပုံေငြ” ဆုိတဲ့နာမည္နဲ႔ နုိင္ငံမွာ တင္ေနတဲ့အေၾကြးေတြကုိ ျပန္ဆပ္ေရးအတြက္ အလွဴေငြထည့္ဖုိ႔ ေဆာ္ၾသရာ မေလးလူထုက မေလးရွားရင္းဂစ္ ၇ သန္း (အေမရိကန္ေဒၚလာ ၁.၈ သန္း)ကုိ ဒီကေန ညေန ၃ နာရီအထိ ၂၄ နာရီအတြင္း လက္ခံရရွိပါတယ္။

ဒီရန္ပုံေငြအလွဴပြဲဟာ မွတ္တုိင္တစ္ခုျဖစ္သြားပါၿပီ။ မေလးလူထုက က်ေနာ္တုိ႔အားလုံး ခ်စ္တဲ့ႏိုင္ငံ ျပန္လည္ထူေထာင္ေရးအတြက္ တုိင္းျပည္ခ်စ္စိတ္နဲ႔ လွဴဒါန္းၾကတာပါလုိ႔ ဘ႑ေရးဝန္ႀကီး လင္ဂြန္အင္း က ေျပာပါတယ္။

ဥပေဒဘြဲ႔ရ တက္ၾကြတဲ့ လူငယ္တစ္ဦးျဖစ္တဲ့ ရွားဇာရီနာ ဘက္ခ္တီ ရဲ့ မေလးရွားတုိ႔ရဲ့ ရက္ေရာျခင္းဆုိတဲ့ အြန္လုိင္းကအလွဴေကာက္ခံတာကုိ သေဘာက်ၿပီး မေလးအစုိးရက “ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ရန္ပုံေငြ” ဆုိတာကို တစ္ပတ္အၾကာမွာ ဖြဲ႔လုိက္တာျဖစ္ပါတယ္။

ပြင့္လင္းျမင္သာမႈရွိေအာင္ အခုေကာက္ခံရရွိတဲ့ ေငြေၾကးေတြကုိ ေန႔စဥ္ မွတ္တမ္းျပဳစုၿပီး ဘ႑ေရးဝန္ႀကီးရုံး ဝက္ဆုိက္ဒ္ နွင့္ ဝန္ႀကီးရုံးရဲ့ လူမႈဆက္သြယ္ေရးေတြကေန ေဖာ္ျပေပးသြားမယ္လို႔ မစၥတာ လင္ က ေျပာပါတယ္။

MDN
ကုိးကား-CNA
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

က်ေနာ့္ကိုခ်စ္ရင္ရျပီ...က်ေနာ္ကလညး္ခ်စ္မယ္ဆိုတဲ့ညိမ္းေသာ္


က်ေနာ့္ကိုခ်စ္ရင္ရျပီ...က်ေနာ္ကလညး္ခ်စ္မယ္ဆိုတဲ့ညိမ္းေသာ္

ျဖစ္ရပ္ဆန္းမ်ားနဲ႔ သမုိင္းထဲက အထင္ကရ ပုဂၢဳိလ္ႀကီး ဘုန္းေတာ္ႀကီးဦးသီလ

 ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားတဲ့ မိတ္ေဆြမ်ားကို အထူးေက်းဇူးတင္ပါတယ္။

ျမန္မာသမုိင္းတစ္ေလွ်ာက္ ထင္ရွားထူးခြ်န္ေသာ ဆရာေတာ္ႀကီးအမ်ားအျပား ရွိခဲ့သည့္အနက္ ဘုန္းေတာ္ႀကီး ဦးသီလ လည္းအပါ၀အင္ျဖစ္သည္။ ဘုန္းေတာ္ႀကီး ဦးသီလဟု အမ်ားေခၚေဝၚၾကေသာ ေတာရဆရာေတာ္ဘုရားႀကီးသည္ ပဲခူးၿမိဳ႕ ေျမာက္ဘက္ ႏွစ္မိုင္ခန္႔ေဝးေသာ အထက္ ဇိုင္းဂႏိုင္းႀကီး႐ြာ၌ သကၠရာဇ္ ၁၁၉၄ ခုႏွစ္၊ နတ္ေတာ္လဆန္း ၈ ရက္၊ ေသာၾကာ ေန႔နံနက္ ၈ နာရီအခ်ိန္တြင္ ဖြားျမင္သည္။ အဘမွာကုန္သည္ ဦးထြန္းေအာင္ျဖစ္၍ အမိေဒၚခ်ိဳျဖစ္သည္။ ငယ္မည္မွာ ေမာင္ေ႐ႊသာ ျဖစ္၏။ ဦးေ႐ႊသာ၊ ေဒၚသူဇာ၊ ေဒၚအို၊ ေဒၚလွေအာင္၊ ဦးဘိုးေက်ာ္ဟူေသာ ေမြးခ်င္းငါးေယာက္ရွိသည့္အနက္ ဦးသီလဆရာေတာ္ေလာင္း ဦးေ႐ႊသာသည္ အႀကီးဆုံး ျဖစ္သည္။

ေမာင္ေ႐ႊသာသည္ ၁ဝ ႏွစ္သားအ႐ြယ္တြင္ ေကာ့ျပင္႐ြာဘုန္းေတာ္ႀကီးဦးမႉးထံ၌ စာေပသင္ၾကားရန္ ေက်ာင္းသားအျဖစ္ အပ္ႏွံခံရသည္။ ၁၂ဝ၆ ခုႏွစ္တြင္အသက္ ၁၂ႏွစ္ အ႐ြယ္ ေရာက္ေသာအခါ ရွင္သာမေဏအျဖစ္သို႔ေရာက္သည္။ ဘြဲ႕ေတာ္မွာ ရွင္သီလသာရျဖစ္သည္။ ရွင္သာမေဏဝတ္ျဖင့္ ခုနစ္ဝါေနၿပီးေနာက္ ၁၂၁၃ ခုႏွစ္တပို႔တြဲလတြင္ က်ိဳက္ေဒးယ်ဳံဘုရား ကုန္းေတာ္အရံအတြင္းရွိ ဘုန္းႀကီးေက်ာင္း၌ ပီလခတ္႐ြာဘုန္းေတာ္ႀကီးကို ဥပဇၩာယ္ျပဳ၍ ကာရက သံဃာမ်ားစြာျဖင့္ ရဟန္းေဘာင္သို႔တက္ေတာ္မူသည္။

ေကာ့ျပင္႐ြာဘုန္းေတာ္ႀကီးဦးမႉးထံ၌ ရဟန္းႏွစ္ဝါရသည့္တိုင္ေအာင္ ေနၿပီးေနာက္၊ ပဲခူးၿမိဳ႕ေထာင့္ေက်ာင္း ဆရာေတာ္ႀကီး ဦးဟစႏၵာလကၤာရဘြဲ႕ေတာ္ရွိေသာ ဘုန္းေတာ္ႀကီး ဦးပုံထံ၌ ငါးဝါရသည့္ တိုင္ေအာင္ပရိယတၱိဓမၼ အေျခခံစာေပတို႔ကို ေန႔ညဥ့္မျပတ္သင္ၾကား အားထုတ္ေနေလသည္။ ဦးသီလသည္ထိုစဥ္က ျပတ္ျပတ္သားသား မွတ္သားဖြယ္ တရားမ်ားကို ေဟာၾကားႏိုင္သျဖင့္ အမ်ားၾကည္ၫိုၾကသည္။ ၁၂၁၈ ခုႏွစ္ရဟန္းဝါ ငါးဝါရၿပီးေသာအခါ ရန္ကုန္ၿမိဳ႕သို႔ႂကြလာ၍ ယခုပုဇြန္ေတာင္ က်ိဳက္ထီး႐ိုးေက်ာင္းတိုက္တည္ရာ၌ ေ႐ႊၾကက္ယက္ ဘုန္းေတာ္ႀကီးဦးေမဓာထံတြင္ စာေပက်မ္းဂန္သင္ယူကာ တစ္ဝါေနေလသည္။

ဦးသီလသည္ ေျခာက္ဝါရၿပီးေသာအခါ ပဲခူးၿမိဳ႕သို႔ျပန္ႂကြသြားကာ ကလ်ာဏီေတာရ ဘုန္းေတာ္ႀကီး ဦးဝဏၰထံ၌ တစ္ဝါ၊ မႏၲေလးၿမိဳ႕သို႔တက္၍ စစ္ကိုင္းဘက္ကူးၿပီးလၽွင္ စစ္ကိုင္း ပိေတာက္ေခ်ာင္ေတာင္႐ိုး အရိယဝံသေရငုံတိုက္၌ တစ္ဝါ၊ မႏၲေလးၿမိဳ႕အေရွ႕စလင္းတိုက္၌ တစ္ဝါအသီးသီးတြင္ သီတင္းသုံး၍ စာေပသင္ယူသည္။ ၁၂၂၂ ခုႏွစ္တြင္ရဟန္းဝါကိုးဝါအရ၌ ဦးသီလသည္ ေကာင္းစြာ မက်မ္းမာသျဖင့္ ပဲခူးဘက္သို႔စုန္ဆင္းလာၿပီးလၽွင္ လာကမြတ႐ြာ၊ ေဈးေညာင္ပင္႐ြာစသည္တို႔၌ ေခတၱ စီသိီတင္းသုံး၍ ပတၱျမားေစတီ၊ က်ိဳက္ပတိုင္ကုန္း တန္းဂူကုန္းတို႔၌ အရညဝါသီေတာမွီပုဂၢိဳလ္အျဖစ္ျဖင့္ ေတာရေဆာက္တည္ေနေတာ္မူသည္။ ၁၂၂၆ ခုႏွစ္တြင္ပဲခူးၿမိဳ႕မွ ဂိုဏ္းအုပ္ဆရာေတာ္ႀကီးဦးပုံ ေတာထြက္ေတာ္မူေသာအခါ ဦးသီလလည္းေနာက္မွတပါတည္း လိုက္သြားေလသည္။ ဂုိဏ္းအုပ္ဆရာေတာ္ႀကီး ေတာထြက္ရသည္မွာလည္း ဘုန္းေတာ္ႀကီး ဦးသီလေၾကာင့္ဟု ဆုိႏုိင္သည္။
ေရႊက်င္ၿမဳိ႕ရွိ ဘုန္းေတာ္ႀကီးဦးသိလ တရားက်င့္ခဲ့ရာဂူ

ဘုန္းႀကီးဦးပုံသည္ ကလ်ာဏီေက်ာင္းတိုက္ ေတာင္ဘက္တြင္ ကပ္လ်က္ရွိေသာ သစ္ေစးပင္ေလးတိုင္စင္ေက်ာင္းငယ္၌ သီတင္းသုံးေတာ္မူေသာအခါ ဦးသီလလည္း ထိုေက်ာင္းႏွင့္ မနီးမေဝး အေနာက္ဘက္ေက်ာင္းငယ္တစ္ခု၌ သီတင္းသုံးေနထိုင္သည္။ ဝါကၽြတ္လတ္ေသာ္ ပဲခူးၿမိဳ႕အေရွ႕ဟသၤာကုန္းသို႔ ေ႐ႊ႕ေျပာင္း၍ ေတာေက်ာင္း၌ဘုန္းႀကီး ဦးပုံႏွင့္အတူ ဝါကပ္သည္။ ယင္းသို႔ျဖင့္ဘုန္းႀကီးဦးပုံမဟာနာယကျပဳ၍ တည္ေထာင္ေသာေတာရ ဂိုဏ္းတြင္ ဘုန္းေတာ္ႀကီး ဦးသီလသည္ ဒုတိယနာယကျဖစ္လာေလသည္။ ပဲခူးေတာရ ဂိုဏ္းႀကီးသည္ ေ႐ႊက်င္ဆရာေတာ္ႀကီးတည္ေထာင္ေသာ ေ႐ႊက်င္ဂိုဏ္းႏွင့္ဝိနည္းကိုပဓာနထား၍ သီးသန္႔ျခင္း၊ ဂိုဏ္းတစ္ပါးႏွင့္အဆက္အဆံမရွိျခင္းတို႔၌ အယူသီလတူမၽွ ေလသည္။

ယင္းသို႔ေ႐ႊက်င္ဂိုဏ္းႏွင့္ ပဲခူးေတာရဂိုဏ္းတို႔ ႏွစ္ဂိုဏ္းတစ္ဂိုဏ္းျဖစ္ၿပီးေသာအခါ ဆရာေတာ္ဦးသီလပင္ လၽွင္ယင္းဂိုဏ္းႀကီး၏ ဒုတိယနာယကျဖစ္ေတာ္မူေလသည္။ ၁၂၂၈ ခုႏွစ္ဝါလသီတင္းကၽြတ္ေသာအခါဦးသီလသည္ ဟသၤာကုန္းမွ ဖဲခြာေလသည္။ ထို၁၅ ဝါရၿပီးမွစ၍ က်ိဳက္ေဒးယ်ဳံ၊ လာကမြတ္၊ ေဈးေညာင္ပင္၊ က်ိဳက္ပတိုင္ကုန္းတန္း၊ ဂူကုန္း၊ ကလိ၊တပ္ကေလး၊ အဝိုင္း၊ ဘုရားကေလး၊ ဥကၠံ႐ြာကုန္းေတာရ၊ ေဒးစြန္ပါပ်ဥ္ပုံေတာ၊ လွည္းဘီးကြဲ၊ အေနာက္ေတာတန္း၊ ဒိုက္ဦး၊ ဖေအာင္ဝဲ၊ ေ႐ႊက်င္ခ႐ြဲ၊ ဝမ္းပေကာ၊ က်ိဳက္ထို၊ ေကာ့ကဒြတ္၊ ဘီးလင္း၊ က်ိဳက္ေကာ္၊ သထုံ၊ေဂါ့၊ မုတၱမေတာင္႐ိုး၊ ေမာ္လၿမိဳင္၊ ဖားအံ၊ ဘီလူးကၽြန္း၊ မုဒုံ၊က်ဳုံဒိုးေကာ့ကရိတ္စသည္တို႔သို႔အႏွံ႔ႂကြ၍ သီတင္းသုံးကာ ေတာရဂိုဏ္းအႏွံ႔ ႀကီးပြားေလသည္။

ဆရာေတာ္သည္ရဟန္း ၁၂ဝါမွစ၍ ဓုတင္၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည္။ ပိ႑ပါတ္ဓုတင္ သပဒါနစာရိဓုတင္တို႔ျဖင့္ေန႔စဥ္ ဆြမ္းခံ၏။ ဆြမ္းဘုဥ္းေပးေသာအခါ ဧကာသနိတ္ပတၱပိုဏ္ဓုတင္ တစ္ေနရာတည္း တစ္ခြက္တည္းဘုဥ္းေပးသည္။ သက္သတ္လြတ္သာအၿမဲသုံးေဆာင္သည္။ ဆရာေတာ္သည္ အတည္တက် တစ္ေနရာတည္း တစ္ဆက္တည္း မေနလို၊ တစ္ေနရာတြင္အမ်ားဆုံးႏွစ္ဝါဆိုေလ့ရွိသည္။ ဆရာေတာ္၏ ေက်ာင္းသည္လည္း မ်ားေသာအားျဖင့္ ပိတ္မိုးေက်ာင္းတို႔ ျဖစ္ၾကသည္။ ထိုသို႔ဆရာေတာ္သည္ တစ္ေနရာတည္းခန္႔ခန္႔ ထည္ထည္ေက်ာင္းႀကီးႏွင့္ အၿမဲေနေလ့မရွိဘဲ အႏွံ႔သြားလာေနထိုင္ေသာေၾကာင့္လည္း ေတာရဂိုဏ္း ႀကီးအရပ္ရပ္၌ ပ်ံ႕ႏွံ႔ျခင္းျဖစ္သည္။

ဆရာေတာ္သည္ မိမိႏွင့္ ေတြ႕သမၽွေသာ ရဟန္းတို႔အား ေတာေက်ာင္းေနခ်င္ေအာင္ ေဟာေလ့ရွိသည္။ ဆရာေတာ္သည္ လာဘ္ သပ္ပကာ အလြန္ေပါေသာ္လည္း ေရာက္ရာအရပ္ရွိ သံဃာေတာ္တို႔အား အကုန္စြန္႔လႉေလ့ရွိ၏။ ကိုယ္ေတာ္တိုင္မူကား သပိတ္တစ္လုံး၊ သကၤန္းသုံးထည္ သားေရႏြယ္တခ်ပ္ျဖင့္ေရာင့္ရဲေတာ္မူ၏။ ထုိသို႔ ေတာအလီလီေရႊ႕ေျပာင္းက်င့္သုံးရာ ဆင္ ၊ က်ား စေသာသားရဲတိရစာၦန္မ်ားျဖင့္ မၾကာခဏထိပ္တုိက္ႀကဳံခဲ့သည္။ က်ားမ်ားအလြန္ေသာင္းက်န္ပါသည္ဆုိေသာ အရပ္မ်ားတြင္ ေတာရေဆာက္တည္ေသာ္လည္း တခါဖူးမွ် အႏၱရာယ္မႀကဳံခဲ့။ ေကာင္းျမတ္ေသာ အက်င့္သီလတန္ခိုးေၾကာင့္ ဆင္မနင္းက်ားမကိုက္ေသာ ဂုဏ္ရွိေတာ္မူသည္ဟုဆိုၾကသည္။

တခါကက်ားႀကီးတစ္ေကာင္သည္ ဆရာေတာ္၏ တဲေက်ာင္းအနီးတြင္ဖုိထားေသာ မီးပုံတြင္ လာ၀ပ္ၿပီး ပါးစပ္အေဟာင္းသားႏွင့္ အိပ္ေပ်ာ္သြားခုိက္ ကပၸိယႀကီးက က်ားႀကီး၏ပါးစပ္ထဲသုိ႔ မီးခဲမ်ားထည့္ဖုိ႔ စိတ္ကူးမိရာ ေက်ာင္းႀကီးေပၚမွ ဆရာေတာ္၏ အသံထြက္လာသျဖင့္ လန္႔သြားခဲ့ဖူးသည္။
“ကပၸိယႀကီး ဘာလုိ႔မေကာင္းႀကံၿပီး ျပစ္မွားရသလဲ ။ ကုိယ့္အလုပ္ ကိုယ္လုပ္္တာမဟုတ္ဘူး ေတာင္းပန္လုိက္”ဟူေသာ စကားေၾကာင့္ ဆရာေတာ္သည္ စိတ္ထဲမွအႀကံံကုိပင္ သိေနသူဟု ယုံၾကည္ခဲ့သည္။ အျခားဆရာေတာ္တစ္ပါးသည္ ဆရာေတာ္သည္ အတြင္းစိတ္အႀကံကို သိမသိ ၂ႀကိမ္တုိင္စမ္းဖူးရာ ဆရာေတာ္က သိခ်ည္းေနသည္။ ပထမတစ္ခါ ဆရာေတာ္အားသြားဖူးစဥ္ ဆရာေတာ္က သူ႔ဆီလာသူ မွန္သမွ် ျပန္သြားတုိင္း ပစၥည္းမ်ားကိုလွဴဒါန္းသည့္ အေၾကာင္းသိသျဖင့္ ငါ့စိတ္အႀကံကုိ သိရင္ ငါ့ကုိဘာမွမလွဴပါေစနဲ႔ဟု ေတြးခဲ့သည္။ ဆရာေတာ္ဦးသီလကလည္း ထုိဆရာေတာ္ျပန္သည့္ အခါဘာမွမလွဴပဲ ျပန္လႊတ္လုိက္သည္။

တစ္ႀကိမ္တုိက္ဆုိင္တာျဖစ္မွာပါ ဟု ေနာက္တစ္ႀကိမ္ထပ္စမ္းဖူးသည္။ ဒီတစ္ႀကိမ္တြင္ ဆရာေတာ္ဦးသီလ ဆီသို႔အသြား ငါ့စိတ္ကုိသိလွ်င္ ငါ့အားဘယ္သူလဲ ဘယ္ကလဲမေမးပဲ ေျခဆုပ္လက္နယ္ ၀တ္ျပဳခြင့္ေပးပါေစ ဟုအႀကံျဖစ္သည္။ ဆရာေတာ္ဦးသီလ ထံအေရာက္တြင္ မည္သည့္စကားမွ မေမးပဲ ေျခဆုပ္လက္နယ္ျပဳခြင့္ေပးခဲ့သည္။ ထုိအခါမွ ထုိဆရာေတာ္ယုံသြားသည္။ ပ်ဥ္းမနားမွ ဒကာတစ္ဦးကလည္း ဆရာေတာ္သည္ ေတာရခ်ည္းသာေဆာက္တည္ေနသျဖင့္ အက်င့္သာျမတ္သည္ စာေပဘက္မွာေတာ့ထူးခြ်န္စြာ တတ္ေျမာက္ပုံမရဟု ဆရာေတာ္္ဆီအသြားတြင္ ေတြးခဲ့ဖူးသည္။ ဆရာေတာ္ဆီေရာက္သည့္အခါ ဆရာေတာ္က “ဒကာတုိ႔ ဆန္းၾကယ္တဲ့ တန္ေဆာင္းျပသာဒ္ေတြကုိေဆာက္ရာမွာ လက္မူပညာသာတတ္ၿပီး စူးေဆာက္ တန္ဆာပလာ တုိ႔မရွိရင္ျဖစ္ပါ့မလား ၊ လက္နက္သာရွိၿပီး ပညာမတတ္ရင္ေရာျဖစ္ပါ့မလား ၊ ႏွစ္ခုစလုံးျပည့္စုံမွ ျဖစ္မည္မဟုတ္ပါလား” ဟူေသာ စကားကုိဆုိရာ ထုိဒကာမွာ ၀မ္းနည္း၀မ္းသာျဖစ္ခဲ့ဖူးသည္။

ဆရာေတာ္ႏွင့္ ပတ္သတ္၍ ထူးျခားေသာျဖစ္ရပ္မ်ားစြာ ရွိခဲ့ဖူးသည္။ ထုိအထဲမွ တခ်ဳိ႕ကိုေျပာရလွ်င္-

ပဲခူးေခ်ာင္းဖ်ားရွိ ကံျမင့္ရြာတြင္ ညအခါတြင္ က်ားဆုိးတစ္ေကာင္ေသာင္းက်န္းလွ်က္ရွိသည္။ ထုိအတြင္း ဘုန္းေတာ္ႀကီးသည္ ထုိရြာသုိ႔ေရာက္ၿပီး ရြာသုသာန္ဇရပ္တြင္ တစ္ညတည္းသည္။ ရြာသူ ရြာသားမ်ားက ေလွ်ာက္ထားေသာ္လည္း လက္မခံသျဖင့္ အားလုံးစုိးရိမ္ခဲ့ၾကသည္။ ဘုန္းေတာ္ႀကီးအား အသက္မရွင္ႏုိင္ေတာ့ဟု ယူဆခဲ့ေသာ္လည္း ေနာက္တစ္ေန႔တြင္ ဆြမ္းခံထြက္သည္ကုိ ျမင္ရသျဖင့္ ၀မ္းသာအားရျဖင့္ ဆြမ္းေလာင္းၾကသည္။ မယုံၾကည္သူမ်ားက လုိက္လံေခ်ာင္းၾကည့္ရာ က်ားဆုိးႀကီးသည္ ဘုန္းေတာ္ႀကီးအနီး သုံးေတာင္ခန္႔အကြာတြင္ ၿငိမ္သက္စြာေနသည္ကုိ ေတြ႔လုိက္ၾကသည္။

တခါကလည္း ဘုန္းေတာ္ႀကီးအား လာပင့္ေသာ ဒကာ ၃ေယာက္ႏွင့္အတူ ကင္ပြန္းစခန္းအနီးရြာတစ္ရြာသုိ႔ အသြား လမ္းတြင္ ဆင္ဆုိးႀကီးတစ္ေကာင္ႏွင့္ ႀကဳံျပန္သည္။ ထုိဆင္ဆုိးသည္ လူမ်ားကို နင္းသတ္ဖူးခဲ့ေသာ ဆင္ဆုိးႀကီးျဖစ္သည္။ တည့္တည့္ေတြ႔သည္ျဖစ္၍ ဆရာေတာ္အား ေနာက္ဆုတ္ရန္ေလွ်ာက္ထားေသာ္လည္း လက္မခံသျဖင့္ ဒကာမ်ားမွာ ထြက္ေျပးသူေျပး ၊ သစ္ပင္ေပၚတက္သူတက္ျဖစ္ကုန္သည္။ ဆရာေတာ္သည္ ေရွ႕မတုိးေနာက္မဆုတ္ ၿငိမ္သက္စြာရပ္ေနသည္။ ဘုန္းေတာ္ႀကီးရွိရာသို႔ အရွိန္ျဖင့္ေျပးလာေသာ ဆင္ဆုိးႀကီးမွာ ဘုန္းေတာ္ႀကီးအနားေရာက္သည္ႏွင့္ ပုဆစ္တုပ္ၿပီး ထုိင္လွ်က္က်သြားသည္။

ဘုန္းေတာ္ႀကီးက ရပ္ၿမဲရပ္ေနရာ ခဏအၾကာ ဆင္ႀကီးမွာ ေနာက္ျပန္လည့္ၿပီး ေတာအတြင္းသို႔ ျပန္၀င္သြားသည္ကုိ ဒကာမ်ား ျမင္လုိက္ၾကသည္။ က်ဳိက္ထီးရုိးလမ္္းတြင္ ေသာင္းက်န္းေနေသာ ဆင္ဆုိးႀကီးေက်ာ့မွဴးႏွင့္ တည့္တည့္ႀကဳံခဲ့စဥ္ကလည္း ထုိအတုိင္းပင္ ဆင္ႀကီးသည္ ဆရာေတာ္အနီးအေရာက္တြင္ ဦးေခါင္းငိုက္စုိက္ ေအာ္ဟစ္ၿပီး ျပန္လည္ဆုတ္သြားသည္ကုိ ကပၸိယႀကီးသာမက ပန္ခ်ာပီသုံးေယာက္ ႏွင့္ အဂၤလိပ္စစ္ဗုိလ္တုိ႔ပါ ျမင္ေတြ႔လုိက္ၾကသည္။ ဘုန္းေတာ္ႀကီး၏ သီလ ႏွင့္ ေမတၱာ အစြမ္းထက္ပုံကုိ အားလုံးေျပာမဆုံးၾကေတာ့။

ဆရာေတာ္သည္ ႏြားရုိင္း ၊ ေျမြ စသည္တုိ႔ႏွင့္လည္း ႀကဳံခဲ့ဖူးေသာ္လည္း တခါတရံမွ် ဘာမွမျဖစ္ခဲ့။ ေနာက္တခါ ထူးျခားသည့္ျဖစ္ရပ္တစ္ခုမွာ ဆရာေတာ္သည္ သိမ္ကုန္း ဂူႀကီးတစ္ခု အတြင္းတြင္ တရားက်င့္ေနစဥ္ ဂူအျပင္ဘက္ မနီးမေ၀းတြင္ ႏြားေက်ာင္းသားတစ္ေယာက္ ႏြားေက်ာင္းေနသည္။ ထုိအခ်ိန္တြင္ ဂူႀကီးမွာ ရုပ္တရက္ၿပဳိက်သြားရာ ႏြားေက်ာင္းသားသည္ လန္႔ျဖန္႔ၿပီး “ဂူၿပဳိသျဖင့္ ဆရာေတာ္ပ်ံလြန္ေတာ္မူၿပီ” ဟုေအာ္ဟစ္ကာ ရြာကုိအျမန္ေျပးသည္။ ရြာသူရြာသားမ်ား စုရုံး၍ ၿပဳိက်ခဲ့ရာ ဂူအနီးသုိ႔ အေျပးအလႊားေရာက္သည့္အခါ မတ္တပ္ရပ္ေနေသာ ဆရာေတာ္အား ျမင္လုိက္ရသည္။ ဂူၿပဳိသည့္အေၾကာင္း ဆရာေတာ္အားေမးၾကည့္ရာ ဆရာေတာ္က
“ေအး ငါတရားထုိင္ေနတုန္း ဂူအျပင္ဘက္က ဆရာေတာ္ကယ္ပါဘုရား ဆရာေတာ္ကယ္ပါဘုရား လုိ႔ ေအာ္ဟစ္တဲ့အသံၾကားလုိ႔ ထြက္ၾကည့္မိတယ္။ဘယ္သူမွလည္း မေတြ႔ပါဘူး။ အဲဒီအခ်ိန္မွာပဲ ဂူႀကီးၿပဳိသြားတာပဲ” ဟုေျဖသည္။

တခါကလည္း ဆရာေတာ္သည္ က်ဳိက္ေဒးယ်ဳံေတာခ်ဳံထူထပ္သည့္ေနရာတြင္ တစ္ကုိယ္တည္းတရားရႈ႕မွတ္ေနရာ ၿခဳံမ်ားကြယ္ေနသျဖင့္ မုဆုိးႀကီး ဦးေကာ္က ေသနတ္ျဖင့္ပစ္သည္။ သုံးႀကိမ္ပစ္ရာ မီးမကူး ေသနတ္ကိုအေပၚသုိ႔ ေထာင္ပစ္မွ က်ည္ဆန္ထြက္သည္။ ဘာေၾကာင့္ပါလဲဟု အနီးသုိ႔သြားၾကည့္ရာ ဘုန္းေတာ္ႀကီးျဖစ္ေနသည္ကုိ ေတြ႔ေသာအခါမွ ထိတ္လန္႔တုန္လႈပ္ၿပီး အျပစ္အား ခြင့္လႊတ္ရန္ေတာင္းပန္သည္။ ဘုန္းေတာ္ႀကီးက
“မိမိ အျပစ္ကုိ ျမင္သည္၍ ေတာင္းပန္ကုစားျခင္းကား ေကာင္း၏။ ေနာင္ႀကီးပြားျခင္းျဖစ္သည္။ ငါသည္းခံသည္” ဟုဆုိသည္။ ထုိအခ်ိန္မွ စ၍ ဦးေကာ္သည္ မုဆုိးအလုပ္ကို စြန္႔လႊတ္၍ ရာသက္ပန္ ရဟန္း၀တ္သြားေတာ့သည္။

၁၂၄၇ခုႏွစ္ ပါေတာ္မူေခတ္တြင္ ေက်ာက္ကလပ္ဘုန္းေတာ္ႀကီးမ်ားဗုိလ္လုပ္ကာ အဂၤလိပ္တုိ႔အားေတာ္လွန္ေနသည္။ အဂၤလိပ္တပ္မ်ားက လုိက္လံႏွိမ္ႏွင္းရာ ေခါင္းေဆာင္ ကိုဘားႀကီးက်ဆုံး၍ တပ္ပ်က္ေျပးၾကသည္။ အဂၤလိပ္ ပန္ခ်ာပီတပ္ကလည္း လုိက္လံႏွိမ္ႏွင္းရာ ဘုန္းေတာ္ႀကီးေတာရေဆာက္တည္ေနေသာ ေနရာသို႔ေရာက္လာသည္။ ၿငိမ္သက္စြာထုိင္ေနေသာ ဘုန္းေတာ္ႀကီးအား ရန္သူ႔ဘက္သားဟု ယူဆကာ ေသနတ္မ်ားျဖင့္ ၀ုိင္းပစ္ၾကသည္။ တစ္ေယာက္ေသနတ္မွ မီးမထြက္သျဖင့္ ဘုန္းေတာ္ႀကီးအနီးသုိ႔ေရာက္လာၾကၿပီး ေျခေထာက္ကိုဦးေခါင္းႏွင့္ ပြတ္ကာ ဆလံေပးကာ ၀န္ခ်ေတာင္းပန္ၾကသည္။

ဆရာေတာ္သည္ ျပြန္တန္ဆာ ၊ ဒုိက္ဦး ၊ ဥကၠံရြာမ်ားသုိ႔ ခရီးလည့္လည္ေနစဥ္ လမ္းအၾကားတြင္ မီးရထားႏွင့္ ထိပ္တုိက္တုိးဖူးသည္။ ဆရာေတာ္အနီးေရာက္သည္ႏွင့္ မီးရထားသည္ ခ်က္ခ်င္းရပ္သြား၍ စက္ဗုိလ္မ်ားသာမက ခရီးသည္မ်ားပါ ရုတ္ရုတ္သဲသဲျဖစ္သြားၾကသည္။ စက္ဗုိလ္ႏွင့္ ခရီးသည္မ်ား သူ႔ထက္ငါ ဦးေအာင္ ဘုန္းေတာ္ႀကီးအားပူေဇာ္ၾကသည္။ မီးရထားထြက္သည့္တုိင္ေအာင္ ရထားအျပင္ဘက္သုိ႔ ကုိယ္တစ္ပုိင္းထုတ္၍ ေခါင္းျပဴၾက ေအာ္ဟစ္ရွိခုိးခဲ့ၾကသည္။ မီးရထားႏွင့္ ဒီတစ္ႀကိမ္တည္းသာမဟုတ္ ဒလ ၊ ကြမ္းၿခံကုန္း သို႔ႀကြစဥ္ကလည္း ထုိအတုိင္းႀကဳံခဲ့ဖူးသည္။
ဇလြန္ၿမဳိ႕က ဦးသီလ ေစတီေတာ္

ဆရာေတာ္ဦးသီလသည္ ဝိနည္းသိကၡာအထူးတင္းၾကပ္စြာေစာင့္စည္းေတာ္မူ၍ ဘုန္းႀကီးလွသည္။ ဆရာေတာ္သည္ အက်င့္သီလကိုသာဂ႐ုဓမၼစိုက္ထုတ္သည္မဟုတ္၊ ပရိယတၱိ သာသနာဖြံ႕ၿဖိဳးမႈကိုလည္း အလြန္လိုလားေတာ္မူသည္။ ပဲခူးေတာရဂိုဏ္းဝိနည္းစာျပန္ပြဲမ်ားကို ၁၂၃၃ ခုႏွစ္မွစ၍ က်င္းပခဲ့သည္။ သထုံၿမိဳ႕ရွိဓမၼိကာရာမစာသင္တိုက္၊ ေညာင္ေလးပင္ ေတာရေက်ာင္း၊ ရန္ကုန္က်ိဳကၠဆံေက်ာင္းတိုက္၊ ေညာင္တုန္း ေ႐ႊဟသၤာေတာရတိုက္၊ ျဖဴးၿမိဳ႕ ေ႐ႊက်င္ေတာင္ေက်ာင္း၊ ေျမာက္ေက်ာင္း စသည္တို႔ကို ဦးစီးတည္ေထာင္ေပးသည္။ ျမန္မာႏိုင္ငံအရပ္ရပ္ရွိ ၿမိဳ႕႐ြာမ်ားမွ ဘုန္းေတာ္ႀကီးအားႂကြေရာက္ ခ်ီးျမႇင့္ရန္ပင့္ဖိတ္တိုင္း ျငင္းဆိုသည္မရွိ။ တတ္ႏိုင္သမၽွ ႂကြေရာက္ခ်ီးျမႇင့္သည္ခ်ည္း ျဖစ္သည္။ ထို႔ေၾကာင့္ပင္ ဆရာေတာ္ပ်ံလြန္ေတာ္မူေသာအခါ ေနရင္း ပဲခူးၿမိဳ႕၌မဟုတ္ဘဲ ဇလြန္ၿမိဳ႕သို႔ သိမ္သမုတ္သြားရင္း ျဖစ္ရေလသည္။

ဆရာေတာ္သည္ ၁၂၆၉ ခုႏွစ္ကဆုန္လဆုတ္ ၄ ရက္ တနင္းလာေန႔၊ (၂၉) ရက္၊ဧၿပီလ၊ (၁၉၀၇) ခုႏွစ္၊ နံနက္(၇)နာရီတြင္ သက္ေတာ္ ၇၅ ႏွစ္၊ ဝါေတာ္ ၅၅ ဝါတြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူသည္။ ဆရာေတာ္ပ်ံလြန္သည့္ ကိစၥမွာလည္း ဇလြန္ၿမဳိ႕အတြက္ ယေန႔တုိင္ေအာင္ ေျပာစမွတ္တြင္စရာ ကိစၥျဖစ္ခဲ့သည္။ ဘုန္းေတာ္ႀကီးသည္ အလြန္ထင္ရွား၍ ႀကီးျမတ္ေသာပုဂၢဳိလ္ႀကီးျဖစ္သျဖင့္ ဇလြန္ၿမဳိ႕ႏွင့္ မတန္ ရန္ကုန္သုိ႔ျပန္ပင့္ရမည္ဟု ဘုန္းေတာ္ႀကီးညီမ ႏွင့္အတူ ရန္ကုန္မွ ဒကာ ဒကာမမ်ားက သေဘၤာစင္းလုံးငွား၍ ဇလြန္သုိ႔ လုိက္လာၾကသည္။ အေလာင္းေတာ္ကိုျပန္ထည့္ရန္ ဆရာေတာ္ႀကီးမ်ားႏွင့္ အမိန္႔ႏွင့္သာမက စစ္တပ္မ်ား ပုလိပ္မ်ားျဖင့္ပင္ အက်ပ္ကုိင္ေတာင္းသည္။ သို႔ေသာ္ဇလြန္သားတုိ႔ကလည္း လုံး၀မေပးႏုိင္ အသက္ႏွင့္လဲမည္ ဟူ၍ တၿမဳိ႕လုံးအုံၾကြျငင္းဆန္ခဲ့သည္။ ဘုန္းေတာ္ႀကီး သီတင္းသုံးခဲ့ရာ အျခားေဒသမ်ားမွလည္း အေလာင္းေတာ္ကိုေပးရန္ အသီးသီးေတာင္းဆုိလာၾကသည္ ။ ဇလြန္ၿမဳိ႕သားမ်ားကျပတ္သည္ မည္သည္ကုိမွ်မေပးႏုိင္ဟု တြင္တြင္ျငင္းကာ ဇလြန္္မွာပင္ သၿဂၤဳိဟ္ရန္စီစဥ္ၾကသည္။

အေလာင္းေတာ္ကုိ ခုိးယူမည္စုိး၍ ေၾကးေသတၱာအေခါင္းလုပ္ၿပီး လူမမီသည့္အျမင့္တြင္ ဆြဲထားသည္။ အနီးတြင္လည္း လူေလးေယာက္အား ေန႔ညမျပတ္ေစာင့္ေစခဲ့သည္။ အနယ္နယ္အရပ္ရပ္မွ လူမ်ားသည္ ဘုန္းေတာ္ႀကီးအေလာင္းအနီးတြင္ ဇလြန္သားတုိ႔အား အမ်ဳိးမ်ဳိးေစာင္းခ်ိတ္ေျပာဆုိ၍ ငိုယုိၾကရာ ဇလြန္သားတုိ႔က ေျပာခ်င္ရာေျပာ၊ အေလာင္းမေပးရင္ၿပီးတာပဲ ဟု ေက်နပ္ၾကေလသည္။ စ်ာပနပြဲကုိ ထုိႏွစ္တပုိ႔တြဲလတြင္က်င္းပရာ ပ်ားပန္းခတ္ စည္ကားလွၿပီး ဇလြန္သားတုိ႔၏ သဒၵါတရားကုိ ေဖာ္ျပခြင့္ရသည္။ ေလာင္တုိက္အနီးတြင္ ဘုန္းေတာ္ႀကီး၏ ဘ၀ျဖစ္စဥ္မ်ားကို ပန္းခ်ီကားခ်ပ္မ်ားျဖင့္ ေရးဆြဲထားရာ ၾကည့္ရႈသူတုိင္း မ်က္ရည္မဆည္ႏုိင္ရွာၾက။

တပုိတြဲလျပည့္ေက်ာ္ ႏွစ္ရက္ေန႔တြင္ သၿဂၤဳိဟ္ရန္ စီစဥ္ထားေသာ္လည္း ဖူးေမွ်ာ္သူမ်ားေၾကာင့္ ေနာက္တစ္ေန႔မနက္ ရွစ္နာရီမွပင္ သၿဂၤဳိဟ္ခဲ့ရသည္။ သၿဂဳိဟ္ၿပီးေနာက္ တာ၀န္ရွိသူမ်ားက အရုိးျပာမ်ားကို သံေသတၱာမ်ားျဖင့္ထည့္ၿပီးလွ်င္ ပရိတ္သတ္အား ယူလုိရာယူရန္ခြင့္ျပဳရာ သၿဂၤဳိဟ္တဲ့ေနရာမွ မီးေသြးမ်ားသာ မက ၀ါးရာဇမတ္မ်ားအျပင္ ေျမႀကီးပါတြင္းႀကီးျဖစ္ကုန္သည္။ အရုိးျပာရသူမ်ားက ေရေမြးပုလင္းမ်ားတြင္ထည့္ထားရာ ျပာမွအလုံးေလးမ်ားျဖစ္လာၿပီး တက္ခ်ည္ဆင္းခ်ည္ ကြန္႔ျမဴးေနသည္ကုိ ဖူးေတြ႔ၾကရသည္။ မီးခံေသတၱာမ်ား အထပ္ထပ္ျဖင့္ သိမ္းဆည္းထားေသာ အရုိးျပာမ်ားကို ထုတ္ၾကည့္သည့္အခါတြင္လည္း ျပာမ်ားမဟုတ္ေတာ့ အားလုံး ဓာတ္ေတာ္အလုံးမ်ားျဖစ္ေနသည္ကိုေတြ႔လုိက္ၾကသည္။ ထုိအခါလက္ပြန္းတတီးေနခဲ့ၾကသူမ်ားသည္ ဤမွ်ျမင့္ျမတ္ေသာ ပုဂၢဳိလ္ ဟု မထင္မွတ္ခဲ့မိၾကသည့္အေပၚ ေနာင္တႀကီးစြာ ရကုန္ၾက၏။

စ်ာပနပြဲၿပီးသြားေသာ္လည္း မီးသၿဂၤဳိဟ္ရာေနရာတြင္ မီးလုံးပ်ံႀကီးမ်ား ပ်ံတက္သည္ကုိ အမ်ားစုက ျမင္ၾကသျဖင့္ တေႏြလုံးပြဲႀကီးျဖစ္ေနသည္။ ဆြမ္းဆန္စိမ္းေလာင္းပြဲႀကီးကို လွည္းေပါင္းတစ္ေထာင္ေက်ာ္ျဖင့္ က်င္းပၾကသည္။ ထုိေနရာတြင္ပင္ ဓာတ္ေတာ္မ်ားကို ဌာပနာ၍ သဲပုံေစတီကို တည္လုိက္ၾကသည္။ သဲပုံေစတီအနီးမွ သဲမ်ားကိုေရထဲထည့္လွ်င္ သေဘၤာေစ့ခန္႔ ပုလဲေရာင္အလုံးေလးမ်ား ပုလင္းထဲတြင္ ငုပ္ခ်ည္ေပၚခ်ည္ျဖစ္ေနသည္ကုိ ေတြ႔ၾကရသည္။ အလွဴအတန္း အေကြ်းအေမြးပြဲမ်ားျဖင့္ မျပတ္စည္ကားခဲ့ၿပီး ကဆုန္ နယုန္ လွည္းလမ္းပိတ္၍ လယ္လုပ္ငန္းစမွသာ လူစဲေပေတာ့သည္။ သဲပုံေစတီေနရာတြင္ သံေတာင္ ၃၀ အျမင့္ရွိ အရုိးအုိးေစတီကုိတည္ထားလွ်က္ရွိပါသည္။

ဘုန္းေတာ္ႀကီး ဦးသီလ အေၾကာင္းကုိ နာမည္သာၾကားဖူးၿပီး မသိေသးတဲ့မိတ္ေဆြမ်ားအတြက္ သုတဇုန္က ျပန္လည္ေရးသားေ၀မွ်လုိက္ျခင္းျဖစ္ပါတယ္။ ဒီလုိမ်ဳိး စိတ္၀င္စားဖြယ္ အေၾကာင္းအရာေလးမ်ားကို အၿမဲဖတ္ခ်င္ရင္ သုတဇုန္ေပ့ကုိ ဆီးဖက္စ္ လုပ္ထားလုိက္ပါ

ကုိးကား
ရဟႏာၱႏွင့္ ပုဂၢဳိလ္ထူးမ်ား
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၃
သုတဇုန္






# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။

မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါဝအင်ဖြစ်သည်။ ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။

မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။ ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ရဟန်းဘောင်သို့တက်တော်မူသည်။

ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ ရဟန်းနှစ်ဝါရသည့်တိုင်အောင် နေပြီးနောက်၊ ပဲခူးမြို့ထောင့်ကျောင်း ဆရာတော်ကြီး ဦးဟစန္ဒာလင်္ကာရဘွဲ့တော်ရှိသော ဘုန်းတော်ကြီး ဦးပုံထံ၌ ငါးဝါရသည့် တိုင်အောင်ပရိယတ္တိဓမ္မ အခြေခံစာပေတို့ကို နေ့ညဉ့်မပြတ်သင်ကြား အားထုတ်နေလေသည်။ ဦးသီလသည်ထိုစဉ်က ပြတ်ပြတ်သားသား မှတ်သားဖွယ် တရားများကို ဟောကြားနိုင်သဖြင့် အများကြည်ညိုကြသည်။ ၁၂၁၈ ခုနှစ်ရဟန်းဝါ ငါးဝါရပြီးသောအခါ ရန်ကုန်မြို့သို့ကြွလာ၍ ယခုပုဇွန်တောင် ကျိုက်ထီးရိုးကျောင်းတိုက်တည်ရာ၌ ရွှေကြက်ယက် ဘုန်းတော်ကြီးဦးမေဓာထံတွင် စာပေကျမ်းဂန်သင်ယူကာ တစ်ဝါနေလေသည်။

ဦးသီလသည် ခြောက်ဝါရပြီးသောအခါ ပဲခူးမြို့သို့ပြန်ကြွသွားကာ ကလျာဏီတောရ ဘုန်းတော်ကြီး ဦးဝဏ္ဏထံ၌ တစ်ဝါ၊ မန္တလေးမြို့သို့တက်၍ စစ်ကိုင်းဘက်ကူးပြီးလျှင် စစ်ကိုင်း ပိတောက်ချောင်တောင်ရိုး အရိယဝံသရေငုံတိုက်၌ တစ်ဝါ၊ မန္တလေးမြို့အရှေ့စလင်းတိုက်၌ တစ်ဝါအသီးသီးတွင် သီတင်းသုံး၍ စာပေသင်ယူသည်။ ၁၂၂၂ ခုနှစ်တွင်ရဟန်းဝါကိုးဝါအရ၌ ဦးသီလသည် ကောင်းစွာ မကျမ်းမာသဖြင့် ပဲခူးဘက်သို့စုန်ဆင်းလာပြီးလျှင် လာကမွတရွာ၊ ဈေးညောင်ပင်ရွာစသည်တို့၌ ခေတ္တ စီသီတင်းသုံး၍ ပတ္တမြားစေတီ၊ ကျိုက်ပတိုင်ကုန်း တန်းဂူကုန်းတို့၌ အရညဝါသီတောမှီပုဂ္ဂိုလ်အဖြစ်ဖြင့် တောရဆောက်တည်နေတော်မူသည်။ ၁၂၂၆ ခုနှစ်တွင်ပဲခူးမြို့မှ ဂိုဏ်းအုပ်ဆရာတော်ကြီးဦးပုံ တောထွက်တော်မူသောအခါ ဦးသီလလည်းနောက်မှတပါတည်း လိုက်သွားလေသည်။ ဂိုဏ်းအုပ်ဆရာတော်ကြီး တောထွက်ရသည်မှာလည်း ဘုန်းတော်ကြီး ဦးသီလကြောင့်ဟု ဆိုနိုင်သည်။
ရွှေကျင်မြို့ရှိ ဘုန်းတော်ကြီးဦးသိလ တရားကျင့်ခဲ့ရာဂူ

ဘုန်းကြီးဦးပုံသည် ကလျာဏီကျောင်းတိုက် တောင်ဘက်တွင် ကပ်လျက်ရှိသော သစ်စေးပင်လေးတိုင်စင်ကျောင်းငယ်၌ သီတင်းသုံးတော်မူသောအခါ ဦးသီလလည်း ထိုကျောင်းနှင့် မနီးမဝေး အနောက်ဘက်ကျောင်းငယ်တစ်ခု၌ သီတင်းသုံးနေထိုင်သည်။ ဝါကျွတ်လတ်သော် ပဲခူးမြို့အရှေ့ဟင်္သာကုန်းသို့ ရွှေ့ပြောင်း၍ တောကျောင်း၌ဘုန်းကြီး ဦးပုံနှင့်အတူ ဝါကပ်သည်။ ယင်းသို့ဖြင့်ဘုန်းကြီးဦးပုံမဟာနာယကပြု၍ တည်ထောင်သောတောရ ဂိုဏ်းတွင် ဘုန်းတော်ကြီး ဦးသီလသည် ဒုတိယနာယကဖြစ်လာလေသည်။ ပဲခူးတောရ ဂိုဏ်းကြီးသည် ရွှေကျင်ဆရာတော်ကြီးတည်ထောင်သော ရွှေကျင်ဂိုဏ်းနှင့်ဝိနည်းကိုပဓာနထား၍ သီးသန့်ခြင်း၊ ဂိုဏ်းတစ်ပါးနှင့်အဆက်အဆံမရှိခြင်းတို့၌ အယူသီလတူမျှ လေသည်။

ယင်းသို့ရွှေကျင်ဂိုဏ်းနှင့် ပဲခူးတောရဂိုဏ်းတို့ နှစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးသောအခါ ဆရာတော်ဦးသီလပင် လျှင်ယင်းဂိုဏ်းကြီး၏ ဒုတိယနာယကဖြစ်တော်မူလေသည်။ ၁၂၂၈ ခုနှစ်ဝါလသီတင်းကျွတ်သောအခါဦးသီလသည် ဟင်္သာကုန်းမှ ဖဲခွာလေသည်။ ထို၁၅ ဝါရပြီးမှစ၍ ကျိုက်ဒေးယျုံ၊ လာကမွတ်၊ ဈေးညောင်ပင်၊ ကျိုက်ပတိုင်ကုန်းတန်း၊ ဂူကုန်း၊ ကလိ၊တပ်ကလေး၊ အဝိုင်း၊ ဘုရားကလေး၊ ဥက္ကံရွာကုန်းတောရ၊ ဒေးစွန်ပါပျဉ်ပုံတော၊ လှည်းဘီးကွဲ၊ အနောက်တောတန်း၊ ဒိုက်ဦး၊ ဖအောင်ဝဲ၊ ရွှေကျင်ခရွဲ၊ ဝမ်းပကော၊ ကျိုက်ထို၊ ကော့ကဒွတ်၊ ဘီးလင်း၊ ကျိုက်ကော်၊ သထုံ၊ဂေါ့၊ မုတ္တမတောင်ရိုး၊ မော်လမြိုင်၊ ဖားအံ၊ ဘီလူးကျွန်း၊ မုဒုံ၊ကျုုံဒိုးကော့ကရိတ်စသည်တို့သို့အနှံ့ကြွ၍ သီတင်းသုံးကာ တောရဂိုဏ်းအနှံ့ ကြီးပွားလေသည်။

ဆရာတော်သည်ရဟန်း ၁၂ဝါမှစ၍ ဓုတင်၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည်။ ပိဏ္ဍပါတ်ဓုတင် သပဒါနစာရိဓုတင်တို့ဖြင့်နေ့စဉ် ဆွမ်းခံ၏။ ဆွမ်းဘုဉ်းပေးသောအခါ ဧကာသနိတ်ပတ္တပိုဏ်ဓုတင် တစ်နေရာတည်း တစ်ခွက်တည်းဘုဉ်းပေးသည်။ သက်သတ်လွတ်သာအမြဲသုံးဆောင်သည်။ ဆရာတော်သည် အတည်တကျ တစ်နေရာတည်း တစ်ဆက်တည်း မနေလို၊ တစ်နေရာတွင်အများဆုံးနှစ်ဝါဆိုလေ့ရှိသည်။ ဆရာတော်၏ ကျောင်းသည်လည်း များသောအားဖြင့် ပိတ်မိုးကျောင်းတို့ ဖြစ်ကြသည်။ ထိုသို့ဆရာတော်သည် တစ်နေရာတည်းခန့်ခန့် ထည်ထည်ကျောင်းကြီးနှင့် အမြဲနေလေ့မရှိဘဲ အနှံ့သွားလာနေထိုင်သောကြောင့်လည်း တောရဂိုဏ်း ကြီးအရပ်ရပ်၌ ပျံ့နှံ့ခြင်းဖြစ်သည်။

ဆရာတော်သည် မိမိနှင့် တွေ့သမျှသော ရဟန်းတို့အား တောကျောင်းနေချင်အောင် ဟောလေ့ရှိသည်။ ဆရာတော်သည် လာဘ် သပ်ပကာ အလွန်ပေါသော်လည်း ရောက်ရာအရပ်ရှိ သံဃာတော်တို့အား အကုန်စွန့်လှူလေ့ရှိ၏။ ကိုယ်တော်တိုင်မူကား သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် သားရေနွယ်တချပ်ဖြင့်ရောင့်ရဲတော်မူ၏။ ထိုသို့ တောအလီလီရွှေ့ပြောင်းကျင့်သုံးရာ ဆင် ၊ ကျား စသောသားရဲတိရစ္ဆာန်များဖြင့် မကြာခဏထိပ်တိုက်ကြုံခဲ့သည်။ ကျားများအလွန်သောင်းကျန်ပါသည်ဆိုသော အရပ်များတွင် တောရဆောက်တည်သော်လည်း တခါဖူးမျှ အန္တရာယ်မကြုံခဲ့။ ကောင်းမြတ်သော အကျင့်သီလတန်ခိုးကြောင့် ဆင်မနင်းကျားမကိုက်သော ဂုဏ်ရှိတော်မူသည်ဟုဆိုကြသည်။

တခါကကျားကြီးတစ်ကောင်သည် ဆရာတော်၏ တဲကျောင်းအနီးတွင်ဖိုထားသော မီးပုံတွင် လာဝပ်ပြီး ပါးစပ်အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးက ကျားကြီး၏ပါးစပ်ထဲသို့ မီးခဲများထည့်ဖို့ စိတ်ကူးမိရာ ကျောင်းကြီးပေါ်မှ ဆရာတော်၏ အသံထွက်လာသဖြင့် လန့်သွားခဲ့ဖူးသည်။
“ကပ္ပိယကြီး ဘာလို့မကောင်းကြံပြီး ပြစ်မှားရသလဲ ။ ကိုယ့်အလုပ် ကိုယ်လုပ်တာမဟုတ်ဘူး တောင်းပန်လိုက်”ဟူသော စကားကြောင့် ဆရာတော်သည် စိတ်ထဲမှအကြံံကိုပင် သိနေသူဟု ယုံကြည်ခဲ့သည်။ အခြားဆရာတော်တစ်ပါးသည် ဆရာတော်သည် အတွင်းစိတ်အကြံကို သိမသိ ၂ကြိမ်တိုင်စမ်းဖူးရာ ဆရာတော်က သိချည်းနေသည်။ ပထမတစ်ခါ ဆရာတော်အားသွားဖူးစဉ် ဆရာတော်က သူ့ဆီလာသူ မှန်သမျှ ပြန်သွားတိုင်း ပစ္စည်းများကိုလှူဒါန်းသည့် အကြောင်းသိသဖြင့် ငါ့စိတ်အကြံကို သိရင် ငါ့ကိုဘာမှမလှူပါစေနဲ့ဟု တွေးခဲ့သည်။ ဆရာတော်ဦးသီလကလည်း ထိုဆရာတော်ပြန်သည့် အခါဘာမှမလှူပဲ ပြန်လွှတ်လိုက်သည်။

တစ်ကြိမ်တိုက်ဆိုင်တာဖြစ်မှာပါ ဟု နောက်တစ်ကြိမ်ထပ်စမ်းဖူးသည်။ ဒီတစ်ကြိမ်တွင် ဆရာတော်ဦးသီလ ဆီသို့အသွား ငါ့စိတ်ကိုသိလျှင် ငါ့အားဘယ်သူလဲ ဘယ်ကလဲမမေးပဲ ခြေဆုပ်လက်နယ် ဝတ်ပြုခွင့်ပေးပါစေ ဟုအကြံဖြစ်သည်။ ဆရာတော်ဦးသီလ ထံအရောက်တွင် မည်သည့်စကားမှ မမေးပဲ ခြေဆုပ်လက်နယ်ပြုခွင့်ပေးခဲ့သည်။ ထိုအခါမှ ထိုဆရာတော်ယုံသွားသည်။ ပျဉ်းမနားမှ ဒကာတစ်ဦးကလည်း ဆရာတော်သည် တောရချည်းသာဆောက်တည်နေသဖြင့် အကျင့်သာမြတ်သည် စာပေဘက်မှာတော့ထူးချွန်စွာ တတ်မြောက်ပုံမရဟု ဆရာတော်ဆီအသွားတွင် တွေးခဲ့ဖူးသည်။ ဆရာတော်ဆီရောက်သည့်အခါ ဆရာတော်က “ဒကာတို့ ဆန်းကြယ်တဲ့ တန်ဆောင်းပြသာဒ်တွေကိုဆောက်ရာမှာ လက်မူပညာသာတတ်ပြီး စူးဆောက် တန်ဆာပလာ တို့မရှိရင်ဖြစ်ပါ့မလား ၊ လက်နက်သာရှိပြီး ပညာမတတ်ရင်ရောဖြစ်ပါ့မလား ၊ နှစ်ခုစလုံးပြည့်စုံမှ ဖြစ်မည်မဟုတ်ပါလား” ဟူသော စကားကိုဆိုရာ ထိုဒကာမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ဖူးသည်။

ဆရာတော်နှင့် ပတ်သတ်၍ ထူးခြားသောဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။ ထိုအထဲမှ တချို့ကိုပြောရလျှင်-

ပဲခူးချောင်းဖျားရှိ ကံမြင့်ရွာတွင် ညအခါတွင် ကျားဆိုးတစ်ကောင်သောင်းကျန်းလျှက်ရှိသည်။ ထိုအတွင်း ဘုန်းတော်ကြီးသည် ထိုရွာသို့ရောက်ပြီး ရွာသုသာန်ဇရပ်တွင် တစ်ညတည်းသည်။ ရွာသူ ရွာသားများက လျှောက်ထားသော်လည်း လက်မခံသဖြင့် အားလုံးစိုးရိမ်ခဲ့ကြသည်။ ဘုန်းတော်ကြီးအား အသက်မရှင်နိုင်တော့ဟု ယူဆခဲ့သော်လည်း နောက်တစ်နေ့တွင် ဆွမ်းခံထွက်သည်ကို မြင်ရသဖြင့် ဝမ်းသာအားရဖြင့် ဆွမ်းလောင်းကြသည်။ မယုံကြည်သူများက လိုက်လံချောင်းကြည့်ရာ ကျားဆိုးကြီးသည် ဘုန်းတော်ကြီးအနီး သုံးတောင်ခန့်အကွာတွင် ငြိမ်သက်စွာနေသည်ကို တွေ့လိုက်ကြသည်။

တခါကလည်း ဘုန်းတော်ကြီးအား လာပင့်သော ဒကာ ၃ယောက်နှင့်အတူ ကင်ပွန်းစခန်းအနီးရွာတစ်ရွာသို့ အသွား လမ်းတွင် ဆင်ဆိုးကြီးတစ်ကောင်နှင့် ကြုံပြန်သည်။ ထိုဆင်ဆိုးသည် လူများကို နင်းသတ်ဖူးခဲ့သော ဆင်ဆိုးကြီးဖြစ်သည်။ တည့်တည့်တွေ့သည်ဖြစ်၍ ဆရာတော်အား နောက်ဆုတ်ရန်လျှောက်ထားသော်လည်း လက်မခံသဖြင့် ဒကာများမှာ ထွက်ပြေးသူပြေး ၊ သစ်ပင်ပေါ်တက်သူတက်ဖြစ်ကုန်သည်။ ဆရာတော်သည် ရှေ့မတိုးနောက်မဆုတ် ငြိမ်သက်စွာရပ်နေသည်။ ဘုန်းတော်ကြီးရှိရာသို့ အရှိန်ဖြင့်ပြေးလာသော ဆင်ဆိုးကြီးမှာ ဘုန်းတော်ကြီးအနားရောက်သည်နှင့် ပုဆစ်တုပ်ပြီး ထိုင်လျှက်ကျသွားသည်။

ဘုန်းတော်ကြီးက ရပ်မြဲရပ်နေရာ ခဏအကြာ ဆင်ကြီးမှာ နောက်ပြန်လည့်ပြီး တောအတွင်းသို့ ပြန်ဝင်သွားသည်ကို ဒကာများ မြင်လိုက်ကြသည်။ ကျိုက်ထီးရိုးလမ်းတွင် သောင်းကျန်းနေသော ဆင်ဆိုးကြီးကျော့မှူးနှင့် တည့်တည့်ကြုံခဲ့စဉ်ကလည်း ထိုအတိုင်းပင် ဆင်ကြီးသည် ဆရာတော်အနီးအရောက်တွင် ဦးခေါင်းငိုက်စိုက် အော်ဟစ်ပြီး ပြန်လည်ဆုတ်သွားသည်ကို ကပ္ပိယကြီးသာမက ပန်ချာပီသုံးယောက် နှင့် အင်္ဂလိပ်စစ်ဗိုလ်တို့ပါ မြင်တွေ့လိုက်ကြသည်။ ဘုန်းတော်ကြီး၏ သီလ နှင့် မေတ္တာ အစွမ်းထက်ပုံကို အားလုံးပြောမဆုံးကြတော့။

ဆရာတော်သည် နွားရိုင်း ၊ မြွေ စသည်တို့နှင့်လည်း ကြုံခဲ့ဖူးသော်လည်း တခါတရံမျှ ဘာမှမဖြစ်ခဲ့။ နောက်တခါ ထူးခြားသည့်ဖြစ်ရပ်တစ်ခုမှာ ဆရာတော်သည် သိမ်ကုန်း ဂူကြီးတစ်ခု အတွင်းတွင် တရားကျင့်နေစဉ် ဂူအပြင်ဘက် မနီးမဝေးတွင် နွားကျောင်းသားတစ်ယောက် နွားကျောင်းနေသည်။ ထိုအချိန်တွင် ဂူကြီးမှာ ရုပ်တရက်ပြိုကျသွားရာ နွားကျောင်းသားသည် လန့်ဖြန့်ပြီး “ဂူပြိုသဖြင့် ဆရာတော်ပျံလွန်တော်မူပြီ” ဟုအော်ဟစ်ကာ ရွာကိုအမြန်ပြေးသည်။ ရွာသူရွာသားများ စုရုံး၍ ပြိုကျခဲ့ရာ ဂူအနီးသို့ အပြေးအလွှားရောက်သည့်အခါ မတ်တပ်ရပ်နေသော ဆရာတော်အား မြင်လိုက်ရသည်။ ဂူပြိုသည့်အကြောင်း ဆရာတော်အားမေးကြည့်ရာ ဆရာတော်က
“အေး ငါတရားထိုင်နေတုန်း ဂူအပြင်ဘက်က ဆရာတော်ကယ်ပါဘုရား ဆရာတော်ကယ်ပါဘုရား လို့ အော်ဟစ်တဲ့အသံကြားလို့ ထွက်ကြည့်မိတယ်။ဘယ်သူမှလည်း မတွေ့ပါဘူး။ အဲဒီအချိန်မှာပဲ ဂူကြီးပြိုသွားတာပဲ” ဟုဖြေသည်။

တခါကလည်း ဆရာတော်သည် ကျိုက်ဒေးယျုံတောချုံထူထပ်သည့်နေရာတွင် တစ်ကိုယ်တည်းတရားရှု့မှတ်နေရာ ခြုံများကွယ်နေသဖြင့် မုဆိုးကြီး ဦးကော်က သေနတ်ဖြင့်ပစ်သည်။ သုံးကြိမ်ပစ်ရာ မီးမကူး သေနတ်ကိုအပေါ်သို့ ထောင်ပစ်မှ ကျည်ဆန်ထွက်သည်။ ဘာကြောင့်ပါလဲဟု အနီးသို့သွားကြည့်ရာ ဘုန်းတော်ကြီးဖြစ်နေသည်ကို တွေ့သောအခါမှ ထိတ်လန့်တုန်လှုပ်ပြီး အပြစ်အား ခွင့်လွှတ်ရန်တောင်းပန်သည်။ ဘုန်းတော်ကြီးက
“မိမိ အပြစ်ကို မြင်သည်၍ တောင်းပန်ကုစားခြင်းကား ကောင်း၏။ နောင်ကြီးပွားခြင်းဖြစ်သည်။ ငါသည်းခံသည်” ဟုဆိုသည်။ ထိုအချိန်မှ စ၍ ဦးကော်သည် မုဆိုးအလုပ်ကို စွန့်လွှတ်၍ ရာသက်ပန် ရဟန်းဝတ်သွားတော့သည်။

၁၂၄၇ခုနှစ် ပါတော်မူခေတ်တွင် ကျောက်ကလပ်ဘုန်းတော်ကြီးများဗိုလ်လုပ်ကာ အင်္ဂလိပ်တို့အားတော်လှန်နေသည်။ အင်္ဂလိပ်တပ်များက လိုက်လံနှိမ်နှင်းရာ ခေါင်းဆောင် ကိုဘားကြီးကျဆုံး၍ တပ်ပျက်ပြေးကြသည်။ အင်္ဂလိပ် ပန်ချာပီတပ်ကလည်း လိုက်လံနှိမ်နှင်းရာ ဘုန်းတော်ကြီးတောရဆောက်တည်နေသော နေရာသို့ရောက်လာသည်။ ငြိမ်သက်စွာထိုင်နေသော ဘုန်းတော်ကြီးအား ရန်သူ့ဘက်သားဟု ယူဆကာ သေနတ်များဖြင့် ဝိုင်းပစ်ကြသည်။ တစ်ယောက်သေနတ်မှ မီးမထွက်သဖြင့် ဘုန်းတော်ကြီးအနီးသို့ရောက်လာကြပြီး ခြေထောက်ကိုဦးခေါင်းနှင့် ပွတ်ကာ ဆလံပေးကာ ဝန်ချတောင်းပန်ကြသည်။

ဆရာတော်သည် ပြွန်တန်ဆာ ၊ ဒိုက်ဦး ၊ ဥက္ကံရွာများသို့ ခရီးလည့်လည်နေစဉ် လမ်းအကြားတွင် မီးရထားနှင့် ထိပ်တိုက်တိုးဖူးသည်။ ဆရာတော်အနီးရောက်သည်နှင့် မီးရထားသည် ချက်ချင်းရပ်သွား၍ စက်ဗိုလ်များသာမက ခရီးသည်များပါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စက်ဗိုလ်နှင့် ခရီးသည်များ သူ့ထက်ငါ ဦးအောင် ဘုန်းတော်ကြီးအားပူဇော်ကြသည်။ မီးရထားထွက်သည့်တိုင်အောင် ရထားအပြင်ဘက်သို့ ကိုယ်တစ်ပိုင်းထုတ်၍ ခေါင်းပြူကြ အော်ဟစ်ရှိခိုးခဲ့ကြသည်။ မီးရထားနှင့် ဒီတစ်ကြိမ်တည်းသာမဟုတ် ဒလ ၊ ကွမ်းခြံကုန်း သို့ကြွစဉ်ကလည်း ထိုအတိုင်းကြုံခဲ့ဖူးသည်။
ဇလွန်မြို့က ဦးသီလ စေတီတော်

ဆရာတော်ဦးသီလသည် ဝိနည်းသိက္ခာအထူးတင်းကြပ်စွာစောင့်စည်းတော်မူ၍ ဘုန်းကြီးလှသည်။ ဆရာတော်သည် အကျင့်သီလကိုသာဂရုဓမ္မစိုက်ထုတ်သည်မဟုတ်၊ ပရိယတ္တိ သာသနာဖွံ့ဖြိုးမှုကိုလည်း အလွန်လိုလားတော်မူသည်။ ပဲခူးတောရဂိုဏ်းဝိနည်းစာပြန်ပွဲများကို ၁၂၃၃ ခုနှစ်မှစ၍ ကျင်းပခဲ့သည်။ သထုံမြို့ရှိဓမ္မိကာရာမစာသင်တိုက်၊ ညောင်လေးပင် တောရကျောင်း၊ ရန်ကုန်ကျိုက္ကဆံကျောင်းတိုက်၊ ညောင်တုန်း ရွှေဟင်္သာတောရတိုက်၊ ဖြူးမြို့ ရွှေကျင်တောင်ကျောင်း၊ မြောက်ကျောင်း စသည်တို့ကို ဦးစီးတည်ထောင်ပေးသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများမှ ဘုန်းတော်ကြီးအားကြွရောက် ချီးမြှင့်ရန်ပင့်ဖိတ်တိုင်း ငြင်းဆိုသည်မရှိ။ တတ်နိုင်သမျှ ကြွရောက်ချီးမြှင့်သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာတော်ပျံလွန်တော်မူသောအခါ နေရင်း ပဲခူးမြို့၌မဟုတ်ဘဲ ဇလွန်မြို့သို့ သိမ်သမုတ်သွားရင်း ဖြစ်ရလေသည်။

ဆရာတော်သည် ၁၂၆၉ ခုနှစ်ကဆုန်လဆုတ် ၄ ရက် တနင်းလာနေ့၊ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅ ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ ဆရာတော်ပျံလွန်သည့် ကိစ္စမှာလည်း ဇလွန်မြို့အတွက် ယနေ့တိုင်အောင် ပြောစမှတ်တွင်စရာ ကိစ္စဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် အလွန်ထင်ရှား၍ ကြီးမြတ်သောပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် ဇလွန်မြို့နှင့် မတန် ရန်ကုန်သို့ပြန်ပင့်ရမည်ဟု ဘုန်းတော်ကြီးညီမ နှင့်အတူ ရန်ကုန်မှ ဒကာ ဒကာမများက သင်္ဘောစင်းလုံးငှား၍ ဇလွန်သို့ လိုက်လာကြသည်။ အလောင်းတော်ကိုပြန်ထည့်ရန် ဆရာတော်ကြီးများနှင့် အမိန့်နှင့်သာမက စစ်တပ်များ ပုလိပ်များဖြင့်ပင် အကျပ်ကိုင်တောင်းသည်။ သို့သော်ဇလွန်သားတို့ကလည်း လုံးဝမပေးနိုင် အသက်နှင့်လဲမည် ဟူ၍ တမြို့လုံးအုံကြွငြင်းဆန်ခဲ့သည်။ ဘုန်းတော်ကြီး သီတင်းသုံးခဲ့ရာ အခြားဒေသများမှလည်း အလောင်းတော်ကိုပေးရန် အသီးသီးတောင်းဆိုလာကြသည် ။ ဇလွန်မြို့သားများကပြတ်သည် မည်သည်ကိုမျှမပေးနိုင်ဟု တွင်တွင်ငြင်းကာ ဇလွန်မှာပင် သင်္ဂြိုဟ်ရန်စီစဉ်ကြသည်။

အလောင်းတော်ကို ခိုးယူမည်စိုး၍ ကြေးသေတ္တာအခေါင်းလုပ်ပြီး လူမမီသည့်အမြင့်တွင် ဆွဲထားသည်။ အနီးတွင်လည်း လူလေးယောက်အား နေ့ညမပြတ်စောင့်စေခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ လူများသည် ဘုန်းတော်ကြီးအလောင်းအနီးတွင် ဇလွန်သားတို့အား အမျိုးမျိုးစောင်းချိတ်ပြောဆို၍ ငိုယိုကြရာ ဇလွန်သားတို့က ပြောချင်ရာပြော၊ အလောင်းမပေးရင်ပြီးတာပဲ ဟု ကျေနပ်ကြလေသည်။ ဈာပနပွဲကို ထိုနှစ်တပို့တွဲလတွင်ကျင်းပရာ ပျားပန်းခတ် စည်ကားလှပြီး ဇလွန်သားတို့၏ သဒ္ဒါတရားကို ဖော်ပြခွင့်ရသည်။ လောင်တိုက်အနီးတွင် ဘုန်းတော်ကြီး၏ ဘဝဖြစ်စဉ်များကို ပန်းချီကားချပ်များဖြင့် ရေးဆွဲထားရာ ကြည့်ရှုသူတိုင်း မျက်ရည်မဆည်နိုင်ရှာကြ။

တပိုတွဲလပြည့်ကျော် နှစ်ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသော်လည်း ဖူးမျှော်သူများကြောင့် နောက်တစ်နေ့မနက် ရှစ်နာရီမှပင် သင်္ဂြိုဟ်ခဲ့ရသည်။ သဂြိုဟ်ပြီးနောက် တာဝန်ရှိသူများက အရိုးပြာများကို သံသေတ္တာများဖြင့်ထည့်ပြီးလျှင် ပရိတ်သတ်အား ယူလိုရာယူရန်ခွင့်ပြုရာ သင်္ဂြိုဟ်တဲ့နေရာမှ မီးသွေးများသာ မက ဝါးရာဇမတ်များအပြင် မြေကြီးပါတွင်းကြီးဖြစ်ကုန်သည်။ အရိုးပြာရသူများက ရေမွေးပုလင်းများတွင်ထည့်ထားရာ ပြာမှအလုံးလေးများဖြစ်လာပြီး တက်ချည်ဆင်းချည် ကွန့်မြူးနေသည်ကို ဖူးတွေ့ကြရသည်။ မီးခံသေတ္တာများ အထပ်ထပ်ဖြင့် သိမ်းဆည်းထားသော အရိုးပြာများကို ထုတ်ကြည့်သည့်အခါတွင်လည်း ပြာများမဟုတ်တော့ အားလုံး ဓာတ်တော်အလုံးများဖြစ်နေသည်ကိုတွေ့လိုက်ကြသည်။ ထိုအခါလက်ပွန်းတတီးနေခဲ့ကြသူများသည် ဤမျှမြင့်မြတ်သော ပုဂ္ဂိုလ် ဟု မထင်မှတ်ခဲ့မိကြသည့်အပေါ် နောင်တကြီးစွာ ရကုန်ကြ၏။

ဈာပနပွဲပြီးသွားသော်လည်း မီးသင်္ဂြိုဟ်ရာနေရာတွင် မီးလုံးပျံကြီးများ ပျံတက်သည်ကို အများစုက မြင်ကြသဖြင့် တနွေလုံးပွဲကြီးဖြစ်နေသည်။ ဆွမ်းဆန်စိမ်းလောင်းပွဲကြီးကို လှည်းပေါင်းတစ်ထောင်ကျော်ဖြင့် ကျင်းပကြသည်။ ထိုနေရာတွင်ပင် ဓာတ်တော်များကို ဌာပနာ၍ သဲပုံစေတီကို တည်လိုက်ကြသည်။ သဲပုံစေတီအနီးမှ သဲများကိုရေထဲထည့်လျှင် သင်္ဘောစေ့ခန့် ပုလဲရောင်အလုံးလေးများ ပုလင်းထဲတွင် ငုပ်ချည်ပေါ်ချည်ဖြစ်နေသည်ကို တွေ့ကြရသည်။ အလှူအတန်း အကျွေးအမွေးပွဲများဖြင့် မပြတ်စည်ကားခဲ့ပြီး ကဆုန် နယုန် လှည်းလမ်းပိတ်၍ လယ်လုပ်ငန်းစမှသာ လူစဲပေတော့သည်။ သဲပုံစေတီနေရာတွင် သံတောင် ၃၀ အမြင့်ရှိ အရိုးအိုးစေတီကိုတည်ထားလျှက်ရှိပါသည်။

ဘုန်းတော်ကြီး ဦးသီလ အကြောင်းကို နာမည်သာကြားဖူးပြီး မသိသေးတဲ့မိတ်ဆွေများအတွက် သုတဇုန်က ပြန်လည်ရေးသားဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို အမြဲဖတ်ချင်ရင် သုတဇုန်ပေ့ကို ဆီးဖက်စ် လုပ်ထားလိုက်ပါ

ကိုးကား
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃
သုတဇုန်

ေရႊထူး ရဲ့ ခလုတ္


ေရႊထူး ရဲ့ ခလုတ္

ေနာက္ေက်ာကိုဓားနဲ့ထိုးတာခံလိုက္ရတယ္လို့ေျပာတဲ့ မင္းသမီးျမတ္ေကသီေအာင္


ေနာက္ေက်ာကိုဓားနဲ့ထိုးတာခံလိုက္ရတယ္လို့ေျပာတဲ့ မင္းသမီးျမတ္ေကသီေအာင္

မဟာသမယအခါ​ေတာ္​​ေန႔ျဖစ္​​ေပၚလာပံု

မဟာသမယသုတ္ သမိုင္းအက်ဥ္း

ေရွးအခါက အိႏၵိယႏုိင္ငံတြင္ ကပိလ၀တ္ျပည္မွ လယ္သမားမ်ားႏွင့္ ေကာလိယျပည္မွ လယ္သမားတုိ႔ ေရာဟိနီျမစ္မွ ေရကုိ အေၾကာင္းျပဳ၍ ေရလုပြဲႀကီး ဆင္ႏြဲခဲ႔ၾကဖူး၏။ လယ္သမားမ်ားကုိ အေၾကာင္းျပဳ၍ ႏွစ္ဖက္ႏုိင္ငံမွ မင္းညီမင္းသားမ်ားႏွင့္ စစ္သည္ေတာ္မ်ားသည္လည္း ေရာဟိနီျမစ္ ရွိရာသုိ႔ ေရာက္ရွိလာၾက၏၊ ႏွစ္ဖက္ႏုိင္ငံမွ လူအမ်ားတုိ႔သည္ တုတ္ ဓား လက္နက္ ကုိင္ေဆာင္၍ ထုိးခုတ္တုိက္ခုိက္ေတာ့မည့္ အေျခအေနသုိ႔ ေရာက္ရွိေနၾက၏၊

ပဋိပကၡျဖစ္သည့္ေနရာသုိ႔ ျမတ္စြာဘုရား ေရာက္ရွိလာၿပီး ၿငိမ္းခ်မ္းေရးကုိေရွးရႈ၍ ေအာက္ပါ၀တၳဳမ်ားကုိ သာဓကထုတ္၍ ၿငိမ္းခ်မ္းေရးတရားကုိ ေဟာၾကားေတာ္မူေလသည္။

၁။ ၀က္၀ံႏွင့္ ရုကၡစုိးနတ္တုိ႔ ရန္ညိဳးဖြဲ႕မွား၍ ႏွစ္ဦးစလုံ ပ်က္စီးၾကပုံ ““ဖႏၵနဇာတ္””။

၂။ ေျမၿပိဳပါၿပီ ဟု ထင္ေၾကးျဖင့္ ဟစ္ေအာ္ထြက္ေျပးေသာ ယုန္တစ္ေကာင္၏စကားကုိ ယုံမွား၍ တိရစၦာန္မ်ား အေျပးမွားၿပီး ဆင္းရဲဒုကၡေရာက္ၾကရပုံ ““ဒုဒၵဳဘဇာတ္၊ ပထ၀ီဥၿႏၵိယဇာတ္””။

၃။ အားေသးေသာ ႏွံစုတ္ငွက္မ က အားႀကီးေသာ ဆင္ေျပာင္ႀကီးကုိ အႏုိင္ယူဖူး၍ ရန္သူကုိ အထင္မေသးသင့္ပုံ ““လဋဳကိကဇာတ္””။

၄။ ငုံးငွက္မ်ား ညီညြတ္စဥ္အခါက ရန္သူ၏လက္မွ လြတ္ေျမာက္ေသာ္လည္း စိတ္၀မ္းကြဲ၍ အခ်င္းခ်င္း မညီမညြတ္ျဖစ္လာေသာအခါ မုဆုိး၏ပုိက္ကြန္၌ အမိခံရပုံ ““သေမၼာဒမာနဇာတ္””။

၅။ သက္မဲ႔ျဖစ္ေသာ သစ္ပင္မ်ားပင္ တစ္စုတစ္ေ၀းတည္း တည္ေန၍ ေလေဘးအႏၲရာယ္မွ ကင္းေ၀းႏုိင္ပုံ ““႐ုကၡဓမၼဇာတ္””

၆။ မိမိကုိယ္ကုိ ထိန္းသိမ္းဆုံးမရန္ ““အတၱဒႏၲ””သုတ္ကုိ ထုတ္ေဆာင္ေဟာျပ ဆးုံမေတာ္မူပါသည္။

အထက္ပါသာဓက(၆)မ်ဳိးကုိ နာၾကားရေသာအခါ ႏွစ္ဖက္တုိင္းျပည္မွ လယ္သမားမ်ားႏွင့္ မင္းညီမင္းသား စစ္သည္ေတာ္မ်ားသည္ ေဒါသမီးၿငိမ္းစဲကာ လက္နက္မ်ားကုိ စြန္႔ပယ္၍ ေမတၱာဓာတ္မ်ား သက္၀င္လာၾကကုန္၏။ တစ္ဖက္လွ်င္ ၂၅၀ စီ ႏွစ္ျပည္ေထာင္မွ မင္းသားငါးရာတုိ႔ သာသနာ့ေဘာင္သုိ႔၀င္၍ ရဟန္းျပဳၾကကုန္၏။

ထုိရဟန္းေတာ္မ်ားသည္ ဇနီးမယားကုိ ေအာက္ေမ့တမ္းတ သတိရၿပီး သာသနာ့ေဘာင္၌ မေပ်ာ္ေမြ႕ႏုိင္ဘဲရွိၾကရာ ျမတ္စြာဘုရားက ဟိမ၀ႏၲာေတာအတြင္း ကုဏာလေရအုိင္သုိ႔ တန္ခုိးေတာ္ျဖင့္ ေခၚေဆာင္၍ ကုဏာလငွက္မင္း၏ဇာတ္ေၾကာင္းကုိ ေဟာျပေတာ္မူပါသည္။ တရားအဆုံး၌ ရဟန္းငါးရာလုံး ေသာတာပန္ျဖစ္ေတာ္မူၾကပါသည္။

ျမတ္စြာဘုရားသည္ ကုဏာလေရအုိင္မွ ကပိလ၀တ္ျပည္အနီး မဟာ၀ုန္ေတာႀကီးသုိ႔ ျပန္လည္ႂကေတာ္မူရာ အျပန္ခရီးတြင္ ေသာတာပန္ရဟန္း(၅၀၀)လုံး မိမိတုိ႔၏ တန္ခုိးေတာ္ျဖင့္ လုိက္ပါလာၾကကုန္၏။ ထုိမဟာ၀ုန္ေတာႀကီး၌ တရားေတာ္ကုိ ဆက္လက္အားထုတ္ရာ ရဟန္းေတာ္ အားလုံး ရဟႏၲာခ်ည္းျဖစ္ေတာ္မူၾကပါသည္။

ရဟႏၲာအပါးငါးရာတုိ႔သည္ မိမိတုိ႔ရရွိၿပီးေသာ တရားထူးကုိ ေလ်ာက္ထားရန္၏ႏွင့္ ျမတ္စြာဘုရားကုိ ဖူးေျမာ္ရန္ နယုန္လျပည့္ေန႔ ညခ်မ္းအခ်ိန္တြင္ ျမတ္စြာဘုရားအထံသုိ႔ စု႐ုံးေရာက္႐ွိလာၾကကုန္၏။ ဤကဲ႔သုိ႔ ထူးျခားေသာ သံဃာ့အစည္းအေ၀းႀကီးကုိ ေတြ႕ျမင္ၾကည္ညိဳ လုိၾကကုန္ေသာ နတ္ ျဗဟၼာ အသုရာႏွင့္ ဂဠဳန္ နဂါးတုိ႔သည္ မဟာ၀ုန္ေတာႀကီးသုိ႔ အုပ္စုလုိက္ စု႐ုံးေရာက္ ရွိၾကကုန္၏။

ဘုရားရွင္လက္ထက္ေတာ္အခါက နယုန္လျပည့္ေန႔တြင္ ဤကဲ႕သုိ႔ နတ္ျဗဟၼာမ်ား စု႐ုံး စည္းေ၀းမိေသာ အခ်ိန္ကုိ မဟာသမယ ဟု ေခၚဆုိပါသည္။

ထုိနတ္သဘင္အစည္းအေ၀း၌ အမည္နာမအမ်ဳိးမ်ဳိးကုိ ထုတ္ေဖာ္ႁမႊက္ၾကား ႏုတ္ခြန္း ဆက္ေသာအားျဖင့္ မိန္႔ၾကားေသာ စကားေတာ္မ်ားကုိ မဟာသမယသုတ္ဟု ေခၚဆုိရပါသည္။

မဟာသမယသုတ္ေတာ္ႀကီးကုိ ေဟာၾကားၿပီးေနာက္ စ႐ုိက္အားေလွ်ာ္စြာ ေအာက္ပါ သုတ္ေတာ္မ်ားကုိ ဆက္လက္ ေဟာၾကားေတာ္မူပါသည္။

၁။ ရာဂစ႐ုိက္အားႀကီးသူအတြက္ သမၼာပရိဗၺာဇနိယသုတ္။

၂။ ေဒါသစ႐ုိက္အားႀကီးသူအတြက္ ကလဟ၀ိဒါဒသုတ္။

၃။ ေမာဟစ႐ုိက္အားႀကီးသူအတြက္ မဟာဗ်ဴဟသုတ္။

၄။ ၀ိတက္စ႐ုိက္အားႀကီးသူအတြက္ စူဠဗ်ဴဟသုတ္။

၅။ သဒၶါစ႐ုိက္အားႀကီးသူအတြက္ တု၀ဋကသုတ္။

၆။ ပညာစ႐ုိက္အားႀကီးသူအတြက္ ပုရာေဘဒသုတ္တုိ႔ကုိ ေဟာၾကားေတာ္မူရာ နတ္ျဗဟၼာေပါင္း ကုေဋတစ္သိန္းစီ ကၽြတ္တန္း၀င္ၾကေလသည္။

ဤမဟာသမယသုတ္ကုိ အစဥ္အၿမဲရြတ္ဘတ္ေနပါက နတ္မ်ား၏ခ်စ္ခင္မႈကုိ ခံရေၾကာင္း၊ အိမ္သစ္, တုိက္သစ္, ေနရာသစ္တုိ႔၌ မဂၤလာယူလုိေသာ ပုဂၢိဳလ္တုိ႔သည္ ဤမဟာသမယသုတ္ကုိ ရြတ္ဆုိဖတ္ၾကားသင့္ေၾကာင့္ အ႒ကထာဆရာက ျပဆုိထားပါသည္။ (ဣဒံ ပန မဟာသမယသုတၱံ နာမ ေဒ၀တာနံ ပိယံ မနာပံ၊ တသၼာ မဂၤလံ ၀ဒေႏၲန အဘိန၀ဌာေနသု ဣဒေမ၀ သုုတၱံ ၀တၱဗၺံ။ ဒီ၊ ဌ၊ ၂၊ ႏွာ၊ ၂၈၇။)

မဟာသမယသုတ္ (အနက္)

၁။ အကြၽႏု္ပ္သည္ ဤသို႔ ၾကားနာခဲ့ရပါသည္ -

အခါတစ္ပါး၌ ျမတ္စြာဘုရားသည္ သကၠတိုင္း ကပိလဝတ္ျပည္ မဟာဝုန္ေတာ၌ ငါးရာမွ်ေသာ အလံုးစံု ရဟႏၲာခ်ည္းျဖစ္ေသာ ရဟန္းသံဃာမ်ားစြာႏွင့္အတူ သီတင္းသံုး ေနေတာ္မူ၏၊ (စၾကာဝဠာတစ္ေထာင္စီ ရွိ ေသာ) ေလာကဓာတ္တိုက္ ဆယ္ခုတို႔မွ နတ္ျဗဟၼာတို႔ သည္လည္း ျမတ္စြာဘုရားကို လည္းေကာင္း ရဟန္း သံဃာ ကို လည္းေကာင္း ဖူးေျမာ္ျခင္းငွါ အမ်ားအားျဖင့္ စည္းေဝး လာေရာက္ကုန္၏။

ထိုအခါ သုဒၶါဝါသဘံု၌ ေနေသာ ျဗဟၼာေလးဦးတို႔အား ဤသို႔ေသာ အၾကံသည္ ျဖစ္၏-

''ဤျမတ္စြာဘုရားသည္ သကၠတိုင္း ကပိလဝတ္ျပည္ မဟာဝုန္ေတာ၌ ငါးရာမွ်ေသာ အလံုးစံု ရဟႏၲာခ်ည္း ျဖစ္ေသာ ရဟန္း သံဃာမ်ားစြာႏွင့္အတူ သီတင္းသံုးေနေတာ္မူ၏၊ (စၾကာဝဠာ တစ္ေထာင္စီရွိေသာ) ေလာကဓာတ္တိုက္ ဆယ္ခုတို႔မွ နတ္တို႔သည္ လည္း ျမတ္စြာဘုရားကို လည္းေကာင္း၊ ရဟန္းသံဃာကိုလည္းေကာင္း ဖူးေျမာ္ျခင္းငွါ အမ်ားအားျဖင့္ စည္းေဝး လာေရာက္ ကုန္၏။ ငါတို႔သည္လည္း ျမတ္စြာဘုရားထံသို႔ ခ်ဥ္းကပ္၍ ျမတ္စြာဘုရား၏ အထံေတာ္၌ အသီးသီး ဂါထာ တစ္ပုဒ္စီ ရြတ္ဆိုရမူ ေကာင္းေလစြ'' ဟု (အၾကံျဖစ္၏)။

၂။ ထိုအခါ ထိုျဗဟၼာ (ေလးဦး) တို႔သည္ ဥပမာအားျဖင့္ ခြန္အားရွိေသာ ေယာက်္ားသည္ ေကြးေသာလက္ ကို ဆန္႔သကဲ့သို႔ လည္းေကာင္း၊ ဆန္႔ေသာ လက္ကို ေကြးသကဲ့သို႔လည္းေကာင္းဤအတူ သုဒၶါဝါသ ျဗဟၼာဘံုမွ ကြယ္ခဲ့၍ ျမတ္စြာဘုရား၏ ေရွ႕ေတာ္၌ ထင္ရွားေပၚလာကုန္၏။

ထို႔ေနာက္ ထိုျဗဟၼာ တို႔သည္ ျမတ္စြာဘုရားကို ရွိခိုးၿပီး၍ တစ္ခုေသာ ေနရာ၌ ရပ္ၿပီးလွ်င္ တစ္ဦးေသာ ျဗဟၼာသည္ ျမတ္စြာ ဘုရား၏ အထံေတာ္၌ ဤဂါထာကို ရြတ္ဆို၏-

''(အသွ်င္ဘုရား) မဟာဝုန္ေတာ၌ နတ္ျဗဟၼာအေပါင္းတို႔သည္ စု႐ံုးလာၾကသျဖင့္ အစည္းအေဝး ႀကီးျဖစ္လ်က္ ရွိေနပါ၏၊ အကြၽႏု္ပ္တို႔ သည္ (ကိေလသာရန္သူတို႔) မေအာင္ႏိုင္ေသာ သံဃာေတာ္ ကို ဖူးေျမာ္ျခင္းငွါ ဤတရားသဘင္ အစည္းအေဝးသို႔ လာေရာက္ ပါကုန္၏'' ဟု (ရြတ္ဆို၏)။

ထို႔ေနာက္ တစ္ဦးေသာ ျဗဟၼာသည္ ျမတ္စြာဘုရား၏ အထံေတာ္၌ ဤဂါထာကို ရြတ္ဆို၏-

''(အသွ်င္ဘုရား) ထို (အစည္းအေဝး) ၌ ရဟန္းတို႔သည္ မိမိစိတ္ကို တည္ၾကည္ေစလွ်က္ ေျဖာင့္မတ္စြာ ျပဳထားပါကုန္၏၊ ရထားထိန္း သည္ (ျမင္းဇက္) ႀကဳိးတို႔ကို ကိုင္၍ ထိန္းသကဲ့သို႔ ပညာရွိ (ရဟန္း) တို႔သည္ ဣေႁႏၵတို႔ကို ထိန္းသိမ္းေတာ္မူ ၾကပါကုန္၏'' ဟု (ရြတ္ဆို၏)။

ထို႔ေနာက္ တစ္ဦးေသာ ျဗဟၼာသည္ ျမတ္စြာဘုရား၏ အထံေတာ္၌ ဤဂါထာကို ရြတ္ဆို၏-

'(အသွ်င္ဘုရား) ျမတ္စြာဘုရား ေကာင္းစြာ ဆံုးမထားၿပီးျဖစ္၍ တဏွာကင္းလ်က္ သန္႔ရွင္း စင္ၾကယ္ေသာ ထိုရဟႏၲာငယ္ တို႔သည္ (ရာဂ ေဒါသ ေမာဟတည္းဟူေသာ) ခလုတ္တံသင္းႏွင့္တံခါး က်ည္မင္းတုပ္ကို ျဖတ္ၿပီး လွ်င္ (ရာဂ ေဒါသ ေမာဟတည္း ဟူေသာ) တံခါးတိုင္ကို ႏုတ္၍ လွည့္လည္ သြားလာ ေနၾကကုန္ ၏'' ဟု (ရြတ္ဆို၏)။

ထို႔ေနာက္ တစ္ဦးေသာ ျဗဟၼာသည္ ျမတ္စြာဘုရား၏ အထံေတာ္၌ ဤဂါထာကို ရြတ္ဆို၏-

''(အသွ်င္ဘုရား) ျမတ္စြာဘုရားကို ကိုးကြယ္ရာဟူ၍ ဆည္းကပ္သူ အားလုံးတို႔သည္ အပါယ္ ဘံုသို႔ မေရာက္ၾက ပါကုန္ လတၱံ႕၊ လူ႕ခႏၶာကို စြန္႔ပယ္၍ နတ္ျပည္၌ ျဖစ္ၾကပါကုန္ လတၱံ႕'' ဟု (ရြတ္ဆို၏)။

၃။ ထိုအခါ ျမတ္စြာဘုရားသည္ ရဟန္းတို႔ကို မိန္႔ေတာ္မူ၏-

''ရဟန္းတို႔ (စၾကာဝဠာတစ္ေထာင္စီရွိေသာ) ေလာကဓာတ္ဆယ္ခုတို႔မွ နတ္ျဗဟၼာတို႔သည္ ျမတ္စြာဘုရား ကို လည္းေကာင္း၊ ရဟန္းသံဃာကိုလည္းေကာင္း ဖူးေျမာ္ျခင္းငွါ အမ်ားအားျဖင့္ စည္းေဝး လာေရာက္ၾက ကုန္၏။ ရဟန္းတို႔ အတိတ္ကာလ၌ ပြင့္ေတာ္မူကုန္ေသာ ပူေဇာ္အထူးကို ခံေတာ္မူ ထိုက္ကုန္ေသာ ျမတ္စြာဘုရားတို႔၏ လက္ထက္ေတာ္၌လည္း ယခု ငါ၏ လက္ထက္၌ ကဲ့သို႔ ဤမွ်အတိုင္း အရွည္ရွိေသာ နတ္ျဗဟၼာတို႔သည္ စည္းေဝးခဲ့ၾကကုန္ၿပီ။

ရဟန္းတို႔ အနာဂတ္ကာလ၌ ပြင့္ေတာ္မူလတၱံ႕ကုန္ေသာ ပူေဇာ္အထူးကို ခံေတာ္မူ ထိုက္ကုန္ေသာ ျမတ္စြာဘုရားတို႔၏ လက္ထက္ေတာ္၌လည္း ယခုငါ၏ လက္ထက္၌ကဲ့သို႔ ဤမွ် အတိုင္းအရွည္ ရွိေသာ နတ္ျဗဟၼာတို႔သည္ စည္းေဝးၾကကုန္လတၱံ႕။

ရဟန္းတို႔ နတ္ျဗဟၼာအေပါင္းတို႔၏ အမည္တို႔ကို ေျပာၾကားေပအံ့၊ ရဟန္းတို႔ နတ္ျဗဟၼာ အေပါင္းတို႔၏ အမည္တို႔ကို ေၾကျငာေပအံ့၊ ရဟန္းတို႔ နတ္ျဗဟၼာအေပါင္းတို႔၏ အမည္တို႔ကို ေဟာၾကား ေပအံ့၊ ထိုစကားကို နာၾကားၾကေလာ့၊ ေကာင္းစြာ ႏွလံုးသြင္းၾကေလာ့၊ ေဟာျပေပအံ့''ဟု (မိန္႔ေတာ္မူ၏)။

''ေကာင္းပါၿပီ အသွ်င္ဘုရား''ဟု ထိုရဟန္းတို႔သည္ ျမတ္စြာဘုရားအား ဝန္ခံကုန္၏။

၄။ ျမတ္စြာဘုရားသည္ ဤတရားကို ေဟာေတာ္မူ၏-

(ရဟန္းတို႔) ဂါထာဖြဲ႕၍ ေဟာၾကားေပအံ့၊ အၾကင္ရဟန္းတို႔သည္ ဘုမၼစိုးနတ္တို႔ မွီဝဲေနထိုင္ရာ ျဖစ္ေသာ ထိုထိုအရပ္ကို မွီ၍ ေနကုန္၏၊ ေတာင္ေခါင္းကို မွီ၍ ေန ကုန္၏၊ ထိုရဟန္းတို႔သည္နိဗၺာန္သို႔ ေစလႊတ္အပ္ေသာ စိတ္ရွိကုန္၏၊ တည္ ၾကည္ေသာ စိတ္ရွိကုန္၏၊ ထိုမ်ားစြာေသာ ရဟန္းတို႔သည္ ၾကက္သီးေမြးညင္းမွ် ထျခင္း မရွိမူ၍ ျခေသၤ့မင္းကဲ့သို႔ တစ္းပါးတည္း ကိန္းေအာင္းေလ့ရွိ ကုန္၏၊ ျဖဴစင္ေသာ စိတ္ရွိ၍ ေနာက္က်ဳ ကင္းလ်က္ သန္႔ရွင္း ၾကည္လင္ကုန္၏။ ထိုအခါ ျမတ္စြာဘုရားသည္ ကပိလဝတ္ျပည္ မဟာဝုန္ေတာ၌ တပည့္သာဝက ငါးရာေက်ာ္တို႔သာသနာေတာ္ဝယ္ ေမြ႕ေလ်ာ္ ေနၾကသည္ကို သိေတာ္မူ၍၊ ရဟန္း တို႔ နတ္ျဗဟၼာအေပါင္းတို႔ေရွး႐ႈလာေရာက္လ်က္ ရွိကုန္၏၊ ထို (နတ္ျဗဟၼာ အေပါင္း) တို႔ကို (ဒိဗၺစကၡဳဥာဏ္ျဖင့္) သိကုန္ေလာ့ဟုမိန္႔ေတာ္မူ၏၊ ထိုရဟန္းတို႔ သည္လည္း ျမတ္စြာဘုရား၏ အဆံုးအမကို ၾကားနာရ၍ (သိျခင္းငွါ) အားထုတ္ ကုန္၏။ ထိုရဟန္းတို႔အား နတ္ျဗဟၼာတို႔ကို ျမင္စြမ္းႏိုင္ေသာ ဒိဗၺစကၡဳဥာဏ္သည္ ထင္ရွား ျဖစ္ေပၚ၏၊ အခ်ဳိ႕ေသာ ရဟန္းတို႔သည္ နတ္ျဗဟၼာတစ္ရာကို ျမင္ကုန္၏၊ အခ်ဳိ႕ ေသာ ရဟန္းတို႔သည္တစ္ေထာင္ကို အခ်ဳိ႕ေသာ ရဟန္းတို႔သည္ ခုနစ္ေသာင္းကို အခ်ဳိ႕ေသာ ရဟန္းတို႔သည္ နတ္ျဗဟၼာ တစ္သိန္းကို ျမင္ကုန္၏၊ အခ်ဳိ႕ေသာ ရဟန္းတို႔သည္ နတ္ျဗဟၼာ အနႏၲကို ျမင္ကုန္၏၊ အရပ္မ်က္ႏွာ အားလံုးတို႔သည္ နတ္ျဗဟၼာတို႔ျဖင့္ ျပည့္ႏွက္လ်က္ ရွိကုန္၏။ ထိုအခါ စကၡဳငါးပါးႏွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရားသည္ ထို (ရဟန္းတို႔၏ အသီးသီးျမင္ပံု) အလံုးစံုကို ထူးေသာ ဉာဏ္ျဖင့္ သိ၍ ပိုင္းျခားမွတ္သားေတာ္မူၿပီး လွ်င္ သာသနာေတာ္၌ ေမြ႕ေလ်ာ္ကုန္ေသာ တပည့္သာဝကာတို႔အား မိန္႔ေတာ္ မူ၏-

ရဟန္းတို႔ နတ္ျဗဟၼာအေပါင္းတို႔သည္ ေရွးရႈလာေရာက္လ်က္ ရွိကုန္၏၊ ထို (နတ္ျဗဟၼာအေပါင္း) တို႔ကို (ဒိဗၺစကၡဳဥာဏ္ျဖင့္) သိကုန္ေလာ့၊ ယင္းနတ္ျဗဟၼာတို႔ ကို သင္တို႔အားဂါထာျဖင့္ အစဥ္အတိုင္း ငါ ေျပာၾကား ေပအံ့။

၅။ (ရဟန္းတို႔) ေျမ၌ တည္ကုန္ေသာ ကပိလဝတ္ျပည္ကို မွီ၍ ေနကုန္ေသာ တန္ခိုးအာႏုေဘာ္ ႀကီးကုန္ ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ထိုခုနစ္ ေထာင္ေသာနတ္တို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္း ေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ ဟိမဝႏၲာေတာင္ ၌ ေနကုန္ေသာ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ႀကီးကုန္ေသာ အဆင္းလွ ကုန္ေသာ အျခံအရံမ်ားကုန္ေသာ ေျခာက္ေထာင္ေသာ နတ္တို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ သာတာဂိရိေတာင္၌ ေနကုန္ေသာ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာတန္ခိုးအာႏုေဘာ္ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ သံုးေထာင္ေသာနတ္တို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံ မ်ားကုန္ေသာ ဤတစ္ေသာင္းေျခာက္ေထာင္ေသာ နတ္တို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ ေဝႆာမိတၱေတာင္၌ ေနကုန္ေသာ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ငါးရာ ေသာ နတ္တို႔သည္မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ ဝမ္းသာ လာေရာက္ကုန္၏။ ရာဇၿဂိဳဟ္ျပည္ ေဝပုလႅေတာင္၌ ေနေသာ ကုမၻီရနတ္ (စစ္သူႀကီး) ကို အသိန္း မကေသာ နတ္တို႔သည္ျခံရံခစားကုန္၏၊ ရာဇၿဂိဳဟ္ျပည္၌ ေန ေသာ ထိုကုမၻီရနတ္ (စစ္သူႀကီး) သည္လည္း မဟာဝုန္ေတာရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ ဝမ္းသာ လာေရာက္၏။

၆။ အေရွ႕အရပ္ကို အုပ္စိုးေသာ ဂႏၶဗၺနတ္တို႔၏အရွင္ ဓတရ႒နတ္မင္းႀကီး သည္ မ်ားေသာ အျခံအရံ ရွိ၏။ ထို (နတ္မင္းႀကီး) ၏ သားေတာ္တို႔သည္ မ်ားလွကုန္၏၊ ခြန္အားႀကီး ကုန္ေသာ တန္ခိုး အာႏုေဘာ္ ႀကီးကုန္ ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဣႏၵ အမည္ရွိေသာ သားေတာ္တို႔သည္လည္း မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအ ေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။

ေတာင္အရပ္ကို အုပ္စိုးေသာ ကုမၻဏ္တို႔၏အရွင္ ဝိ႐ူဠႇက နတ္မင္းႀကီးသည္ မ်ား ေသာ အျခံအရံရွိ၏။ ထိုနတ္မင္းႀကီး၏ သားေတာ္တို႔သည္ မ်ားလွကုန္၏၊ ခြန္အားႀကီး ကုန္ေသာ တန္ခိုး အာႏုေဘာ္ ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဣႏၵအမည္ရွိေသာ သားေတာ္တို႔သည္လည္း မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္း အေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ ကုန္၏။

အေနာက္အရပ္ကို အုပ္စိုးေသာ နဂါးတို႔၏အရွင္ ဝိ႐ူပကၡ နတ္မင္းႀကီးသည္ မ်ားေသာ အျခံအရံရွိ၏။ ထိုနတ္မင္းႀကီး၏ သားေတာ္တို႔သည္ မ်ားလွကုန္၏၊ ခြန္အားႀကီး ကုန္ေသာ တန္ခိုး အာႏုေဘာ္ ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဣႏၵ အမည္ရွိေသာ သားေတာ္တို႔ သည္လည္း မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္း အေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ ကုန္၏။

ေျမာက္အရပ္ကို အုပ္စိုးေသာ နတ္ဘီလူးတို႔၏ အရွင္ကုေဝရနတ္မင္းႀကီးသည္ မ်ားေသာ အျခံအရံရွိ၏။ ထို (နတ္မင္းႀကီး) ၏ သားေတာ္တို႔သည္ မ်ားလွကုန္၏၊ ခြန္အားႀကီးကုန္ေသာ တန္ခိုးအာႏုေဘာ္ ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဣႏၵ အမည္ရွိေသာ သားေတာ္တို႔ သည္လည္း မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္း အေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ ကုန္၏။

အေရွ႕အရပ္၌ ဓတရ႒နတ္မင္းႀကီး၊ ေတာင္အရပ္၌ ဝိ႐ူဠႇကနတ္မင္းႀကီး၊ အေနာက္အရပ္၌ဝိ႐ူ ပကၡနတ္မင္းႀကီး၊ ေျမာက္အရပ္၌ ကုေဝရနတ္မင္းႀကီး။ ထိုနတ္မင္းႀကီး ေလးေယာက္ တို႔သည္ ထက္ဝန္းက်င္ အရပ္ေလးမ်က္ႏွာတို႔၌ အလြန္ေတာက္ပ ကုန္လ်က္ ကပိလဝတ္ျပည္ မဟာဝုန္ေတာ၌ တည္ရွိကုန္၏။

၇။ ထို (နတ္မင္းႀကီး) တို႔၏ ကြၽန္ယံုေတာ္ျဖစ္ကုန္ေသာ ပရိယာယ္မာယာမ်ား ကုန္ေသာ လွည့္စား တတ္ကုန္ ေသာ ေကာက္က်စ္စဥ္းလဲ တတ္ကုန္ေသာ မာယာနတ္ ကုေဋ႑ဳနတ္ ဝိေဋ႑ဳနတ္ ဝိဋဳစၥနတ္ ဝိဋဳဋနတ္ႏွင့္ တကြ -

စႏၵနနတ္ ကာမေသ႒နတ္ ကိႏၷိဃ႑ဳနတ္ နိဃ႑ဳနတ္တို႔သည္ လာေရာက္ ကုန္၏၊ ပနာဒနတ္ ၾသပမညနတ္ ရထားထိန္းမာတလိနတ္ စိတၱမည္ေသာဂႏၶဗၺနတ္ ေသနမည္ေသာဂႏၶဗၺနတ္ စိတၱေသနမည္ေသာဂႏၶဗၺနတ္ နဠရာဇာနတ္ ဇနဝသဘနတ္ ပၪၥသိခနတ္ တိမၺ႐ုနတ္သူရိယ ဝစၧသာနတ္သမီး။ ဤ (ဆိုခဲ့ၿပီးေသာ ဂႏၶဗၺနတ္) တို႔သည္ လည္းေကာင္း တစ္ပါးေသာ နတ္တို႔သည္ လည္းေကာင္း နတ္မင္းႀကီးတို႔ႏွင့္ အတူ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။

၈။ ထိုမွတစ္ပါး နာဂသအိုင္၌ေနေသာ နဂါးတို႔ႏွင့္ ေဝသာလီ၌ ေနေသာ နဂါး တို႔သည္ နဂါးပရိသတ္ႏွင့္ အတူ လာေရာက္ကုန္၏၊ ကမၸလမည္ေသာနဂါး အႆတရမည္ေသာ နဂါးႏွင့္ ပယာဂဆိပ္၌ ေနေသာ နဂါးတို႔သည္ ေဆြမ်ဳိးတို႔ႏွင့္ အတူ လာေရာက္ကုန္၏။ အျခံအရံမ်ားကုန္ေသာ ယမုနာျမစ္၌ ေနေသာ နဂါးတို႔ႏွင့္ ဓတရ႒အမ်ဳိး၌ျဖစ္ေသာ နဂါးတို႔သည္ လာေရာက္ကုန္၏၊ ဧရာဝဏ္ ဆင္ေျပာင္ႀကီးမည္ေသာ ထိုနတ္သား သည္လည္း မဟာဝုန္ေတာရဟန္းတို႔၏ အစည္းအေဝးသို႔ လာေရာက္ ကုန္၏။ အၾကင္ဂဠဳန္တို႔သည္ (ဆိုခဲ့ၿပီးေသာ) နဂါးမင္းတို႔ကို အႏိုင္အထက္ျပဳ၍ ဖမ္းယူ ႏိုင္ကုန္၏၊ နတ္ကဲ့သို႔အာႏုေဘာ္ရွိကုန္၏၊ (အမိဝမ္းႏွင့္ ဥခြံတြင္းမွ) ႏွစ္ႀကိမ္ ေမြးဖြားရကုန္၏၊ အေတာင္ရွိကုန္၏၊ စင္ၾကယ္ေသာ မ်က္စိအျမင္ ရွိကုန္၏၊ စိၾတသုပဏၰ အမည္ရွိကုန္၏ ထိုဂဠဳန္တို႔သည္ေကာင္းကင္ ခရီးျဖင့္ ေတာအုပ္ အလယ္သို႔ ေရာက္လာကုန္၏။ ထိုအခါ ျမတ္စြာဘုရားသည္ဂဠဳန္ေဘးမွ ၿငိမ္းေအာင္ ျပဳေတာ္မူသျဖင့္ နဂါးတို႔ အားေဘးကင္းေလ၏၊ နဂါးႏွင့္ ဂဠဳန္တို႔သည္သိမ္ေမြ႕ေသာ စကားတို႔ျဖင့္ ေခၚေဝၚေျပာဆိုလ်က္ ျမတ္စြာဘုရားကို ကိုးကြယ္ ဆည္းကပ္ၾက ကုန္၏။

၉။ ဝရဇိန္လက္နက္ရွိေသာ သိၾကားမင္းကို စစ္႐ႈံးသျဖင့္ သမုဒၵရာကို မွီ၍ ေနရကုန္ေသာအသူရာ တို႔သည္ သိၾကားမင္း၏ ညီေနာင္တို႔ပင္ ျဖစ္ကုန္၏၊ တန္ခိုးႀကီးကုန္၏၊ အျခံအရံမ်ားကုန္၏။ ကာလကၪၥ အသူရာတို႔သည္ ႀကီးမား၍ ေၾကာက္မက္ဖြယ္ ေကာင္းေသာ ကိုယ္ကို ဖန္ဆင္းလ်က္လာကုန္၏။ ဒါနေဝဃသမည္ေသာ (ေလးသမား) အသူရာ ေဝပ စိတၱိအသူရာ သုစိတၱိအသူရာပဟာရာဒအသူရာတို႔သည္ မာရ္နတ္သားႏွင့္ တကြ လာေရာက္ကုန္၏။ အားလံုးပင္ ေဝေရာစအမည္ရွိကုန္ေသာ ဗလိအသူရာႀကီး ၏ သားတစ္ရာ တို႔သည္ ဗလိအသူရာစစ္တပ္ကိုလက္နက္တပ္ဆင္ၿပီးလွ်င္ ရာဟုအသူရိန္ႀကီးထံ ခ်ဥ္းကပ္၍ သင့္အား ေကာင္းျခင္းမဂၤလာ (ျဖစ္ပါေစသတည္း)၊ မဟာဝုန္ေတာရဟန္းတို႔၏ အစည္းအေဝးသို႔ သြားရန္ အခ်ိန္တန္ပါၿပီ ဟု ေျပာဆိုကုန္၏။

၁ဝ။ ထိုအခါ၌ အာေပါနတ္ ပထဝီနတ္ ေတေဇာနတ္ ဝါေယာနတ္ ဝ႐ုဏနတ္ ဝါရဏနတ္ ေသာမနတ္တို႔သည္ ယသနတ္ႏွင့္တကြ လာေရာက္ကုန္၏၊ အျခံအရံ မ်ားကုန္ေသာ ေမတၱာနတ္ က႐ုဏာနတ္တို႔ သည္လည္း လာေရာက္ကုန္၏။ တန္ခိုးအာႏုေဘာ္ႀကီးကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံမ်ားကုန္ေသာ အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ ဆယ္မ်ဳိးကြဲျပားေသာ ဤ နတ္အစုအ႐ုံး ဆယ္ခုတို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ ေဝ႑ဳနတ္ သဟလိနတ္ အသမနတ္တို႔ႏွင့္တကြ ယမနတ္ ႏွစ္မ်ဳိးတို႔သည္ လာ ေရာက္ကုန္၏၊ လ၏အျခံအရံျဖစ္ေသာ နတ္တို႔သည္ လနတ္မင္းကို ေရွ႕ထား၍ လာေရာက္ကုန္၏။ ေန၏ အျခံအရံျဖစ္ေသာ နတ္တို႔သည္ ေနနတ္မင္းကို ေရွ႕ထား၍ လာေရာက္ကုန္၏၊ ၾကယ္တို႔၏ အျခံအရံ ျဖစ္ၾကကုန္ေသာ နတ္တို႔သည္ ၾကယ္နတ္မင္းတို႔ကို ေရွ႕ ထား၍ လာေရာက္ကုန္၏၊ မႏၵဝလာဟကနတ္ တို႔သည္လည္း လာေရာက္ကုန္၏။ နတ္တို႔၏ အႀကီးအမွဴးျဖစ္ေသာ ေရွ႕၌အလွဴ ေပးဖူးသည့္ ဝါသဝမည္ေသာ သိၾကား မင္းသည္လည္း လာေရာက္၏။ အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ႀကီး ကုန္ေသာ အဆင္းလွ ကုန္ေသာ အျခံအရံ မ်ားကုန္ေသာ ဆယ္မ်ဳိးကြဲေသာ ဤနတ္ အစုအ႐ုံး ဆယ္ခုတို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ ထိုမွတစ္ပါး မီးလွ်ံကဲ့သို႔ ေတာက္ပေသာ သဟဘူနတ္တို႔သည္ လည္းေကာင္း ေအာက္မဲညိဳပြင့္ႏွင့္တူေသာ အဆင္းရွိကုန္ေသာ အရိ႒ကနတ္ တို႔သည္ လည္းေကာင္း ေရာဇနတ္ တို႔သည္ လည္းေကာင္း- ဝ႐ုဏနတ္တို႔သည္ လည္းေကာင္း သဟဓမၼနတ္တို႔သည္ လည္းေကာင္း အစၥဳတနတ္ တို႔သည္ လည္းေကာင္း အေနဇကနတ္တို႔သည္ လည္းေကာင္း သုေလယ်နတ္တို႔သည္လည္းေကာင္း ႐ုစိရ နတ္ တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏၊ ဝါသဝေနသီ အမည္ရွိေသာ နတ္တို႔သည္ လာေရာက္ ကုန္၏။ အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ ႀကီး ကုန္ေသာ အဆင္းလွ ကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဆယ္မ်ဳိးကြဲေသာ ဤနတ္ အစုအ႐ံုး ဆယ္ခုတို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ သမာနနတ္ တို႔သည္ လည္းေကာင္း မဟာသမာနနတ္ တို႔သည္ လည္းေကာင္း မာႏုသနတ္ တို႔သည္ လည္းေကာင္း မာႏုသုတၱမနတ္ တို႔သည္ လည္းေကာင္း ခိဣာပေဒါသိကနတ္ တို႔သည္ လည္းေကာင္း လာေရာက္ ကုန္၏။ မေနာပေဒါသိကနတ္ တို႔သည္လည္း လာေရာက္ကုန္၏။ ထိုမွတစ္ပါး ဟရိနတ္ တို႔သည္ လည္းေကာင္း ေလာဟိတဝါသီနတ္ တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏။ အျခံအရံမ်ားေသာ ပါရဂနတ္တို႔သည္ လည္းေကာင္း မဟာပါရဂနတ္ တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏။

အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုး အာႏုေဘာ္ႀကီး ကုန္ေသာ အဆင္းလွ ကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဆယ္မ်ဳိးကြဲေသာ ဤနတ္ အစုအ႐ုံး ဆယ္ခု တို႔သည္မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ သုကၠနတ္တို႔သည္ လည္းေကာင္း ကရ မၻနတ္ တို႔သည္ လည္းေကာင္း အ႐ုဏနတ္ တို႔သည္ လည္းေကာင္း ေဝဃနသနတ္ တို႔ႏွင့္တကြ လာေရာက္ ကုန္၏၊ ၾသဒါတဂယွ မည္ေသာ ပါေမာကၡနတ္တို႔သည္ လည္းေကာင္း ဝိစကၡဏနတ္ တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏။ သဒါမတၱနတ္ တို႔သည္ လည္းေကာင္း ဟာရဂဇနတ္ တို႔သည္ လည္းေကာင္း အျခံ အရံမ်ားကုန္ေသာ မိႆကနတ္တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏။ အရပ္ မ်က္ႏွာတို႔၌ မိုးရြာေစလ်က္ သြားလာေလ့ရွိေသာ ပဇၨဳႏၷနတ္သည္လည္း မိုးထစ္ ခ်ဳန္းေစ လ်က္ လာေရာက္၏။ အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ႀကီး ကုန္ေသာ အဆင္းလွ ကုန္ေသာ အျခံအရံမ်ားကုန္ေသာ ဆယ္မ်ဳိးကြဲေသာ ဤနတ္ အစုအ႐ံုး ဆယ္ခု တို႔သည္ မဟာဝုန္ေတာ ရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ ေခမိယနတ္တို႔သည္ လည္းေကာင္း တုသိတာ (ျပည္၌ေနေသာ) နတ္တို႔သည္ လည္းေကာင္း ယာမာ (ျပည္၌ေနေသာ) နတ္တို႔သည္ လည္းေကာင္း အျခံအရံမ်ားကုန္ေသာ က႒ကနတ္တို႔သည္ လည္းေကာင္း လမၺီတကနတ္ တို႔သည္ လည္းေကာင္း လာမေသ႒နတ္ တို႔သည္ လည္းေကာင္း ေဇာတိမည္ေသာ နတ္တို႔သည္ လည္းေကာင္း အာသဝ နတ္တို႔သည္ လည္းေကာင္း နိမၼာနရတိနတ္ တို႔သည္ လည္းေကာင္း ပရနိမၼိတ (ဝသဝတၱီ) နတ္တို႔သည္ လည္းေကာင္း လာေရာက္ကုန္၏။ အားလံုး ပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ တန္ခိုးအာႏုေဘာ္ႀကီး ကုန္ေသာ အဆင္းလွကုန္ေသာ အျခံအရံ မ်ားကုန္ေသာ ဆယ္မ်ဳိးကြဲေသာ ဤနတ္ အစုအ႐ုံး ဆယ္ခုတို႔သည္ မဟာဝုန္ေတာရဟန္းတို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာ လာေရာက္ကုန္၏။ အားလံုးပင္ အမ်ဳိးမ်ဳိးေသာ အေသြးအေရာင္ ရွိကုန္ေသာ ထိုေျခာက္က်ိပ္ေသာ နတ္အစုအ႐ုံးတို႔သည္အမည္ အႏြယ္အလိုက္ လာေရာက္ကုန္၏၊

(အမ်ဳိးအမည္) တူေသာ တစ္ပါးေသာ နတ္တို႔သည္လည္း လာေရာက္ ကုန္ေသး၏။ ပဋိသေႏၶေနျခင္း ကင္းၿပီးေသာ၊ (ရာဂ ေဒါသ ေမာဟ တည္းဟူေသာ) ခလုတ္ တံသင္း မရွိေသာ၊ ၾသဃေလးျဖာ မွကူးေျမာက္ၿပီး ေသာ၊ အာသေဝါတရား မရွိေသာ အရိယသံဃာေတာ္ကို လည္းေကာင္း ညစ္ညဴးျခင္း ကင္းသည့္ လမင္းသဖြယ္ တင့္တယ္ေတာ္မူေသာ၊ ၾသဃေလးျဖာမွ ကူးေျမာက္ေစေတာ္မူေသာ ျမတ္စြာဘုရားကို လည္းေကာင္း ဖူးေျမာ္ကုန္အံ့ ဟု (ေၾကြးေၾကာ္၍လာကုန္၏)။

၁၁။ တန္ခိုးႀကီးမားေတာ္မူေသာ ျမတ္စြာဘုရား၏ သားေတာ္ျဖစ္ကုန္ေသာ သုျဗဟၼာမည္ေသာ ျဗဟၼာႏွင့္ ပရမတၴမည္ေသာ ျဗဟၼာတို႔သည္ အတူလာေရာက္ ကုန္၏၊ သနကၤုမာရျဗဟၼာႏွင့္ တိႆျဗဟၼာ တို႔သည္လည္း မဟာဝုန္ေတာ ရဟန္း တို႔၏ အစည္းအေဝးသို႔ ဝမ္းေျမာက္ဝမ္းသာလာေရာက္ကုန္၏။ လက္တစ္ေခ်ာင္းျဖင့္ စၾကာဝဠာတစ္ေထာင္ လက္ဆယ္ေခ်ာင္းျဖင့္ စၾကာဝဠာ တစ္ေသာင္း တိုင္ေအာင္ အေရာင္အဝါ ပ်ံ႕ႏွံ႕ေစႏိုင္ေသာ ျဗဟၼာတစ္ေထာင္သည္ အစည္းအေဝးသို႔ လာေရာက္၏၊ ျဗဟၼာျပည္၌ ပဋိသေႏၶ အားျဖင့္ ျဖစ္ေသာ အာႏုေဘာ္ႏွင့္ျပည့္စံုေသာ ႀကီးေသာကိုယ္ရွိေသာ က်က္သေရႏွင့္ ျပည့္စံု ေသာ မဟာျဗဟၼာသည္ အျခားျဗဟၼာတစ္ေထာင္ကို လႊမ္းမိုးအုပ္စိုးလ်က္ တည္၏။ ျဗဟၼာတစ္ေထာင္စီ အသီးသီး အစိုးရကုန္ေသာ မဟာျဗဟၼာဆယ္ဦးတို႔သည္ ဤအစည္းအေဝးသို႔ လာေရာက္ကုန္၏၊ ထိုျဗဟၼာတို႔အနက္ ဟာရိတမည္ေသာ မဟာျဗဟၼာသည္လည္း (ျဗဟၼာတစ္သိန္း) ျခံရံလ်က္ လာေရာက္၏။

၁၂။ ရဟန္းတို႔ မာရ္နတ္၏ မိုက္မဲပံုကို ႐ႈကုန္ေလာ့၊ သိၾကား မဟာျဗဟၼာတို႔ ႏွင့္တကြ ေရွး႐ႈ လာကုန္ေသာ ထိုနတ္ျဗဟၼာ အားလံုးတို႔ဆီသို႔ မာရ္နတ္၏ စစ္သည္ တို႔သည္ ေရွး႐ႈခ်ီတက္လာၾက ကုန္ၿပီ။ လာၾကကုန္ေလာ့၊ ဖမ္းၾကကုန္ေလာ့၊ ေႏွာင္ဖြဲ႕ၾကကုန္ေလာ့၊ ရာဂျဖင့္ ခ်ည္တုပ္ ၾကကုန္ေလာ့၊ ထက္ဝန္းက်င္မွ ဝိုင္းဝန္းထားၾကကုန္ေလာ့။ သင္တို႔သည္ တစ္ဦး တစ္ေယာက္ကိုမွ် မလြတ္ေစၾက ကုန္လင့္။ ဤသို႔ ဆိုလ်က္ စစ္သည္မ်ားစြာရွိေသာ မာရ္နတ္မင္းသည္ ေျမျပင္ကို လက္ျဖင့္ ပုတ္ခတ္၍ လွ်ပ္စစ္ႏွင့္တကြ မိုးႀကီးထစ္ခ်ဳန္းရြာသကဲ့သို႔ ေၾကာက္မက္ဖြယ္အသံကို ျပဳလ်က္ ထိုအစည္းအေဝးသို႔ မာရ္စစ္သည္ကို ေစလႊတ္၏၊ ထိုအခါ မာရ္နတ္ မင္းသည္ မိမိအလိုအတိုင္း မျဖစ္ေသာေၾကာင့္ ျပင္းစြာ အမ်က္ထြက္လ်က္ ျပန္ရ ေလ၏။

၁၃။ စကၡဳငါးပါးႏွင့္ ျပည့္စံုေသာ ျမတ္စြာဘုရားသည္ ထိုအလံုးစံုကို ထူးေသာ ဉာဏ္ျဖင့္ သိ၍ ပိုင္းျခား မွတ္သားေတာ္မူၿပီးလွ်င္ သာသနာေတာ္၌ ေမြ႕ေလ်ာ္ကုန္ ေသာ တပည့္သာဝကတို႔အား ''ရဟန္းတို႔ မာရ္နတ္စစ္သည္ တို႔သည္ ေရွး႐ႈခ်ီတက္ လာကုန္၏၊ ထိုမာရ္နတ္စစ္သည္ တို႔ကို သိကုန္ေလာ့'' ဟု မိန္႔ေတာ္မူ၏၊ ထိုရဟန္းတို႔သည္ ျမတ္စြာဘုရား၏ အမိန္႔ေတာ္ကို ၾကား၍ (သိေအာင္) အားထုတ္ ကုန္၏၊ (မာရ္စစ္သည္တို႔သည္) ထိုရဟႏၲာတို႔၏ ေမြးညင္းကိုမွ်လည္း မလႈပ္ရွားေစႏိုင္သည္ ျဖစ္၍ ထိုရဟႏၲာတို႔ထံမွ ဖဲခြါသြားေလကုန္ၿပီ၊ (ထိုအခါ မာရ္နတ္မင္း သည္ ရဟန္းသံဃာကို အာ႐ံုျပဳ၍ ဤဂါထာကို ရြတ္ဆို၏)။ စစ္ပြဲကို ေအာင္ျမင္ၿပီးကုန္ေသာ ေၾကာက္ရြံ႕ျခင္း ကင္းၿပီး ကုန္ေသာ ေက်ာ္ေစာျခင္း ရွိကုန္ေသာ လူအေပါင္း၌ ထင္ရွားကုန္ေသာ ထို (အရိယာ) သာဝက အားလံုးတို႔ သည္ (အျခား) အရိယာတို႔ႏွင့္ အတူ ဝမ္းေျမာက္ ၾကေလကုန္သတည္း။

မဟာသမယသုတ္ ၿပီး၏။

အရွင္ဇနကာဘိိိဝံသ

KyawHtay Sunny
# Unicode Version ျဖင့္ ဖတ္ပါ #
မဟာသမယသုတ် သမိုင်းအကျဉ်း

ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွဲခဲ့ကြဖူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ် ရှိရာသို့ ရောက်ရှိလာကြ၏၊ နှစ်ဖက်နိုင်ငံမှ လူအများတို့သည် တုတ် ဓား လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့် အခြေအနေသို့ ရောက်ရှိနေကြ၏၊

ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရား ရောက်ရှိလာပြီး ငြိမ်းချမ်းရေးကိုရှေးရှု၍ အောက်ပါဝတ္ထုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။

၁။ ဝက်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ညိုးဖွဲ့မှား၍ နှစ်ဦးစလုံ ပျက်စီးကြပုံ ““ဖန္ဒနဇာတ်””။

၂။ မြေပြိုပါပြီ ဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြရပုံ ““ဒုဒ္ဒုဘဇာတ်၊ ပထဝီဥန္ဒြိယဇာတ်””။

၃။ အားသေးသော နှံစုတ်ငှက်မ က အားကြီးသော ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ ““လဋုကိကဇာတ်””။

၄။ ငုံးငှက်များ ညီညွတ်စဉ်အခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ ““သမ္မောဒမာနဇာတ်””။

၅။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ ““ရုက္ခဓမ္မဇာတ်””

၆။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် ““အတ္တဒန္တ””သုတ်ကို ထုတ်ဆောင်ဟောပြ ဆးုံမတော်မူပါသည်။

အထက်ပါသာဓက(၆)မျိုးကို နာကြားရသောအခါ နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ လက်နက်များကို စွန့်ပယ်၍ မေတ္တာဓာတ်များ သက်ဝင်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ဝင်၍ ရဟန်းပြုကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလငှက်မင်း၏ဇာတ်ကြောင်းကို ဟောပြတော်မူပါသည်။ တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်ဖြစ်တော်မူကြပါသည်။

မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်း(၅၀၀)လုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်အားထုတ်ရာ ရဟန်းတော် အားလုံး ရဟန္တာချည်းဖြစ်တော်မူကြပါသည်။

ရဟန္တာအပါးငါးရာတို့သည် မိမိတို့ရရှိပြီးသော တရားထူးကို လျောက်ထားရန်၏နှင့် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရားအထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညို လိုကြကုန်သော နတ် ဗြဟ္မာ အသုရာနှင့် ဂဠုန် နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက် ရှိကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံး စည်းဝေးမိသော အချိန်ကို မဟာသမယ ဟု ခေါ်ဆိုပါသည်။

ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွှက်ကြား နုတ်ခွန်း ဆက်သောအားဖြင့် မိန့်ကြားသော စကားတော်များကို မဟာသမယသုတ်ဟု ခေါ်ဆိုရပါသည်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် စရိုက်အားလျှော်စွာ အောက်ပါ သုတ်တော်များကို ဆက်လက် ဟောကြားတော်မူပါသည်။

၁။ ရာဂစရိုက်အားကြီးသူအတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။

၂။ ဒေါသစရိုက်အားကြီးသူအတွက် ကလဟဝိဒါဒသုတ်။

၃။ မောဟစရိုက်အားကြီးသူအတွက် မဟာဗျူဟသုတ်။

၄။ ဝိတက်စရိုက်အားကြီးသူအတွက် စူဠဗျူဟသုတ်။

၅။ သဒ္ဓါစရိုက်အားကြီးသူအတွက် တုဝဋကသုတ်။

၆။ ပညာစရိုက်အားကြီးသူအတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်းဝင်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဘတ်နေပါက နတ်များ၏ချစ်ခင်မှုကို ခံရကြောင်း၊ အိမ်သစ်, တိုက်သစ်, နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင့် အဋ္ဌကထာဆရာက ပြဆိုထားပါသည်။ (ဣဒံ ပန မဟာသမယသုတ္တံ နာမ ဒေဝတာနံ ပိယံ မနာပံ၊ တသ္မာ မင်္ဂလံ ဝဒန္တေန အဘိနဝဌာနေသု ဣဒမေ၀ သုုတ္တံ ဝတ္တဗ္ဗံ။ ဒီ၊ ဌ၊ ၂၊ နှာ၊ ၂၈၇။)

မဟာသမယသုတ် (အနက်)

၁။ အကျွနု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-

''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ'' ဟု (အကြံဖြစ်၏)။

၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

'(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏'' ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့'' ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-

''ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့''ဟု (မိန့်တော်မူ၏)။

''ကောင်းပါပြီ အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခင်္သြေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။

၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။

၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ -

စန္ဒနနတ် ကာမသဋ္ဌေနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။

၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏၊ တန်ခိုးကြီးကုန်၏၊ အခြံအရံများကုန်၏။ ကာလကဉ္စ အသူရာတို့သည် ကြီးမား၍ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ကို ဖန်ဆင်းလျက်လာကုန်၏။ ဒါနဝေဃသမည်သော (လေးသမား) အသူရာ ဝေပ စိတ္တိအသူရာ သုစိတ္တိအသူရာပဟာရာဒအသူရာတို့သည် မာရ်နတ်သားနှင့် တကွ လာရောက်ကုန်၏။ အားလုံးပင် ဝေရောစအမည်ရှိကုန်သော ဗလိအသူရာကြီး ၏ သားတစ်ရာ တို့သည် ဗလိအသူရာစစ်တပ်ကိုလက်နက်တပ်ဆင်ပြီးလျှင် ရာဟုအသူရိန်ကြီးထံ ချဉ်းကပ်၍ သင့်အား ကောင်းခြင်းမင်္ဂလာ (ဖြစ်ပါစေသတည်း)၊ မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ သွားရန် အချိန်တန်ပါပြီ ဟု ပြောဆိုကုန်၏။

၁ဝ။ ထိုအခါ၌ အာပေါနတ် ပထဝီနတ် တေဇောနတ် ဝါယောနတ် ဝရုဏနတ် ဝါရဏနတ် သောမနတ်တို့သည် ယသနတ်နှင့်တကွ လာရောက်ကုန်၏၊ အခြံအရံ များကုန်သော မေတ္တာနတ် ကရုဏာနတ်တို့ သည်လည်း လာရောက်ကုန်၏။ တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ဆယ်မျိုးကွဲပြားသော ဤ နတ်အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဏ္ဍုနတ် သဟလိနတ် အသမနတ်တို့နှင့်တကွ ယမနတ် နှစ်မျိုးတို့သည် လာ ရောက်ကုန်၏၊ လ၏အခြံအရံဖြစ်သော နတ်တို့သည် လနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏။ နေ၏ အခြံအရံဖြစ်သော နတ်တို့သည် နေနတ်မင်းကို ရှေ့ထား၍ လာရောက်ကုန်၏၊ ကြယ်တို့၏ အခြံအရံ ဖြစ်ကြကုန်သော နတ်တို့သည် ကြယ်နတ်မင်းတို့ကို ရှေ့ ထား၍ လာရောက်ကုန်၏၊ မန္ဒဝလာဟကနတ် တို့သည်လည်း လာရောက်ကုန်၏။ နတ်တို့၏ အကြီးအမှူးဖြစ်သော ရှေ့၌အလှူ ပေးဖူးသည့် ဝါသဝမည်သော သိကြား မင်းသည်လည်း လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ထိုမှတစ်ပါး မီးလျှံကဲ့သို့ တောက်ပသော သဟဘူနတ်တို့သည် လည်းကောင်း အောက်မဲညိုပွင့်နှင့်တူသော အဆင်းရှိကုန်သော အရိဋ္ဌကနတ် တို့သည် လည်းကောင်း ရောဇနတ် တို့သည် လည်းကောင်း- ဝရုဏနတ်တို့သည် လည်းကောင်း သဟဓမ္မနတ်တို့သည် လည်းကောင်း အစ္စုတနတ် တို့သည် လည်းကောင်း အနေဇကနတ်တို့သည် လည်းကောင်း သုလေယျနတ်တို့သည်လည်းကောင်း ရုစိရ နတ် တို့သည် လည်းကောင်း လာရောက်ကုန်၏၊ ဝါသဝနေသီ အမည်ရှိသော နတ်တို့သည် လာရောက် ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော် ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သမာနနတ် တို့သည် လည်းကောင်း မဟာသမာနနတ် တို့သည် လည်းကောင်း မာနုသနတ် တို့သည် လည်းကောင်း မာနုသုတ္တမနတ် တို့သည် လည်းကောင်း ခိဣာပဒေါသိကနတ် တို့သည် လည်းကောင်း လာရောက် ကုန်၏။ မနောပဒေါသိကနတ် တို့သည်လည်း လာရောက်ကုန်၏။ ထိုမှတစ်ပါး ဟရိနတ် တို့သည် လည်းကောင်း လောဟိတဝါသီနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ အခြံအရံများသော ပါရဂနတ်တို့သည် လည်းကောင်း မဟာပါရဂနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။

အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုး အာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သုက္ကနတ်တို့သည် လည်းကောင်း ကရ မ္ဘနတ် တို့သည် လည်းကောင်း အရုဏနတ် တို့သည် လည်းကောင်း ဝေဃနသနတ် တို့နှင့်တကွ လာရောက် ကုန်၏၊ သြဒါတဂယှ မည်သော ပါမောက္ခနတ်တို့သည် လည်းကောင်း ဝိစက္ခဏနတ် တို့သည် လည်းကောင်း လာရောက်ကုန်၏။ သဒါမတ္တနတ် တို့သည် လည်းကောင်း ဟာရဂဇနတ် တို့သည် လည်းကောင်း အခြံ အရံများကုန်သော မိဿကနတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အရပ် မျက်နှာတို့၌ မိုးရွာစေလျက် သွားလာလေ့ရှိသော ပဇ္ဇုန္နနတ်သည်လည်း မိုးထစ် ချုန်းစေ လျက် လာရောက်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခု တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ခေမိယနတ်တို့သည် လည်းကောင်း တုသိတာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း ယာမာ (ပြည်၌နေသော) နတ်တို့သည် လည်းကောင်း အခြံအရံများကုန်သော ကဋ္ဌကနတ်တို့သည် လည်းကောင်း လမ္ဗီတကနတ် တို့သည် လည်းကောင်း လာမသဋ္ဌေနတ် တို့သည် လည်းကောင်း ဇောတိမည်သော နတ်တို့သည် လည်းကောင်း အာသဝ နတ်တို့သည် လည်းကောင်း နိမ္မာနရတိနတ် တို့သည် လည်းကောင်း ပရနိမ္မိတ (ဝသဝတ္တီ) နတ်တို့သည် လည်းကောင်း လာရောက်ကုန်၏။ အားလုံး ပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော်ကြီး ကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဆယ်မျိုးကွဲသော ဤနတ် အစုအရုံး ဆယ်ခုတို့သည် မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အားလုံးပင် အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော ထိုခြောက်ကျိပ်သော နတ်အစုအရုံးတို့သည်အမည် အနွယ်အလိုက် လာရောက်ကုန်၏၊

(အမျိုးအမည်) တူသော တစ်ပါးသော နတ်တို့သည်လည်း လာရောက် ကုန်သေး၏။ ပဋိသန္ဓေနေခြင်း ကင်းပြီးသော၊ (ရာဂ ဒေါသ မောဟ တည်းဟူသော) ခလုတ် တံသင်း မရှိသော၊ သြဃလေးဖြာ မှကူးမြောက်ပြီး သော၊ အာသဝေါတရား မရှိသော အရိယသံဃာတော်ကို လည်းကောင်း ညစ်ညူးခြင်း ကင်းသည့် လမင်းသဖွယ် တင့်တယ်တော်မူသော၊ သြဃလေးဖြာမှ ကူးမြောက်စေတော်မူသော မြတ်စွာဘုရားကို လည်းကောင်း ဖူးမြော်ကုန်အံ့ ဟု (ကြွေးကြော်၍လာကုန်၏)။

၁၁။ တန်ခိုးကြီးမားတော်မူသော မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော သုဗြဟ္မာမည်သော ဗြဟ္မာနှင့် ပရမတ္ထမည်သော ဗြဟ္မာတို့သည် အတူလာရောက် ကုန်၏၊ သနင်္ကုမာရဗြဟ္မာနှင့် တိဿဗြဟ္မာ တို့သည်လည်း မဟာဝုန်တော ရဟန်း တို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာလာရောက်ကုန်၏။ လက်တစ်ချောင်းဖြင့် စကြာဝဠာတစ်ထောင် လက်ဆယ်ချောင်းဖြင့် စကြာဝဠာ တစ်သောင်း တိုင်အောင် အရောင်အဝါ ပျံ့နှံ့စေနိုင်သော ဗြဟ္မာတစ်ထောင်သည် အစည်းအဝေးသို့ လာရောက်၏၊ ဗြဟ္မာပြည်၌ ပဋိသန္ဓေ အားဖြင့် ဖြစ်သော အာနုဘော်နှင့်ပြည့်စုံသော ကြီးသောကိုယ်ရှိသော ကျက်သရေနှင့် ပြည့်စုံ သော မဟာဗြဟ္မာသည် အခြားဗြဟ္မာတစ်ထောင်ကို လွှမ်းမိုးအုပ်စိုးလျက် တည်၏။ ဗြဟ္မာတစ်ထောင်စီ အသီးသီး အစိုးရကုန်သော မဟာဗြဟ္မာဆယ်ဦးတို့သည် ဤအစည်းအဝေးသို့ လာရောက်ကုန်၏၊ ထိုဗြဟ္မာတို့အနက် ဟာရိတမည်သော မဟာဗြဟ္မာသည်လည်း (ဗြဟ္မာတစ်သိန်း) ခြံရံလျက် လာရောက်၏။

၁၂။ ရဟန်းတို့ မာရ်နတ်၏ မိုက်မဲပုံကို ရှုကုန်လော့၊ သိကြား မဟာဗြဟ္မာတို့ နှင့်တကွ ရှေးရှု လာကုန်သော ထိုနတ်ဗြဟ္မာ အားလုံးတို့ဆီသို့ မာရ်နတ်၏ စစ်သည် တို့သည် ရှေးရှုချီတက်လာကြ ကုန်ပြီ။ လာကြကုန်လော့၊ ဖမ်းကြကုန်လော့၊ နှောင်ဖွဲ့ကြကုန်လော့၊ ရာဂဖြင့် ချည်တုပ် ကြကုန်လော့၊ ထက်ဝန်းကျင်မှ ဝိုင်းဝန်းထားကြကုန်လော့။ သင်တို့သည် တစ်ဦး တစ်ယောက်ကိုမျှ မလွတ်စေကြ ကုန်လင့်။ ဤသို့ ဆိုလျက် စစ်သည်များစွာရှိသော မာရ်နတ်မင်းသည် မြေပြင်ကို လက်ဖြင့် ပုတ်ခတ်၍ လျှပ်စစ်နှင့်တကွ မိုးကြီးထစ်ချုန်းရွာသကဲ့သို့ ကြောက်မက်ဖွယ်အသံကို ပြုလျက် ထိုအစည်းအဝေးသို့ မာရ်စစ်သည်ကို စေလွှတ်၏၊ ထိုအခါ မာရ်နတ် မင်းသည် မိမိအလိုအတိုင်း မဖြစ်သောကြောင့် ပြင်းစွာ အမျက်ထွက်လျက် ပြန်ရ လေ၏။

၁၃။ စက္ခုငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရားသည် ထိုအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြား မှတ်သားတော်မူပြီးလျှင် သာသနာတော်၌ မွေ့လျော်ကုန် သော တပည့်သာဝကတို့အား ''ရဟန်းတို့ မာရ်နတ်စစ်သည် တို့သည် ရှေးရှုချီတက် လာကုန်၏၊ ထိုမာရ်နတ်စစ်သည် တို့ကို သိကုန်လော့'' ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ အမိန့်တော်ကို ကြား၍ (သိအောင်) အားထုတ် ကုန်၏၊ (မာရ်စစ်သည်တို့သည်) ထိုရဟန္တာတို့၏ မွေးညင်းကိုမျှလည်း မလှုပ်ရှားစေနိုင်သည် ဖြစ်၍ ထိုရဟန္တာတို့ထံမှ ဖဲခွါသွားလေကုန်ပြီ၊ (ထိုအခါ မာရ်နတ်မင်း သည် ရဟန်းသံဃာကို အာရုံပြု၍ ဤဂါထာကို ရွတ်ဆို၏)။ စစ်ပွဲကို အောင်မြင်ပြီးကုန်သော ကြောက်ရွံ့ခြင်း ကင်းပြီး ကုန်သော ကျော်စောခြင်း ရှိကုန်သော လူအပေါင်း၌ ထင်ရှားကုန်သော ထို (အရိယာ) သာဝက အားလုံးတို့ သည် (အခြား) အရိယာတို့နှင့် အတူ ဝမ်းမြောက် ကြလေကုန်သတည်း။

မဟာသမယသုတ် ပြီး၏။

အရှင်ဇနကာဘိဝံသ

KyawHtay Sunny