Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 14, 2018

နဘားကသာမီးရထားလမ်းတွင်အပူ ရှိန်ကြောင့်တံတားမီးလောင်



စစ်ကိုင်းတိုင်းဒေသကြီး နဘားနဲ့ ကသာမြို့ကို ပြေးဆွဲရာမှာ အသုံးပြုတဲ့ ရထားသံလမ်းဟာ နေအပူရှိန်ကြောင့် သံလမ်းအောက်ခံဇလီဖားတုံးတွေ လောင်ကျွမ်းခဲ့ပါတယ်။

မိုင်တိုင်အမှတ် ၅၉၆/၁၁-၁၂ ကြားတံတားမှာ ဧပြီ ၁၄ ရက် ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာ ဖြစ်ပေါ်ခဲ့တာပါ။ အဲ့ဒီ သံလမ်းမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ကသာ သွားမယ့် ရထားဟာ နဘားကို ပြန်လှည့်လာပြီး ဒီမနက် ၉ နာရီမှာ ရောက်ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ယဉ်ယဉ်သိန်း (နဘား)
Yin Yin Thein Naba



No comments:

Post a Comment